Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, August 23, 2017

စကားပုံများ(၁-၂၃၄)

စကားပုံများ(၁-၂၃၄)
™™™™™™™

(က)
၁။ ဂဠုန်ပြည် ဂဠုန် နဂါးပြည်နဂါး။
When in Rome, do as Romans do.
When in Rome, do as Rome does.

၂။ ကဲ့ရဲ့ခုနှစ်ရက်၊ ချီးမွမ်းခုနှစ်ရက်။
A wonder lasts nine days.

၃။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ။
Misfortunes never come singly.

၎။ ကောက်သော်စားမလောက်၊ ဖြောင့်သော်မစားနိုင်။
Honesty is the best policy.

၅။ ကိုယ်ကောင်း ခေါင်းဘယ်မရွေ့။
It is a fortunate head that never ached.

၆။ ကိုယ်ကျွံရင် နှုတ်လို့ရ၊ စကားကျွံရင် နှုတ်လို့မရနိုင်။
Better the foot slip than tongue.

၇။ ကိုယ်ထင် ခုတင်ရွှေနန်း။
Marry the person one fancies.

၈။ ကိုယ့်ကိုကိုယ်ဖော် မသူတော်။
He that praiseth himself spatters himself.

၉။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်။
To blow one's own trumpet.
The crow thinks her own birds fairest.

၁၀။ ကိုယ့်စိတ်နဲ့ နှိုင်း မရိုင်း။
Do unto others as you would
they should do unto you.

၁၁။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း။
To wash dirty linen in public.

၁၂။ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ်သွား။
Every tub must stand on its own bottom.

၁၃။ ကိုယ့်ဝမ်းနာ ကိုယ်သာသိ။
No one knows like the wearer where the shoe pinches.

၁၄။ ကိုယ့်အတတ် ကိုယ်စူး။
ကိုယ့်ရှူး ကိုယ်ပတ်။
Who judges others, condemns himself.
Hoist with his own petard.

၁၅။ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး။
Like the flounder, out of the frying pan into the fire.

၁၆။ ကျားရှေ့ မှောက်လျက်လဲ။
It is a foolish sheep that makes the wolf his confessor.

၁၇။ ကျေးဇူးရှိမှ ကျေးစွပ်သည်။
The dog never bites the hand that feeds it.

၁၈။ ကြာကြာဝါးမှ ခါးမှန်းသိ။
ဆန်ဖြူဆန်ကောင်း ထောင်းမှသိ၊
လူတို့သဘော ပေါင်းမှသိ။
A man knows his companion in a long journey and at a little inn.

၁၉။ ကြာရိုးကြာစွယ်ကိုမြင်၊ ရေအတိမ်အနက်ကို သိရမယ်။
Outward appearance is an index to a man's character.

၂၀။ ကြက်ဥပြုတ် သံတုတ်နဲ့ချ။
Use a sledgehammer to crack a nut.
To break a butterfly on the wheel.

၂၁။ ကြောက်လွဲ ရဲမင်းဖြစ်။
Faint hearts never won fair lady.
Fortunes favor the brave.

၂၂။ ကြိုက်မရှက် ငိုက်မရှက် ငတ်မရှက်။
Hungry belies have no ears.

၂၃။ ကြောင်မရှိ ကြွက်ထ။
When the cat is away the mice will play.

၂၄။ ကွမ်းသီးကြိုက် တောင်ငူပို့ ။
Fate gives a helping hand.

၂၅။ ကျွဲပါးစောင်းတီး။
To cat pearls before swine.
To knock at a deaf man's door.

၂၆။ ကျွမ်းကျင်ရာ လိမ®ာ။
Every man to his trade.

၂၇။ ကြွေးပေးလျှင် ဆုံး၊ တောင်းလျှင်မုန်း။
Who goes a-borrowing goes a-sorrowing.

၂၈။ ကြွက်မနိုင် ကျီမီးရှို့ ။
Burn one's house to get rid of the mice.
Burn one's house to frighten the mouse.

(ခ)
၂၉။ ခရီးတွင်လို့ ရွာစဉ်မသိ။
The fool wanders, the wise man travels.

၃၀။ ခုရေတွင်းတူး၊ ခု ရေကြည်သောက်ချင်။
Rome was not built in a day.

၃၁။ ခဲမှန်ဖူးတဲ့ စာသူငယ်။
The burnt child dreads the fire.

