ယုံကြည်မှုအတွက် အမှိုက်စများ
==================
ယုံကြည်မှုဆိုတာ အောင်မြင်မှုဆီကို ချီတက်ရာမှာ အဓိကအကျဆုံး အခြေခံအုတ်မြစ်ပါပဲ။ ဒီလိုမျိုး သင့်ယုံကြည်မှုကို တည်ဆောက်တဲ့နေရာမှာ
သင့်ကို အနှောင့်အယှက်ပေးနေတဲ့ အမှိုက်စတွေကို သင်သတိထားမိရဲ့လား။ အမှိုက်ဆိုတဲ့သဘောက ရှင်းထုတ်ပစ်ရမယ့် အရာတွေပါ။
ဒီတော့ အောင်မြင်ရေးအတွက် မလိုလားအပ်တဲ့ အမှိုက်စတွေကို အတူတူရှင်းထုတ်ပစ်ရအောင်လား ။
.
(၁) "ငါက ဘာကောင်မှ မဟုတ်ပါဘူး။ ဘယ်သူတွေက ငါ့စကားကိုနားထောင်မှာမို့လဲ"
ငါက ဘာကောင်မှမဟုတ်ဘူးဆိုတဲ့ အတွေးကြောင့်ပဲ သင်ဟာ ဘာမှမဟုတ်တဲ့သူတစ်ယောက် ဖြစ်သွားပါတော့တယ်။ ဘယ်သူက သင့်စကားကို
နားထောင်မှာမို့လို့လဲဆိုတဲ့  စိတ်ဓါတ်ကျတဲ့ စကားကြောင့်ပဲ ဘယ်သူကမှ သင့်စကားကို နားမထောင်ဘူး ဖြစ်သွားတယ်။
ဒီတော့ ဒီနေ့ကစပြီး ဒီအမှိုက်ကှိုရှင်းထုတ်လိုက် ပါတော့။ သင်ဟာ သင်ယုံကြည်ရာနဲ့ လက်ခံရာကို ပွင့်လင်းစွာ ပြောဆိုခွင့်ရှိပါတယ်။ ဒီလိုဆိုရင်
သင်အရည်အချင်း ရှိလာတာနဲ့အမျှ သင့်စကားကို လူတွေနားထောင်ပြီး သင့်နောက်ကို လူတွေလိုက်လာပါလိမ့်မယ်။
.
(၂) "ငါက Master ဘွဲ့ရထားတာ မဟုတ်ပါဘူး။ ငါဟာ ဟို Diploma၊ ဒီ Diploma ရထားတာ မဟုတ်ပါဘူး"
သင့်စိတ်ထဲက သိမ်ငယ်တဲ့စကားလုံးတွေက သင့်ရဲ့ကိုးကွယ်ရာ ယုံကြည်မှုတွေကို လုံးဝရိုက်ချိုးပစ်လိုက်ပါေ တာ့တယ်။ ပညာရပ်တစ်ခုခုမှာ
ထူးချွန်ဖို့အတွက် သင်ဟာ Master ဘွဲ့ရထားစရာ မလိုပါဘူး။ Diploma တွေ သိမ်းကျုံးယူထားစရာ မလိုပါဘူး။ တစ်ခုရှိတာက သင်ကိုယ်တိုင်
နှံ့စပ်ကျွမ်းကျင်စွာ သိဖို့ပဲလိုပါတယ်။ ဒီတော့ ဘွဲ့ရတွေနဲ့ယှဉ်လို့ အားမငယ်ချင်ရင် သင်လုပ်ရမှာက သင့်အလုပ်ကိုသင်လေးစားပြီး ကျွမ်းကျင်မှုတွေ
ပြည့်မှီနေဖို့ပါပဲ။ သင်ကိုယ်တိုင် ဘာမှမတတ်၊နားမလည်ဘဲ ဘွဲ့ရတွေကို အားကျတာတို့၊ ဘွဲ့တွေက သုံးမရပါဘူးကွာဆိုပြီး လှောင်နေတာတို့ဆို
အဆင်မပြေပါဘူး။ ကဲ ဒီအမှိုက်ကိုလည်း ဒီနည်းနဲ့ ရှင်းရအောင်။
.
