ထမ်းပိုးတစ်ချောင်းရဲ့ဟန်ချ က်
-------------------------- ----
တစ်ခါက ရွာတစ်ရွာရဲ့ အ၀င်လမ်းမှာ အများသူငါ နားခိုနေနိုင်တဲ့ ဇရပ်တစ်ဆောင်ရှိပါသတဲ့..။ ဇရပ်ကြီးဟာ ကြီးမားကျယ်ပြန့်တဲ့အပြင် လေ၀င်လေထွက်လည်း ကောင်းမွန်တာကြောင့် နေပူပူမှာ ပင်ပန်းလာတ့ ခရီးသွားတွေအဖို့ နားခိုစရာ နေရာကောင်းတစ်ခုလည်း ဖြစ်တယ်.. ။
တစ်ခါတော့ ရွာတကာလှည့်ပြီး တောင်းရမ်းစားသောက်နေရတဲ့ သူဖုန်းစားတစ်ယောက်ဟာ ဇရပ်မှာဝင်ရောက် အမောဖြေနေပါသတဲ့။ အဲဒီလို အမောဖြေနေတုန်းအခိုက်မှာပဲ ဟိုးအဝေးတစ်နေရာဆီက ခရီးသွားတစ်ယောက်ဟာ ဇရပ်ဆီကို ဦးတည်လာတာကို တွေ့မြင်ခဲ့တယ်..။ အဲဒီခရီးသွားဟာ တံပိုးတစ်ချောင်းနဲ့ ၀န်ထုပ်ဝန်ပိုးတွေကို ထမ်းလာတာဖြစ်သတဲ့။
အဲဒီလိုနဲ့ ခရီးသည်ဟာ သူတောင်းစားအပန်းဖြေနေတဲ့ဇရ ပ်ကိုလည်း ရောက်ရော သူထမ်းပိုးလာတဲ့ဝန်ထုပ်ဝန်ပိုးတွေကိုချ ပြီး
"နေကလည်း ပူလိုက်တာဗျာ" လို့ညဉ်းညူရင်း သောက်ရေအိုးကရေကို တစ်ဝသောက်ပါသတဲ့။
သူတောင်းစားဟာ ခရီးသွားရဲ့ ဆိုင်းထမ်းကို ကြည့်လိုက်တဲ့အခါမှာတော့ တစ်ဖက်မှာက မြက်ထုံးတွေဖြစ်ပြီး၊ တစ်ဖက်မှာတော့ အတော်အတန် ကြီးမားတဲ့ ကျောက်တုံးတစ်တုံးကို ကြိုးနဲ့စည်းနှောင်ပြီး သယ်လာတာကို တွေ့မြင်ခဲ့တယ်။ အဲဒီ ဆိုင်းထမ်းကို မြင်တဲ့အခါ သူတောင်းစားက ခရီးသည်ကို ဒီလိုပြောခဲ့တယ်
"သူတောင်းစားက စပ်စုတယ်လို့တော့ မပြောပါနဲ့ အစ်ကိုကြီးခင်ဗျား၊ အစ်ကို ကြီးဟာ မြက်ထုံးတွေအပြင် ကျောက်တုံးကြီးကိုပါ ဘာလို့ သယ်လာရတာလဲဆိုတာကို ပြောပြလို့ရမလားခင်ဗျာ"
အဲဒီစကားကိုကြားတဲ့အခါ ခရီးသွားက