၃၂။ ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း။
A good friend is my nearest relative.

၃၃။ ခေါင်းတစ်လုံးနှင့် ရေအိုးနှစ်လုံး မရွက်နိုင်။
No man can serve two masters.
Hang not all your bells upon one horse.

၃၄။ ချော်လဲ ရောထိုင်။
When all men say you are an ass, it is time to bray.

၃၅။ ချစ်ခြင်းအစ မျက်စိက။
Love at first sight.

၃၆။ ချစ်လုံးလုံး မုန်းလျားလျား။
Love sees no faults.

၃၇။ ခွေးကလေးအရောဝင် ပါးလျက်နားလျက်။
Familiarity breeds contempt.

၃၈။ ခွေးကြီးမှ လက်ပေးသင်။ ခွေးအိုမှ လက်ပေးသင်။
You cannot teach an old dog new tricks.

၃၉။ ခွေးမြီးကောက် ကျည်တောက်စွပ်။
Nothing can straighten the dog's tail.
Once a crook always a crook.

၄၀။ ခွေးမှာ နှာရောင်၊ ကြောင်မှာ နဖူး၊ လူမှာ ဒူး။
Things to look for what judging value.

၄၁။ ခွေးရူးဖက်ကိုက် ခွေးကောင်းနားရွက်ပြတ်။
He that toucheth pitch shall be defiled here with.

၄၂။ ခွေးလှေး ခုန်í ဖုန်မထ။
ခွေးဟောင်í တောင်ဖို့ မပြေး။
The dog barks but the caravan goes on.
The moon does not heed the barking of the dogs.

(င)
၄၃။ ငါ့ဝမ်းပူစာ မနေသာ။
The belly teaches all arts.

၄၄။ ငါးကြင်းဆီနှင့် ငါးကြင်းကြော်။
Set a thief to catch a thief.

၄၅။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်။
The rotten apple injures its neighbours.

၄၆။ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်။
Never do things by halves.

၄၇။ ငှက်မရခင် ရှဥ့်ရှာ။
Somewhat is better than nothing.

၄၈။ ငှက်မှာအရိုး၊ လူမှာအမျိုး။
What can you expect from a man like that?

(စ)
၄၉။ စကားစကား ပြောပြန်များ စကားထဲက ဇာတိပြ။
Conversation makes one what he is.

၅၀။ စိတ်ပျိုကိုယ်နု။
A sound mind in a healthy body.
None so old, that he hopes not for a year of life.

၅၁။ စိတ်သာရှင်စော ဘုရားဟော။
Mind makes mountains.

(ဆ)
၅၂။ ဆရာကောင်းတပည့်၊ ပန်းကောင်းပန်။
Like master, like man.
Jack is as good as his master.

၅၃။ဆရာ မပြ၊ နည်းမကျ။
In every art it is good to have master.

၅၄။ ဆရာများ သားသေ။
ငါးသိုင်းများ ဟင်းဟုန်။
Too many cooks spoil the broth.

၅၅။ ဆရာမှန် အလံမစိုက်နှင့်။
Good wine needs no bush.

၅၆။ ဆူးပေါ်ဖက်ကျ ဖက်ပေါက်၊ ဖက်ပေါ်ဆူးကျ ဖက်ပေါက်။
Heads I win, tails you lose.

၅၇။ ဆင့်ပါးစပ် နှမ်းပက်။
A drop in the ocean.

၅၈။ ဆိတ်ဆိတ်နေပူ သဘောတူ။
Silence gives consent.

၅၉။ ဆန်ခိုးမမိ ဖွဲခိုးမိ။
To catch the lesser thief.

(ဇ)
၆၀။ ဇာတိကို သိချင်ရင် အမူအကျင့်ကိုကြည့်။
Manner makes man.

(ည)
၆၁။ ညောင်ဦးကမ်းပါးပြို၊ စမÜာနဂိုက နွားမပေါင်ကျိုး။
He would fall on his back and break his nose.

၆၂။ ညှော်သာညှော် ငါးကြော်မစားရ။
Jam tomorrow, but never jam today.

(တ)
၆၃။ တရုတ်ပြည် အပ်ရောင်းသွား။
Carrying coals to New Castle.

၆၄။ တောစကား တောပျောက်။
All that is said in the kitchen should not be heard in the hall.

