ယုံကြည်ချက်ပျောက်ဆုံးသူ
++++++++++
တစ်ခါက..ရွာတစ်ရွာမှာ မိတြရှာမ အမည်ရှိတဲ့ ပုဏ္ဏားတစ်ဦးနေထိုင်ပါသတဲ့။ ပုဏ္ဏားဟာ ရွာတစ်ကာလှည့်ပြီး ဗေဒင်ဟောပြောခြင်း၊ ရိုးရာဓလေ့အရ ရွတ်ဖတ်ဆုတောင်းခြင်းများကို ပြုလုပ်ပြီး အသက်မွေးလေ့ရှိတယ်။ တစ်ခါတော့ သူဟာ သူဋ္ဌေးကြီးတစ်ဦးရဲ့ အိမ်မှာ ရွတ်ဖတ်ဆုတောင်းခြင်းအမှုကို ပြုပါသတဲ့။ အဲဒီလို ရွတ်ဖတ်ပြီးတဲ့နောက်မှာတော့ သူဋ္ဌေးကြီးဟာ အဖိုးအခအဖြစ် ၀ဖီးတဲ့ ဆိတ်တစ်ကောင်ကို ပေးအပ်ခဲ့တယ်။
ပုဏ္ဏားဟာ ၀မ်းသာအားရနဲ့ ဆိတ်ကို ကြိုးနဲ့ခိုင်မာစွာ တုပ်ဆိုင်း၊ ပုခုံးပေါ်မှာထမ်းပြီး အိမ်ကိုပြန်လာခဲ့သတဲ့။ အဲဒီလို ပုဏ္ဏားဟာ ဆိတ်ကို ထမ်းပြီးပြန်လာတာကို လူလိမ်သုံးယောက်က တွေ့မြင်လိုက်ပါသတဲ့။ ပုဏ္ဏားကတော့ သူ့အတွေးနဲ့သူမို့ လူလိမ်တွေကို သတိမထားမိခဲ့ပဲဖြစ်နေခဲ့တယ် ။ လူလိမ်တွေဟာ ပုဏ္ဏားရဲ့ဆိတ်ကို လိုချင်တာကြောင့် အချင်းချင်းတိုင်ပြင်ကြပြန် တယ်။
အဲဒီနောက်မှာတော့ အကြံအစည်အတိုင်း ပုဏ္ဏားသွားရာလမ်းရဲ့ တော်တော်ဝေးဝေးကို
ကြိုတင်ပြီးသွားကြတယ်။ ပြီးတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် တော်တော်ဝေးဝေးအထိ
ခွဲပြီးနေရာယူ စောင့်ဆိုင်းနေကြသတဲ့။
အဲဒီလိုနဲ့ ပုဏ္ဏားဟာ လူခြေပြတ်လတ်တဲ့ လမ်းခုလတ် တစ်နေရာကို ရောက်လာခဲ့တယ်။ အဲဒီအခါမှာတော့ လူလိမ်တစ်ယောက်ဟာ ရိုးအတဲ့ရွာသားအသွင်နဲ့ပုဏ္ဏားနဲ့မျက်နှာခြင်းဆိုင်ကနေ လမ်းလျှောက်လာခဲ့တယ်။ အဲဒီနောက်မှာတော့ လူလိမ်ဟာ အံ့သြတဲ့အမူအရာနဲ့
"ပုဏ္ဏားကြီး၊ ခွေးကိုများကို ဘာလို့များအလေးခံပြီး ကျောပေါ်မှာထမ်းလာရတာတုန်းဗျ " လို့နှုတ်ဆက်တယ်။ အဲဒီအခါ ပုဏ္ဏားက
"မင်းမျက်လုံးများကန်းနေသလားကွ၊ ငါထမ်းလာတာ ဆိတ်ကွ..ဆိတ်..ဆိတ်၊ ရူးများရူးနေသလားမသိပါဘူး" လို့ ပြန်ပြောလိုက်တယ်။ အဲဒီအခါ လူလိမ်က
"ကျွန်တော်မြင်တာကို ကျွန်တော်ပြောတာပါဗျာ၊ ဆရာသမားက မယုံလည်း မတတ်နိုင်ဘူးပေါ့။ စိတ်ဆိုးသွားရင် တောင်းပန်ပါတယ်" လို့ပြောပြီး ထွက်ခွာသွားတော့တယ်။