"အင်း မင်းဟာ ဒီလို ဥာဏ်မရှိလို့ပဲ သူတောင်းစားဖြစ်နေရတာပဲလေ။ ဒီလိုကွ မြက်ထုံးချည်းပဲ ထမ်းလာရင် ဟိုဘက်ဒီဘက် အလေးချိန်မတူတော့ ငါထမ်းပိုးနဲ့ သယ်ဖို့ မဖြစ်နိုင်ဘူးလေ အဲဒါကြောင့် အလေးချိန်မျှသွားအောင် တစ်ဖက်က ကျောက်တုံးကိုပါထမ်းလာရတာပေါ့ကွ။ ဒါမှ ဟိုဘက်နဲ့ဒီဘက် အလေးချိန်မျှပြီးငါသယ်လိြု့ ဖစ်မှာပေါ့" လို့ပြောလိုက်တယ်။ အဲဒီအခါ သူတောင်းစားက
"ဒါလေးများဗျာ။ ကျောက်တုံးကြီးကို ထည့်သယ်နေမယ့်အစား မြက်ထုံးကို တစ်ဝက်ခွဲပြီး ဟိုဘက်ဒီဘက် မျှလိုက်ရင် အစ်ကို ကြီးသယ်ရသက်သာတာပေါ့။ သူတောင်းစားက လျှာရှည်တယ်လို့တော့ မမှတ်လိုက်ပါနဲ့ဗျာ" လို့ပြောပြန်တယ်။ အဲဒီအခါ ခရီးသွားက
"အော်....အေး..ဟုတ်သားပဲဟ၊ ငါဘာလို့ဒါကို မစဉ်းစားမိပါလိမ့်"
လို့ ပြောပြီး သူသယ်လာတဲ့ကျောက်တုံးကို ဖယ်ပြီး မြက်ထုံးတွေကို တစ်ဝက်စီခွဲထည့်လိုက်တယ်။ ပြီးတော့မှ တံပိုးကိုလျှိုပြီး "သွားဦးမယ် သူတောင်းစားရေ" လို့နှုတ်ဆက်ခါ ဆက်လက်ထွက်ခွာသွားတော့တယ်။
အဲဒီလိုနဲ့ ခဏအကြာမှာတော့ ထွက်သွားတဲ့ ခရီးသွားဟာ ဇရပ်ကို တစ်ခေါက်ပြန်လည် ရောက်လာပြန်တယ်။ အဲဒီအခါ သူတောင်းစားက
"ဘာပစ္စည်းများ ကျန်ရစ်ခဲ့လို့လည်း အစ်ကိုကြီး" လို့မေးခဲ့တယ်။ အဲဒီအခါ ခရီးသွားက
"ဘာမှ ကျန်ခဲ့လို့မဟုတ်ဘူးဟေ့။ မင်းပြောတဲ့အတိုင်း မြက်ထုံးကို မျှသယ်တာတော့ ကောင်းပါတယ်။ ဒါပေမယ့် သူတောင်းစားပြောတာတဲ့အကြံအတိုင်း
လိုက်လုပ်တဲ့ကောင်လို့ အရပ်က ပြောတာကို ငါမခံနိုင်ဘူးကွ။ ဒါကြောင့်
ငါလုပ်ရိုးလုပ်စဉ်အတိုင်း ကျောက်တုံးနဲ့ဘဲသယ်လို့ ငါကျောက်တုံးပြန်လာယူတာ"
လို့ပြောပြီး သူ့ရဲ့ မူလပထမအကြံအစည်အတိုင်း မြက်ထုံးတစ်ဖက် ကျောက်တုံးတစ်ဖက် ထမ်းပြီး ထွက်ခွာသွားပါလေသတဲ့။
ဒီပုံပြင်လေးဟာ အများသူငါ ကြားဖူးနားဝရှိတဲ့ ပုံပြင်တစ်ပုဒ်ပဲဖြစ်တယ်။ ကျွန်တော်တို့ဟာလည်း ထမ်းပိုးနဲ့ ခရီးသွားလို ငါလုပ်သမျှအားလုံးကောင်းတယ် ဆိုတဲ့ အတ္တနဲ့အတူ မိမိကိုယ်ကို အထင်ကြီးနေတတ်ကြသူများလို့ဆိုတယ်။
ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုတဲ့ စိတ်ထားနဲ့အတူ မိမိရဲ့
ဘ၀လမ်းကြောင်းကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဘယ်သူပြောတာကိုမှ လက်မခံဘဲ
လျှောက်လှမ်း နေကြသူများပဲဖြစ်တယ်။ အဲဒီလို လျှောက်လှမ်းနေကြတဲ့အခါ
ခရီးသွားရဲ့ ကျောက်တုံးနဲ့တူတဲ့ အတ္တစိတ်ကိုပါ ထည့်သွင်း ထမ်းပိုးရင်း
မိမိရဲ့ ဘ၀ထမ်းပို ကို ဘက်မျှအောင် ကြိုးပမ်းနေကြပြန်တယ်။ အဲဒီလို
အပိုဖြစ်တဲ့ အတ္တကျောက်တုံးကို ထမ်းပိုးမိတဲ့အတွက်လည်း မိမိရဲ့ ဘ၀ထမ်းပိုးဟာ
ပိုမို လေးလံနေကြပြန်တယ်။ ဘ၀ခရီးမှာ သက်တောင့်သက်သာမရှိလှဘဲ
လေးလံနှေးကွေးနေတတ်ကြသူများ ပဲဖြစ်တယ်။
အဲဒီလို မိမိရဲ့ ပုံမကျ ပန်းမကျ လုပ်ပုံတွေကို မိမိရဲ့ အဆွေအမျိုး၊ သားသမီး၊ အပေါင်းအသင်း၊ တပည့်တပန်း တွေ့ မြင်တွေ့ကြတဲ့အခါ သူတောင်းစားရဲ့ အကြံဥာဏ်ပေးခြင်းနဲ့တူတဲ့ "လုပ်ပုံကိုင်ပုံမှားနေတယ်၊
ဒီလိုလေးဆို မကောင်းဘူးလား" ဆိုပြီး အကြံဥာဏ်ကောင်းများ ပေးတတ်ကြတယ်။
အဲဒီလို အကြံဥာဏ်ပေးပေမယ့်လည်း "ငါလုပ်သမျှအမှန်" "ဒီကောင်ပြောတာ
ဟုတ်တော့ဟုတ်တယ် ဒါပေမယ့် တပည့်ပြောတာ လိုက်လုပ်တဲ့ ကောင် ဖြစ်နေဦးမယ်လေ"
"ဒီလိုလူက အကြံပေးတာကိုလက်ခံရင် လူပြောစရာဖြစ်တော့မှာပဲ"
ဆိုတဲ့အတွေးတွေနဲ့အတူ အတ္တကျောက်တုံးကို ကောက်ယူသယ်ပိုးကြပြန်တယ်။
အကြံဥာဏ်ကောင်းကို လက်ခံကျင့်သုံးလိုက်ရုံနဲ့ မိမိရဲ့ ၀န်ထုပ်ဝန်ပိုး
လျှော့ကျပြီး ဘ၀ခရီးချောမွေ့မှာကို သိပေမယ့်လည်း မိမိအောက်ငယ်သူ၊ မိမိထက်
ဥာဏ်ရည်နိမ့်သူဆိုတဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးမှုတွေကြောင့်ပဲ
အကြံဥာဏ်ကောင်းတွေကို စွန့်ပစ်ကြပြန်တယ်
Advice is like a stranger--if welcome, he stays the night; if not welcome, he returns home that day.