၆၅။ တံငါကို ပိုက်ထိုးသင်၊ မုဆိုးကို သားထိုးသင်။
Teaching your grandmother to suck eggs.

၆၆။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး။
A man is known by the company he keeps.

၆၇။ တောင်းမှာ အကွပ်၊ လူမှာ အ၀တ်။
The apparel off proclaims the man.
Apparel makes the man.

၆၈။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်။
Experience is the mother of wisdom.

၆၉။ တစ်ချုံကွယ် တစ်မယ်မေ့။
Out of sight, out of mind.

၇၀။ တစ်ချက်ခုတ် နှစ်ချက်ပြတ်။
Kill two birds with one stone.

၇၁။ တစ်တက်စား ကြက်သွန်၊ နှစ်တက်စား ကြက်သွန်။
As well be hanged for a sheep as a lamb.

၇၂။ တစ်ထွာပြ၊ တစ်လံမြင်။
Give him an inch and he'll take an elbow.

၇၃။ တစ်နေ့ တစ်လံ ပုဂံဘယ်ရွေ့ မလဲ။
Slow and steady wins the race.

၇၄။ တစ်ပဲတန်ကြောင့် တစ်ခွဲပျက်။
To lose the ship for a half penny worth of the tar.

၇၅။ တစ်ယောက်ကစ တစ်ရာ။
One foot makes many.

၇၆။ တစ်ယောက်မကိုမြင်၊ တစ်အိုးတန်ပျက်။
Penny wise, pound foolish.

၇၇။ တစ်ယောက်တစ်လက် ကျောင်းသားလက်။
တစ်ယောက်အားနှင့် ယူသော်မရ၊ တစ်သောင်းအားနှင့် ယူသော်ရ၏။
Many hands make light work.

၇၈။ တိတ်တိတ်နေ ထောင်တန်။
Silence is golden.
Speech is silver, silence is golden.

၇၉။ တန်ဆေး လွန်ဘေး။
Enough is better than too much.

(ထ)
၈၀။ ထောင်မြင် ရာစွန့် ။
Venture a small fish to catch a great one.

၈၁။ ထန်းရည်မူး ကျွဲခိုးပေါ်။
When ale is in, wit is out.

၈၂။ ထွက်ပြီးသောဆင်စွယ် ၀င်တယ်လို့ မရှိ။
A word and a stone let go cannot be called back.

(ဒ)
၈၃။ ဒီပုတ်ထဲက ဒီပဲ။
A chip of the old block.
The smith and his penny are both black.

၈၄။ ဒီယုန်မြင်လို့ ဒီချုံထွင်။
An axe to grind.

၈၅။ ဒူးလောက်တင်မှ ရင်လောက်ကျ။
Ask much to have a little.

(ဓ)
၈၆။ ဓားသွားထက် ကလောင်သွားထက်။
The pen is mightier than the sword.

(န)
၈၇။ နဂိုရှိမှ နဂိုင်းထွက်။
Fine feathers make fine birds.

၈၈။ နဖူးစာ ရွာလည်။
Marriage is destiny.

၈၉။ နီးတကျက်ကျက် ဝေးတသက်သက်။
Absence makes the heart grow fonder.

၉၀။ နီးလျက်နဲ့ ဝေး။
You can go far about seeking the nearest.

၉၁။ နေ့ ပြောနောက်ကြည့်၊ ညဥ့်ပြောအောက်ကြည့်။
Look at the North while going South.

၉၂။ နောက်လာတဲ့ မောင်ပုလဲ၊ ဒိုင်းဝန်ထက်ကဲ။
Better the devil you know than the devil you don't know.
Refuse a wife with one fault, and take one with two.

၉၃။ နည်းရောင်းများရောင်း တောင်းပြည့်။
Little drops of water make the ocean.

၉၄။ နည်းအမျှ များအ၀။
Share and share alike.

၉၅။ နွားကွဲ ကျားကိုက်။
Unity is strength.
United we stand, divided we fall.

၉၆။ နွားနဲ့ မယား မသနားနဲ့ ။
A spaniel, a woman, a walnut tree, the more they are beaten the better they are.

၉၇။ နွားပျိုသန်လှ နွားအိုပေါင်ကျိုး။
An old cat laps as much as a young kitten.

၉၈။ နွားရှေ့ ထွန်ကျူး။
Put the cart before the horse.

