❝ ရော့ခ်အင်ရိုးညစာ
မှာ
မသောက်ဖြစ်ခဲ့သော နှစ်ချို့ဝိုင် ❞
✞✞✞✞✞✞
မှာ
မသောက်ဖြစ်ခဲ့သော နှစ်ချို့ဝိုင် ❞
✞✞✞✞✞✞
✫ စီယံ ✫
သူ့ဂီတ၊ သူ့ဖန်တီးမှုက ထူးခြားသည်။ စာစောင်၊ မဂ္ဂဇင်းတစ်ချို့တွေမှာတော့ ဘလူးစ် ဂီတသမားဟု တင်စားဖေိာပြတတ်ကြသည်။
တကယိတော့ သူ့ဂီတကတော့၊ ဘလူးစ် အမျိုးစားလို့ ပြောလို့ရသော်လည်း၊ အမေရိကန် လူမည်းတွေရဲ့ ဘလူးစ်နှင့်တော့ မတူလှပါ။
မလေးဘူး လို့ပြောရမယ်ထင်တယ်။
အနီးစပ်ဆုံးပြောရင်တော့ လိုက်ခ်ဘလူးစ် ရော့ခ်ဘက်ကို နဲနဲ ယိမ်းနေတဲ့ အနေထားလေးပါ။
ပထမဆုံးအယ်ဘမ်အဖြစ် `အရိပ်၏မျိုးစေ့´ ကို ၁၉ ၉ ၃ခုနှစ်တွင် Ironcross Band နှင့် ထွက်ရှိလာသည်။
ဒုတိယအယ်ဘမ် အဖြစ် `ဟင်းလင်းပြင်၏တံခါးဝှက်´ ကို ၁၉ ၉ ၄ ခုနှစ် တွင် Ironcross Band နှင့် ပင် ပြန်ထုတ်သည်။
သူ့နောက်ဆုံးအယ်ဘမ်ဖြစ်သော`ရော့ခ်အင်ရိုးညစာ ‘ ကတော့ ကြော်ငြာပါလာသော်လည်း ခွေထွက်လာခြင်းမရှိတော့ပေ။
••••••••
✫ ထူးအိမ်သင် ✫
နှစ်ပေါင်း နှစ်ဆယ် နီးပါး ဂီတလောကတွင် အခိုင်အမာ ရပ်တည် သွားခဲ့သော ထူးအိမ်သင် မကွယ်လွန်မီ အထိ ထွက်ရှိခဲ့သော တေးဂီတ အယ်လ်ဘမ်များမှာ
နာရီပေါ်မှ မျက်ရည်စက်များ (၁၉၈၆)၊
မှော်ဆရာ အိမ်မက် (၁၉၈၈)၊
သက်ငြိမ် (၁၉၈၉)၊
အတ္တ ပုံဆောင်ခဲများ (၁၉၉၁)၊
အကြင်နာ အိမ်မက် (၁၉၉၁)၊
အရင်အတိုင်း (၁၉၉၁)၊
စကားလုံး မရှိတဲ့ ကောင်းကင် (၁၉၉၅)၊
ထူးအိမ်သင် (UnpluggedLive)(၁၉၉၆)၊
မြို့ပြ လရောင် တမ်းချင်း (၁၉၉၆)၊
အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့ (၁၉၉၇)၊
ဝင်ရိုးစွန်းမီး (၁၉၉၇)၊
အမှတ်တရဒဏ်ရာ သီချင်းများ (၁၉၉၉)၊
အစိမ်းရောင် ရက်စွဲများ (၂၀၀၁) နှင့်
တစ်နေ့စာ အလွဲများ (၂၀၀၃) တို့ဖြစ်ကြသည်။
နှစ်ချို့ဝိုင် အစီအစဉ်ကတော့ နှစ်တွေသာ ကြာသွားခဲ့ပြီး ထွက်ပေါ် မလာခဲ့ပေ။ သီချင်းများ ရွေးချယ်ထားရာမှ အချိန်ရွေ့လျားသွားသောအခါ စိတ်တိုင်းမကျတော့ပြန်သဖြင့် ရပ်ထားခဲ့ခြင်း ဖြစ်သည်။ ကိုဇော်သစ် (နှင်းဆီလှိုင်း)၊ Emperor Band နှင့် Version အသစ်တွေ ပြန်လုပ်ထားပြီးမှ မထွက်ဖြစ်ဘဲ ကျန်ရစ်ခဲ့သည်။
✍ တီတီတာတာ ✍

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။