ဘဝမှာ ကိုယ်ပိုင်အချိန်ဆိုတာ ၉ နှစ်ပဲ ရှိပါတယ်တဲ့
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿
.
လူတွေရဲ့ ဘဝသက်တမ်းက ၇၀၊ ၈၀ဆိုတာ
ရှည်တယ် ထင်ရပေမယ့် တကယ်တမ်းတွက်ကြည့်ရင်တော့
တိုတိုလေးပါပဲ။ ဒီလိုပဲ ဖင်လှည့်ခေါင်းလှည့်နဲ့
ကုန်ဆုံးသွားတာမျိုးပါ။ ကိုယ့်အတွက်
တကယ်တမ်းအကျိုးရှိအောင် လုပ်နိုင်တဲ့ အချိန်က
အတော်ရှားပါတယ်။
ဒါကြောင့်လည်း ကုန်သွားတဲ့ ငွေတွေ၊ ရွှေတွေသာ
ပြန်ရှာလို့ ရရင် ရမယ်၊ ကုန်သွားတဲ့ အချိန်ကိုတော့
ဘယ်လိုနည်းနဲ့မှ ပြန်မရနိုင်ဘူးလို့ ဆိုကြတာပါ။
ဒီလို မသိလိုက်မသိဘာသာ အချိန်တွေ ကုန်နေရင်း
ကိုယ့်အတွက်ကိုယ်လုပ်ဖို့ အချိန်ဘယ်လောက်
ကျန်သလဲဆိုတာ စဉ်းစားစရာပါပဲ။
ဘယ်နေရာမှာ ဘယ်လို အချိန်တွေကုန်သွားတယ်
ဆိုတာကို အောက်က World Bank က ထုတ်ထားတဲ့
Infographic မှာ ယေဘူယျတွက်ပြထားတာက
စိတ်ဝင်စားစရာကောင်းလှပါတယ် ။
သက်တမ်းကိုတော့ ဒီမှာ မွေးစကနေ ၇၈ နှစ်ထိလို့
အကြမ်းဖျင်း တွက်ထားပြီး သက်တမ်းရဲ့
၁.၃ နှစ်လောက်ကို အိမ်နဲ့ လုပ်ငန်းခွင်အသွားအပြန်
လမ်းပေါ်မှာတင် ကုန်ဆုံးနေပါတယ်တဲ့။
ကလေးတွေကို ပြုစုစောင့်ရှောက် ကလေးထိန်းတဲ့
အချိန်က ၁.၅ နှစ်၊ Shopping ထွက်နေတဲ့ အချိန်က
ဘဝသက်တမ်းရဲ့ ၂.၅နှစ်လောက်၊ အပေါ့အလေးသွားတဲ့
အချိန်ကကြီးပဲ လူ့သက်တမ်းရဲ့ ၂.၅နှစ်လောက်
ကုန်ဆုံးနေပါတယ်။ ပညာရေးအတွက် သုံးခဲ့တဲ့
အချိန်တွေကတော့ လူ့သက်တမ်းတစ်ခုလုံးရဲ့ ၃.၅နှစ် ၊
စားတာသောက်တာတွေက ၄နှစ်၊ အိမ်အလုပ်ဗာဟီရ
ကိစ္စတွေအတွက် ကုန်တာ ၆ နှစ် လောက်ကို
ရှိပါတယ်။ အဲ.. TV ကြည့်တာ၊ ဂိမ်းဆော့တာနဲ့
Social Networks တွေမှာ အချိန်ကုန်တာက
၉နှစ်တောင် ရှိတယ်တဲ့ဗျ။
လုပ်ငန်းခွင်မှာ အလုပ်လုပ်တဲ့အချိန်က
လူ့ဘဝသက်တမ်းရဲ့ ၁၀.၅ နှစ်၊ အိပ်ချိန်ကိုတော့
လူ့သက်တမ်းရဲ့ သုံးပုံတစ်ပုံ ၂၈.၃နှစ်လောက်တောင်
ယေဘူယျ အိပ်ပစ်လိုက်ကြတာပါ။
ဒီတော့ ပုံအရဆို ကျန်တဲ့ အချိန်က စုစုပေါင်းမှ
၉နှစ်ပဲ ရှိပါတယ်၊ ဒီတော့ ဒီတန်ဖိုးရှိလှတဲ့ အချိန်
၉နှစ်ကို ဘယ်လို အကောင်းဆုံး ကုန်ဆုံးကြမလဲဆိုတာတော့
ခုပဲ နဖူးပေါ်လက်တင်ပြီး စဉ်းစားသင့်ပါပြီ။
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
https://www.facebook.com/ knowledgevillage11/
#akhayar
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿
.
