မြန်မာပြည်က သူဌေး တွေထဲ သူက နည်းနည်းထူးခြားအတွက် ကိုယ်ေ တွ့ေ လး မျှဝေချင်လို့ပါ။တကယ်တော့ ဦးဇော်ဇော် နဲ့ အပြင်မှာ သုံးခါ လောက်ပဲ တွေ့ဖူးပါတယ်။ အဲဒီ သုံးခါ မှာ နှစ်ခါက အလှူသွားခံတာပါ။ တစ် ခါမှ မငြင်းဘူးပါဘူး။ PEN Myanmar ကလုပ်ခဲ့တဲ့ ရသ တံတား ဘာသာပြန် ပွဲတော် အတွက် ပိုက်ဆံ လိုနေလို့ဆိုပြီး သွား တုန်းကဆိုရင် တစ်ခွန်းပဲ မေးတယ်။
ဘယ်လောက်လိုသလဲတဲ့။ ဒေါ်လာ ၉၀၀၀ လို့ပြောလိုက်တော့ ဘဏ် အကောင့် လေးပေးပါတဲ့။ နောက်နေ့ ပဲန်မြန်မာရဲ့ ဘဏ် အကောင့် ထဲ တန်းရောက်လာတာပဲ။ ကျန်တဲ့အချိန်မှာ စာအုပ် အကြောင်းတွေပဲ ပြောဖြစ်ကြတယ်။ အဲဒီတုန်းက ကျွန်တော် နဲ့အတူ ကိုစောဝေ၊ မသီတာ(စမ်းချောင်း) တို့လည်း ပါပါတယ်။
နောက်တစ်ခါတွေ့တော့ ပိုထူးပါတယ်။ အန်တီ ၀န်ဒီလောရုံနဲ့ အမျိုးသား ဂျွန်က စာအုပ် အဟောင်းတွေ စုဆောင်းသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ မြန်မာပြည် အကြောင်းရေးသားပြုစုထားတဲ့ ရှားပါး စာအုပ် တွေ (Rare Book ) စုေ ဆာင်းထားတာ အများကြီးရှိပါတယ်။
အဲဒီ စာအုပ် တွေက တကယ့်ကို သမိုင်း တန်ဖိုး ကြီးသလို ငွေကြေး တန်ဖိုး ကလည်း မနည်းမနောပါပဲ။ အမှန်တကယ်တော့ အစိုးရ အနေနဲ့တောင် ၀ယ်သင့်ပါတယ်။ မြန်မာပြည် က ဘယ် စာကြည့်တိုက် မှာမှ ဂျွန်စုဆောင်းထားသလောက် မြန်မာပြ ည်အကြောင်းရှားပါး စာအုပ်တွေ စုံစုံလင်လင်မရှိပါဘူး။
ဒါ့အပြင် ကျွန်တော် စိုးရိမ်တာ တစ်ခုရှိပါသေးတယ်။ ဂျွန် ဆီကနေ အခြား နိုင်ငံ က အစိုးရ ဖြစ်စေ၊ စုဆောင်းသူဖြစ်စေ ၀ယ်သိမ်းလိုက်ရင် မြန်မာပြည် အတွက် အထိနာနိုင်ပါတယ်။ အဲဒီလို Rare Book တွေကို ထပ်မံစုဆောင်းဖို့ဆိုတာ မလွယ်တော့ပါဘူး။ ဒါနဲ့ပဲ ဂျွန် နဲ့ ဦးဇော်ဇော် တို့ကို တွေ့ပေးခဲ့ပါတယ်။ ကျွန်တော် နဲ့အတူ ကိုမြင့်ဇော် လည်း ပါပါတယ်။ ဦးဇော်ဇော် က ဘာမှ မပြောပါဘူး။ ကျွန်တော် နဲ့ ဂျွန် ပြောတာကိုပဲ နားထောင်နေပါတယ်။ ကျွန်တော် ကတော့ စာအုပ် တွေက သမိုင်းတန်း ဖိုးဘ ယ်လောက်ကြီးကြောင်း၊ မြန်မာနိုင်ငံ အတွက် အရေးပါကြောင်း၊ နိုင်ငံတော် အဆင့်ကတောင် စုဆောင်းသင့်တဲ့အကြော င်းတွေ ပြောပြပါတယ်။
ဦးဇော်ဇော် က ပြန်ပြောတာသိပ်ရှင်းတယ်။ စာအုပ် အကြောင်း သူဘာမှ နားမလည်ပါဘူးတဲ့။ ဒါပေမယ့် တိုင်းပြည် အတွက် တကယ်လိုအပ်တယ်ဆိုရင် သူအကုန်ဝယ်ပေးပါ့မယ်တဲ့။ ပြီးရင် စာကြည့်တိုက် တစ်ခုခုကို လှူပေးပါ့မယ်တဲ့။ ၀ယ်ရမ ယ့် စာအုပ် တန်ဖိုး ကိုသာ ပြောပါတဲ့။
ရှားပါး စာအုပ် တွေက အဲဒီမှာတင် ပြီးသွားခဲ့ပါတယ်။ ဒါ… ကျွန်တော် တွေ့ခဲ့ ဆုံခဲ့တဲ့ ဦးဇော်ဇော် ဖြစ်ပါတယ်။ သူနဲ့ ပတ် သက်ပြီး ကျွန်တော့်အနေနဲ့ ဘာ စီးပွားရေးမှ မလုပ်ဖူးသလို နောက်လည်း လုပ်ဖို့ မရှိပါဘူး။ ဒါပေမယ့် ကျွန်ေ တာ် ကြုံ ဖူးတာလေး တစ်ခုကို ရေးချင်လို့ ရေးလိုက်တာ ဖြစ်ပါတယ်။
ဦးဇော်ဇော် ဘာလဲဘယ်လဲ မဆုံးဖြတ်ချင်သလို၊ ဦးဇော်ဇော် လော်ဘီလုပ်ရခြင်းလဲ မဟုတ်ပါဘူး။ လေးစားစရာ စိတ် ဓာတ်ရှိတဲ့သူတစ်ယောက်နဲ့ ဆုံဖူးတာလေး သိရအောင် မျှဝေတာပေါ့ Happy Birthday ပါ ဦးဇော်ဇော်
San Mon Aung
Source : goo.gl/TC82xC
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။