" ဖော်မကြွားကြပါနဲ့ "
~~~~~~~~~~~~~
ချစ်သူရှိကြောင်း ကျော်ကြားအောင် Fb ပေါ်မှာ စုံတွဲပုံတင်ကာ ဖော်ကြွားနေတာမျိုး မလုပ်ကြပါနဲ့....
ချစ်သူမရှိသလို လူအများ ထင်မိစေမယ့်အထိလည်း ဖုံးဖိထားတာမျိုးလည်း မလုပ်ကောင်းပါဘူးလေ..
ရည်းစားတယောက် ထားပြီးဆိုရင် သိတော့သိစေ
မမြင်စေနဲ့ဆိုတဲ့ စကားအတိုင်း လူအများသိစေမယ့်
Post စာလေးတွေတင်တာမျိုး ကဘဲကောင်းပါတယ်
လက်ရှိအချိန်မှာ သူနဲ့ကိုယ့်ကြားက သံသယတရား
တချို့ကို ကင်းစေတတ်သလို နောင်လာမယ့် အနာဂတ်မှာလည်း အခြေအနေ မပေးလို့ ဝေးခဲ့ကြရင်တောင် ကိုယ့်ဘက်က နစ်နာမသွားသလို သူ့ဘက်ကလည်း မနစ်နာစေဘူးလေ...
သိပ်ချစ်ကြလို့ ယုံကြည်ကြလို့ဆိုပြီး တယောက်နှင့် တယောက် fb ပေါ်မှာ ချစ်သက်သေ ထူနေကြခြင်းဟာ
အင်မတန်မှ လွဲမှားနေတဲ့ စိတ်ကူးပါ...
ဒီနေ့ဒီခေတ်ကြီးမှာ အချစ်ကြီးသူတိုင်းက
အသဲမခိုင်ကြတော့ဘူး သဝန်တိုစရာ လမ်းကြောင်းတွေ သံသယဖြစ်စရာ လမ်းကြောင်းတွေ အရမ်းများတယ်..
သဝန်တို သံသယစိတ်တွေ ဝင်လာပြီး ဆိုရင်လည်း ချစ်စိတ်တွေ မကုန်ခမ်းသည့်တိုင် သီးခံစိတ်တွေ ကုန်ခမ်းသွားတတ်တာကြောင့် လမ်းခွဲကြရန် ဝန်မလေးတတ်တော့ပါ...
ထို့ကြောင့်....
မောင်ညီမငယ်လေးများ fb ခေတ်မှာ ချစ်ကြပါ
ကြိုက်ကြပါ ဒါပေမယ့် ဘယ်တော့မှ မကြွားမိစေနဲ့
တနေ့ အရှက်ကွဲရတတ်တယ်....။
🖋စေတနာဖြစ်
@စွယ်စုံ-ကျွဲကျောင်းသား

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။