ဖခင်ကောင်းတိုင်း သမီးအတွက် ပြုလုပ်သော အရာ (၈) မျိုး
- - - - - - - - - - - - - - - - - - - - - - - - - - - - - -- - - - -
အနုပညာရှင်များသည် မိခင်၏မေတ္တကြီးမားပုံကို ဖွဲ့နွဲ့ကြသော်လည်း ဖခင်၏မေတ္တာတရားကို ဖွဲ့ဆိုသူ နည်းပါးကြလေသည်။ဖခင်မေတ္တာသည် မိခင်ထက် မပိုလျင်တောင် မလျော့သောမေတ္တမျိုးဖြင့် ဘဝပေးဖြစ်ကြရသောသူများပင်ဖြ စ်သည်။
ကျောင်းသို့လိုက်ပို့ကြသော မိခင်ကို အချစ်ပိုကြသော်လည်း မိမိပညာတက်ဖြစ်စေရန် စီးပွားဥစ္စာရှာဖွေနေသော ဖခင်မေတ္တာကိုတော့ မေ့လျော့တက်ကြသည်။ ဖခင်တိုင်း သမီးအပေါ်ဖြည့်ဆည်းပေးတက်ကြေ သာအရာ (၈) ခုကို ဖော်ပြလိုက်ပါသည်။
၁။ ဖခင်သည် မိခင်ကိုလည်း လေးစားတယ်။
ဖခင်သည် မိခင်ကို လေးလေးစားစား ဆက်ဆံပါသည်။ မိဘနှစ်ပါး မကြာခဏရန်ဖြစ်စကားများကြခြင်းသည် ကလေးငယ်တို့၏ စိတ်နှလုံးကို ထိခိုက်စေသည်ကို ဖခင်နားလည်သောကြောင့် မိမိဇနီးမယားကို ကြင်ကြင်နာနာ ဆက်ဆံပါသည်။
၂။ ဖခင်သည် သမီးကို ထွေးပွေ့ပါတယ်။
ဖခင်တိုင်းသည် သမီးတိုင်းကို အချစ်ပိုလေ့ ရှိတာကြောင့် သင့်ကို ယုယုယယထွေးပွေ့ပါလိမ့်မည်။ ဖခင်၏ ထွေးပွေ့မှုသည် သားသမီးတိုင်းအတွက် စိတ်ဓာတ်ခွန်အား ပေးနိုင်စွမ်းရှိပါသည်။ဖခင် ၏ ရင်ငွေ့နွေးနွေးသည် ဖျားနာနေသော သမီးငယ်တိုင်းအတွက် ဆေးဝါးမှီဝဲသည်ထက် ပိုမိုအစွမ်းထက်သည်ဟု ဆိုကြပြန်ပါသည်။
၃။ ဖခင်သည် အားလပ်ချိန်တိုင်း သမီးနှင့်ကုန်ဆုံးစေပါလိမ့် မယ်။
ဖခင်သည် အချိန်အားလပ်တိုင်း သမီးငယ်နှင့် ဆော့ကစားရင်း၊ပွေ့ချီရင်း ကုန်ဆုံးစေပါသည်။ ဤသို့ ကုန်ဆုံးစေခြင်းသည်လည်း ဖခင်နှင့်သမီးတို့အကြား နွေးထွေးမှုကို ဖြစ်စေပြီး ဖခင်ကောင်းပီသရာလည်း ရောက်ပါသည်။
၎။ ဖခင်သည် သမီးအတွက် အားပေးဖော်ဖြစ်တယ်။
သမီးပြောလိုသော အကြောင်းအရာများကို အာရုံစိုက်နားထောင်စေခြင်း၊ သမီး၏ အောင်မြင်မှုကို ကောင်းချီးပေးခြင်း၊သမီး၏ အကောင်းအဆိုး၊အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားပြခြင်း စသဖြင့် သမီးအတွက် ခွန်အားကို ဖြစ်စေသော ဖခင်များပင်ဖြစ်သည်။
၅။ ဖခင်သည် သမီးကို သင်ကြားပြသပါတယ်။
“ လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ “ ဆိုသည့်အတိုင်း ငယ်စဉ်ကတည်းက အစစအရာရာ သင်ကြားပေးပါသည်။ အသိပညာကို သာမက အတတ်ပညာများကိုလည်း ဆရာစားမချန် သင်ကြားပေးသော ဖခင်များပင်ဖြစ်ပါသည်။
၆။ သမီးကို ချစ်တယ်လို့ တဖွဖွပြောတယ်။
လူတိုင်း၏ အချစ်ဦးသည် မိဘနှစ်ပါးဖြစ်သည်ဟု အဆိုအတိုင်း ဖခင်တိုင်းသည် သမီးငယ်ကို ငယ်စဉ်ကတည်းကပင် “သမီးလေးကို ချစ်တယ်” ဟု အမြဲတဖွဖွ ပြောလေ့ရှိပါသည်။ ဖခင်၏ မေတ္တာစကားတစ်ခွန်းသည် သမီးတိုင်းအတွက် ဘဝအမောများကို ပြေပျောက်စေပါသည်။
၇။ သမီးကို ပိုက်ဆံစုစေတယ်။
ဖခင်ကောင်းတိုင်းသည် သမီးငယ်ကို ပိုက်ဆံစုတက်တဲ့အကျင့်ကို ငယ်စဉ်ကပင် လေ့ကျင့်စေပါသည်။ ကလေးဘဝကပင် သစ်ပင်ရေလောင်းခြင်း၊ပန်းကန်ဆေးခြင်း၊ကားရေဆေးခြင်း၊မီးဖိုချောင်ကိစ္စများကို
ကူညီစေခြင်း စသည်တို့ကို ပြုလုပ်စေမှသာလျင် မုန့်ဖိုးပေးပြီး ပိုက်ဆံကို
စုဆောင်းခြင်းဖြင့် အိမ်ထောင်မှုကိစ္စကို နိုင်နင်းစေသည့်အပြင် အနာဂတ်တွင်
ငွေကြေးကိုတန်ဖိုးထားတက်သော သမီးကောင်းများကို ဖြစ်စေပါသည်။
၈။ သမီးနှင့် ပွင့်ပွင့်လင်းလင်း ဆက်ဆံတယ်။
ဖခင်ဆိုသော်လည်း သမီးနှင့် အစ်ကိုကြီးသဖွယ်၊သူငယ်ချင်း သဖွယ် ရင်းရင်းနှီးနှီးဆက်ဆံပြီး ကိစ္စရပ်တိုင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလေ့ရှိပါသည်။ အကောင်းအဆိုး၊အကြောင်းအကျိုးကို ရှင်းလင်းပြဆိုပြီး ဘဝလမ်းခရီးကို ထိန်းကျောင်းပြသသော ဖခင်ကောင်းများဖြစ်ပါသည်။
www.lifehack.org မှ Franchell Gordon ၏ 8 Things A Great Dad Would Do For His Daughter ကို ဘာသာပြန်ပါတယ်။
Credit; Myanmar Knowledge Bank
- - - - - - - - - - - - - - - - - - - - - - - - - - - - - -- - - - -
အနုပညာရှင်များသည် မိခင်၏မေတ္တကြီးမားပုံကို ဖွဲ့နွဲ့ကြသော်လည်း ဖခင်၏မေတ္တာတရားကို ဖွဲ့ဆိုသူ နည်းပါးကြလေသည်။ဖခင်မေတ္တာသည
ကျောင်းသို့လိုက်ပို့ကြသော မိခင်ကို အချစ်ပိုကြသော်လည်း မိမိပညာတက်ဖြစ်စေရန် စီးပွားဥစ္စာရှာဖွေနေသော ဖခင်မေတ္တာကိုတော့ မေ့လျော့တက်ကြသည်။ ဖခင်တိုင်း သမီးအပေါ်ဖြည့်ဆည်းပေးတက်ကြေ