ဆိုတဲ့ အာဖရိက စကားပုံတစ်ခုလို အကြံဥာဏ်ဆိုတာ သူစိမ်းဧည့်သည်နဲ့တူတယ်။ သူ့ကို လိုလိုလားလားကြိုဆိုတဲ့အခါ ညအိပ်ညဥ့်နေ နေထိုင်တတ်ပေမယ့် မကြိုဆိုရင်တော့ အဲဒီနေ့မှာပဲ (ခဏတစ်ဖြုတ်နဲ့) ပြန်လည် ထွက်ခွာသွားတတ်တယ်လိုဆိုတယ် ။
တကယ်တော့ အကြံကောင်းဥာဏ်ကောင်းဆိုတာဟာ "ဘယ်သူကပေးတယ်" ဆိုတာထက် "ဘယ်လောက် မှန်ကန်မှုရှိသလဲ"ဆိုတာက ပိုပြီးအရေးကြီးတာကို ဆင်ခြင်သတိထားသင့်လှတယ်..။
အကြံဥာဏ်ကောင်းပေးနိုင်သူများ ပေါပေါများများရှိကြပါစေ
(ဖြိုးသုတ)
--------------------------
တစ်ခါက ရွာတစ်ရွာရဲ့ အ၀င်လမ်းမှာ အများသူငါ နားခိုနေနိုင်တဲ့ ဇရပ်တစ်ဆောင်ရှိပါသတဲ့..။ ဇရပ်ကြီးဟာ ကြီးမားကျယ်ပြန့်တဲ့အပြင် လေ၀င်လေထွက်လည်း ကောင်းမွန်တာကြောင့် နေပူပူမှာ ပင်ပန်းလာတ့ ခရီးသွားတွေအဖို့ နားခိုစရာ နေရာကောင်းတစ်ခုလည်း ဖြစ်တယ်.. ။
တစ်ခါတော့ ရွာတကာလှည့်ပြီး တောင်းရမ်းစားသောက်နေရတဲ့ သူဖုန်းစားတစ်ယောက်ဟာ ဇရပ်မှာဝင်ရောက် အမောဖြေနေပါသတဲ့။ အဲဒီလို အမောဖြေနေတုန်းအခိုက်မှာပဲ ဟိုးအဝေးတစ်နေရာဆီက ခရီးသွားတစ်ယောက်ဟာ ဇရပ်ဆီကို ဦးတည်လာတာကို တွေ့မြင်ခဲ့တယ်..။ အဲဒီခရီးသွားဟာ တံပိုးတစ်ချောင်းနဲ့ ၀န်ထုပ်ဝန်ပိုးတွေကို ထမ်းလာတာဖြစ်သတဲ့။
အဲဒီလိုနဲ့ ခရီးသည်ဟာ သူတောင်းစားအပန်းဖြေနေတဲ့ဇရ
"နေကလည်း ပူလိုက်တာဗျာ" လို့ညဉ်းညူရင်း သောက်ရေအိုးကရေကို တစ်ဝသောက်ပါသတဲ့။
သူတောင်းစားဟာ ခရီးသွားရဲ့ ဆိုင်းထမ်းကို ကြည့်လိုက်တဲ့အခါမှာတော့ တစ်ဖက်မှာက မြက်ထုံးတွေဖြစ်ပြီး၊ တစ်ဖက်မှာတော့ အတော်အတန် ကြီးမားတဲ့ ကျောက်တုံးတစ်တုံးကို ကြိုးနဲ့စည်းနှောင်ပြီး သယ်လာတာကို တွေ့မြင်ခဲ့တယ်။ အဲဒီ ဆိုင်းထမ်းကို မြင်တဲ့အခါ သူတောင်းစားက ခရီးသည်ကို ဒီလိုပြောခဲ့တယ်
"သူတောင်းစားက စပ်စုတယ်လို့တော့ မပြောပါနဲ့ အစ်ကိုကြီးခင်ဗျား၊ အစ်ကို ကြီးဟာ မြက်ထုံးတွေအပြင် ကျောက်တုံးကြီးကိုပါ ဘာလို့ သယ်လာရတာလဲဆိုတာကို ပြောပြလို့ရမလားခင်ဗျာ"
အဲဒီစကားကိုကြားတဲ့အခါ ခရီးသွားက
"အင်း မင်းဟာ ဒီလို ဥာဏ်မရှိလို့ပဲ သူတောင်းစားဖြစ်နေရတာပဲလေ။ ဒီလိုကွ မြက်ထုံးချည်းပဲ ထမ်းလာရင် ဟိုဘက်ဒီဘက် အလေးချိန်မတူတော့ ငါထမ်းပိုးနဲ့ သယ်ဖို့ မဖြစ်နိုင်ဘူးလေ အဲဒါကြောင့် အလေးချိန်မျှသွားအောင် တစ်ဖက်က ကျောက်တုံးကိုပါထမ်းလာရတာပေ
