လူရယ်လို့ဖြစ်လာရင် စိတ် ခံစားမှုလည်း ဖြစ်ပေါ်တတ်တာ သဘာဝ ပါဘဲ။အံ့သြမယ် /နာကျည်းမယ် ၀မ်းသာမယ် / ပျော်ရွင်မယ် /ကြည်နူးမယ် / စိတ်ပျက်မယ် /ဒေါသထွက်မယ် /ခွင့်လွတ်မယ် / စသဖြင့်ပေါ့ ….
စိတ်ဆိုတာ ခံစားမှုမျိုးစုံ အတွက် ပါဘဲ။တစ်ခုခုကို လိုချင် လာတဲ့အခါ ရလာရင် ဝမ်းသာမယ် မရရင် ၀မ်းနည်းမယ် ဒါက သဘာဝပါ။ ရပြီးတဲ့အရာကို ဆုံးရှုံးရမယ် ဆိုရင် ကြေကွဲဝမ်းနည်းမှုက ဘယ်အရာနဲ့မှ လဲလို့မရအောင် ဖြစ်တတ်ပါတယ်။
ငယ်ရွယ်ချိန်မှာ ချစ်သူရဲ့ကွေ့ကွင်းခြင်းကို ကြုံတဲ့အခါ အရွယ်ကငယ်သေးတော့ ထားသွား ရက်သူကို စိတ်ဆိုး ဒေါသ ထွက်မယ် မခံမရပ်နိင်အောင်ဖြစ်မယ် ရင်ထဲမှာ ပဲခံစားပါ။ ဒေါသဆိုတာ အပြင်ကို ထွက်လာရင် အန္တရာယ်များ သလို ရုပ်လည်းဆိုးနေ တတ်ပါတယ်။
ကိုယ့်မှာ သူ ထားသွားလောက်တဲ့အကြောင်းတစ်စုံတရာ ရှိနေလို့  နေမှာပါ။ ဒါမှမဟုတ် သူ့အနေနဲ့ စိတ်ကုန် သွားတာလည်း ဖြစ်နိုင်ပါတယ်။ကိုယ့်ဘက်က ဖြည့်ဆည်းမှု တစ်ခုခု လိုအပ်နေခဲ့ရင်လဲ ဖြစ်နိုင်ပါတယ်။” လူ့အကြိုက် ကို နတ်မလိုက်နိုင် ဘူး ” လို့ စကားပုံတောင် ရှိသေးတာဘဲ …
လိုအပ်ချက်ဆိုတာ အမြဲလိုလို ရှိနေတတ်ပါတယ်။တကယ်လို့များ နေခဲ့ရတော့မယ် လို့သိလာ ရရင်သူ့အပေါ်မှာ နားလည်နိုင်အောင် ကြိုးစားပါလို့ တိုက်တွန်း ချင်ပါတယ်။ ကိုယ့်ကိုယ်ကို အားပေးပါ။ငါ့ရဲ့ လိုအပ်ချက် တွေကြောင့် ငါနေခဲ့ ရတာပါလား ဆိုပြီး တစ်ပါးသူကို အပြစ်မတင်ဘဲ နေကြည့်ပါ။
ရင်ထဲမှာ ၀မ်းနည်း ဆိုနင့်ရပေမဲ့ သူ့အတွက် ရောအဖြစ်အပျက်တွေသိသူတွေ အတွက် ရောထပ်ဆင့် စိတ်မကောင်း မဖြစ်ရအောင် ကိုယ့်ရဲ့ ခံစားမှု တွေကို မြိုသိပ်ပါ။မြိုသိပ် တတ်ရင် ခံစားတတ် လာမယ် အလွမ်းတွေနဲ့ နေသားတကျ ရှိလာမယ်။ အသားကျလာရင် ခံစားမှုတွေ အတွက် ကဗျာတွေ စာတွေ ရေးဖြစ် လာပါမယ်။ သီချင်းတွေ ခံစား တတ်လာမယ်။နောက်ဆုံး အနုပညာ ဆန်လာမယ်။သီချင်း ကဗျာ ၀တ္ထု ရုပ်ရှင် စတဲ့ အနုပညာတွေဖြစ်ပေါ် လာ တတ်ပါတယ်ခံစားမှု မရှိပဲ အနုပညာ ကို ဖန်တီးလို့  မရနိုင်ပါဘူး။
ဘယ်လိုခံစားမှု ဘဲဖြစ်ဖြစ် အလွမ်း တွေကသာနရာ ယူလေ့ရှိပါတယ်။ဘ၀မှာ မလွမ်းဖူး ရင်တောင် အလွမ်းဆိုတာ ဘာလဲဆိုတာ သိရတာပေါ့။ ဒီလို ဆင်ခြင်မိတဲ့အခါ သူ့တစ်ပါးကိုလည်း အပြစ် မမြင် တတ်တော့ ပါဘူး။ မိမိရဲ့စိတ်ကိုလည်း အားပေးပြီးသား ဖြစ်ပါမယ်။ကိုယ်တိုင်လည်း ရင့်ကျက် လာပါလိမ့်မယ်။ ဒါက အချစ်နဲ့ပတ်သက်တဲ့ ခံစားမှု ကို ဖြေလျော့ ဖို့ပါ။