၉၉။ နှိုင်းနှိုင်းချိန်ချိန် သုခမိန်။
A wise man changes his mind, a fool never.

၁၀၀။ နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ။
There is no venom that of the tongue.

၁၀၁။ နှုတ်ချို သျှိုတစ်ပါး။
Soft words win hard hearts.
Fair words break no bone.
A good tongue is a good weapon.

၁၀၂။ နှမ်းတစ်လုံးနှင့် ဆီမဖြစ်။
One flower makes no garland.
One swallow does not make a summer.

(ပ)
၁၀၃။ ပညာကိုရှေး၊ ဥစöာကိုနောက်။
၁၀၄။ ပညာရှိ သတိဖြစ်ခဲ။
Homer sometimes nods.

၁၀၅။ ပညာရှိအမျက် အပြင်မထွက်။
A wise man does not reveal anger.

၁၀၆။ ပညာလို အိုသည်မရှိ။

Never too late to learn.
Never too old to learn.

၁၀၇။ ပါးကိုက် နားကိုက်။
A tit for a tat.

၁၀၈။ ပါးစပ်က ဘုရားဘုရား၊ လက်က ကားရားကားရား။
He has much prayer but little devotion.

၁၀၉။ ပုထုဇÆနော ဥမ®တကော။
The world is full of fools.

၁၁၀။ ပတÅမြားမှန်လျှင် နွံမှာနစ်သော်လည်း မညစ်။
A false report rides post.

၁၁၁။ ပန်းထိမ်မတတ် ဂဟေဆက်သက်သေ။
The proof of the pudding is in the eating.

၁၁၂။ ပန်းထိမ်မတတ်ခင် ရွှေခိုးသင်။
He tries to walk before he can crawl.
Learn to walk before you run.

၁၁၃။ ပျားရည်နဲ့ ဝမ်းချ။
To purge with honey.

၁၁၄။ ပျော်ပျော်နေ သေခဲ။
A light heart lives long.

၁၁၅။ ပျက်အစဉ် ပြင်ခဏ။
It is never too late to mend.
A stitch in time saves nine.

၁၁၆။ ပြောမယုံ ကြုံဖူးမှသိ။
Seeing is believing.

ပိုနေမြဲ ကျားနေမြဲ
to preserve the status quo

(ဖ)
၁၁၇။ ဖွဲကိုထောင်းíဆန်ကောင်းမရ။
You can't make a silk purse out of a sow's ear.
(ဘ)
၁၁၈။ ဘကြီးကိုလည်းမတွေ့၊ ထီးတင်ပွဲလည်းမမီ။
To fall between two stools.

၁၁၉။ ဘမျိုးဘိုးတူ။
Like father, like son.

၁၂၀။ ဘုရားသော်မှ အမှီရှိမှ ပွင့်။
Even the Gods need backing.

၁၂၁။ ဘူးလေးရာ ဖရုံဆင့်။
Double, double toil and trouble.

၁၂၂။ ဘယ်သူမပြု မိမိမှု။
As you sow, so shall you reap.

၁၂၃။ ဘယ်သူသေသေ ငတေမာပြီးရော။
There is one basic course of all effects.

၁၂၄။ ဘုန်းကြီးလို့ သက်မရှည်။
Whom the God loves die young.

(မ)
၁၂၅။ မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိ။
Fields have eyes and woods have ears.

၁၂၆။ မခေါ်ခင်က တော်ထူးချင်။
မဆွတ်ခင်က ညွှတ်ချင်။
To cry out before one is hurt.

၁၂၇။ မစားရတဲ့အမဲ သဲနှင့်ပက်။
He that cannot make sport should mar none.

၁၂၈။ မစားရက် လောက်တက်။
Don’t live poor to die rich.

၁၂၉။ မပြေးသော် ကန်ရာရှိ။
There is no smoke without fire.
You never speak, but your mouth opens.

၁၃၀။ မပြည့်သည့်အိုး ဘောင်ဘင်ခတ်။
Empty vessels make the most sound/ noise.

၁၃၁။ မရ ရသကချိုင်။
A drowning man will catch at a straw.

၁၃၂။ မရဲဘဲနှင့် ကျွဲပြဲစီး။
He that feareth every bush must never go a- birding.

၁၃၃။ မရဲသော်လည်း ပြေးခဲစေ။
Although cowardly, be slow to run.

၁၃၄။ မရောင်ရာ ဆီလူး။
It is in vain to cast your net where there is no fish.

