Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 27, 2017

“ရာစုနှစ်ရဲ့ အကြီးမားဆုံး လက်ဝှေ့ပွဲ ဒီညထိုးသတ်မယ်”


အင်းဝ မီဒီယာ added 5 new photos.

“ရာစုနှစ်ရဲ့ အကြီးမားဆုံး လက်ဝှေ့ပွဲ ဒီညထိုးသတ်မယ်”
“ ဖလွိုက် မေ၀ဲသာ vs ကော်နာ မက်ဂရီဂေါ်"
“ Boxing vs MMA ( လိုက်မစ်ဒယ်ဝိတ်တန်း )”
အချိန် - (တနင်္ဂနွေ နံနက်ပိုင်း ၇နာရီလောက်မှာ စတင်မှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ပွဲမတိုင်မီ အခြားပွဲတွေလည်း ထိုးသတ်မှာဖြစ်လို့ ဒီထက်လည်း နောက်ကျနိုင်ပါတယ်။)
ဒီကနေ့ည စနေနေ့၊ ( မြန်မာပြည်မှာ တနင်္ဂနွေနေ့ နံနက်ပိုင်း)မှာတော့ ကမ္ဘာတစ်ဝှမ်းလုံး အချိန်အကြားကြီး စောင့်မျှော်နေကြတဲ့ ဖလွိုက် မေ၀ဲသာနဲ့ ကော်နာ မက်ဂရီဂေါ်တို့ရဲ့ Mega Money Fight ပွဲထိုးသတ်မှာပါ။

ဒီပွဲအတွက် မေ၀ဲသာရော ကော်နာတို့ နှစ်ဦးစလုံး အနည်းဆုံး ဒေါ်လာ သန်း ၁၀၀ကျော်စီရမှာဖြစ်လို့ လက်ဝှေ့လောကရဲ့ အမြင့်ဆုံး ၀င်ငွေရမယ့် ဖြစ်လာမှာပါ။ မေ၀ဲသာ ၂၀၁၅တုန်းက ဖိလစ်ပိုင် နာမည်ကြီး မန်နီ ပက်ကွီယောင်ကို အမှတ်နဲ့နိုင်ပြီး ရာစုနှစ်ရဲ့ အကောင်းဆုံးပွဲကို နိုင်ပါတယ်။ အဲ့ဒီနောက် နောက်ထပ် တစ်ပွဲထိုးပြီး ၄၉ပွဲ ရှုံးပွဲမရှိစံချိန်နဲ့ အနားယူထားတဲ့သူ။ တစ်ဖက်က အိုင်ယာလန် နိုင်ငံသား ကော်နာ မက်ဂရီဂေါ်က MMA ရဲ့ လက်အောက်မှာရှိတဲ့ UFC က မတူညီတဲ့ ၀ိတ်တန်း ၂ခုရဲ့ ချန်ပီယံပေါ့။ နယ်ပယ်မတူညီတဲ့ ပြိုင်ပွဲနှစ်ခုက ချန်ပီယံနှစ်ယောက် ထိုးသတ်မယ့်ပွဲပေါ့။
“UFC ဆိုတာက ဘာလဲ”
UFC လို့ခေါ်တဲ့ (Ultimate Fighting Championship) ဟာ MMA ရဲ့ ပြိုင်ပွဲတွေထဲ လူစိတ် ၀င်စား မှုအများဆုံး၊ ဆုကြေး အများဆုံးနဲ့ အကောင်းဆုံးဆိုတဲ့ ဖိုက်တာတွေပြိုင်တဲ့ ပွဲ။ ၁၉၉၃ခုနှစ်မှာ စတင်ခဲ့တယ်။ ၁၉၉၃ကနေ လက်ရှိအချိန်အထိ UFC ပွဲပေါင်း ၄၀၀ကျော် ကျင်းပခဲ့ပြီးဖြစ်တယ်။
