ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တိုးတက်လိုက် နောက်ပြန်ဆုတ်လိုက်နဲ့ ရှိတတ်တဲ့အတွက် ပြည်သူတွေ အနေနဲ့ တိုးတက်မှု နှေးကွေးတယ်လို့ ထင်တတ်ပါတယ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ ▲
မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး Mr.Paul Seger နှင့်တွေ့ဆုံမေးမြန်းခြင်း
ဘာသာပြန် - သာစိန်၊ ကျော်ထိုက်စိုး
ဩဂုတ် ၆ ရက်ထုတ် The Global New Light of Myanmar သတင်းစာတွင်ဖော်ပြပါရှိသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမိမ်းချမ်းရေးလုပ်ငန်းစဥ်နှင့် ဖက်ဒ်ဒရယ်စနစ်များနှင့်အတူ မြန်မာ နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့၏ သံတမန်ဆက်ဆံရေးတိုးတက်လာမှုနှင့်
ပတ်သက်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ဆွစ်ဇာလန် နိုင်ငံသံအမတ်ကြီး Mr. Paul
Seger နှင့် တွေ့ဆုံမေးမြန်းထားမှုကို ဘာသာပြန်ဆို ဖော်ပြအပ် ပါသည်။
မေး။ ။ ဆွစ်ဇာလန်-မြန်မာ သံတမန်ဆက်ဆံရေးတိုးတက်လာတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သိပါရစေ။
ဖြေ။ ။ ဒီနှစ်မှာ မြန်မာနဲ့ဆွစ်ဇာလန်တို့အကြား နှစ်(၆၀) မြောက် သံတမန်ဆက်ဆံရေးအထိမ်းအမှတ် ကျင်းပမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြားဆက်ဆံရေးဟာ အတော် ကောင်းမွန်လာပြီလို့ ကျွန်တော် ထင်ပါ တယ်။ မြန်မာနိုင်ငံ ဟာ အခက်အခဲကြားကနေရုန်းထွက်ခဲ့ ရပြီး
၂၀၁၁ ခုနှစ် မှာ နိုင်ငံတကာနဲ့ ထိတွေ့ လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ
ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး နောက်ပိုင်းမှာ ကျွန်တော်
တို့ရဲ့ ဆက်ဆံရေးဟာ အထူးတလည်ကို တိုးတက်လာပါတယ်။ နိုင်ငံတကာ အလယ် ပြန်လည်
ရောက်ရှိ လာတာနဲ့အတူ ဒီမိုကရေစီအသွင်ကူးပြောင်းေ ရး
လုပ်ငန်းစဉ်ကို စတင်ဖော်ဆောင်ခဲ့တာကို အသိမှတ်ပြုတဲ့ အနေနဲ့ ၂၀၁၂
ခုနှစ်မှာ မြန်မာနိုင်ငံမှာ သံရုံးဖွင့်လှစ်ခဲ့ ပါတယ်။ ဆွစ်ဇာလန်နဲ့
မြန်မာနိုင်ငံအကြား ဆက်ဆံရေးဟာ ရှေ့လျှောက် ပိုပြီးကောင်းမွန်လာလိမ့်မယ်လို့ မြင်ပါတယ်။
မေး။ ။ ဆွစ်ဇာလန်နိုင်ငံရဲ့ ပထမဆုံး သံအမတ်ကြီး မစ္စတာ ခရစ်စတိုဖာဘာဂျင်နာက မြန်မ်မာနိုငုင်င်ငံရံရဲ့ လက်နက်ကိုင်ပဋိပက္ခကို မဖြေရှင်းသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ စဉ်ဆက်မပြတ် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု မရနိုင်ဘူးလို့ ဆိုခဲ့ပါတယ်။ လက်ရှိအစိုးရကလုပ်ဆောင်နေတဲ့  ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ်အဆွေတော်ရဲ့အမြင်ကို သိချင်ပါတယ်။
ဖြေ။ ။ မြန်မာအစိုးရအနေနဲ့ အဲဒီလုပ်ငန်းစဉ်နှစ်ရပ်လုံး အပေါ်မှာ
အောင်မြင်မှုရတယ်လို့ ကျွန်တော် ထင်ပါ တယ်။ စိတ်ရှည်ဖို့တော့လိုပါတယ်။
နိုင်ငံတကာအနေနဲ့ကတော့ မြန်မာပြည်သူတွေလောက် စိတ်ရှည်ချင်မှ ရှည်မှာပါ။
ကုလသမဂ္ဂမှာလုပ်ခဲ့တဲ့ ကျွန်တော့်အတွေ့အကြုံအရ ငြိမ်းချမ်းရေး တည်ဆောက်တယ်၊
ငြိမ်းချမ်း ရေးရယူတယ် ဆိုတာ အချိန်ကြာလေ့ရှိတာကိုသိရပါတ ယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ တိုးတက်လိုက် နောက်ပြန်ဆုတ်လိုက်နဲ့
ရှိတတ်တဲ့အတွက် ပြည်သူတွေအနေနဲ့ တိုးတက်မှုနှေးကွေး တယ်လို့ ထင်ရင် ဒါဟာ
ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောလို့
ကျွန်တော်ပြောလေ့ရှိပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေ အခက် အခဲ အတားအဆီးမရှိ
တိုးတက်လာတယ်ဆိုရင်တော့ အလွန်အံ့ဩရမှာပါ။ ဒါပေမဲ့ ရေရှည်အ
မြော်အမြင်ရှိဖို့ တော့လိုပါတယ်။ အချိန်ကာလအားဖြင့် သုံးနှစ် သို့မဟုတ်
ငါးနှစ်တာကာလကို ဆိုလိုတာ မဟုတ်ပါဘူး။ ငါးနှစ်လည်း ဖြစ်နိုင်သလို အနှစ် ၂၀
လည်း ဖြစ်နိုင်ပါတယ်။ အိုင်ယာလန်နိုင်ငံရဲ့ပဋိပက္ခ အခြေအနေကိုကြည့်မယ်ဆိုရင် အချိန် အတော်ကြာဖြေရှင်းယူခဲ့ရပါတယ်။
မြန်မာနိုင်ငံလိုနိုင်ငံ တစ်နိုင်ငံ အနေနဲ့ ပြည်တွင်းပြဿနာအားလုံးနဲ့
အတိတ်က ကျန်ခဲ့တဲ့ အမွေဆိုးတွေကို တစ်နှစ် သို့မဟုတ် နှစ်နှစ် အတွင်း
ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်လို့မရနိုင်ပါဘူး ။ မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကတော့ အပြုသ ဘော ဆောင်နေပြီလို့မြင်ပါတယ်။
မေး။ ။ ဖက်ဒရယ် နိုင်ငံတစ်နိုင်ငံလို မတူကွဲပြားမှုကြားက စည်းလုံးညီညွှတ်မှု တည်ထောင်နိုင်ခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံ ရဲ့ အတွေ့အကြုံ ကို မျှဝေပေးစေချင်ပါတယ်။
ဖြေ။ ။ ကျွန်တော်တို့ဟာ ဖက်ဒရယ်စနစ်နဲ့ နှစ် အတန်ကြာယဉ်ပါးလာခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံကလည်း ဖက်ဒရယ်စနစ်ကနေ မွေးဖွားလာခဲ့တာဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံကို ဆွစ်ကွန်ဖက်ဒရေး ရှင်းအဖြစ် ခေါ်ဆို တယ်ဆိုတာ တိုက်ဆိုင်မှုတစ်ရပ်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံဟာ ပဲခူးတိုင်းလောက် ပဲအကျယ် အဝန်း ရှိတဲ့ နိုင်ငံငယ်ကလေးပါ။ သို့သော်လည်း နိုင်ငံကိုဒေသစိတ် နယ်မြေ ၂၆ ခုနဲ့ ဖွဲ့စည်း ထားပါတယ်။ မတူညီတဲ့ ဘာသာ စကား၊ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းနောက်ခံစတဲ့ မတူညီ ကွဲပြားတဲ့ကြားမှာ သဟဇာတဖြစ်အောင်၊ တညီတညွတ် တည်းရှိအောင် နေထိုင်ရမယ်ဆိုတာ ကျွန်တော်တို့ ဆယ်စု နှစ်ချီ၊ ရာစုနှစ်ချီတဲ့အထိ လေ့လာသင်ကြားခဲ့ရပါတယ်။ ကွဲပြားခြားနားမှုကနေဖြစ်ပေါ် လာတဲ့