၁၃၅။ မရှိတာထက် မသိတာခက်။
Better to be a beggar than a fool.

၁၃၆။ မလိမ®ာ တစ်ခါမိုက်စမြဲ။
Every man is a fool sometimes, and none at all times.

၁၃၇။ မလျှော့မတင်း စောင်းကြိုးညှင်း။
Extremes are dangerous.

၁၃၈။ မိအေး နှစ်ခါနာ။
Once bitten, twice shy.

၁၃၉။ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်။
To cry with one eye, and laugh with the other.
Bees that have honey in the mouth have stings in their tail.

၁၄၀။ မီးလောင်ရာလေပင့်။
To bring oil to the fire.

၁၄၁။ မိုးကိုလင့်í ပျိုးရင့်သည်။
Procrastination is the thief of time.

၁၄၂။ မိုးရွာတုန်း ရေခံ။
Strike while the iron is hot.

၁၄၃။ မိန်းမမာယာ သဲကိုးဖြာ။
Women are as wavering as the wind.
A woman’s mind and a winter’s wind change oft.

၁၄၄။ မုန်းလျှင်အပြစ်၊ ချစ်လျှင်အကျိုး၊ မြတ်နိုးလျှင် သဒါ¨။
Faults are thick where love is thin.

၁၄၅။ မျက်စိကန်း တစ္ဆေမကြောက်။
A fool will laugh when he is drowning.

၁၄၆။ မျက်နှာသိ ငါးပိမ၀ယ်ရ။
Don’t do business with your friends.

၁၄၇။ မြိန်ရာဟင်းကောင်း။
Hunger is the best sauce.

၁၄၈။ မှန်တာပြော သစ္စာ။
Truth will come to light.

၁၄၉။ မြွေမြွေချင်း ခြေမြင်။
A thief knows a thief just as a wolf knows a wolf.



(ယ)
၁၅၀။ ယုန်မရခင် သံပုရာရှာ။
ဆောက်ဖြစ်မှ ကျောင်းဒကာ။
Don’t count your chickens before they are hatched.

(ရ)
၁၅၁။ ရတနာရှိရာ ရတနာစု။
An ass loaded with gold climbs to the top of the castle.

၁၅၂။ ရလေ လိုလေ အိုတစ္ဆေ။
The more you have, the more you want.

၁၅၃။ ရေစီးတစ်ခါ ရေသာတစ်လှည့်။
မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်။
Today gold, tomorrow dust.

၁၅၄။ ရေနစ်သူ ၀ါးကူလို့ထိုး။
Pour not water on a drowned mouse.
When a dog is drowning, everyone offers him a drink.

၁၅၅။ ရဲသော်မသေ၊ သေသော် ငရဲမလား။
Cowards die often.
It is fear,not death, that slays.

၁၅၆။ ရွာနားကမြက် ရွာနားမစား။
The grass is green in the other side of the fence.

၁၅၇။ ရန်ကိုရန်ချင်း မတုံ့နှင်းနှင့်။
Set good against evil.

၁၅၈။ ရွေးလွန်းလျှင်မရ၊ သေးလွန်းလျှင်မလှ။
If you always say “No”,you’ll never be married.

၁၅၉။ ရှိကြောင့်ကြ၊ မရှိတောင့်တ။
To have money is a fear,not to have it a grief.

၁၆၀။ ရှေ့နေဌားမှ ထောင်လုံးလုံးကျ။
Foolish pity spoils the city.

၁၆၁။ ရှေးထုံးလည်းမပယ်နှင့်၊ ဈေးသုံးလည်းမလွယ်နှင့်။
Old customs are the best.

၁၆၂။ ရှင်နည်းရာ အဂ¾လူထွက်။
It never rains but it pours.

၁၆၃။ ရှမ်းကြိုက် နွားချော။ ကိုယ်ထင်ခုတင်ရွှေနန်း။
Beauty is in the eye of the beholder.

၁၆၄။ ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ်လှည်းတုတ်။
Between the devil and the deep sea.

(လ)
၁၆၅။ လသာတုန်းဗိုင်းငင်။
မိုးရွာတုန်းရေခံ။
နေပူတုန်း စပါးလှန်း။
Make hay while the sun shines.

၁၆၆။ လာလိုအနီးကလေး၊ မလာလို ခရီးဝေး။
A willing mind makes a light foot.

