သင့်အောင်မြင်မှုကို ဆောင်ယူပေးမယ့် မနက်ခင်း မိနစ် ၂၀
************************** ***********
လူတိုင်းမှာ နေ့စဉ်မနက်တိုင်း လုပ်နေကျအပြုအမူတွေရှိတတ်ပါ တယ်။ လူတိုင်းကလည်း မနက်တိုင်းအိပ်ယာကစောစောထပြီး လုပ်စရာရှိတာတွေ စတင်လုပ်ကိုင်မယ်ဆိုရင် အကျိုးကျေးဇူးရှိစေမယ်ဆိုတာ
သိထားကြပါတယ်။ ဒါပေမယ့် သင်ဟာ မနက်၅နာရီ အိပ်ရာထထ၊ ညနေ ၃နာရီမှ အိပ်ရာကထထ၊
ဘယ်ချိန်မှထသည်ဖြစ်စေ အိပ်ရာနိုးပြီး ပထမဆုံး မိနစ် ၂၀ လောက်မှာ လုပ်ကိုင်တဲ့အရာတွေဟာ သင့်ရဲ့တစ်နေ့တာကို ပိုမိုအားဖြည့်ပေးနိုင်ပြီး အောင်မြင်မှုကိုလည်း ဆောင်ယူပေးနိုင်ပါတယ်။
ကျွန်တော်တို့ဦးနှောက်ဟာ လျှပ်စစ်လှိုင်းတွေကို ထုတ်လွှတ်လေ့ရှိပါတယ်။ သိပ္ပံပညာရှင်တွေဟာလည်း အဆိုပါဦးနှောက်လှိုင်းတွေနဲ့  ကိုယ်ခန္ဓာရဲ့ဆက်သွယ်မှုတွေကို ရှာဖွေလေ့လာမှုတွေပြုလုပ်ခဲ့ ကြပါတယ်။
ပထမဦးဆုံးသင်အိပ်ရာက နိုးထလာတဲ့အခါမှာ ဦးနှောက်ဟာ တစ်စက္ကန့်ကို ၁၀.၅
လှိုင်းနှုန်းထုတ်လွှတ်ပါတယ်။ ဒါကို alpha state လို့ခေါ်ဆိုပြီး
အိပ်ရာကနိုးနိုးခြင်းမှာ သင့်ရဲ့မသိစိတ်တစ်ဝက် (subconscious mind) ကို
ပြန်လည်ဆက်သွယ်ပေးတဲ့ အဆင့်ပဲဖြစ်ပါတယ်။
သိပ္ပံပညာရပ်ဆိုင်ရာတွေကို သိပ်မပြောတော့ပဲ ဦးနှောက်ရဲ့လက်တွေ့အနေအထား ကိုပဲ
ဆက်ပြောရအောင်။ သင့်ရဲ့ မသိစိတ်တစ်ဝက်ဟာ အိပ်ရာကနိုးနိုးခြင်းမှာ
အလုပ်အလုပ်ဆုံးဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာသင့်ရဲ့ဦးနှောက်ကို
အိပ်ရာထထချင်းမှာ နှိုးဆွပေးပြီး တစ်နေ့တာကို ပိုမိုအကျိုးရှိအောင်လုပ်ဆောင်စေနိုင်ပါတယ်။ အခုဖေါ်ပြမယ့် အချက်တွေကတော့ သင့်ရဲ့အိပ်ရာနိုးနိုးချင်း ပထမဦးဆုံးမိနစ် ၂၀ မှာ လုပ်ဆောင်သင့်တဲ့ အရာတွေဖြစ်ပါတယ်။
__________________________
၁။ သင့်နှိုးစက်ရဲ့ snooze button ကို ဘယ်တော့မှအသုံးမပြုပါနဲ့။
သင်ဟာနှိုးစက်ကို ခဏခဏ snooze လုပ်တတ်သူလား။ ဒီနေ့ကစပြီး ဘယ်တော့မှ snooze မလုပ်ပါနဲ့တော့။ ဘာလို့လဲဆိုတော့ အဲ့လိုနှိုးစက်ကို snooze လုပ်လိုက်ခြင်းဟာ သင့်ဦးနှောက်ကို “ဒီနေ့တော့ ဒီလိုပဲ အချိန်ဆွဲလို့ရတယ်ဟေ့” လို့အချက်ပြလိုက်သလိုဖြစ်ပြီး တစ်နေ့တာကိုလည်း အများအားဖြင့် အချိန်ဆွဲမိတတ်စေပါတယ်။
__________________________
၂။ သင့်ရဲ့အိပ်ရာကို စနစ်တကျသိမ်းဆည်းပါ။
အိပ်ရာကို စနစ်တကျသိမ်းဆည်းခြင်းဖြင့်