အလုပ်တွေ လုပ်တဲ့အခါ သူများထက် နောက်ကောက်ကျ နေမယ် အပြစ်တွေ ဖြစ်နေမယ် ဆိုရင် ကိုယ့်ကိုယ်ကို လူညံ့စာရင်းထဲကို ထည့်ရမှာ ပါ ။ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုက လျော့နည်းနေလို့ ဒီလို နောက်ကောက် ကျရတာပါ။
အလုပ်မှာ စိတ်ပါဝင်စားစွာကြိုးစားလုပ်ဆောင်ခဲ့မယ်ဆိုရင် အချိန်တွေရွေ့လျားလာတာနဲ့ အမျှ ကိုယ်တိုင်လည်း ရှိသင့် တဲ့ နေရာ ကို ရောက်လာမှာပါ။ အလုပ်ကို မညည်းမညူ လုပ်ပါ ။အလုပ်ဘယ်လောက် များများ ဇွဲမလျော့ဘဲ ကြိုးစားကြည့်ပါ …
အလုပ်ကို အစဉ်တစ်စိုက် လုပ်လာတဲ့အခါ ကျွမ်းကျင် လာရင် အလုပ်ကို ချစ်တတ် သွားပါလိမ့်မယ်။ အလုပ်ကို ချစ်တတ် သွားရင် ဘ၀အတွက် အကောင်းဆုံး အရင်းအနှီး ရသွားပါ ပြီ။တိုးတက်ဖို့ဆိုတာလဲ လက်တစ်ကမ်းမှာဘဲ ရှိသွား ပါပြီ။
ဒါကြောင့် …အလုပ်တွေ ပင်ပန်းတဲ့ အခါ ကိုယ့်ကိုယ်ကို အားပေးပါ။ လူက ကိုယ့်ကိုယ်ကို ခိုင်းပေး ရတယ်။
ကိုယ့်ကိုယ်ကို မခိုင်း ရင် သူများခိုင်းတာ ခံရမယ်။ သူများ ခိုင်းတာကို မခံပါနဲ့ ဘဝ မှာ ရှက်စရာ ကောင်းပါတယ်။ကိုယ်လုပ်နေတဲ့ အလုပ်တွေကအကျိုးခံစားခွင့် နည်းလည်းကိုယ့်ဘက်က ကြိုးစားမှုကို လျှော့ချ ပြစ်လို့မဖြစ်ပါဘူး။
အလုပ်ကို ကြိုးစားလုပ်တဲ့ ဗီဇလေး လေးပါသွားအောင် အလုပ်ကို တန်ဖိုးထားပြီး လုပ်တတ်တဲ့ အကျင့်ကို မွေးမြူ တတ်အောင်လို့ပါ။တစ်ခါတစ်ခါမှာ ကြိုးစားမှုတွေကို ဆန်းစစ် မိပါတယ်။ဘယ်သူ့အတွက်လဲ ဆိုပြီး တော့ပေါ့။
ကြိုးစားမှုတိုင်းဟာ ကိုယ့်အတွက် မဖြစ်ခဲ့ ရင်တောင်ကိုယ့်မိသားစုအတွက် ဖြစ်လာမယ်။ ကိုယ့်ရဲ့ မသိစိတ်ကို ကောင်းသော အကျင့်မွေးမြူပြီးသား ဖြစ်မှာပါ။တကယ်တော့လူရယ်လို့ဖြစ်လာကတဲက သူတစ်ပါး အတွက် ပေးဆပ်ရင်းကိုယ့်ကိုယ်ကို အသက်ဆက် နေရတာပါ။
အဆင်မပြေဖြစ်လို့ ၀မ်းနည်းစရာ ကြုံလာရရင်လဲဖြေသိမ့်တတ်အောင် ကြိုးစားပါ။ ကိုယ့်ကိုယ် ကို ပြန်အားပေးပါ။တကယ်တော့ လောကကြီးက ကိုယ့်ကို ” နေရာ ” အဆင်သင့် ပေးမထားပါဘူး။ ကိုယ်ကကြိုးစားပြီး နေရာယူ ရတာပါ။
Credit: Aung Ko Latt
ရာမညမြေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။