MMA အောက်မှာ UFC, Bellator MMA, WSOF, ONE Championship, KSW ဆိုတဲ့ပြိုင်ပွဲတွေ ရှိပါတယ်။ ကျွန်တော်တို့ မြန်မာ့ ဂုဏ်ဆောင် အောင်လရဲ့ One Championship က ပြိုင်ပွဲအဆင့် ၄နေရာမှာရှိတာပါ။ UFCက အမေရိကန်နိုင်ငံ၊ Las Vegas မှာ အခြေစိုက်တယ်။ လက်ရှိ President က ဒေနာ ၀ှိုက်ပေါ့။ ၂၀၀၁ခုနှစ်မှာ အဲ့ဒီရာထူးကိုရယူပြီးနောက် သူ့လက်ထက်မှာ UFC ပြိုင်ပွဲဟာ ၄ဘီလျံကျော်အထိ တန်းကြေးရှိလာပြီး အရမ်းနာမည်ကြီးလာတဲ့ ပြိုင်ပွဲပါ။ ဒေနာ ၀ှိုက်က ကော်နာ နဲ့ မေ၀ဲသာ ပွဲဖြစ်မြောက်ဖို့အတွက် ကော်နာရဲ့ ကိုယ်စားလှယ်အနေနဲ့ အဓိက ပါဝင်ဆွးနွေးခဲ့တဲ့ သူတစ်ယောက်ပါ။ UFC ဟာ လက်ရှိမှာ အမေရိကန်နိုင်ငံ တစ်ဝှမ်း လူကြည့်အများဆုံး ပြိုင်ပွဲတွေထဲက တစ်ခု ဖြစ်ပါတယ်။
“ကော်နာ မက်ဂရီဂေါ်”
လက်ရှိ UFC မှာ နာမည်အကြီးဆုံး ဖိုက်တာ တစ်ဦးဖြစ်ပါတယ်။ ကော်နာဟာ ၂၀၀၈ မှာမှ သိုင်းပေါင်းစုံ ထိုးသတ်တဲ့ MMAပွဲတွေကို စတင်ထိုးသတ်ခဲ့သူပါ။ ကော်နာက UFC ကိုမရောက်ခင် CWFC လို့ခေါ်တဲ့ Cage Warriors Fighting Championship မှာ ၁၄ပွဲထိုးသတ်ခဲ့တယ်။ ၀ိတ်တန်း ၂ခုမှာ ချန်ပီယံဖြစ်ခဲ့တယ်။ အဲ့ဒီပြိုင်ပွဲမှာ ၁၂ပွဲနိုင်တယ်။ ၂ပွဲရှုံး တယ်။ အဲ့ဒီ ၂ပွဲက သူ့ရဲ့ အစောပိုင်းထိုးခဲ့တဲ့ ပွဲတွေမှာပေါ့။ နိုင်ခဲ့တဲ့ ၁၂ပွဲမှာ အလဲထိုးပြီးနိုင်ခဲ့တဲ့ပွဲတွေချည်းပါ။ အရည်အချင်းရှိတဲ့ ကော်နာကို ဒေနာ ၀ှိုက်က ၂၀၁၃ခုနှစ်မှာ UFC နဲ့စာချုပ်ပြီး အမေရိကန်မှာ ထိုးသတ်ဖို့ ခေါ်ယူခဲ့တယ်။ ကော်နာဟာ UFC မှာ ၁၀ပွဲပဲ ထိုးပြီး နာမည်အကြီးဆုံး ဖိုက်တာ တစ်ယောက်ဖြစ်လာခဲ့တယ်။ သူထိုးခဲ့တဲ့ ၁၀ပွဲမှာ ၅ပွဲက UFC Pay-per-views ပွဲတွေပါ၊ သူ့ကို နာမည်ကြီး လာစေခဲ့တဲ့ ပွဲကတော့ ၂၀၁၅မှာ ထိုးခဲ့တဲ့ UFC 189 မန်းဒက်စ်နဲ့ပွဲပါ။ အဲ့ဒီပွဲမှာ အချုတ်အသတ် ကောင်းတဲ့ မန်းဒက်စ်ဟာ ကော်နာကို ပွဲအတွင်းမှာ ၃ကြိမ်ထက်မနည်း လဲအောင်လုပ်နိုင်ခဲ့တယ်။ ကော်နာက သူ့ရဲ့ ပုံစံအတိုင်း ထိုးချက်တွေနဲ့ အလဲထိုးဖို့ကြိုး