၁၆၇။ လူတန်ကံချ။
A bad workman blames his tools.

၁၆၈။ လူပြောမသန် လူသန်မပြော။
Those who know don’t speak; those who speak don’t know.

၁၆၉။ လူမိုက်နှင့်ငွေ အတူမနေ။
A fool and his money are soon parted.

၁၇၀။ လူများí ပွဲမစည်။
Many chimneys little smoke.

၁၇၁။ လူ့အလို နတ်မလိုက်နိုင်။
Even the God cannot fulfil man’s want.

၁၇၂။ လေရှင်ကို ကျင့်íရွက်တိုက်။
As the wind blows you must set your sail.

၁၇၃။လိုလျှင်ကြံဆ နည်းလမ်းရ။
Necessity is the mother of invention.
Where there is a will, there is a way.

၁၇၄။ လင်းတလောက်တော့ ဌက်တိုင်းလှ။
Everyone has a penny to spend at a new alehouse.

၁၇၅။ လမ်းဆုံးလျှင် ရွာတွေ့။
Follow the river and you will get to the sea.

၁၇၆။ လှတစ်မျက်နှာ ယဉ်တစ်ကိုယ်လုံး သုံးíမကုန်။
Beauty is skin-deep.
၁၇၇။ လှေနံ နှစ်ဖက်နင်း။
The bread is buttered on both sides.

၁၇၈။ လှံထမ်းလာတာကို မြင်ရ၊ ကံထမ်းလာတာကို မမြင်ရ။
God comes to see us without a bell.

(၀)
၁၇၉။ ၀မရှိဘဲ ၀ိလုပ်။
To make bricks without straw.
No smoke without a fire.
You can’t make omelette without breaking egg.

၁၈၀။ ၀န်နဲ့အား လေးနဲ့မြှား။
Cut the coat according to the cloth.

(သ)
၁၈၁။ သမားအိုစေ၊ ရှေ့နေပျိုစေ။
An old physician and a younger lawyer.

၁၈၂။ သမီးကညာ အခါမလင့်စေနှင့်။
သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်။
He that marries late, marries ill.
Fruit in autumn, blossom in spring.

၁၈၃။ သားရေပေါ်အိပ် သားရေနားစား။
To bite the hand that feeds it.

၁၈၄။ သူခိုးကို တိုက်စိုးနှင်း၊ စုန်းကို သားကင်ခိုင်း။
He sets the fox to keep the geese.

၁၈၅။ သူခိုးဓားရိုးကမ်း။
A traitor in the camp.
He is a fool who makes his physician his heir.

၁၈၆။ သူခိုးပြေးမှ ထိုးကွင်းထ။
Hares may pull dead lions by the beard.

၁၈၇။ သူတစ်ပါးမကောင်းကြံ ကိုယ့်မှာဘေးဒဏ်ထိ။
Evil to him that evil thinks.
By harming others we harm ourselves.

၁၈၈။ သူများနှာခေါင်းနဲ့ အသက်ရှူ။
Dress oneself with borrowed plumes.

၁၈၉။ သူ့ဆန်စားရဲမှ။
They that are bound must obey.

၁၉၀။ သေကံမရောက် သက်မပျောက်။
He that is born to be hanged shall never be drowned.

၁၉၁။ သေမြေကြီး ရှင်ရွှေထီး။
Nothing venture, nothing have/ win.

၁၉၂။ သက်ကြီးစကား သက်ငယ်ကြား။
What the boy learns the man teaches.

၁၉၃။ သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ။
Every dog has his day.

၁၉၄။ သစ်တစ်ပင်ကောင်း ဌက်တစ်သောင်းနားရ။
He who blooms helps others to bloom.
If a goodman thrives,all thrives with him.

၁၉၅။ သစ်မရခင်စပ်ကြား ၀ါးပေါင်ကွပ်။
If thou hast not a capon, feed on an onion.

၁၉၆။ သဒါ¨လွန်တော့ တဏှာကျွံ။
We soon believe what we desire.

၁၉၇။ သောက်လေသောက်လေ ငတ်မပြေ။
The more one drinks, the more one may.

(ဟ)
၁၉၈။ ဟောင်လွန်းသည့်ခွေး လူမလေး။
Barking dogs seldom bite.

(အ)
၁၉၉။ အကြံတူ နောက်လူကောင်းစမြဲ။
Second thoughts are the best.