(၃) "ငါ့အကြံက သူများတွေလုပ်ပြီးသားကြီး"
စီးပွားရေး လုပ်တဲ့သူအများစု ကြုံရပါတယ်။ ကိုယ့်ထက်ဦးအောင်လုပ်တဲ့သူ နဲ့တွေ့ရင် ကိုယ်က အလိုလိုနောက်ဆုတ်သွားတတ်တာမျိုးတွေ။
သင်သိထားရမှာက သူက ဦးအောင်လုပ်လိုက်တယ်ဆိုရင် သူ့အားနည်းချက်တွေကို တွေ့အောင်ရှာပြီး သင့်အလှည့်ကျရင် ပြင်ဆင်ပါ။ အရမ်းကောင်းတဲ့
အကြံဥာဏ်တွေ၊ အတွေးအခေါ်တွေအတွက် နောက်ကျတယ်ဆိုတာ မရှိပါဘူး။ Apple အောင်မြင်ခဲ့ပေမယ့် Samsung ကနောက်ကနေ လိုက်လာနိုင်ပါတယ်။
Amazon ရှိနေပေမယ့် Alibaba ပေါ်လာနိုင်ပါသေးတယ်။
.
(၄) "ငါက ငယ်သေးတယ်"
"ငယ်သေးတယ်။ အတွေ့အကြုံမရှိသေးဘူး။ ပညာရေးကိုပဲ အရင်လိုက်စားရဦးမှာ"။ ဒီစကားတွေက သင့်ရဲ့စွန့်စားလိုစိတ်၊ အောင်မြင်လိုစိတ်တွေကို
ကန့်သတ်ထားပါတယ်။ အသက်ငယ်တဲ့အတွက် သင့်မှာ အားသာချက်တွေများစွာရှိမှာပါ။ ဒီအားသာချက်တွေကို ထိထိရောက်ရောက် အသုံးချရင်း
ဒီအမှိုက်ကို ရှင်းလိုက်ပါ။
.
(၅) "ငါ အသက်ကြီးပြီ"
သင်ဟာ အသက်ကြီးပြီဆိုတဲ့ အဓိပ္ပာယ်ဟာ သင့်မှာ လုပ်နိုင်ကိုင်နိုင်စွမ်းတွေ မရှိတော့ဘူး။ အချိန်တွေ မကျန်တော့ဘူး။ သူများတွေလို သွက်သွက်လက်လက်
ထက်ထက်မြက်မြက် မလုပ်နိုင်တော့ဘူးဆိုတဲ့ အမှိုက်အတွေးတွေ မတွေးပါနဲ့။
သင်ဟာ အသက်ကြီးပြီဆိုတော့ သင့်မှာ တစ်ခုခုကိုလုပ်ဖို့ လုံလောက်တဲ့ အတွေ့အကြုံတွေရှိပြီ။ ချင့်ချိန်ဆုံးဖြတ်နိုင်တဲ့ အတွေးအခေါ်တွေရှိပြီ။
သူများနဲ့ မတူတဲ့ရှုထောင့်ကနေ မြင်တတ်ပြီ။ ဒီလိုတွေးပြီး အမှိုက်တွေကိုရှင်းပါ။
သင်သိရမှာက ကမ္ဘာကျော် အသင့်စားသောက်ဆိုင် KFC ရဲ့ပိုင်ရှင်ဟာ တစ်သက်လုံးရှုံးနိမ့်မှုတွေရြ ပီး အသက် ၇၀ ကျော် ဘဝနေဝင်ချိန်ရောက်မှ အောင်မြင်တာပါ။
ကဲ သင် အသက် ၇၀ ကျော်ပြီလား? မဟုတ်သေးရင်တော့ အိမ်မက်တွေကို စတင်လိုက်ပါ။
.
(၆) "မြန်မာနိုင်ငံမှာနေတော့ ဘယ်အောင်မြင်မလဲ"
ဒီအမှိုက်က သင့်အတွေးထဲကအမှိုက်တွေထဲမှာ ဟာသအဆန်ဆုံး အမှိုက်ပါပဲ။ လူငယ်တော်တော်များများ စောဒကတက်နေသလိုပါပဲ။ အမေရိကန်လူငယ်နဲ့
မြန်မာလူငယ်နဲ့ ယှဉ်ရင် အမေရိကန်လူငယ်မှာ အောင်မြင်ဖို့ အားသာချက်များစွာရှိတာ လက်ခံပါတယ်။ ဒါပေမယ့် ဒီအချက်တစ်ခုတည်းကြောင့်ပဲ
သင်ဟာ မအောင်မြင်နိုင်တော့ဘူးလား။ မဟုတ်လောက်သေးပါဘူးနော်။
.
