ပရုပ်လုးံနံ့လေး မွှေးနေတဲ့ အဝတ်အထည်တွေရဲ့ အန္တရာယ်
အဝတ်အထည်လေးတွေ ပရုပ်လုးံနံ့လေး သင်းနေအောင်၊ သန့်ရှင်းတဲ့ ရနံ့လေး၊ ပိုးမွှားတွေတက်မှာလဲမပူရအော င်ဆိုပြီး ပရုပ်လုံးတွေကို ရှိသမျှ အဝတ်ဗီရို၊မွေ့ယာ၊စောင်တွေသိမ်းတဲ့နေရာ၊သားသားမီးမီးတို့ရဲ့ အဝတ်ခြင်းတောင်းတွေထဲမှာ ထည့်ကြတာ ဆန်းတာလုပ်လို့ ပြောစရာရှိတယ်။ ဘာများ မှားပြန်ပြီလဲပေါ့။တသက်လုးံ ဒီတိုင်းလုပ်တာ ဒီChild Health Myanmar က ဆရာဝန်တွေ ဘာများပြောဦးမှာလဲ?
အင်္ဂလိပ်လို Moth Balls လို့ခေါ်ပြီး မြန်မာပြည်မှာ ပရုပ်လုးံလို့သိကြပါတယ်။ ဆိုလိုတာက ပိုးမွှားပြေးအောင် သုးံတာပေါ့လေ။ ပါဝင်တဲ့ ဓာတုပေဒ ဓာတ်က Naphthalene နဲ့ Paradichlorobenzene. (နပ်ဖ်သလင်း နဲ့ ပါရာဒိုင်ကလိုရိုဘန်ဇင်း)ဖြ စ်ပါတယ်။
ပရုပ်လုးံရဲ့ အာနိသင်ကိုက တဖြေးဖြေးလုးံပါးပါးပြီး အငွေ့ပျံတာလေ။ ပျံတဲ့
အငွေ့တွေက အပေါ်က ပြောတဲ့ ဓာတုဓာတ်တွေပေါ့။ စူးစူးရှရှနဲ့ သင်းပျံတဲရနံ့
လို့ သတ်မှတ်ထားကြတဲ့ အငွေ့တွေက သားသားမီးမီးတို့အပြင် လူကြီးတွေရော
၊ကလေးငယ်၊ဖိုးဖိုးဖွားဖွား အားလုးံရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့
အဆိပ်ငွေ့သဘောပါပဲ။ ဖြေးဖြေးချင်း သူလဲလုးံပါးပါးရင်း
ကိုယ်ကိုလဲထိခိုက်နေတာပေါ့။ အနဲအများပဲကွာတယ်။ သိတောင်မသိလိုက်ကြဘူး။ အဲဒီ အငွေ့တွေက မျက်စိ၊အသက်ရှူလမ်းကြောင်း စတာတွေကို အနှောင့်အယှက်ဖြစ်စေတယ်ခေါင်းကိုက်တာ၊မူးတာ၊အန်ချင်တြာ ဖစ်တတ်တယ်။ တချို့ လေ့လာမှုတွေအရ ကင်ဆာအချို့နဲ့တောင် စပ်ဆက်မှုရှိတယ်ဆိုပဲ။
နပ်ဖ်သလင်းဓာတ်က ပိုဆိုးတဲ့ အဆိပ်ဓာတ်ပါ။ သွေးနီဥလေးတွေကို အချိန်မတိုင်ခင်ပျက်စီးစေတဲ့ အာနိသင်ရှိတယ်။ သွေးအားနည်းရောဂါ၊သွေးနီဥတွေပျက်စီးရင်ဖြစ်တဲ့ အကျိုးဆက်တွေဖြစ်တတ်တယ်။
G6PD ဆိုတဲ့ အင်ဇိုင်းချို့တဲ့မှုရှိသူေ တွဆို
ပိုပြီးတောင်ထိခိုက်တယ် ။ လူကြီးနဲ့ ကလေး ခံရတာချင်း ဘာကွာမလဲ
မေးစရာရှိတယ်။ ကလေးတွေရဲ့ ဒီ အဆိပ်ဓာတ်တွေကို ကိုယ်ကနေထုတ်ပြစ်နိုင်တဲ့