ပဋိပက္ခတွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းဟာ ဖက်ဒရယ်စနစ် သာ
အကောင်းဆုံးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ကြုံ ခဲ့ပြီးဖြစ်ပါတယ်။ ဒါကလည်း
ကျွန်တော်တို့နိုင်ငံမှာဖြစ်
ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့အကြောင်းအရင်း တွေပါ။ မြန်မာနိုင်ငံမှာ
ကျွန်တော်တို့လုပ်ဆောင်တာ တွေဟာ ဒီနည်းလမ်း တွေကို တင်သွင်းဖို့မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ မြန်မာတွေမှာလည်း သူ့နည်းသူ့ဟန် နဲ့ မတူ ကွဲပြား
ခြားနားမှုအပေါ် စုစည်းအောင်လုပ်ဆောင် နိုင်တဲ့နည်းလမ်းတွေ
ရှာဖွေရမှာဖြစ်ပါတယ်။ ကျွန်တော် တို့ နည်းလမ်းကို အတုယူဖို့မဟုတ်ဘဲ
ကျွန်တော်တို့ရဲ့ အတွေ့ အကြုံကိုသာ မျှဝေခြင်းဖြစ် ပါတယ်။ ဖက်ဒရယ်ဝါဒရဲ့
ဓလေ့စရိုက်တွေကိုလေ့လာဖို့ မြန်မာနိုင်ငံက လေ့လာရေး အဖွဲ့တွေကို
ဆွစ်ဇာလန်သို့ ခေါ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။
မေး။ ။ တက်ကြွတဲ့နိုင်ငံခြား ရေးမူဝါဒနဲ့အတူ ဆွစ်ဇာလန် နိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်မှာ ပါဝင်ပတ်သက်နေတာတွေ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်မှာ ဆွစ်ဇာလန်ရဲ့ ကူညီပံ့ပိုးမှုကို သိချင်ပါတယ်။
ဖြေ။ ။ ကျွန်တော်တို့နိုင်ငံရဲ့ဖွဲ့ စည်းပုံမှာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေရဲ့ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ငြိမ်းချမ်း ရေး မြှင့်တင်မှုတွေမှာ ပါဝင်လုပ်ဆောင်ရမယ့်အချက်ကို ထည့်သွင်းထားပါတယ်။ ကျွန်တော် တို့နိုင်ငံလို နိုင်ငံဟာကမ္ဘာမှာ အနည်းအကျဉ်းသာရှိမှာဖြစ်ပါတ ယ်။
ဆွစ်ဇာလန် ဟာ ကြားနေ နိုင်ငံဖြစ်တဲ့ အတွက် ဘယ်နိုင်ငံနဲ့မှ
ပဋိပက္ခမရှိခဲ့ပါဘူး။ ကြားနေနိုင်ငံဖြစ်ခြင်း၊ ဝှက်ဖဲမရှိခြင်းနဲ့
အင်ပါယာနဲ့ ဆိုင်တဲ့ အတိတ် သမိုင်းကြောင်းမရှိခြင်း စတဲ့ အချက်တွေဟာ
အခြားနိုင်ငံတွေကို အကူညီပေးတဲ့အခါမှာ သော်လည်းကောင်း၊
ငြိမ်းချမ်းရေးမြှင့်တင်ခြင်း၊ ပဋိပက္ခ တွေကိုကျော်လွှားခြင်းနဲ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေး ပံ့ပိုးရာမှာသော်လည်းကောင်း
ကျွန်တော်တို့ကို ကောင်းမွန်တဲ့ အခွင့်အလမ်း ရရှိစေတာ ဖြစ်ပါတယ်။
ဒီအခွင့်အလမ်းနဲ့ အတူ မြန်မာနိုင်ငံမှာရော အခြားသောနိုင်ငံတွေမှာပါ