(၇) "သူများတွေ ဘာပြောကြမလဲ မသိဘူး"
သင်လုပ်တာများ မှားသွားလေမလား၊ မှားသွားရင် သူများတွေက ဘယ်လိုများပြောကြလေမလဲဆိုတဲ့  သံသယစိတ်တွေ၊ သင့်ကိုယ်သင် ယုံကြည်မှု
အားနည်းတာတွေက သင့်စွမ်းရည်တွေကို ချုပ်နှောင်လိုက်ပါတော့တယ်။ သင့်အမှားကို သူများတွေလက်ညှိုးထိုးမှာကို မကြောက်ပါနဲ့။ သူများမလုပ်နိုင်တာကို
ကိုယ်ကြိုးစားခဲ့တာကိုပဲ ဂုဏ်ယူပါ။ မှားတယ်ဆိုတာ အမှန်ပြင်ဖို့အတွက် အခွင့်အရေးပါပဲ။ မှားတာ ဘယ်လောက်ကံကောင်းတယ်မှတ်လို့ ။
.
အမှိုက်တွေကိုရှင်းထုတ်ရင်း အောင်မြင်မှုများရကြပါစေ..
___________
လေးစားမှုများဖြင့်..
ရွှေညာမောင် (Junior Boss)
Ref: MG
Credit. Junior Boss
==================
ယုံကြည်မှုဆိုတာ အောင်မြင်မှုဆီကို ချီတက်ရာမှာ အဓိကအကျဆုံး အခြေခံအုတ်မြစ်ပါပဲ။ ဒီလိုမျိုး သင့်ယုံကြည်မှုကို တည်ဆောက်တဲ့နေရာမှာ
သင့်ကို အနှောင့်အယှက်ပေးနေတဲ့ အမှိုက်စတွေကို သင်သတိထားမိရဲ့လား။ အမှိုက်ဆိုတဲ့သဘောက ရှင်းထုတ်ပစ်ရမယ့် အရာတွေပါ။
ဒီတော့ အောင်မြင်ရေးအတွက် မလိုလားအပ်တဲ့ အမှိုက်စတွေကို အတူတူရှင်းထုတ်ပစ်ရအောင်လား
.
(၁) "ငါက ဘာကောင်မှ မဟုတ်ပါဘူး။ ဘယ်သူတွေက ငါ့စကားကိုနားထောင်မှာမို့လ
ငါက ဘာကောင်မှမဟုတ်ဘူးဆိုတဲ့ အတွေးကြောင့်ပဲ သင်ဟာ ဘာမှမဟုတ်တဲ့သူတစ်ယောက် ဖြစ်သွားပါတော့တယ်။ ဘယ်သူက သင့်စကားကို
နားထောင်မှာမို့လို့လဲဆိုတဲ
ဒီတော့ ဒီနေ့ကစပြီး ဒီအမှိုက်ကှိုရှင်းထုတ်လိုက်
သင်အရည်အချင်း ရှိလာတာနဲ့အမျှ သင့်စကားကို လူတွေနားထောင်ပြီး သင့်နောက်ကို လူတွေလိုက်လာပါလိမ့်မယ်။
.
(၂) "ငါက Master ဘွဲ့ရထားတာ မဟုတ်ပါဘူး။ ငါဟာ ဟို Diploma၊ ဒီ Diploma ရထားတာ မဟုတ်ပါဘူး"
သင့်စိတ်ထဲက သိမ်ငယ်တဲ့စကားလုံးတွေက သင့်ရဲ့ကိုးကွယ်ရာ ယုံကြည်မှုတွေကို လုံးဝရိုက်ချိုးပစ်လိုက်ပါေ
ထူးချွန်ဖို့အတွက် သင်ဟာ Master ဘွဲ့ရထားစရာ မလိုပါဘူး။ Diploma တွေ သိမ်းကျုံးယူထားစရာ မလိုပါဘူး။ တစ်ခုရှိတာက သင်ကိုယ်တိုင်
နှံ့စပ်ကျွမ်းကျင်စွာ သိဖို့ပဲလိုပါတယ်။ ဒီတော့ ဘွဲ့ရတွေနဲ့ယှဉ်လို့ အားမငယ်ချင်ရင် သင်လုပ်ရမှာက သင့်အလုပ်ကိုသင်လေးစားပြီး ကျွမ်းကျင်မှုတွေ
ပြည့်မှီနေဖို့ပါပဲ။ သင်ကိုယ်တိုင် ဘာမှမတတ်၊နားမလည်ဘဲ ဘွဲ့ရတွေကို အားကျတာတို့၊ ဘွဲ့တွေက သုံးမရပါဘူးကွာဆိုပြီး လှောင်နေတာတို့ဆို
အဆင်မပြေပါဘူး။ ကဲ ဒီအမှိုက်ကိုလည်း ဒီနည်းနဲ့ ရှင်းရအောင်။
.
