Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, August 16, 2017

ကျောင်းသားမိဘများသို့ အကြံပေးချင်တဲ့ စကားများ

 
 
ကျောင်းသားမိဘများသို့ အကြံပေးချင်တဲ့ စကားများ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မိဘများရဲ့ အကြောင်းကို မိဘများကသာ အသိဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်သက်ရင့် အတန်းပိုင်ဆရာ၊ ဆရာမကြီးများနဲ့ မိဘများ အကြောင်းကို ဆွေးနွေးဖြစ်တဲ့ အခါ
သူတို့ဟာ မိဘများအကြောင်းကို ပိုမိုသိရှိနောကျေနေတာကို တွေ့ရပါတယ်။
လုပ်သက် အနှစ် ( ၂၀ ) ရှိပြီဖြစ်တဲ့ ဆရာမကြီးတစ်ဦးကတော့
သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကို အခြေခံပြီး ကျောင်းသားမိဘများကို
အောက်ပါအတိုင်း အကြံပေးလိုက်ပါတယ်။

၁။ သင့်ကလေး ယဉ်ကျေးပါစေ။ ယဉ်ကျေးတယ်ဆိုတာ ဘာသာရေးအဆုံးအမကိုလိုက်နာရုံနဲ့ မပြီးပါဘူး၊ ဥပဒေကို လည်း လေးစားလိုက်နာရပါမယ်။ ပြီးရင် အားနည်းသူကို ဦးစားပေးခြင်း၊ လူများတဲ့နေရာတွေမှာ စကားတိုးတိုးပြောခြင်း၊ တန်းစီတတ်ခြင်း တို့လည်း ပါဝင်ပါတယ်။

၂။ သင်ကလေးများနဲ့ အတူ အမြဲတမ်း ( ၃ ) ခု လုပ်ဆောင်ပေးပါ။ အဲဒီသုံးမျိုးကတော့

က။ အတူတကွ ထမင်းလက်ဆုံ စားပေးပါ။
ခ။ ကလေးနဲ့အတူ ကစားစရာ ပြုပြင်ပါ။
ဂ။ ကလေးကို ပုံပြင် ပြောပြပါ။ ဖတ်ပြပါ။ သူတို့ကိုလည်း ပြန်ပြောပြ ဖတ်ပြဖို့ အားပေးပါ။ ခိုင်းပေးပါ။

၃။ မိဘများဟာ ကလေးများရဲ့ စံပြ ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။ အဆဲကြမ်းတဲ့ မိခင်ဟာ စကားပြောကြမ်းတဲ့ သမီးကို မွေးထုတ်တတ်ပါတယ်။ မိန်းမကို ရန်လိုတတ်တဲ့ ဖခင်ဟာ မိန်းကလေးများကို ရန်မူတတ်တဲ့ သားယော့က်ျား မွေးထုတ်တတ်ပါတယ်။ အရောင်းအ၀ယ်နဲ့ စီးပွားရေးလုပ်နေကြတဲ့ မိဘများ သတိထားဖို့လိုပါတယ်။ စီးပွားရေးလောက မှာ မုသားမပါ လင်္ကာမချော ဖြစ်တတ်တာမို့ အမှန်ကို အမှန်မပြောကြပဲ လိမ်ရတဲ့အခါ ရှိတတ်ပါတယ်။ လိမ်တာ ကြာလာတော့ အကျင့်စွဲသွားတတ်ပါတယ်။ သားသမီးများက အကုန်သိနေ ကြားနေတဲ့အခါ မုသားစကား ပြောတာကို ကောင်းတဲ့ အမူအကျင့်လို့ ထင်မြင်လာနိုင်ပါတယ်။ အဲဒီကလေးများဟာ အရွယ်ရောက်လာတဲ့အခါ စည်းကျော်ပြီး လိမ်လည်တတ်သွားပြီး ပျက်စီးသွားတတ်ပါတယ်။ မိဘများအနေနဲ့ ဖြစ်နိုင်ရင် လုပ်ငန်းနဲ့ ကလေးနဲ့ ခွဲနေပါ။ မုသားစကား လျှော့ပြောပါ။