စားတယ်။ ကော်နာရဲ့ ဘယ်ဖက် လက်သီးကြောင့်ပဲ မန်းဒက်စ်ကို နိုင်ခဲ့တယ်။ အဲ့ဒီနောက် UFC 194 ဖယ်သာဝိတ်တန်းမှာ ချန်ပီယံ ဂျိုဇေ အယ်လ်ဒိုနဲ့ ထိုးခဲ့ပါတယ်။ အယ်လ်ဒိုက ၂၀၁၅အထိ သူ့ရဲ့ ချန်ပီယံဘွဲ့ကို ၁၀ကြိမ်တိတိ ကာကွယ် ထားနိုင်တဲ့သူပေါ့။ အားလုံး ဂျိုဇေ အယ်လ်ဒိုပဲနိုင်မယ်လို့ ထင်ခဲ့ပေမယ့် ကော်နာက ပွဲစပြီး ၁၃စက္ကန့်အတွင်းမှာပဲ အယ်လ်ဒိုကို အလဲထိုးပြီး နိုင်ခဲ့ပြီး သူ့ရဲ့ UFC ပထမဆုံး ချန်ပီယံဖြစ်တဲ့ ဖယ်သာ ၀ိတ်တန်းမှာ ကမ္ဘာ့ချန်ပီယံဖြစ်လာပါတယ်။ ကော်နာဟာ UFC 196 နဲ့ UFC 202 မှာ အမေရိကန်က နိတ် ဒီးယာ့ဇ်နဲ့ ၂ပွဲထိုးတယ်။ ပထမပွဲမှာ လည်ပင်းညှစ်ခံရပြီး ရှုံးခဲ့တယ်။ နောက် မကျေပွဲမှာတော့ တစ်ယောက်နဲ့ တစ်ယောက် ၅ချီအထိ သွေးထွက်သံယို အပြန်အလှန် ထိုးသတ်ပြီးမှ အမှတ်နဲ့ ပြန်နိုင်တယ်။ နောက်ဆုံးကတော့ သူ့ ၀ိတ်တန်း ထက် တစ်ဆင့်မြင့်တဲ့ လိုက်ဝိတ်တန်းမှာ ချန်ပီယံဖြစ်နေတဲ့ အက်ဒီ အယ်ဗာရက်ဇ်နဲ့ ထိုးခဲ့တာပါ။ UFC 205 မှာ ဖြစ်ပါတယ်။ ။ အဲ့ဒီပွဲရဲ့ ၂ချီမှာပဲ အက်ဒီ အယ်ဗာရက်ဇ် ကိုနိုင်ပြီး UFC သမိုင်းတစ်လျောက် ၀ိတ်တန်းမတူညီတဲ့ ပြိုင်ပွဲနှစ်ခုရဲ့ ချန်ပီယံဖြစ်လာ ပါတယ်။ ကော်နာ မက်ဂရီဂေါ်ရဲ့ မှတ်တမ်းက ၂၄ပွဲမှာ ၂၁ပွဲနိုင်၊ ၃ပွဲရှုံး၊ ၁၈ပွဲ အလဲထိုးခဲ့တယ်။
"မက်ဂရီဂေါ် UFC, CWFC မှတ်တမ်း"
အသက် - ၂၉ နှစ်
ထိုးသတ်ပွဲ - ၂၄ပွဲ
နိုင်ပွဲ - ၂၁ပွဲ
အလဲထိုး - ၁၈ပွဲ
ရှုံးပွဲ - ၃ပွဲ
အရပ် - ၅ပေ ၉ လက်မ
စုစုပေါင်း ဆုကြေးငွေ - ဒေါ်လာ သန်း ၄၀
“ဖလွိုက် မေ၀ဲသာ”
မေ၀ဲသာကတော့ ၀ိတ်တန်း ၅ခုမှာ ချန်ပီယံဖြစ်ခဲ့ဖူးတယ်။ စူပါ ဖယ်သာဝိတ်တန်းကနေ လိုက် မစ်ဒယ်ဝိတ်တန်းအထိ ၅တန်းစလုံးမှာ ချန်ပီယံဖြစ်ခဲ့တာပါ။ ၁၉၉၆ အတ္တလန်တာ အိုလံပစ်ရဲ့ ဖယ်သာဝိတ်တန်းမှာ ကြေးတံဆိပ်ရဖူးပါတယ်။ ပရော်ဖက်ရှင်နယ် လက်ဝှေ့လောကမှာ ကမ္ဘာ့ချန်ပီယံအဖြစ် ၁၅ကြိမ်ဖြစ်ဖူးပါတယ်။ သူ့ရဲ့ လက်ဝှေ့ သက်တမ်း နှစ်ပေါင်း ၂၀အတွင်းမှာ ပွဲပေါင်း ၄၉ပွဲ ထိုးသတ်ခဲ့ပါတယ်။ ရှုံးပွဲလုံးဝမရှိတဲ့ ချန်ပီယံပေါ့။ သူ့ရဲ့အတန်းမှာ လက်ဝှေ့လောကရဲ့ နာမည်ကျော် တွေဖြစ်တဲ့ အော်စကာ ဒယ်လာဟိုရာ၊ ရစ်ကီ ဟတ်တန်၊ မားကွက်ဇ်၊ ကာနယ်လို၊ မန်နီ ပတ်ကွီယောင်တို့လို့ နာမည်ကျော်တွေကို နိုင်ခဲ့တာပါ။ ၂၀၁၅ခုနှစ် စက်တင်ဘာလမှာတော့ အမေရိကန်ကပဲ အန်ဒရီ ဘာတိုတိုကိုနိုင်ပြီး ၄၉ပွဲ ရှုံးပွဲမရှိစံချိန်နဲ့ အနားယူခဲ့ပါတယ်။ မေ၀ဲသာဟာ ၄၉ ပွဲရှုံးပွဲမရှိ စံချိန်မှာ ၂၆ပွဲ အလဲထိုးနိုင်ခဲ့တာပါ။ သူနောက်ဆုံး အလဲထိုးအနိုင်ရခဲ့တဲ့ ပွဲကတော့ ၂၀၁၁ တုန်းက သူ့ရဲ့ ၄၂ပွဲမြောက်နိုင်ပွဲဖြစ်တဲ့ အမေရိကန်က ဗစ်တာအော်တစ်နဲ့ ပွဲမှာပေါ့။ နောက်ဆုံး ၇ပွဲဆက်တိုက်မှာတော့ ၁၂ချီအထိ ထိုးသတ်ခဲ့ရပြီး ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ အမှတ်နဲ့ အနိုင်ရခဲ့ဖြစ်ပါတယ်။
"မေ၀ယ်သာ လက်ဝှေ့ မှတ်တမ်း”
အသက် - ၄၀နှစ်
ထိုးသတ်ပွဲ - ၄၉ပွဲ
နိုင်ပွဲ - ၄၉ ပွဲ ရှုံးပွဲမရှိ
အလဲထိုး - ၂၆ပွဲ
အရပ် - ၅ပေ ၈လက်မ
စုစုပေါင်း ဆုကြေးငွေ - ဒေါ်လာ သန်း ၇၀၀
“Mega Money Fight”
ဒါတွေက ဒီညမှာ ထိုးသတ်မယ့် ကြမယ့် ဖလွိုက် မေ၀ဲသာနဲ့ ကော်နာ မက်ဂရီဂေါ်ရဲ့ လက်ဝှေ့မှတ်တမ်းတွေ ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးက ပြိုင်ပွဲမတူ၊ နယ်ပယ်မတူတဲ့ ကစားနည်းတွေမှာ ချန်ပီယံတွေ ဖြစ်ပါတယ်။ ဒါကြောင့် မီဒီယာတွေကပဲ သူတို့နှစ်ဦးရဲ့ ပွဲကိုဖြစ်လာဖို့ နည်းမျိုးစုံနဲ့ တစ်နှစ်ကျော်ကြာ ကြိုးပမ်းခဲ့အပြီး နောက်ဆုံးမှာ ဒီပွဲ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ မေ၀ဲသာ က အနားယူနေရာကနေ ပြန်ထိုးရမှာဖြစ်လို့ ဒီပွဲကို သန်း ၁၀၀အနည်းဆုံး သတ်မှတ်ခဲ့ပြီး ကော်နာကလည်း အရမ်းနာမည်ကြီးနေတဲ့ UFC ချန်ပီယံဆိုတော့ သူ့လိုပဲ ထိုးကြေးလိုချင်တယ်လို့ တောင်းဆိုခဲ့ကြပါတယ်။ မေ၀ဲသာက လက်ဝှေ့ စည်းမျဉ်းအတိုင်းဆိုရင် ထိုးသတ်မယ်လို့ ပြောခဲ့ပြီးနောက် ကော်နာက