ဖော်ပြပါပံ့ပိုးမှုတွေကို ကျွန်တော်တို့လုပ်ဆောင်နေပါ တယ်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့လုပ်ဆောင်နေတာ ကတော့
ဖက်ဒရယ် ဝါဒ အရေးကိစ္စနဲ့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေကို
ကူညီပံ့ပိုးနေသလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ဆွေးနွေးတဲ့
အဖွဲ့အစည်းအားလုံးကိုလည်း ကူညီ ပံ့ပိုးနေပါတယ်။ စစ်ပွဲစိတ်ဓာတ်ကနေ
ငြိမ်းချမ်းရေး စိတ်ဓာတ်ကို ချက်ချင်းပြောင်းဖို့မလွယ်ကူပါဘူး။ ဆိုလို တာက စစ်ပွဲဆင်နွှဲရာကနေ ငြိမ်းချမ်းရေးဆွေးနွေး ဖို့ဆိုတာ မလွယ်ကူတဲ့အရာပါ။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အတွက်
ပါဝင်ပတ်သက်သူတိုင်းက ဆန္ဒရှိမယ်ဆိုရင် အကောင်းဆုံး အဖြေတစ်ခုရမယ်လို့
ယုံကြည်တဲ့အတွက် ဒီလုပ်ငန်းစဉ်ကို ကြိုးစားပြီး ပံ့ပိုးနေတာဖြစ်ပါ တယ်။
ထိုနည်းတူစွာ လူ့အခွင့်အရေးပဋိညာဉ်စာချုပ်ကို
ချမှတ်လိုတဲ့ နိုင်ငံတွေ ကို ကူညီပံ့ပိုးမယ့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု
လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမှာဖြစ် ပါတယ်။ သက်ဆိုင်ရာနိုင်ငံရဲ့
လမ်းညွှန်မှုနဲ့သာ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီပံ့ပိုး တာဖြစ်ပါတယ်။
မေး။ ။ ဆွစ်ဇာလန် နိုင်ငံဟာ ကမ္ဘာပေါ်မှာ အဖွံ့ဖြိုး ဆုံးနိုင်ငံ ဖြစ်သလို နိုင်ငံသား တစ်ဦးချင်းရဲ့ ဝင်ငွေ ဟာလည်း အမြင့်မားဆုံး လို့ သိရပါတယ်။ ဆွစ်ဇာလန် နိုင်ငံရဲ့ စီးပွားရေး တောင့်တင်းမှု နိုင်ငံ သာယာ ပြောမှုနဲ့ ပတ်သက်ပြီး မျှဝေပေးစေချင်ပါတယ်။
ဖြေ။ ။ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံထဲကတစ်ခုဆိုတာ မှန်ပါတယ်။ သို့ပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က ကြည့်မယ်ဆိုရင် ဆင်းရဲတဲ့နိုင်ငံ တစ်နိုင်ငံပါ။ ကျွန်တော်တို့နိုင်ငံမှာ ရေကလွဲပြီး ဘာသဘာဝ အရင်းအမြစ်မှမရှိတဲ့အတွက် ဦးနှောက်(ဉာဏ်)ကိုသာ တစ်ခုတည်းသော အရင်း အမြစ်ရှိတယ်လို့ ပြောချင်ပါတယ်။ ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ခဲ့တာဟာ ကျွန်တော်တို့ ရဲ့ လုပ်ငန်းလျှို့ဝှက်ချက်ဖြစ် ပါတယ်။
သုတေ သနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း၊ ကောင်းမွန်တဲ့တက္ကသိုလ်တွေ အပြင်
အသက်မွေးဝမ်းကျောင်း သင်တန်းတွေ သင်ကြားတဲ့ အခြေခံနဲ့ အလယ်အလတ်ပညာရေးကို
မြင့်မားအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒီနေရာမှာစိတ်ဝင်စားစရာတစ်ခုက
ကျွန်တော်တို့ နိုင်ငံဟာ တက္ကသိုလ်ဘွဲ့ရအရေ အတွက် အနည်းဆုံးရှိတဲ့
နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ ဆွစ်ဇာလန်လူငယ် ၃၀ ရာခိုင်နှုန်းလောက်သာ
တက္ကသိုလ်တက်ကြပါတယ်။ ၇၀ ရာခိုင်နှုန်းဝန်းကျင်ကတော့ သက်မွေးပညာကို သင်ကြား
ကြပါတယ်။ ဒါကြောင့် ကျောင်းသားအရေအတွက်၊ ဘွဲ့ရ တွေအရေအတွက်နဲ့
နိုင်ငံကြွယ်ဝ ချမ်းသာမှုတို့ဟာ အမှန် တော့ဆက်စပ်မှုမရှိပါဘူးဆိုတာ ကျွန်တော်တို့ အတွေ့ အကြုံအရ သိရပါတယ်။ ကျွန်တော်တို့သိခဲ့တာက ကောင်းမွန် တဲ့အသက်မွေးဝမ်းကျောင်းပညာရ ပ်ရှိတဲ့ ပြည်သူတွေက သာ ကျွန်တော်တို့လုပ်သား အင်အားရဲ့ အခြေခံဖြစ်တယ် ဆိုတာပါပဲ။ ကျွန်တော်တို့ရဲ့ပို့ကုန်တစ်ခုက
ဆွစ်နာရီဖြစ်ပြီး နာရီကိုလုပ်ဖို့ ဆရာဝန်သို့မဟုတ် တက္ကသိုလ်ကျောင်းသား တွေ
မလိုအပ်ပါဘူး။ နာရီကိုပြုလုပ်နိုင်တဲ့ အရည်အသွေးမြင့် လုပ်အားပဲလိုပါတယ်။
ထိုနည်းတူစွာပဲ ဆေးဝါးထုတ်လုပ် ဖို့အတွက် ဆေးဝါးထုတ်လုပ်နိုင်တဲ့ပညာ
ရှင်တွေလိုအပ် ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ နှစ်(၆၀) မြောက်
သံတမန်ဆက်ဆံရေးအထိမ်းအမှတ် ကျင်းပခြင်းနဲ့အတူ ဆွစ်ဇာလန်မှာရှိတဲ့
အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့
ပတ်သက်ပြီး မြန်မာပြည်သူတွေ သိရှိအောင် လုပ်ဆောင် သွားမှာဖြစ်ပါတယ်။
ဒါကလည်း မြန်မာနိုင်ငံကိုတိုးတက် စေချင်တဲ့ဆန္ဒနဲ့ လုပ်ဆောင် တာဖြစ်ပြီး
ယခင်ကချမ်းသာခဲ့ တဲ့မြန်မာနိုင်ငံအနေနဲ့ ချမ်းသာတဲ့နိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည် ရောက်ရှိလိမ့်မယ်လို့ ကျွန်တော်အသေအချာ ပြောရဲပါတယ်။
မေး။ ။ ဆွစ်နာရီဆိုတာ တဖြည်းဖြည်း လုပ်ငန်းကြီး မေး။ ။ ဆွစ်နာရီဆိုတာ တဖြည်းဖြည်း လုပ်ငန်းကြီး လာတဲ့ မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းတစ်ခု လာတဲ့ မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်း တစ်ခု ပုံစံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အိမ်တွင်းအသေးစား ပုံစံဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာလည်း အိမ်တွင်း အသေးစား လုပ်ငန်းတွေ အများကြီးရှိပေမယ့် ခေတ်ကာလအခြေအနေ လုပ်ငန်းတွေ အများကြီး ရှိပေမယ့် ခေတ်ကာလအခြေအနေ အရ ဒီအသေးစားလုပ်ငန်းတွေ ပျောက်ကွယ် နေပါတယ်။ အရ ဒီအသေး စားလုပ်ငန်းတွေ ပျောက်ကွယ်နေပါတယ်။ ဒါကြောင့် ဒီလိုအသက်မွေး ဝမ်းကျောင်း သင်တန်းမျိုးက ဒါကြောင့် ဒီလိုအသက်မွေးဝမ်းကျောင်းသင်တန်းမျိုးက ရိုးရာအိမ်တွင်းအသေး စားလုပ်ငန်း တွေ တည်တံ့ဖို့ ရိုးရာအိမ်တွင်းအသေးစားလုပ် ငန်းတွေ တည်တံ့ဖို့ အထောက်အကူဖြစ်စေမလား။