၎ ။ ကြွယ်ဝ ချမ်းသာခြင်းဟာ ပညာရေးအတွက် ကောင်းမွန်တဲ့ အရင်းအမြစ်ပါ။ အနောက်တိုင်းသားများရဲ့ အယူအဆ အရ အထက်တန်းလွှာ ( Aristocracy ) တစ်ယောက်ကို ပျိုးထောင်ဖို့ မျိုးဆက် သုံးဆက် အချိန်ပေးရပါတယ်။ ပိုမိုအဆင့်မြင့်တဲ့ ပညာများကို သင်ယူဖို့ ဆိုတာ ပိုမို ကောင်းမွန်ပြည့်စုံတဲ့ သင်ယူမူ စနစ်ရှိရမှာ ဖြစ်ပါတယ်။ အကယ်၍ သူဋ္ဌေးသား ပုံစံနဲ့ သင်ကြားပေးမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးကို သားပိုမို ဖြစ်ပေါ် စေမှာ ဖြစ်ပါတယ်။

၅ ။ စီးပွားရေး အဆင်ပြေရင် အားလုံးအဆင်ပြေပြီးလို့ လူတော်တော်များများ ယုံကြည်ထားကြပါတယ်။ မိသားစု တစ်ခုမှာ အရေးကြီးဆုံးဟာ ( ၃ ) ခုရှိပါတယ်။ အဲဒါတွေကတော့........
၁။ ကျန်းမာခြင်း
၂။ သင့်မြတ်ခြင်းနဲ့
၃။ စီးပွားရေး အဆင်ပြေခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ သင့်မြတ်ခြင်းကို ပြောချင်ပါတယ်။ မိသားစုတစ်ခုလုံး တစ်ဦးနဲ့ တစ်ဦး အဆင်ပြေမှ စိတ်ဓါတ်ကျန်းမာတဲ့ ကလေးများကို မွေးထုတ်နိုင်မှာပါ။ ပြသနာမိသားစုဟာ အရပ်ထဲ၊ ကျောင်းထဲမှာ ရှိတဲ့ ပြသနာ ကလေးများကို မွေးထုတ်ပေးပါတယ်။

၆။ ကလေးရဲ့ ပညာရေးကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ပညာရေးကို ဦးစားပေးတဲ့ မိသားစု ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ကလေးရတဲ့ အဆင့်ကို အထူးအလေးပေးလွန်းတာမျိုး လုံးဝမဖြစ်သင့်ပါ။ ကလေးတစ်ယောက်ဟာ စာလည်း တော်တယ်။ ရည်လည်းရည်မွန်တယ်။ အကျင့်လည်း ကောင်းတယ်ဆိုရင် မိဘများအတွက် အလွန်ဝမ်းသာ စရာ ကောင်းပါတယ်။ စာတော့တော်တယ်။ အတ္တကြီးတယ်။ ဘာမဆို သူ့ကို အရေးပေးမှ ကြိုက်တယ်ဆိုရင် သူစာတော်တာကို ၀မ်းသာရမှာထက် သူ့ရဲ့ အကျင့်များက ပိုမို အလေးပေး ပြုပြင်ပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပျိုးထောင်ရမှာက လူကောင်းလူတော်ပါ။ အရင်ကောင်းမှ တော်စေတာပါ။ တော်ပြီး မကောင်းခဲ့ရင် ပိုမိုကြောက်စရာ ကောင်းပါတယ်။

ရ။ မိဘများဟာ ကလေးများရဲ့ ပညာရေး ကို လုံးဝတာဝန်ယူသင့်တယ်၊ အချိန်ပေးသင့်တယ်၊ ထောက်ပံ့ သင့်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဘာမဆိုကလေးအတွက်၊ ဘာမဆို ကလေးအတွက်ဆိုပြီး ကိုယ့်ဘ၀ရဲ့ အချိန်အားလုံးကို ရင်းလိုက်ပြီး အဖြည့်ခံဘ၀ ဖြစ်သွားတဲ့ အဖြစ်မျိုးကိုလည်း ရှောင်ရှားသင့်ပါတယ်။

၈။ ရိုးသားခြင်းဟာ လူသားတစ်ဦးအတွက် အကြီးမားဆုံးတန်ဖိုးပါ။ ရိုးသားတဲ့လူဟာ အနှစ်နာခံနိုင်ပါတယ်။ သူများကို ဦးစားပေးတတ်ပါတယ်။ အဲဒီအခါမျိုးကျရင် မိဘများက အချစ်စိတ်လွန်ကဲပြီး “ မင်းအလှချည်လား” ဆိုပြီး အပြစ်တင်မိတတ်ပါတယ်။ ကိုယ့်သားသမီးများရဲ့ ရိုးသားခြင်း၊ အနှစ်နာခံတတ်ခြင်း၊ သဘောထားကြီးခြင်း အရည်အသွေးများကို ၀မ်းမြောက်ဂုဏ်ယူပေးပါ။ “ ရိုး အ” တယ်ဆိုပြီး ပြောမိ၊ဆိုမိ၊ ဆဲမိ၊ ပြစ်တင်မိ၊ လှောင်ပြောင်မိ တာမျိုး လုံးဝ ရှောင်ကျဉ်ပါ။