လက်ဝှေ့ လိုင်စင်ယူပြီး ထိုးဖို့ စိန်ခေါ်ခဲ့ပါတယ်။ အဲ့ဒီနောက် မေ၀ဲသာရဲ့ The Money Team နဲ့ UFC က ဒေနာ ၀ှိုက်တို့အကြား နောက်ဆုံး သဘောတူညီမှုရခဲ့ပြီး ဒီညမှာ ထိုးသတ်ဖို့ ဖြစ်လာခဲ့ တာပါ။ မေ၀ဲသာရဲ့ TMT ( The Money Team) က ဒီပွဲကို အဓိက ကမ္ဘာ့ပရိသတ်တွေ ပိုစိတ်ဝင်စားအောင်လုပ်ဖို့ World Tour Press ဆိုပြီး ပရိုမိုးရှင်းတွေ ၄ပွဲလုပ်ခဲ့ပါတယ်။ အဲ့ဒီပွဲ ၄ခုကို လော့စ်အိန်ဂျလိစ်၊ တိုရွန်တို၊ နယူးယောက်နဲ့ လန်ဒန်မြို့တွေမှာပါ။ ဒီပွဲဟာ စုစုပေါင်း ၀င်ငွေ ၁ဘီလျံကျော်အထိရမယ်လို့ ပြိုင်ပွဲစီစဉ်သူတွေက ခန့်မှန်းထားကြပါ တယ်။ အဲဒီ့ရဲ့ အကျိုးအမြတ်ကိုတော့ ပွဲစီစဉ်သူတွေဖြစ်ကြတဲ့ မေ၀ဲသာရဲ့ Money Team နဲ့ UFCက ဒေနာ ၀ှိုက်အပြင် လက်ဝှေ့ထိုးသတ်မယ့် နှစ်ဦးက ရမှာ ဖြစ်ပါတယ်။
"Mega Money Fight မှ စိတ်ဝင်စားဖွယ် အချက်အလက်များ”
၁) လက်မှတ်ရောင်းရငွေ - ၇၇သန်း
၂) PPV ( Pay-Per-View) - ၄၇၅သန်း
၃) စပွန်ဆာ - ၂၂သန်း
၎) Worldwide View - ၄၅၀သန်း
( ခန့်မှန်းခြေ အနည်းဆုံး ၁ ဘီလျံ ရမယ်လို့ ပွဲစီစဉ်သူတွေက ခန့်မှန်း ထားတာ ဖြစ်ပါတယ်။ )
“လက်မှတ်ဈေးနှုန်း”
ရာစုနှစ်အတွင်း မတူညီတဲ့ အားကစားနည်း နှစ်ရပ်ရဲ့ ထိပ်တိုက်ဆုံတွေ့ပွဲရဲ့ လက်မှတ်က စံချိန်တင် ဈေးကြီးနေပါတယ်။ ပွဲကျင်းပမယ့် T-Mobile Arena က ပရိသတ် ၂သောင်းပဲ ဆံ့ဝင်ပြီး လက်မှတ် ဈေးနှုန်းက အွန်လိုင်းမှာ အနည်းဆုံး ဒေါ်လာ ၄၀၀၀ကျော် ရှိနေပါ တယ်။ RingSide လက်မှတ်က အနည်းဆံး ဒေါ်လာ ၁၆၀၀၀ကျော်ကနေ အများဆုံး ဒေါ်လာ တစ်သိန်းကျော်အထိဖြစ်ပါတယ်။
“တီဗီကနေ Pay-Per-View ကြည့်မယ်ဆိုရင်”
လက်မှတ်ဈေးနှုန်းမြင့်မားမှုကြောင့် ပရိသတ် ၂၀၀၀၀သာ ဆံ့မယ့် T-Mobile Arenaမှာ သွားရောက် မကြည့်နိုင်တဲ့သူတွေအတွက် US နဲ့ Worldwide PPV တွေရဲ့ ဈေးနှုန်းတွေကို ထုတ်ပြန် ထားပါတယ်။ အမေရိကန်နိုင်ငံအတွင်းက PPV ( Pay-Per-View) ကြည့်မယ့်သူတွေဟာ အဲ့ဒီပွဲကို (HD)နဲ့ ဆို ဒေါ်လာ ၁၀၀( ပေါင် ၇၈) ပေးကြည့်ရမှာဖြစ်ပြီး၊ ပုံမှန် SD ဒေါ်လာ ၉၀ ( ပေါင် ၇၀) ပေးရမှာ ဖြစ်ပါတယ်။ PPV ကနေ အနည်းဆုံးကြည့်ရှု့သူ ၄.