အဲဒီလိုနဲ့ ပုဏ္ဏားဟာ ဆက်လက်ထွက်ခွာလာပြန်တယ်။ လမ်းတစ်နေရာအရောက်မှာတော့ လူလိမ်နောက်တစ်ယောက်ဟာ ရိုးသားတဲ့ ထင်းခုတ်သမားအသွင်နဲ့ထွက်လာ ပြန်တယ်။
"ဟိုးဟိုး.. ပုဏ္ဏားကြီးက နွားပေါက်စ အသေကောင်ပုပ်ကြီး ကိုများအလေးခံပြီးထမ်းလာသေး တယ်နော" လို့ နှုတ်ဆက်ပြန်တယ်။ ပုဏ္ဏားလည်း
"လာပြန်ပြီ ငကန်းတစ်ကောင်၊ ငါထမ်းလာတာ နွားသေကောင်ပုပ်ဟုတ်ဘူးကွ၊ ဆိတ်..ဆိတ်။ ငပေါတွေပဲ" လို့ ပြန်ပြောပြန်တယ်။ အဲဒီအခါ လူလိမ်က
"နွားပေါက်လေးမြင်ရဲ့သားနဲ့ ဆိတ်တဲ့..။ ထားပါလေ ကျွန်တော်မြင်တာ ကျွန်တော်ပြောမိတာပါ။ လွန်တာရှိ ၀န္ဒာမိပါဗျာ။ စိတ်မဆိုးပါနဲ့" လို့ ပြောဆိုထွက်ခွာသွားပြန်တယ်။
ပုဏ္ဏားဟာ သူ့ခရီးကို ဆက်လက်ထွက်ခွာလာပြန်တယ်။ ဒါပေမယ့်လည်း သူဟာ တွေဝေစွာနဲ့ ဒီလိုမျိုးစဉ်းစားနေမိတယ်
"အင်း..တစ်ခုခုတော့တစ်ခုခုပဲ။ ငါ့ကျောကုန်းပေါ်က ဆိတ်ဟာ ထူးဆန်းနေတာတော့သေချာတယ်။ တွေ့တဲ့မြင်တဲ့လူတွေတိုင်းက ၊ ခွေးပြောလိုက်၊ နွားပေါက်ပြောလိုက်နဲ့၊ ဒီဆိတ်ဟာ နာနာဘာဝ ၀ိနာဘာဝ များဖြစ်နေမလား၊ ဖွဟဲ့..လွဲပါစေ၊ ဖယ်ပါစေ"
ပုဏ္ဏားဟာ အဲဒီလို စဉ်းစားပြီး ဆက်လက်ထွက်ခွာလာပြန်တယ်။ အဲဒီလိုနဲ့ အတော်အတန်ဝေးတဲ့နေရာကိုလည်း ရောက်ရော တတိယမြောက်လူလိမ်ဟာ ထပ်မံထွက်ပေါ်လာပြန်တယ်။ သူဟာ ရိုးအတဲ့ ရွာသားအသွင်နဲ့ ပုဏ္ဏားကို နှုတ်ဆက်ပြန်တယ်။
"ဟားဟား... ပုဏ္ဏားကြီးတို့များ မြည်းကို ထမ်းလာပုံက လူရယ်စရာကြီးပဲဗျ...ဘာလို့များ မြည်းကို ထမ်းလာရတာတုန်းဗျ"
အဲဒီလို နှုတ်ဆက်စကားကို ကြားတဲ့အခါမှာတော့ ပုဏ္ဏားဟာ ဘာမှ ပြန်ပြောနိုင်တော့ပဲ။ "သေချာပြီ..နာနာဘာဝတစ်ကောင် က ငါ့ဂုတ်ပေါ်ခွစီးနေပြီ ကယ်ကြပါအုံးဗျ" လို့ အော်ဟစ်ပြီး ကျောပေါ်က ဆိတ်ကို ဘုန်းခနဲပစ်ချကာ တစ်ချိုးတည်းထွက်ပြေးခဲ့ပါသ တဲ့။
အဲဒီအခါမှာတော့ လူလိမ်သုံးယောက်ဟာ ပုဏ္ဏားရဲ့ဆိတ်ကို ကောက်ယူ ပြီး အိမ်ကိုရောက်တဲ့အခါ ပျော်ရွှင်စွာနဲ့ ချက်ပြုတ် စားသောက်ကြပါသတဲ့...။