ဖြေ။ ။ ဟုတ်ပါတယ်။ အထောက်အကူဖြစ်စေပါတယ်။ ကျွန်တော်တို့လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာကတော့ ရိုးရာ လက်မှုအတတ်ပညာကို ထိန်းသိမ်းမြှင့်တင်ဖို့ဖြစ်ပြီး အဲဒီ ရိုးရာလက်မှုပစ္စည်းတွေက မြန်မာနိုင်ငံ အတွက် ပြည်ပ တင်ပို့နိုင်စွမ်းရှိတဲ့အရာ လို့
ကျွန်တော်ထင်ပါတယ်။ လူတွေ က အရည်အသွေး ကောင်းမွန် တဲ့
ရိုးရာလက်မှုပစ္စည်းတွေ ကမ္ဘာတစ်ဝန်းတင်ပို့ဖို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။
မြန်မာ နိုင်ငံက အခြားတိုင်း ပြည်တွေလို ဥပမာ လာအိုနိုင်ငံလို သူတို့ရဲ့
ရိုးရာလက်မှုအတတ်ပညာကို ထိန်းသိမ်း နိုင်စွမ်း ရှိမယ်ဆိုရင်
ကောင်းမွန်ပါလိမ့်မယ်။ စီးပွားရေးအရသာမက အမျိုးသားယဉ်ကျေးမှုအရပါ
မေးခွန်းတစ်ခုဖြစ်နေပါတယ်။ ဒါပေမဲ့ အသက်မွေးဝမ်းကျောင်းသင်တန်း ကလည်း အခြား လုပ်ငန်း ကဏ္ဍတွေ အတွက် အရေးကြီး ပါတယ်။ မြန်မာနိုင်ငံက လှပတဲ့တိုင်းပြည်တစ်ခုအဖြစ်
ကျွန်တော့် ကို အံ့အားသင့်စေပြီး မြန်မာပြည်သူ တွေ က အများအားဖြင့်
ဖော်ရွေကြပါတယ်။ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက ကဏ္ဍစုံရှိတဲ့အတွက်
မြန်မာနိုင်ငံ ကိုလာ ရောက်တဲ့သူ ပိုပြီး များများလာပါတယ်။ ဒါပေမဲ့
မြန်မာနိုင်ငံအနေနဲ့ ဟိုတယ်စီမံခန့်ခွဲ ရေးနဲ့ ဧည့်ခံပြုစုမှုစီမံခန့်ခွဲရေးမှာ ကောင်းမွန်တဲ့အခြေခံအဆောက်အ အုံ
လိုအပ်ပါတယ်။ ဒါကြောင့် အသက် မွေးဝမ်းကျောင်းသင်တန်းက အရေးပါတဲ့
အခန်းကဏ္ဍတစ်ရပ်ကပါဝင်နေပြီး ကျွန်တော်တို့ အဲဒီ နယ်ပယ်မှာ
ရင်းနှီးမြှုပ်နှံမှု ဆက်လက်ပြုလုပ်နေပါတယ်။
မေး။ ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲ မဲမှု အတွက် ဆွစ်ဇာလန်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို သိလိုပါတယ်။
ဖြေ။ ။ ဆွစ်ဇာလန်နိုင်ငံရဲ့ ဖွံ့ဖြိုးရေးပူးပေါင်းဆောင် ရွက်
မှုမှာ မြန်မာနိုင်ငံက အရေးပါတဲ့မိတ် ဖက်နိုင်ငံ တွေထဲက တစ်နိုင်ငံအဖြစ်
ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့လေးနှစ် ကျော်ကတည်း က
ဒီမဟာဗျူဟာ ကို ကျွန်တော်တို့ ဖော်ဆောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ
စီးပွားရေးဖွံ့ဖြိုး တိုးတက်လာဖို့ အမေရိကန်ဒေါ်လာ သန်း ၁၅၀
ရင်းနှီးမြှုပ်နှံထားတဲ့ အဲဒီအစီအစဉ်ကို နောက်ထပ် လေးနှစ် အထိ
ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အလေးပေးဆောင်ရွက်ဖို့ အခြေခံအားဖြင့်
နယ်ပယ်သုံးခုကို မြန်မာ အာဏာ ပိုင်တွေနဲ့အတူ ကျွန်တော်တို့ ရွေးချယ်
သတ်မှတ်ခဲ့ပါတယ်။ ကဏ္ဍတစ်ခုကတော့ လယ်ယာစိုက် ပျိုးရေးနဲ့ စားနပ်