(၃) "ငါ့အကြံက သူများတွေလုပ်ပြီးသားကြီး"
စီးပွားရေး လုပ်တဲ့သူအများစု ကြုံရပါတယ်။ ကိုယ့်ထက်ဦးအောင်လုပ်တဲ့သူ
သင်သိထားရမှာက သူက ဦးအောင်လုပ်လိုက်တယ်ဆိုရင်
အကြံဥာဏ်တွေ၊ အတွေးအခေါ်တွေအတွက် နောက်ကျတယ်ဆိုတာ မရှိပါဘူး။ Apple အောင်မြင်ခဲ့ပေမယ့် Samsung ကနောက်ကနေ လိုက်လာနိုင်ပါတယ်။
Amazon ရှိနေပေမယ့် Alibaba ပေါ်လာနိုင်ပါသေးတယ်။
.
(၄) "ငါက ငယ်သေးတယ်"
"ငယ်သေးတယ်။ အတွေ့အကြုံမရှိသေးဘူး။ ပညာရေးကိုပဲ အရင်လိုက်စားရဦးမှာ"။ ဒီစကားတွေက သင့်ရဲ့စွန့်စားလိုစိတ်၊ အောင်မြင်လိုစိတ်တွေကို
ကန့်သတ်ထားပါတယ်။ အသက်ငယ်တဲ့အတွက် သင့်မှာ အားသာချက်တွေများစွာရှိမှာပ
ဒီအမှိုက်ကို ရှင်းလိုက်ပါ။
.
(၅) "ငါ အသက်ကြီးပြီ"
သင်ဟာ အသက်ကြီးပြီဆိုတဲ့ အဓိပ္ပာယ်ဟာ သင့်မှာ လုပ်နိုင်ကိုင်နိုင်စွမ်းတေ
ထက်ထက်မြက်မြက် မလုပ်နိုင်တော့ဘူးဆိုတဲ့ အမှိုက်အတွေးတွေ မတွေးပါနဲ့။
သင်ဟာ အသက်ကြီးပြီဆိုတော့ သင့်မှာ တစ်ခုခုကိုလုပ်ဖို့ လုံလောက်တဲ့ အတွေ့အကြုံတွေရှိပြီ။ ချင့်ချိန်ဆုံးဖြတ်နိုင်တဲ့
သူများနဲ့ မတူတဲ့ရှုထောင့်ကနေ မြင်တတ်ပြီ။ ဒီလိုတွေးပြီး အမှိုက်တွေကိုရှင်းပါ။
သင်သိရမှာက ကမ္ဘာကျော် အသင့်စားသောက်ဆိုင် KFC ရဲ့ပိုင်ရှင်ဟာ တစ်သက်လုံးရှုံးနိမ့်မှုတွေရြ
ကဲ သင် အသက် ၇၀ ကျော်ပြီလား? မဟုတ်သေးရင်တော့ အိမ်မက်တွေကို စတင်လိုက်ပါ။
.
(၆) "မြန်မာနိုင်ငံမှာနေတော့ ဘယ်အောင်မြင်မလဲ"
ဒီအမှိုက်က သင့်အတွေးထဲကအမှိုက်တွေထဲမှာ
မြန်မာလူငယ်နဲ့ ယှဉ်ရင် အမေရိကန်လူငယ်မှာ အောင်မြင်ဖို့ အားသာချက်များစွာရှိတာ လက်ခံပါတယ်။ ဒါပေမယ့် ဒီအချက်တစ်ခုတည်းကြောင့်ပဲ
သင်ဟာ မအောင်မြင်နိုင်တော့ဘူးလား။
.
(၇) "သူများတွေ ဘာပြောကြမလဲ မသိဘူး"
သင်လုပ်တာများ မှားသွားလေမလား၊ မှားသွားရင် သူများတွေက ဘယ်လိုများပြောကြလေမလဲဆိုတဲ
အားနည်းတာတွေက သင့်စွမ်းရည်တွေကို ချုပ်နှောင်လိုက်ပါတော့တယ်။
ကိုယ်ကြိုးစားခဲ့တာကိုပဲ ဂုဏ်ယူပါ။ မှားတယ်ဆိုတာ အမှန်ပြင်ဖို့အတွက် အခွင့်အရေးပါပဲ။ မှားတာ ဘယ်လောက်ကံကောင်းတယ်မှတ်လို
.
အမှိုက်တွေကိုရှင်းထုတ်ရင်း အောင်မြင်မှုများရကြပါစေ..
___________
လေးစားမှုများဖြင့်..
ရွှေညာမောင် (Junior Boss)
Ref: MG
Credit. Junior Boss
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။