ဒီပုံပြင်ကတော့ အိန္ဒိယရိုးရာ ပန်ချက်တန်တရ ပုံပြင်တွေထဲက တစ်ပုဒ်ပဲဖြစ်တယ်။ ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြတဲ့အရာတွေရှိတယ်။ တစ်ကယ်တော့ ကျွန်တော်တို့တွေဟာ .. ပုံပြင်ထဲက ပုဏ္ဏားလို့ ဖြစ်နေတတ်ကြပြန်တယ်။ ပုဏ္ဏားလိုပဲ မိမိရဲ့ အောင်မြင်မှု၊ ရရှိတဲ့ ဆုလာဘ်ကို ၀မ်းသာအားရ ပိုက်ထွေးကြေနပ်နေလေ့ရှိကြ ပန်တယ်။
ပုဏ္ဏားဟာ ဆိတ်ကို ပုခုံးပေါ်ထမ်းပြီး အိမ်ကို ၀မ်းသာအားရပြန်လာသလို
ကျွန်တော်တို့တွေဟာလည်း မိမိရဲ့ ကြိုးစားအားထုတ်မှု၊ အောင်မြင်မှုတွေကို
ကျေနပ်ပီတိဖြစ်နေတတ်ကြတယ်။ ဒါပေမယ့်လည်း လူလိမ်နဲ့တူတဲ့ မိမိရဲ့အကျိုး
ပျက်စီးရာ ပျက်စီးကြာင်းယူချင်သူ၊ မိမိအပေါ်အခွင့်အရေးယူ
စားသောက်ချင်သူတွေလည်း ရှိနေတတ်ကြသေးတယ်..။
အဲဒီလို သူတွေဟာ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှု၊ အောင်မြင်မှုတွေကို သိမြင်ရက်၊ မမြင်ဟန်၊ မသိဟန်ပြုပြီး အရေးမကြီးလေဟန်၊ အရာမရောက်လေဟန် ပြောဆိုပြီး မိမိကိုယ်ကို ယုံကြည်မှုကို ပျက်ပြားစေကြပြန်တယ်။ အဲဒီလိုအခိုက်အတန့်မှာတော့ ပုဏ္ဏားဟာ ဆိတ်ကို တစ္ဆေထင်သလို၊ မိမိရဲ့ အောင်မြင်မှုဟာ အလကား၊ အချည်းနှီးအဖြစ် ထင်မြင်လာတတ်ကြပြန်တယ်။ မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးတတ်ကြပြန်တယ်။ သူတစ်ပါးရဲ့ ပြောစကားမှာသာ ယုံကြည်ပြီး မိမိရဲ့ ယုံကြည်ရာပန်းတိုင်ပျောက်ဆုံးကြပြန်တယ်။ ပုဏ္ဏားဟာ ဆိတ်ကို လွှင့်ပစ်သလို၊ မိမိရဲ့နဂိုရည်မှန်းချက်ကို တောင်မှ တစ္ဆေတစ်ကောင်လို ကြောက်ရွံ့ စွန့်ပစ်တတ်ကြတယ်လို့ဆိုတယ် ။
ဆိတ်ကို ဆိတ်လို့ ယုံကြည်မှု ပျောက်ဆုံးသလို မိမိလုပ်ရပ်၊ မိမိရည်မှန်းချက်၊ မိမိအောင်မြင်မှု မှန်ကန်နေပါလျက် သူတစ်ပါးတစ်ကားကြောင့် တွေဝေ တတ်ကြပြန်တယ်။
"No matter how good a person you are, there will always be someone criticizing you."
