Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, August 22, 2017

မှင်​စွန်းခံ လက်​သန်း​ရော မှင်​မ​ပေတဲ့ လက်​သန်းပါ အပြန်​တစ်​ရာမက တန်​သွား​ပြီ... NLD ဝန်ကြီးများ လာဘ်စားမှု မတွေ့ရသေး ဟု ကော်မရှင် ဆို


Khant Naing added 3 new photos.

မှင်​စွန်းခံ လက်​သန်း​ရော
မှင်​မ​ပေတဲ့ လက်​သန်းပါ
အပြန်​တစ်​ရာမက တန်​သွား​ပြီ...
NLD ဝန်ကြီးများ လာဘ်စားမှု မတွေ့ရသေး ဟု ကော်မရှင် ဆို
---------------------------------------------------------------------

NLD ဝန်ကြီးများ လာဘ်စားမှု မတွေ့ရသေးဟု အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဆိုလိုက်သည်။
အစိုးရသစ် သက်တမ်း တနှစ်ခွဲကာလ အတွင်း ဝန်ကြီးများ လာဘ်စားသည်ကို မတွေ့ရသေးကြောင်း မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင်တဦးက ပြောသည်။
ကော်မရှင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ ဝန်ကြီးများ၏ အဂတိ လိုက်စားမှုကို မတွေ့ရသလို တိုင်ကြားစာလည်း မရရှိခဲ့ဟု ၂၀၁၃ ခုနှစ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ ဖွဲ့စည်းခဲ့သည့် ထိုကော်မရှင် အဖွဲ့ဝင် ဦးသင်းမောင်က ပြောသည်။