သင့်အခန်း ပိုမိုပြီးစနစ်ကျစေသလို သင့်ရဲ့ဦးနှောက်ကိုလည်း
တစ်နေ့တာအလုပ်တွေကို စနစ်တကျနဲ့ လုပ်စရာရှိတာတွေကို
ချက်ချင်းလုပ်ဆောင်စေပါတယ်။ ဒါဟာအလွန်သေးငယ်တဲ့ အပြုအမူဖြစ်ပေမယ့်လည်း နေ့စဉ်နဲ့အမျှလုပ်ဆောင်သွား ခြင်းဖြင့် ကြာလာရင်သိသာတဲ့ရလာဒ်ကို တွေ့နိုင်မှာဖြစ်ပါတယ်။
__________________________
၃။ သင့်ရဲ့ဘဝကို စိတ်ကူးထဲမှာ မြင်ယောင်ပုံဖော်ပါ။ (Visulaizing)
ဒါဟာသင့်ဦးနှောက် alpha state ထဲရောက်နေတဲ့အချိန်မှာ အကောင်းဆုံးလုပ်ဆောင်သင့်တဲ့ 
အရာတစ်ခုဖြစ်ပါတယ်။ သင့်ဘဝကို မြင်ယောင်ပုံဖော်ကြည့်ပါ။ ငါးနှစ်အတွင်း
ငါဘယ်လိုဖြစ်ချင်သလဲ။ စီးပွားရေးမှာ ဘယ်လိုအောင်မြင်မှုတွေ ရယူခြင်သလဲ။
Relationship တွေကို ဘယ်လိုခိုင်မြဲအောင် တည်ဆောက်မလဲ။ အစရှိသဖြင့်
မြင်ယောင်နိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဖြင့် သင့်ရဲ့ရည်မှန်းချက်တွေကို
မသိစိတ်ထဲရောက်အောင်ပို့ဆော င်နိုင်ပြီး ဦးနှောက်ကို ပိုမိုလုပ်ဆောင်စေနိုင်ပါတယ်။
__________________________
၎။ စိတ်ခွန်အားဖြစ်စေမယ့် Motivational Videos တွေကို ကြည့်ရှုပါ။
သင်စိတ်ဓာတ်တက်ကြွနေပါက ဘယ်လိုခက်ခဲတဲ့အရာကိုမဆို ရင်ဆိုင်နိုင်ပါတယ်။ သင်ဟာ အမှန်တကယ်စိတ်ဓာတ်တက်ကြွနေပါက တစ်နေ့တာကို အကောင်းဆုံးပုံဖော်နိုင်ပြီး လိုချင်တဲ့တစ်နေ့တာပန်းတိုင်တွေကို
အရယူနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နေ့တစ်နေ့ရဲ့အစတည်းက
စိတ်ဓာတ်တက်ကြွမှုကို ရယူထားဖို့အရေးကြီးပါတယ်။ သင့်ရဲ့ Visualization
လေ့ကျင့်ခန်းပြီးသွားတာနဲ့ motivational video တွေကို ကြည့်ရှုခြင်းဖြင့်
ရည်မှန်းချက်နဲ့ အမှန်တကယ်လုပ်ဆောင်မှုကို ချိတ်ဆက်ပေးနိုင်ပြီး
သင့်စိတ်ကူးတွေကို ပိုမိုခိုင်မာစေနိုင်ပါတယ်။
__________________________
၅။ သင့်ရဲ့ခံယူချက်တွေကို စဉ်းစားပါ။
ရိုးရှင်းတဲ့ခံယူချက်တစ်ခြု ဖစ်တဲ့ “ငါဒီနေ့ကို ငါ့ဘဝရဲ့ အကောင်းဆုံးနေ့တစ်နေ့ဖြစ်အောင် လုပ်ဆောင်မယ်” ဆိုတာ Apple ဖန်တီးရှင် Steve Jobs ရဲ့ နေ့စဉ်ခံယူမှုပဲဖြစ်ပါတယ်။ ဒီလိုခံယူမှုတွေကို ပြန်လည်စဉ်းစားသုံးသပ်ခြင်း ဖြင့် သင့်ရဲ့ယုံကြည်ချက်၊ ခံယူချက်တွေကို ပိုမိုခိုင်မာစေပြီး တစ်နေ့တာကိုလည်း အကောင်းဆုံးပုံဖော်နိုင်စေပါတယ်။ ဒါကိုလည်း နေ့စဉ်နေ့တိုင်း လုပ်ဆောင်သင့်ပါတယ်။
.