ဆိုတဲ့စကားလို သင်ဘယ်လောက်ပဲ ကောင်းတဲ့လူ ဖြစ်နေပါစေ ဝေဖန်မယ့်သူကတော့ အမြဲတမ်းရှိစမြဲပဲဖြစ်တယ် လို့ဆိုလိုတာပဲဖြစ်တယ်။
ကျွန်တော်တို့ဟာလည်းပဲ ဘယ်လောက်ပဲ ကောင်းအောင်ကြိုးစားနေပါစေ၊ ဘယ်လောက်ပဲအောင်မြင်နေပါစေ။ ဘယ်လောက်ပဲ ဖြောင့်မတ်မှန်ကန်နေပါစေ ဝေဖန်ကဲ့ရဲ့သူကတော့ရှိနေဦး မှာပဲဖြစ်တယ်။
တကယ်တော့ ဘယ်သူတွေ ဘာပဲပြောပါစေ ကိုယ့်ဆိတ်ကို ထမ်းပြီး အိမ်ရောက်အောင် ပြန်ဖို့သာလျှင် ပဓါနပဲဖြစ်တယ်။
ယုံကြည်ချက်များခိုင်မာကြပါ စေ
(ဖြိုးသုတ)
++++++++++
တစ်ခါက..ရွာတစ်ရွာမှာ မိတြရှာမ အမည်ရှိတဲ့ ပုဏ္ဏားတစ်ဦးနေထိုင်ပါသတဲ့။
ပုဏ္ဏားဟာ ၀မ်းသာအားရနဲ့ ဆိတ်ကို ကြိုးနဲ့ခိုင်မာစွာ တုပ်ဆိုင်း၊ ပုခုံးပေါ်မှာထမ်းပြီး အိမ်ကိုပြန်လာခဲ့သတဲ့။ အဲဒီလို ပုဏ္ဏားဟာ ဆိတ်ကို ထမ်းပြီးပြန်လာတာကို လူလိမ်သုံးယောက်က တွေ့မြင်လိုက်ပါသတဲ့။ ပုဏ္ဏားကတော့ သူ့အတွေးနဲ့သူမို့ လူလိမ်တွေကို သတိမထားမိခဲ့ပဲဖြစ်နေခဲ့တယ်
အဲဒီလိုနဲ့ ပုဏ္ဏားဟာ လူခြေပြတ်လတ်တဲ့ လမ်းခုလတ် တစ်နေရာကို ရောက်လာခဲ့တယ်။ အဲဒီအခါမှာတော့ လူလိမ်တစ်ယောက်ဟာ ရိုးအတဲ့ရွာသားအသွင်နဲ့ပုဏ္ဏ
"ပုဏ္ဏားကြီး၊ ခွေးကိုများကို ဘာလို့များအလေးခံပြီး ကျောပေါ်မှာထမ်းလာရတာတုန်းဗျ
"မင်းမျက်လုံးများကန်းနေသလာ
"ကျွန်တော်မြင်တာကို ကျွန်တော်ပြောတာပါဗျာ၊ ဆရာသမားက မယုံလည်း မတတ်နိုင်ဘူးပေါ့။ စိတ်ဆိုးသွားရင် တောင်းပန်ပါတယ်" လို့ပြောပြီး ထွက်ခွာသွားတော့တယ်။
အဲဒီလိုနဲ့ ပုဏ္ဏားဟာ ဆက်လက်ထွက်ခွာလာပြန်တယ်။ လမ်းတစ်နေရာအရောက်မှာတော့ လူလိမ်နောက်တစ်ယောက်ဟာ ရိုးသားတဲ့ ထင်းခုတ်သမားအသွင်နဲ့ထွက်လာ
"ဟိုးဟိုး.. ပုဏ္ဏားကြီးက နွားပေါက်စ အသေကောင်ပုပ်ကြီး ကိုများအလေးခံပြီးထမ်းလာသေး
"လာပြန်ပြီ ငကန်းတစ်ကောင်၊ ငါထမ်းလာတာ နွားသေကောင်ပုပ်ဟုတ်ဘူးကွ၊ ဆိတ်..ဆိတ်။ ငပေါတွေပဲ" လို့ ပြန်ပြောပြန်တယ်။ အဲဒီအခါ လူလိမ်က
"နွားပေါက်လေးမြင်ရဲ့သားနဲ့
ပုဏ္ဏားဟာ သူ့ခရီးကို ဆက်လက်ထွက်ခွာလာပြန်တယ်။ ဒါပေမယ့်လည်း သူဟာ တွေဝေစွာနဲ့ ဒီလိုမျိုးစဉ်းစားနေမိတယ်
"အင်း..တစ်ခုခုတော့တစ်ခုခုပ
ပုဏ္ဏားဟာ အဲဒီလို စဉ်းစားပြီး ဆက်လက်ထွက်ခွာလာပြန်တယ်။ အဲဒီလိုနဲ့ အတော်အတန်ဝေးတဲ့နေရာကိုလည်း
