Dr-Myint Thein added 2 new photos.
ကြက်ဥ နှင့် ကျန်းမာရေး
*******************
ကြက်ဥ ကို ကျနော်တို့ ကြောက်လန့် ခဲ့ကြဘူးသည် ။
စားဘို့ ထိတ်လန့် ခဲ့ကြဘူးသည် ။
အဘယ်ကြောင့်ပါနည်း ။
ကိုလက်စထရော ကြောင့် ဖြစ်ပါသည် ။
ကြက်ဥ ၁လုံးမှာ ကိုလက်စထရော ၁၈၅ မီလီဂရမ်ပါသည် ။
AHA ( American Heart Association ) က တရက်အတွက် လိုအပ်ချက်
၃၀၀ မီလီဂရမ် သတ်မှတ်ထားပါသည် ။
ကြက်ဥ ၂ လုံးစားလျှင် သတ်မှတ်ချက်ကျော်ပြီ ။
ကိုလက်စထရောနဲ့ ပတ်သက်ပြီး ကျနော်တို့ ၏ ယူဆချက် က
ကိုလက်စထရော များများစားသုံးလျှင် သွေးတွင်းက ကိုလက်စထရော
တက်မည် ဟု မှတ်ယူထားကြသည် ။
ကိုလက်စထရောများ လျှင် သွေးတိုး နှလုံး ဖြစ်စေသည် ဟု ကြောက်ကြသည် ။
ထို့ကြောင့် ကြက်ဥစားရမှာ ကြောက်ရွံ့ ကြတော့သည် ။
အဖြစ်မှန် မသိခင်က ဖြစ်ပါသည် ။
ခန္ဓာကိုယ်တွင်းမှာ နေ့စဉ် ကိုလက်စထရော ၁ ဂရမ် မှ ၂ ဂရမ်ထိ ထုတ်လုပ်ပါ
သည် ။ ၎င်းမှာ ကြက်ဥတလုံးထက် ၅ဆ - ၁၀ ဆ ပိုများပါသည် ။
ဒီနေရာမှာ လှည့်ကွက်လေးရှိသည် ။
ကိုလက်စထရော ပိုမိုစားသုံးလျှင် ကိုယ်တွင်းထုတ်လုပ်မှု လျော့သွားသည် ။
ကိုလက်စထရော စားသုံးမှု နည်းလျှင် ကိုယ်တွင်းထုတ်လုပ်မှု တိုးလာသည် ။
စားလိုက်သော ကိုလက်စထရော ကြောင့် သွေးတွင်း ကိုလက်စထရော
ပမာဏ တိုးမလာကြောင်း တွေ့ ရှိခဲ့ပါပြီ ။
ထို့ကြောင့် ၀ိတ်လျော့ချသည့် ပရိုဂရမ်များတွင် ဓါတ်စာအဖြစ် တနေ့
ကြက်ဥ ၃ လုံးထိ စားခွင့်ပြု နေပြီ ဖြစ်ပါသည် ။
ကိုလက်စထရောမှာ ကိုယ်ခန္ဓာအတွက် အရေးကြီးသော အဟာရဖြစ်ပါသည် ။
ဆဲများတည်ဆောက်ခြင်း ၊ ဟော်မုန်းထုတ်လုပ်ခြင်း ၊ ဖွံ့ ဖြိုးကြီးထွားခြင်းအတွက်
လိုအပ်ပါသည် ။
ယခင်က ကြက်ဥ အနှစ်ကိုဖယ်ပြီး အကာသာ စားဖို့ ပြောခဲ့ကြပါသည် ။
အကာတွင် ပရိုတိန်း ကြွယ်ဝသလို အနှစ်တွင် ကယ်လဆီယမ် ၊ သံဓါတ် ၊
ဖေါ့စဖိုရပ် ၊ ဇင့် ၊ ဗီတာမင် B1 , B6 , ဖိုးလိတ် ၊ ပင်တိုသင်းနစ် အက်ဆစ် ၊
ဗီတာမင် B12 , A , D , E နှင့် omega 3 fatty acid , Choline ၊
Lutein နှင့် Zeaxanthin တို့ ပါရှိပါသည် ။
Choline က နှလုံး သွေးကြောနှင့် ဆိးချို ရောဂါ ၊ မှတ်ဥာဏ်ချို့ ယွင်းသောရောဂါ
တို့ အတွက် ကောင်းပါသည် ။
Lutein နှင့် Zeaxanthin တို့သည် ဓါတ်တိုးကာကွယ်ပစ္စည်းများဖြစ်ပြီး မျက်စိကို
ထိခိုက်စေသော အလင်းရောင်အန္တရာယ်မှ ကာကွယ်ပေးပါသည် ။
ထို့ကြောင့် အနှစ်ပါ စားသုံးမှ ကျေးဇူးများပါမည် ။
...
( ဆီးချိုဝေဒနာရှင် နှင့် မျိုးရိုးကြောင့် ကိုလက်စထရောမြင့်မား
သူတို့ ကတော့ ချွင်းချက်ထားရမည် ဖြစ်ပါသည် )
...
Ref :
John Berardi, Ph.D., is a founder of Precision Nutrition, the world's largest online nutrition coaching company. In the last 5 years, Dr. Berardi and his team have personally helped over 20,000 people lose over 300,000 pounds of body fat through their renowned coaching program, Lean Eating.
...
ဒေါက်တာမြင့်သိန်း
၁၂ သြဂုတ် ၂၀၁၄

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။