၂၀၀။ အကြမ်းမှု အနုဖြင့်သာ အောင်စေရာ။
A solt answer turneth away wrath.

၂၀၁။ အချိန်တန် နွားပိန်ကန်လိမ့်မယ်။
Wait and see.
A mouse in time may bite into a cable.

၂၀၂။ အငိုလွယ်အရှိုက်ခက်။
Easier said than done.

၂၀၃။ အစကောင်းမှ အနှောင်းသေချာ။
Well begun is half done.

၂၀၄။ အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း။
Look before you leap.

၂၀၅။ အဆင်းရှိ အချင်းမရှိ။
A fair woman without virtue is like pallid wine.

၂၀၆။ အညှီရှိ ယင်အုံ။
Where there is smoke, there is fire.
Where so ever the carcass is, there will the eagles be gathered together.

၂၀၇။ အနာခံမှ အသာစံရမည်။
Failure teaches success.
No pain(s), No gain(s).

၂၀၈။ အနာပေါ် အနာဆင့်။
Misfortunes never come alone.

၂၀၉။ အနာသိ ဆေးရှိ။
To know the disease is half the cure.

၂၁၀။ အနှစ်မရှိတဲ့တော ကြက်ဆူပင်မင်းမူ။
Among the blind one-eyed man is king.

၂၁၁။ အပွေးမြင် အပင်သိ။
အသွေးမြင် အသွင်သိ။
The tree is known by its fruit.

၂၁၂။ အမေးနွားကျောင်းသား၊အဖြေဘုရားလောင်း။
A fool may ask more questions.

၂၁၃။ အမြင်မတော် ဆင်တော်နှင့်ခလောက်။
To carry coal to Newcastle.

၂၁၄။အမှိုက်ကစ ပြသာဒ်မီးလောင်။
A small leak will sink a ship.
Dangerous fire begins in the bed straw.

၂၁၅။ အရူးက တစ်မူးသာ။
He knows one point more than the devil.

၂၁၆။ အရူးဘုံမြှောက် ခြေထောက်လို့က။
Get a beggar on horseback and he will ride to the devil.

၂၁၇။ အရေးကြီးသွေးနီး။
Blood is thicker than water.

၂၁၈။ အရိပ်လို နေပူကစောင့်။
There is no summer without winter.

၂၁၉။ အလကားရသည့်နွား သွားဖြဲကြည့်။
Never look a gift horse in the mouth.
Beggars cannot be choosers.

၂၂၀။ အလိုကြီး အရနည်း။
Grasp all, lose all.

၂၂၁။ အလျင်လို လမ်းအိုလိုက်။
A short cut is often a wrong cut.

၂၂၂။ အလျင်လို အနှေးဖြစ်။
More haste, less speed.

၂၂၃။ အသားထဲက လောက်ထွက်။
Save me from my friends.

၂၂၄။ အသွင်မတူ အိမ်သူမဖြစ်။
Birds of a feather flock together.

၂၂၅။ အာရောဂျံ ပရမံလာဘံ။
Health is wealth.
Health is a great boon.

၂၂၆။ အားမတန် မာန်လျှော့။
Better bow than break.
Discretion is the better part of valour.

၂၂၇။ အူမတောင့်မှ သီလစောင့်။
An empty sack cannot stand uoright.
A hungry man is an angry man.

၂၂၈။ အေးသူကို ရေကူ၊ ပူသူကို မီးတိုက်။
To add insult to injury.

၂၂၉။ အေးအတူ ပူအမျှ။
For better or worse.

၂၃၀။ အိုးကိုဖျက်ရင် အင်းကို ဖျက်မယ်။ ပါးရိုက်ရင် နားကိုက်မယ်။
Tit for tat.

၂၃၁။ အိုးနှင့်ဆန် တော်ရုံ။
Cut your coat according to your cloth.

၂၃၂။ အိတ်ပေါက်နှင့် ဖားကောက်။
Beggar’s bags are bottomless.

၂၃၃။ အပ်ဖျားချင်းတွေ့တော့ လည်ပင်းပြား။
When Greek meets, Greek then comes the tug of war.

၂၃၄။ အိမ်အို ကျားကန် မိန်းမအိုပန်းပန်။
Mutton dressed as lamp.
#uploader
#kkhant
Credit. ပညာရေး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။