လူတွေရဲ့ ဘဝသက်တမ်းက ၇၀၊ ၈၀ဆိုတာ
ရှည်တယ် ထင်ရပေမယ့် တကယ်တမ်းတွက်ကြည့်ရင်တော့
တိုတိုလေးပါပဲ။ ဒီလိုပဲ ဖင်လှည့်ခေါင်းလှည့်နဲ့
ကုန်ဆုံးသွားတာမျိုးပါ။ ကိုယ့်အတွက်
တကယ်တမ်းအကျိုးရှိအောင် လုပ်နိုင်တဲ့ အချိန်က
အတော်ရှားပါတယ်။
ဒါကြောင့်လည်း ကုန်သွားတဲ့ ငွေတွေ၊ ရွှေတွေသာ
ပြန်ရှာလို့ ရရင် ရမယ်၊ ကုန်သွားတဲ့ အချိန်ကိုတော့
ဘယ်လိုနည်းနဲ့မှ ပြန်မရနိုင်ဘူးလို့ ဆိုကြတာပါ။
ဒီလို မသိလိုက်မသိဘာသာ အချိန်တွေ ကုန်နေရင်း
ကိုယ့်အတွက်ကိုယ်လုပ်ဖို့ အချိန်ဘယ်လောက်
ကျန်သလဲဆိုတာ စဉ်းစားစရာပါပဲ။
ဘယ်နေရာမှာ ဘယ်လို အချိန်တွေကုန်သွားတယ်
ဆိုတာကို အောက်က World Bank က ထုတ်ထားတဲ့
Infographic မှာ ယေဘူယျတွက်ပြထားတာက
စိတ်ဝင်စားစရာကောင်းလှပါတယ်
သက်တမ်းကိုတော့ ဒီမှာ မွေးစကနေ ၇၈ နှစ်ထိလို့
အကြမ်းဖျင်း တွက်ထားပြီး သက်တမ်းရဲ့
၁.၃ နှစ်လောက်ကို အိမ်နဲ့ လုပ်ငန်းခွင်အသွားအပြန်
လမ်းပေါ်မှာတင် ကုန်ဆုံးနေပါတယ်တဲ့။
ကလေးတွေကို ပြုစုစောင့်ရှောက် ကလေးထိန်းတဲ့
အချိန်က ၁.၅ နှစ်၊ Shopping ထွက်နေတဲ့ အချိန်က
ဘဝသက်တမ်းရဲ့ ၂.၅နှစ်လောက်၊ အပေါ့အလေးသွားတဲ့
အချိန်ကကြီးပဲ လူ့သက်တမ်းရဲ့ ၂.၅နှစ်လောက်
ကုန်ဆုံးနေပါတယ်။ ပညာရေးအတွက် သုံးခဲ့တဲ့
အချိန်တွေကတော့ လူ့သက်တမ်းတစ်ခုလုံးရဲ့ ၃.၅နှစ် ၊
စားတာသောက်တာတွေက ၄နှစ်၊ အိမ်အလုပ်ဗာဟီရ
ကိစ္စတွေအတွက် ကုန်တာ ၆ နှစ် လောက်ကို
ရှိပါတယ်။ အဲ.. TV ကြည့်တာ၊ ဂိမ်းဆော့တာနဲ့
Social Networks တွေမှာ အချိန်ကုန်တာက
၉နှစ်တောင် ရှိတယ်တဲ့ဗျ။
လုပ်ငန်းခွင်မှာ အလုပ်လုပ်တဲ့အချိန်က
လူ့ဘဝသက်တမ်းရဲ့ ၁၀.၅ နှစ်၊ အိပ်ချိန်ကိုတော့
လူ့သက်တမ်းရဲ့ သုံးပုံတစ်ပုံ ၂၈.၃နှစ်လောက်တောင်
ယေဘူယျ အိပ်ပစ်လိုက်ကြတာပါ။
ဒီတော့ ပုံအရဆို ကျန်တဲ့ အချိန်က စုစုပေါင်းမှ
၉နှစ်ပဲ ရှိပါတယ်၊ ဒီတော့ ဒီတန်ဖိုးရှိလှတဲ့ အချိန်
၉နှစ်ကို ဘယ်လို အကောင်းဆုံး ကုန်ဆုံးကြမလဲဆိုတာတော့
ခုပဲ နဖူးပေါ်လက်တင်ပြီး စဉ်းစားသင့်ပါပြီ။
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
https://www.facebook.com/
#akhayar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။