အခုဖော်ပြခဲ့တဲ့အကြောင်းအရာ က မိတ်ဆွေတို့အတွက်အကျိုးရှိေ စခဲ့မယ်ဆိုရင် တစ်ခြားသူတွေပါအတူတကွ အကျိုးရှိစေရန် Post ကို Share လုပ်ပေးဖို့မမေ့ပါနဲ့ခင်ဗျာ ။
For the future entrepreneurs of Myanmar.
#MyanmarOnlineEntrepreneur
#NAL
**************************
လူတိုင်းမှာ နေ့စဉ်မနက်တိုင်း လုပ်နေကျအပြုအမူတွေရှိတတ်ပါ
ကျွန်တော်တို့ဦးနှောက်ဟာ လျှပ်စစ်လှိုင်းတွေကို ထုတ်လွှတ်လေ့ရှိပါတယ်။ သိပ္ပံပညာရှင်တွေဟာလည်း အဆိုပါဦးနှောက်လှိုင်းတွေနဲ
သိပ္ပံပညာရပ်ဆိုင်ရာတွေကို သိပ်မပြောတော့ပဲ ဦးနှောက်ရဲ့လက်တွေ့အနေအထား
__________________________
၁။ သင့်နှိုးစက်ရဲ့ snooze button ကို ဘယ်တော့မှအသုံးမပြုပါနဲ့။
သင်ဟာနှိုးစက်ကို ခဏခဏ snooze လုပ်တတ်သူလား။ ဒီနေ့ကစပြီး ဘယ်တော့မှ snooze မလုပ်ပါနဲ့တော့။ ဘာလို့လဲဆိုတော့ အဲ့လိုနှိုးစက်ကို snooze လုပ်လိုက်ခြင်းဟာ သင့်ဦးနှောက်ကို “ဒီနေ့တော့ ဒီလိုပဲ အချိန်ဆွဲလို့ရတယ်ဟေ့” လို့အချက်ပြလိုက်သလိုဖြစ်ပြ
__________________________
၂။ သင့်ရဲ့အိပ်ရာကို စနစ်တကျသိမ်းဆည်းပါ။
အိပ်ရာကို စနစ်တကျသိမ်းဆည်းခြင်းဖြင့်
__________________________
၃။ သင့်ရဲ့ဘဝကို စိတ်ကူးထဲမှာ မြင်ယောင်ပုံဖော်ပါ။ (Visulaizing)
ဒါဟာသင့်ဦးနှောက် alpha state ထဲရောက်နေတဲ့အချိန်မှာ အကောင်းဆုံးလုပ်ဆောင်သင့်တဲ
__________________________
၎။ စိတ်ခွန်အားဖြစ်စေမယ့် Motivational Videos တွေကို ကြည့်ရှုပါ။
သင်စိတ်ဓာတ်တက်ကြွနေပါက ဘယ်လိုခက်ခဲတဲ့အရာကိုမဆို ရင်ဆိုင်နိုင်ပါတယ်။ သင်ဟာ အမှန်တကယ်စိတ်ဓာတ်တက်ကြွနေပ
__________________________
၅။ သင့်ရဲ့ခံယူချက်တွေကို စဉ်းစားပါ။
ရိုးရှင်းတဲ့ခံယူချက်တစ်ခြု
.
အခုဖော်ပြခဲ့တဲ့အကြောင်းအရာ
For the future entrepreneurs of Myanmar.
#MyanmarOnlineEntrepreneur
#NAL

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။