၉ ။ စိတ်တွင်း လျှို့ ၀ှက်ချက်ရှိပြီ ဆိုတာ ကလေးကြီးပြင်းရင့်ကျက် လာခြင်းရဲ့ သင်္ကေတ တစ်ခုပါ။ ကလေးက အကြောင်းအရာ တစ်ခုခု ကိုယ့်ကို မပြောပြချင်ဘူးဆိုရင် အတင်းမပြောပြခိုင်းပါနဲ့။ သူပြောချင်တဲ့အချိန်ကျရင် ပြောပြပါလိမ့်မယ်။

၁၀။ ကလေးများ မူမှန်ကြီးပြင်းဖို့ သူငယ်ချင်းလိုအပ်ပါတယ်။ မိဘများဟာ ကလေးများ သူငယ်ချင်းပေါင်းသင်းတာကို တိုက်ရိုက်ကြီး ၀င်ချုပ်ချယ်တာမျိုး မကောင်းပါ။ ဒါပေမဲ့ လူပေါင်းမမှားအောင်တော့ လမ်းကြောင်းပေးရမှာ ဖြစ်ပါတယ်။ အနည်းဆုံး သူတို့ ပေါင်းသင်းနေတဲ့ သူငယ်ချင်းများ အကြောင်းကို သိရှိထားသင့်ပါတယ်။

၁၁။ ကလေးများ ကြီးပြင်းကာလ သတိထားရမဲ့ အရွယ် ( ၃ ) ခုရှိပါတယ်။ ပထမတစ်ခုက ( ၃ ) နှစ်ပတ်ဝန်းကျင်၊ ဒုတိယ တစ်ခုက ( ၉ ) နှစ်ပတ်ဝန်းကျင်နဲ့ တတိယ တစ်ခုက ( ၁၃ ) နှစ်ပတ်ဝန်းကျင် ဖြစ်ပါတယ်။ အဲဒီအရွယ်တွေမှာ သူတို့ရဲ့ ပြောင်းလဲပုံ၊ အထူးသဖြင့် သူတို့ရဲ့ အတွင်းစိတ်ပြောင်းလဲပုံကို ပိုမိုဂရုစိုက်သင့်ပါတယ်။

၁၂။ သင့်ကလေး ဆက်ဆံဖို့ လွယ်ကူပါစေ။ မည်သူနဲ့ဖြစ်စေ၊ သူငယ်ချင်းဖြစ်လွယ်အောင် စိတ်ထားတတ်ပါစေ၊ စကားပြောတတ်ပါစေ။ မိဘများ၊ အထူးသဖြင့် လုပ်ငန်းအောင်မြင်နေတဲ့ မိဘများရဲ့ လွှမ်းမိုးမူ အောက်မှာ ကလေးများ ဟာ စိတ်ကြီးဝင်တတ်ပြီး ဟိုသူနဲ့စကားပြောရင် အဖတ်မတန်သလိုလို၊ ဒီသူနဲ့ သူငယ်ချင်းပေါင်းရင် ဂုဏ်ထိခိုက်သလိုလိုဖြစ်တတ်ပါတယ်။ ဒီကလေးများဟာ နောင်ကြီးပြင်းတဲ့ ကာလတစ်လျှောက်လုံးမှာ ဆက်ဆံရေး အားနည်းမူကြောင့် ကိုယ်ရောစိတ်ပါ များစွာထိခို်က်နိုင်ပါတယ်။ သတိထားသင့်ပါတယ်။

ကျေးဇူးတင်ပါတယ်။ အသုံးဝင်နိုင်ပါစေ။ Like လုပ်ပြီး အသိအမှတ်ပြုပေးသော စာဖတ်သူများ၊ Share ပေးသော စာဖတ်သူများကို အထူး ကျေးဇူးတင်ပါသည်။ Comment ပေးသူများကို ပိုမို ကျေးဇူးတင်ရှိပါသည်။ Copy ယူသောသူများ Credit လေးပေးနိုင်ရင် ကျေးဇူးတင်ပါသည်။

Ref: we chat

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။