"ဟားဟား... ပုဏ္ဏားကြီးတို့များ မြည်းကို ထမ်းလာပုံက လူရယ်စရာကြီးပဲဗျ...ဘာလို့မ
အဲဒီလို နှုတ်ဆက်စကားကို ကြားတဲ့အခါမှာတော့ ပုဏ္ဏားဟာ ဘာမှ ပြန်ပြောနိုင်တော့ပဲ။ "သေချာပြီ..နာနာဘာဝတစ်ကောင်
အဲဒီအခါမှာတော့ လူလိမ်သုံးယောက်ဟာ ပုဏ္ဏားရဲ့ဆိတ်ကို ကောက်ယူ ပြီး အိမ်ကိုရောက်တဲ့အခါ ပျော်ရွှင်စွာနဲ့ ချက်ပြုတ် စားသောက်ကြပါသတဲ့...။
ဒီပုံပြင်ကတော့ အိန္ဒိယရိုးရာ ပန်ချက်တန်တရ ပုံပြင်တွေထဲက တစ်ပုဒ်ပဲဖြစ်တယ်။ ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြတဲ့အရာတွေရှိတယ်။ တစ်ကယ်တော့ ကျွန်တော်တို့တွေဟာ .. ပုံပြင်ထဲက ပုဏ္ဏားလို့ ဖြစ်နေတတ်ကြပြန်တယ်။ ပုဏ္ဏားလိုပဲ မိမိရဲ့ အောင်မြင်မှု၊ ရရှိတဲ့ ဆုလာဘ်ကို ၀မ်းသာအားရ ပိုက်ထွေးကြေနပ်နေလေ့ရှိကြ
အဲဒီလို သူတွေဟာ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှု၊ အောင်မြင်မှုတွေကို သိမြင်ရက်၊ မမြင်ဟန်၊ မသိဟန်ပြုပြီး အရေးမကြီးလေဟန်၊ အရာမရောက်လေဟန် ပြောဆိုပြီး မိမိကိုယ်ကို ယုံကြည်မှုကို ပျက်ပြားစေကြပြန်တယ်။ အဲဒီလိုအခိုက်အတန့်မှာတော့ ပုဏ္ဏားဟာ ဆိတ်ကို တစ္ဆေထင်သလို၊ မိမိရဲ့ အောင်မြင်မှုဟာ အလကား၊ အချည်းနှီးအဖြစ် ထင်မြင်လာတတ်ကြပြန်တယ်။ မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးတတ်ကြပြန်တယ်။ သူတစ်ပါးရဲ့ ပြောစကားမှာသာ ယုံကြည်ပြီး မိမိရဲ့ ယုံကြည်ရာပန်းတိုင်ပျောက်ဆံ
ဆိတ်ကို ဆိတ်လို့ ယုံကြည်မှု ပျောက်ဆုံးသလို မိမိလုပ်ရပ်၊ မိမိရည်မှန်းချက်၊ မိမိအောင်မြင်မှု မှန်ကန်နေပါလျက် သူတစ်ပါးတစ်ကားကြောင့် တွေဝေ တတ်ကြပြန်တယ်။
"No matter how good a person you are, there will always be someone criticizing you."
ဆိုတဲ့စကားလို သင်ဘယ်လောက်ပဲ ကောင်းတဲ့လူ ဖြစ်နေပါစေ ဝေဖန်မယ့်သူကတော့ အမြဲတမ်းရှိစမြဲပဲဖြစ်တယ် လို့ဆိုလိုတာပဲဖြစ်တယ်။
ကျွန်တော်တို့ဟာလည်းပဲ ဘယ်လောက်ပဲ ကောင်းအောင်ကြိုးစားနေပါစေ၊
တကယ်တော့ ဘယ်သူတွေ ဘာပဲပြောပါစေ ကိုယ့်ဆိတ်ကို ထမ်းပြီး အိမ်ရောက်အောင် ပြန်ဖို့သာလျှင် ပဓါနပဲဖြစ်တယ်။
ယုံကြည်ချက်များခိုင်မာကြပါ
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။