ဦးသင်းမောင်က “ဒီအတိုင်းလေးပဲ ဆက်ရှိနေဖို့ မျှော်လင့်ပါတယ်” ဟု ဆက်ပြောသည်။
ယင်းအခြေအနေသည် အဂတိ လိုက်စားမှု စွပ်စွဲချက်များ ခံခဲ့ရသော ယခင် အစိုးရခေတ် ထက်တိုးတက်မှု ဟု ဆိုရမည် ဖြစ်သည်။
အစိုးရ၏ ပထမ ၉ လ သက်တမ်း အတွင်း သူ အကျေနပ်ဆုံး ကိစ္စမှာ ခန့်ထားသော ဝန်ကြီးများ အဂတိ လိုက်စားမှု ကင်းရှင်းခြင်းပင် ဖြစ်သည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယမန်နှစ် ဒီဇင်ဘာလတွင် စင်္ကာပူသို့ သွားရောက် လည်ပတ်စဉ် အတွင်း Channel News Asia နှင့် တွေ့ဆုံ မေးမြန်းစဉ် ပြောခဲ့သည်။
မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် အဂတိ လိုက်စားမှုကို မကြာခဏ ဆန့်ကျင် ပြောဆိုလေ့ ရှိပြီး အဂတိ လိုက်စားသော အစိုးရ အရာရှိများကို တိုင်ကြားရန် ပြည်သူများကို မကြာခဏ တိုက်တွန်းလေ့ ရှိသည်။ ထိုသို့ တိုင်ကြားသူများ ကိုလည်း လျို့ဝှက်ထားရန် ကတိပေးခဲ့သည်။
အစိုးရအဖွဲ့ မဖွဲ့မီကပင် အဂတိ လိုက်စားခြင်းကို ရှောင်ရှားရန် လွှတ်တော် အမတ်များ၊ ဝန်ကြီး အမည်စာရင်း တင်သွင်းခံရသူများ ကို ပြောခဲ့သည်။
“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရက စတက် ကတည်းက ငြိမ်းချမ်းရေးနဲ့ အဂတိတရား ကင်းတဲ့ အစိုးရဖြစ်ရေး ဆိုတဲ့ ဦးစားပေး ၂ ခုနဲ့ စတက်လာခဲ့တာ” ဟု အထက်ပါ ကော်မရှင် အဖွဲ့ဝင်ကပြောသည်။
အစိုးရသည် ၂၀၁၆ ခုနှစ်တွင် အာဏာရပြီး မကြာမီ အများပြည်သူ ဆိုင်ရာ စီမံကိန်းများအတွက် ပစ္စည်း ဝယ်ယူမှုနှင့် တင်ဒါ ခေါ်ယူမှုများတွင် အတိအကျ လိုက်နာရမည့် လမ်းညွှန်ချက်များကို ဝန်ကြီးဌာန အားလုံးသို့ ထုတ်ပြန် ကြေညာခဲ့သည် ဟု သူပြောသည်။
ယခင်က ထိုသို့သော တိကျသည့် ညွှန်ကြားချက်များ မရှိကြောင်း ပြောပြီး ထိုလုပ်ရပ်သည် အစိုးရသစ်၏ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အတွက် ကနဦး ခြေလှမ်းများထဲမှ တခု ဖြစ်သည်။
အရပ်သား ဝန်ထမ်းများသည် တန်ဖိုး ကျပ်ငွေ ၂၅၀၀၀ ထက် ပိုမိုသော လက်ဆောင်များကို လက်မခံရန် ၂၀၁၆ ခုနှစ် ဧပြီလတွင် ဒေါ်အောင်ဆန်းစုကြည် အမိန့် ထုတ်ခဲ့သည်။ ထိုပမာဏသည် ယခင်အစိုးရ သတ်မှတ်သော ပမာဏထက် ဆယ်ဆ ပိုမို နည်းသည်။
ယခင် သမ္မတ ဦးသိန်းစိန် အစိုးရသည် အရပ်ဘက် ဝန်ထမ်းများကို ဒေါ်လာ ၂၅၀ ထက် မပိုသော လက်ဆောင် လက်ခံရန် ခွင့်ပြုသည်။ ထိုအစိုးရ သည်လည်း သန့်ရှင်း ကောင်းမွန်သော အစိုးရ ဖြစ်ရေးကို ရှေ့တန်းတင်သော အစိုးရ ဖြစ်သည်။
ဦးသိန်းစိန် အစိုးရ အာဏာရပြီး ၂ နှစ် ကြာသောအခါ ထိုအချိန်က ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီး ဦးသိန်းထွန်းသည် အဂတိ လိုက်စားမှုနှင့် ပတ်သက်သောကြောင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
ထို့အပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း က လွှတ်တော်တွင် ပျောက်ဆုံးနေသော ဒေသ ရန်ပုံငွေများ အတွက် မေးခွန်း ထုတ်ပြီးနောက် သမ္မတ ဦးသိန်းစိန် လက်ထက် မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေ သည် အလွဲသုံးစားမှုဖြင့် စစ်ဆေးခံရသည်။
အစိုးရ၏ နောက်ပြန် အရေးမယူရေး မူဝါဒအရ အလွဲသုံးစား ပြုလုပ်သူများကို ဥပဒေအရ အရေးမယူ နိုင်သည့်တိုင် ပြည်သူ့ဘဏ္ဍာများ ပြန်ရရန် အခြား ပြည်နယ်နှင့် တိုင်းများတွင် အလားတူ ကိစ္စရပ်များကို စုံစမ်း စစ်ဆေးရန် ဦးထွန်းထွန်းက တိုက်တွန်းခဲ့သည်။
အဂတိ လိုက်စားမှုများ ဆက်လက် တည်ရှိနေသည့်တိုင် မြန်မာနိုင်ငံသည် မကြာသေးမီ နှစ်များအတွင်း ပွင့်လင်း မြင်သာမှု အညွှန်းကိန်း အရ အနည်းငယ် မြင့်တက်လာသည်။ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် အကျင့်ပျက် ခြစားမှုများကို စောင့်ကြည့် လေ့လာနေသည့် Transparency International အဖွဲ့၏ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံသည်၂၀၁၅ ခုနှစ်တွင် နိုင်ငံပေါင်း ၁၆၈ နိုင်ငံတွင် အဆင့် ၁၄၇ ရှိရာမှ ၂၀၁၆ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံ အနက် အဆင့် ၁၃၇ ဖြစ်လာသည်။
၂၀၁၄ ခုနှစ်ကမူ အဆင့် ၁၅၆ ရခဲ့ပြီး ၂၀၁၃ ခုနှစ်ကထက် တဆင့် တက်လာခဲ့ခြင်း ဖြစ်သည်။
အညွှန်းကိန်းအရ တိုးတက် လာသော်လည်း အဂတိ လိုက်စားမှု ပပျောက်ရေးမှာ မဖြစ်နိုင်ကြောင်း ဦးသင်းမောင် က ပြောသည်။
“အဂတိ လိုက်စားမှုက ပမာဏအနည်း၊ အများပဲ ကွာသွားမှာပါ။ ပျောက်အောင်လုပ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် လျော့သွားအောင် လုပ်လို့ရတယ်” ဟု သူ ပြောသည်။
[ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် “NLD Ministers Corruption-Free, Says Commission” ကို ဆီလျော်အောင် ဘာသာပြန်သည်။]
Source - ဧရာဝတီ (စမ်းယမင်းအောင်)
Ven Pinnyarvamsa
19-8-2017

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။