"ဒါလေးများဗျာ။ ကျောက်တုံးကြီးကို ထည့်သယ်နေမယ့်အစား မြက်ထုံးကို တစ်ဝက်ခွဲပြီး ဟိုဘက်ဒီဘက် မျှလိုက်ရင် အစ်ကို ကြီးသယ်ရသက်သာတာပေါ့။ သူတောင်းစားက လျှာရှည်တယ်လို့တော့ မမှတ်လိုက်ပါနဲ့ဗျာ" လို့ပြောပြန်တယ်။ အဲဒီအခါ ခရီးသွားက
"အော်....အေး..ဟုတ်သားပဲဟ၊ ငါဘာလို့ဒါကို မစဉ်းစားမိပါလိမ့်"
လို့ ပြောပြီး သူသယ်လာတဲ့ကျောက်တုံးကို ဖယ်ပြီး မြက်ထုံးတွေကို တစ်ဝက်စီခွဲထည့်လိုက်တယ်။ ပြီးတော့မှ တံပိုးကိုလျှိုပြီး "သွားဦးမယ် သူတောင်းစားရေ" လို့နှုတ်ဆက်ခါ ဆက်လက်ထွက်ခွာသွားတော့တယ်။
အဲဒီလိုနဲ့ ခဏအကြာမှာတော့ ထွက်သွားတဲ့ ခရီးသွားဟာ ဇရပ်ကို တစ်ခေါက်ပြန်လည် ရောက်လာပြန်တယ်။ အဲဒီအခါ သူတောင်းစားက
"ဘာပစ္စည်းများ ကျန်ရစ်ခဲ့လို့လည်း အစ်ကိုကြီး" လို့မေးခဲ့တယ်။ အဲဒီအခါ ခရီးသွားက
"ဘာမှ ကျန်ခဲ့လို့မဟုတ်ဘူးဟေ့။ မင်းပြောတဲ့အတိုင်း မြက်ထုံးကို မျှသယ်တာတော့ ကောင်းပါတယ်။ ဒါပေမယ့် သူတောင်းစားပြောတာတဲ့အကြံအတ
လို့ပြောပြီး သူ့ရဲ့ မူလပထမအကြံအစည်အတိုင်း မြက်ထုံးတစ်ဖက် ကျောက်တုံးတစ်ဖက် ထမ်းပြီး ထွက်ခွာသွားပါလေသတဲ့။
ဒီပုံပြင်လေးဟာ အများသူငါ ကြားဖူးနားဝရှိတဲ့ ပုံပြင်တစ်ပုဒ်ပဲဖြစ်တယ်။ ကျွန်တော်တို့ဟာလည်း ထမ်းပိုးနဲ့ ခရီးသွားလို ငါလုပ်သမျှအားလုံးကောင်းတယ်
အဲဒီလို မိမိရဲ့ ပုံမကျ ပန်းမကျ လုပ်ပုံတွေကို မိမိရဲ့ အဆွေအမျိုး၊ သားသမီး၊ အပေါင်းအသင်း၊ တပည့်တပန်း တွေ့ မြင်တွေ့ကြတဲ့အခါ သူတောင်းစားရဲ့ အကြံဥာဏ်ပေးခြင်းနဲ့တူတဲ့ "လုပ်ပုံကိုင်ပုံမှားနေတယ်၊
Advice is like a stranger--if welcome, he stays the night; if not welcome, he returns home that day.
ဆိုတဲ့ အာဖရိက စကားပုံတစ်ခုလို အကြံဥာဏ်ဆိုတာ သူစိမ်းဧည့်သည်နဲ့တူတယ်။ သူ့ကို လိုလိုလားလားကြိုဆိုတဲ့အခါ ညအိပ်ညဥ့်နေ နေထိုင်တတ်ပေမယ့် မကြိုဆိုရင်တော့ အဲဒီနေ့မှာပဲ (ခဏတစ်ဖြုတ်နဲ့) ပြန်လည် ထွက်ခွာသွားတတ်တယ်လိုဆိုတယ်
တကယ်တော့ အကြံကောင်းဥာဏ်ကောင်းဆိုတာဟ
အကြံဥာဏ်ကောင်းပေးနိုင်သူမျ
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။