အားအင်က လူကြီးထက်စာရင်နဲသေးတယ်လေ။ ဒါကြောင့် ပို
အန္ဓရာယ်ရှိတာပေါ့၊လူကြီးတွေ အတွက်လဲ မကောင်းပါဘူး။
ခုခေတ်မှာ ပရုပ်လုးံဖြူဖြူလေးတွေတင်မက တော့ဘူး၊ အရောင်စုံ ဒီဇိုင်းစုံနဲ့ဆိုတော့ ချစ်စရာကောင်းတဲ့ပုံ မျိုးစုံဈေးကွက်ထဲမှာပေါ်နေ ပါတယ်။ ဗီရိုထောင့်၊ခြင်းထောင်းထော င့်
မှာ တွေရင် ၊ကြမ်းပေါ်လိမ့်ကျနေတာ တွေ့ရင် သားပိစိ ၊သမီးပိစိလေးတွေက
ထုးံစံအတိုင်းပါးစပ်ထဲ ကောက်ထည့်လိုက်မှာပဲ၊ ဒါဆို
ပိုဆိုး။ဒါကြောင့်သေချာသိမ်းရတယ်။
ဟုတ်ပြီ အငွေ့က ရှူမိလို့ရေရှည်မကောင်းဘူးဆိုရင် ပရုပ်လုးံနဲ့ အကြာကြီးထိတွေ့ထားတဲ့ အဝတ်ကိုဝတ်ရင်ရောလို့မေးစရာ ရှိတယ်နော်။
အရေပြားက နေထိတွေ့တာလဲ မကောင်းပါဘူး။ ဓာတ်တွေက အဝတ်တွေထဲမှာစိမ့်ဝင်ပြီး ရှိနေပါတယ်။ ပြန်လျှော်ပြီး နေလှန်းခြောက်သွားမှ ဝတ်ပေးတာ ကောင်းပါတယ်။
ပရုပ်လုးံမသုံးရင် အနံ့တွေ ပျောက်အောင်ဘယ်လိုလုပ်ရမလဲ? ပိုးကောင်တွေပြေးအောင်ဘယ်လိုလုပ်ရမလဲ? ပရုပ်လုးံဝယ်ရင် အထက်က ပြောတဲ့ ဓာတုနာမည်ပါတာဆိုရင် ဝေးဝေးကရှောင်ပါ။ တချို့ပရုပ်လုးံတွေက ထင်းရှူးသားနဲ့လုပ်တာရှိတတ် တယ် သုံးလို့ရတယ် ။မြန်မာပြည်မှာရှိမယ်မထင်ဘူး။ ထင်းရှူးသားလေး ထည့်ထားတာမျိုးလုပ်လို့ရတယ် ။အကောင်းဆုးံကတော့ သေချာလျှော် နေပူပူမှာလှန်းလှန်ပေး။ အိတ်လေးတွေနဲ့သိမ်းပေးရင် ပိုးကောင် မွှားကောင်တွေဝင်ဖို့ခက်သွား ပါပြီ။ တချို့ကြတော့ လေးညှင်းပွင့်လေးတွေ၊ထင်းရှူသားသန့်သန့်လေးတွေကို အဝတ်အိတ်လေးထဲချုပ်ထည့်ပြီး ဗီရိုထောင့်လေးတွေမှာထားကြတ ယ်။
ဘာပဲဝယ်ဝယ်၊ဘာပါဝင်လဲဆိုတာဖ တ်ပါ။
ထုပ်ပိုးထားတာလေးလှတိုင်း အကောင်းစား မဟုတ်ပါ။ ခုပေါ်နေတဲ့
အမွှေးရည်စတာတွေရဲ့ တခုချင်းဆီမှာ ဘာပါသလဲဆိုတာ ဖတ်ကြည့်ပါ။ အထက်က ပြောတဲ့
ဓာတ်တွေပါလားလို့ပါ။ ဒါပေမဲ့ အတုတွေပေါတဲ့ ခေတ်၊အတုမျိုးစုံ
ကိုယ်နိုင်ငံဝင်လာနေတဲ့ အချိန်မှာ တော်တော် သတိထားရပါမယ်။
