shared by snowde on 29/08/17 - momolay.com - Sport
ကမ္ဘာကျော်လက်ဝှေ့ကျော်တစ်ဦးဖြစ်ပြီး အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Conor McGregor ဟာ မကြာသေးမီကမှ Mayweather နဲ့စိန်ခေါ်ထိုးသတ်ထားပြီး ရှုံးနိမ့်ထားသူပါ။ MMA ရဲ့သူရဲကောင်းတစ်ဦးဖြစ်ပြီး သူယခုလိုအောင်မြင်လာဖို့အတွက် နောက်ကွယ်ကခွန်အားတစ်ခုကလည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ သူ့ရဲ့ချစ်သူဖြစ်တဲ့ Dee Devlin ပါပဲ။ Conor McGregor ဟာသူ့ရဲ့တရားဝင်ဖေ့ဘုတ်စာမျက်နှာမှာ ချစ်သူနဲ့ ၈ နှစ်ပြည့်အမှတ်တရ စာသားလေးတစ်ခု တင်ထားပါသေးတယ်။
"ငါတို့တွေအတူရှိနေကြတာ ၈ နှစ်ရှိပြီ။ အိုင်ရာလန်နိုင်ငံ ဒတ်ဘလင်မြို့ကနေ မိုင် ၃၀ ဝေးတဲ့ ဒေသလေးတစ်ခုက တိုက်ခန်းလေးမှာ နေခဲ့ကြပြီး ၀င်ငွေမယ်မယ်ရရမရှိခဲ့တဲ့ ဘ၀မှာ နေခဲ့ကြတယ်။ ငါကချန်ပီယံတစ်ယောက် ဖြစ်ချင်ခဲ့တာလေ။ သူမကတော့ ငါ့ကိုအပြည့်အ၀ယုံကြည်ပေးခဲ့တယ်။ ငါ့ကိုအစားကောင်းကောင်းတွေလည်း စားစေခဲ့တယ်။ အပြင်းအထန်လေ့ကျင့်ပြီး အိမ်ပြန်လာတဲ့အခါမှာလည်း ကော်နာ နင်ဒါကိုဖြစ်မြောက်အောင်လုပ်နိုင်မယ်ဆိုတာ ငါသိတယ်ဆိုပြီး သူမက အားပေးခဲ့တယ်။ အခုတော့ ငါမှာပိုင်ဆိုင်မှုတွေ မီလီယံနဲ့ချီပြီးရှိခဲ့ပြီ။ ကြိုက်တဲ့ကား၊ ကြိုက်တဲ့အိမ်ကိုလည်း အချိန်မရွေးဝယ်နိုင်ပြီ။ ဒါပေမယ့် သူမဟာ ငါ့ဆီကနေ ဘာဆိုဘာမှ မတောင်းဆိုခဲ့ဘူး။ သူမဟာအချိန်တိုင်း ဘေးမှာရှိပေးခဲ့ပြီး I can do everything ဆိုတဲ့အတွေးရအောင် အားအမြဲပေးခဲ့တယ်လေ"
Credit - momolay
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။