၇၅သန်းအထိရှိမယ်လို့ ခန့်မှန်းထားပြီး ဒေါ်လာ ၄၇၅သန်းအထိ ရနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ အမေရိကန်နိုင်ငံအတွင်း ပတ်ကယောင်နဲ့ မေ၀ဲသာတို့ရဲ့ ပွဲမှာ ကြည့်ရှု့သူ ၄.၆သန်းအထိရှိခဲ့ပြီး ဒေါ်လာ ၄၅၅သန်း အထိရခဲ့ပါတယ်။ ယူကေနိုင်ငံမှာတော့ ပေါင် ၂၀နဲ့ အိုင်ယာလန်နိုင်ငံမှာ ယူရို ၂၅ကျမှာ ဖြစ်ပါတယ်။
“သူတို့နှစ်ဦး ဘယ်သူနိုင်မလဲ”
၁၅၄ပေါင်၊ လိုက် မစ်ဒယ်ဝိတ်တန်း၊ ၁၂ချီ၊ လက်ဝှေ့စည်းမျဉ်းနဲ့ ထိုးသတ်မယ့် ဒီပွဲမှာ အသက် ၄၀အရွယ်ရှိတဲ့ မေ၀ဲသာနဲ့ ၂၉ နှစ်သာရှိသေးတဲ့ ကော်နာ မက်ဂရီဂေါ်အကြား သက်လုံက အရေးပါနိုင်ပါတယ်။ မေ၀ဲသာက တိုက်စစ်ထက် ခံစစ်ကို အသားပေးတဲ့ ပုံစံ ကိုပဲ အထူးပြုထိုးသတ်ဖို့ရှိပြီး ကော်နာက သူပြောခဲ့တဲ့အတိုင်း ၄ချီမတိုင်မီ အလဲထိုးဖို့ ကြိုးစားမှာပါ။ ကော်နာက UFCမှာ အချုတ်ထက် အသတ်အပုတ်ပိုကျွမ်းကျင်းသူဖြစ်ပြီး သူ့ရဲ့ ဘယ်လက်သီးနဲ့ ပြိုင်ဖက်တွေကို ပွဲသိမ်းထိုးလေ့ရှိပါတယ်။ မေ၀ဲသာက အလဲထိုးဖို့ထက် အမှတ်နဲ့ ဘယ်လို အနိုင်ယူရမလဲဆိုတဲ့ နည်းစနစ်ကောင်းကောင်းနဲ့ ပွဲတွေမှာ နိုင်ပွဲရလေ့ရှိသူပါ။ သူ့ရဲ့ နောက်ဆုံး ၇ပွဲစလုံးက အမှတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါ တယ်။ အဲ့ဒီပွဲတွေမှာ သူက ပြိုင်ဖက်တွေရဲ့ လက်သီးချက် ၁၆ ရာခိုင်နှုန်းပဲ ထိမှန်ခဲ့တယ်။ ဒါကို ကော်နာကလည်းသိထားတော့ အစောပိုင်းအချီတွေမှာ သူ့ကို ဘယ်လို ပွဲသိမ်း ထိုးမလဲကို သေချာလေ့ကျင့်ထားပါတယ်။ UFC မှာထိုးသတ်ခဲ့တဲ့ ပွဲတွေမှာ တိုက်စစ် အရမ်းအသားပေးလွန်းတဲ့ ကော်နာကို မေ၀ဲသာက ပက်ကွီယောင်ကို အနိုင်ရခဲ့ တဲ့ ပုံစံအတိုင်းထိုးမှာသေချာတယ်။ ကော်နာအနေနဲ့ ဒီပွဲမှာ အရှောင်းအတိန်းကောင်းပြီး ခံစစ် နည်းဗျူဟာကောင်းတဲ့ မေ၀ဲသာကို အနိုင်ရဖို့ လက်သီးချက် ၈၀၀ကျော် ပစ်လွှတ်ရမယ်လို့ လက်ဝှေ့ သုံးသပ်သူတွေက ဆိုထားတယ်။ ဒီပွဲက Boxing နဲ့ MMA ဖန်တွေ ဘယ်သူနိုင်မ လဲ အငြင်းပွားနေတဲ့ပွဲမှာ လက်ဝှေ့ကျွမ်းကျင်သူတွေနဲ့ လောင်းကစားဒိုင်တွေ က မေ၀ဲသာ လွယ်လွယ်နဲ့နိုင်သွားမယ်လို့ ဆိုနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းကမှ နာမည်ကျော် လက်ဝှေ့ကျော် မန်နီ ပက်ကွီယောင်က သြစတြေးလျက ကျောင်း ဆရာဟောင်း ကို မထင်မှတ်ဘဲ ရှုံးခဲ့တာတွေက ဒီပွဲမှာ ဘာမဆို ဖြစ်လာနိုင်တယ်လို့ မေ၀ဲသာ ပရိုမိုးရှင်း CEO အယ်လာဘီက ဆိုပါတယ်။
“နောက်ဆုံးအခြေအနေ”
ဒီကနေ့ညမှာ ထိုးသတ်မယ့်ပွဲကို လက်ဝှေ့အသိုင်းအ၀ိုင်းကတော့ မေ၀ဲသာကို အနိုင်ရစေချကြပါတယ်။ သူတို့ရဲ့ အားကစားနည်းရဲ့ ဂုဏ်သိက္ခာက မေ၀ဲသာရဲ့ အနိုင်၊ အရှုံး အပေါ် အများကြီး မူတည်နေတယ်လို့ ဆိုပါတယ်။ မေ၀ဲသာကတော့ ဒီပွဲမှာ သူလွယ်လွယ်ကူကူပဲ နိုင်မယ်လို့ ဆိုခဲ့ပြီး ကော်နာက ပထမအချီအတွင်းမှာ အလဲထိုးမယ်လို့ ကြုံးဝါးထားကြပါတယ်။ အဲ့ဒီပွဲမှာ လောင်းကစားဒိုင် ( ဘွတ်ကီ) တွေကတော့ မေ၀ဲသာကိုသာ အနိုင်ရစေချင်ကြတာပါ။ လက်ရှိမှာလည်း ပရိသတ်တွေ အားလုံးနီးပါးက ( လောင်းကြေး အနိုင် အဆများများရမယ့်) ကော်နာ မက်ဂရီဂေါ် ဖက်ကချည်း ရောင်းထားကြတယ်လို့ ဆိုပါတယ်။ တကယ်လို့ ကော်နာ မက်ဂရီဂေါ် အနိုင်ရခဲ့ပါက ဒေါ်လာ သန်းရာချီပြီး လျော်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ကော်နာရဲ့ အိုင်ယာလန် နိုင်ငံက နာမည်ကျော် ဘွတ်ကီတစ်ခုဖြစ်တဲ့ Paddypower ကတော့ မေ၀ဲသာဖက်က လောင်းထား သူတွေကို လက်ဝှေ့ပွဲ မထိုးသတ်မီ ရက်ပိုင်းအလိုကတည်းက အနိုင်အဖြစ် အလျော်ပေး ထားပါတယ်။ သူတို့ နှစ်ဦးရဲ့ ပွဲကိုတော့ တစ်ကမ္ဘာလုံးက စောင့်ကြည့်ဖို့ နေကြမှာဖြစ်ပြီး နောက်ဆုံးမှာ ဘယ်သူ အောင်ပွဲခံသွားမလဲဆိုတာကတော့ ………..။
BBC

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။