ဒီမှတ်စုလေး ဖတ်ပြီးချိန်မှာ မိဘ တွေစိုးရိမ်ကြမယ်၊ သုံးနေတာ ဘာလုပ်ရမယ် စိတ်ပူမှာပဲ။ ဆက်မသုံး တော့ရင် အကောင်းဆုးံပါ။ ရောဂါ လက္ခဏာ တခု ထဲကြည့်ပြီး ပရုပ်လုးံသုံးခဲ့တာ ကြောင့် တထစ်ချ ပြောမရပါ။ ဆေးရုံ ဆေးခန်းမှာပြသ စစ်ဆေးခံယူပါ။
မိဘပြည်သူများ Child Health Myanmar ရဲ့ Post များ ဖတ်ပြိး ကျန်းမာရေး အသိပညာတွေ ပိုမို တိုးပွားပြီး မျှဝေပေးကြပါ။ ဖတ်ရှူအားပေးကြတာလေ့လာသိရှိ တာကို ပြန်လည် ဖြန့်ဝေပေးတာ ကျေးဇူးတင်ပါတယ်။ KK( Child Health Myanmar)
အဝတ်အထည်လေးတွေ ပရုပ်လုးံနံ့လေး သင်းနေအောင်၊ သန့်ရှင်းတဲ့ ရနံ့လေး၊ ပိုးမွှားတွေတက်မှာလဲမပူရအော
အင်္ဂလိပ်လို Moth Balls လို့ခေါ်ပြီး မြန်မာပြည်မှာ ပရုပ်လုးံလို့သိကြပါတယ်။ ဆိုလိုတာက ပိုးမွှားပြေးအောင် သုးံတာပေါ့လေ။ ပါဝင်တဲ့ ဓာတုပေဒ ဓာတ်က Naphthalene နဲ့ Paradichlorobenzene. (နပ်ဖ်သလင်း နဲ့ ပါရာဒိုင်ကလိုရိုဘန်ဇင်း)ဖြ
နပ်ဖ်သလင်းဓာတ်က ပိုဆိုးတဲ့ အဆိပ်ဓာတ်ပါ။ သွေးနီဥလေးတွေကို အချိန်မတိုင်ခင်ပျက်စီးစေတ့
G6PD ဆိုတဲ့ အင်ဇိုင်းချို့တဲ့မှုရှိသူေ
ခုခေတ်မှာ ပရုပ်လုးံဖြူဖြူလေးတွေတင်မက
ဟုတ်ပြီ အငွေ့က ရှူမိလို့ရေရှည်မကောင်းဘူးဆ
အရေပြားက နေထိတွေ့တာလဲ မကောင်းပါဘူး။ ဓာတ်တွေက အဝတ်တွေထဲမှာစိမ့်ဝင်ပြီး ရှိနေပါတယ်။ ပြန်လျှော်ပြီး နေလှန်းခြောက်သွားမှ ဝတ်ပေးတာ ကောင်းပါတယ်။
ပရုပ်လုးံမသုံးရင် အနံ့တွေ ပျောက်အောင်ဘယ်လိုလုပ်ရမလဲ?
ဘာပဲဝယ်ဝယ်၊ဘာပါဝင်လဲဆိုတာဖ
ဒီမှတ်စုလေး ဖတ်ပြီးချိန်မှာ မိဘ တွေစိုးရိမ်ကြမယ်၊ သုံးနေတာ ဘာလုပ်ရမယ် စိတ်ပူမှာပဲ။ ဆက်မသုံး တော့ရင် အကောင်းဆုးံပါ။ ရောဂါ လက္ခဏာ တခု ထဲကြည့်ပြီး ပရုပ်လုးံသုံးခဲ့တာ ကြောင့် တထစ်ချ ပြောမရပါ။ ဆေးရုံ ဆေးခန်းမှာပြသ စစ်ဆေးခံယူပါ။
မိဘပြည်သူများ Child Health Myanmar ရဲ့ Post များ ဖတ်ပြိး ကျန်းမာရေး အသိပညာတွေ ပိုမို တိုးပွားပြီး မျှဝေပေးကြပါ။ ဖတ်ရှူအားပေးကြတာလေ့လာသိရှိ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။