၁။ ဖခင်သည် မိခင်ကိုလည်း လေးစားတယ်။
ဖခင်သည် မိခင်ကို လေးလေးစားစား ဆက်ဆံပါသည်။ မိဘနှစ်ပါး မကြာခဏရန်ဖြစ်စကားများကြခြင
၂။ ဖခင်သည် သမီးကို ထွေးပွေ့ပါတယ်။
ဖခင်တိုင်းသည် သမီးတိုင်းကို အချစ်ပိုလေ့ ရှိတာကြောင့် သင့်ကို ယုယုယယထွေးပွေ့ပါလိမ့်မည်။ ဖခင်၏ ထွေးပွေ့မှုသည် သားသမီးတိုင်းအတွက် စိတ်ဓာတ်ခွန်အား ပေးနိုင်စွမ်းရှိပါသည်။ဖခင်
၃။ ဖခင်သည် အားလပ်ချိန်တိုင်း သမီးနှင့်ကုန်ဆုံးစေပါလိမ့်
ဖခင်သည် အချိန်အားလပ်တိုင်း သမီးငယ်နှင့် ဆော့ကစားရင်း၊ပွေ့ချီရင်း ကုန်ဆုံးစေပါသည်။ ဤသို့ ကုန်ဆုံးစေခြင်းသည်လည်း ဖခင်နှင့်သမီးတို့အကြား နွေးထွေးမှုကို ဖြစ်စေပြီး ဖခင်ကောင်းပီသရာလည်း ရောက်ပါသည်။
၎။ ဖခင်သည် သမီးအတွက် အားပေးဖော်ဖြစ်တယ်။
သမီးပြောလိုသော အကြောင်းအရာများကို အာရုံစိုက်နားထောင်စေခြင်း၊
၅။ ဖခင်သည် သမီးကို သင်ကြားပြသပါတယ်။
“ လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ “ ဆိုသည့်အတိုင်း ငယ်စဉ်ကတည်းက အစစအရာရာ သင်ကြားပေးပါသည်။ အသိပညာကို သာမက အတတ်ပညာများကိုလည်း ဆရာစားမချန် သင်ကြားပေးသော ဖခင်များပင်ဖြစ်ပါသည်။
၆။ သမီးကို ချစ်တယ်လို့ တဖွဖွပြောတယ်။
လူတိုင်း၏ အချစ်ဦးသည် မိဘနှစ်ပါးဖြစ်သည်ဟု အဆိုအတိုင်း ဖခင်တိုင်းသည် သမီးငယ်ကို ငယ်စဉ်ကတည်းကပင် “သမီးလေးကို ချစ်တယ်” ဟု အမြဲတဖွဖွ ပြောလေ့ရှိပါသည်။ ဖခင်၏ မေတ္တာစကားတစ်ခွန်းသည် သမီးတိုင်းအတွက် ဘဝအမောများကို ပြေပျောက်စေပါသည်။
၇။ သမီးကို ပိုက်ဆံစုစေတယ်။
ဖခင်ကောင်းတိုင်းသည် သမီးငယ်ကို ပိုက်ဆံစုတက်တဲ့အကျင့်ကို ငယ်စဉ်ကပင် လေ့ကျင့်စေပါသည်။ ကလေးဘဝကပင် သစ်ပင်ရေလောင်းခြင်း၊ပန်းကန
၈။ သမီးနှင့် ပွင့်ပွင့်လင်းလင်း ဆက်ဆံတယ်။
ဖခင်ဆိုသော်လည်း သမီးနှင့် အစ်ကိုကြီးသဖွယ်၊သူငယ်ချင်း
www.lifehack.org မှ Franchell Gordon ၏ 8 Things A Great Dad Would Do For His Daughter ကို ဘာသာပြန်ပါတယ်။
Credit; Myanmar Knowledge Bank
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။