ရိက္ခာဖူလုံရေးဖြစ်ပါတယ်။ သီးနှံတွေ အရည်အသွေး ပိုမို ကောင်းမွန်စွာ၊
အထွက်နှုန်း ပိုမိုကောင်းမွန်စွာ ထုတ်လုပ် နိုင်ဖို့နဲ့ ပြည်ပကို
စတင်တင်ပို့နိုင်ဖို့ မြန်မာတောင်သူတွေကို ကူညီဖို့
ကျွန်တော်တို့ကြိုးပမ်းနေပါ တယ်။ မြန်မာနိုင်ငံက မြေဩဇာကောင်းမွန်တဲ့ စိုက်ပျိုးနိုင်တဲ့မြေယာတွေ အများကြီး ရှိပေမယ့် ကျွန်တော်တို့အကဲဖြတ်တာကတော့ 
သီးနှံထုတ် လုပ်တဲ့နည်းလမ်းတွေက တိုးတက် သင့် သလောက် မတိုးတက် ခဲ့ပါဘူး။
နောက်ထပ်အရေးပါတဲ့ နယ်ပယ်ကတော့ ကျန်းမာရေး ကဏ္ဍဖြစ် ပါတယ်။
ဒေသန္တရကျန်းမာရေးဌာနတွေကို ပံ့ပိုးကူညီဖို့ မြန်မာနိုင်ငံရဲ့ အရှေ့တောင်ဘက်
အထူး သဖြင့် မွန်နဲ့ ကရင်ပြည်နယ်တွေမှာ ကျန်းမာရေး စောင့်ရှောက်မှုကို
ကျွန်တော်တို့ စတင်ခဲ့ပါတယ်။ ဥပမာ အဲဒီဒေသ တွေမှာ တစ်ယောက်ယောက်ဖျားနာလာရင်
ပထမဆုံး ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တဲ့သူ အဖြစ် အသုံးပြုနိုင်ဖို့
သားဖွားဆရာမတွေကို လေ့ကျင့်ပေးနေ ပါတယ်။ ဒါက မြန်မာနိုင်ငံရဲ့ ကျန်းမာရေး
အစီအစဉ်တွေ မှာ ဆွစ်ဇာလန်နိုင်ငံက ပံ့ပိုးကူညီမှုဖြစ်ပါတယ်။
နောက်ဆုံးအရေးကြီးတဲ့ နယ်ပယ်ကတော့ အသက်မွေးဝမ်းကျောင်းသင်တန်း ဖြစ်ပါတယ်။
တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသက်မွေးဝမ်းကျောင်း
လေ့ကျင့်ရေးအစီအစဉ်က ဘယ်လောက် အရေး ပါတယ် ဆိုတာ ကျွန်တော်မပြောပြတတ်ပါဘူး။
မြန်မာနိုင်ငံမှာ ကျွမ်းကျင်လုပ်သားတွေ အမှန်တကယ် ရှိမယ်ဆိုရင် ဒါဟာ
နိုင်ငံရဲ့ အနာဂတ်စီးပွားရေးအတွက် အခြေခံကောင်းတစ်ခု ဖြစ်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံက Swiss programs နဲ့ပတ်သက်လို့ သံအမတ်ကြီးအနေနဲ့ ပြည့်ပြည့်စုံစုံ ပြောပြပေးနိုင် သံအမတ်ကြီးအနေနဲ့ ပြည့်ပြည့်စုံစုံ ပြောပြပေးနိုင်မလား။
ဖြေ။ ။ Livelihoods and Food Security Trust Fund (LIFT) ခေါ်တဲ့ အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေအစီအစဉ်ကို ဆွစ်ဇာလန်နိုင်ငံက အခြား တိုင်းပြည်တွေ၊ အလှူရှင်တွေနဲ့အတူ ပံ့ပိုးကူညီပေးနေ ပါတယ်။ ပတ်ဝန်းကျင်နဲ့လိုက်လျောညီေ ထွရှိတဲ့
အကျိုး များတဲ့ထုတ်လုပ်မှုနည်း လမ်းတွေ စတင်ဖို့ မြစ်ဝကျွန်းပေါ် ဒေသနဲ့
ရှမ်းပြည်နယ်လို အခြားဒေသတွေမှာ ကျွန်တော်တို့ တောင်သူတွေနဲ့ လက်တွဲ
ဆောင်ရွက်နေပါတယ်။ တာရှည် ခံတဲ့ငါးဖမ်းလုပ်ငန်းဖြစ်ဖို့
မုတ္တမ(မွန်ပြည်နယ်) က တံငါ သည်တွေနဲ့ကျွန်တော်တို့
လက်တွဲဆောင်ရွက်နေပေမယ့် ငါးဖမ်းလုပ်ငန်းတွေ လျော့နည်းလာလို့ အခြား အလုပ်
အကိုင်တွေရရှိဖို့ တံငါသည်တွေကို ကျွန်တော်တို့ သင်တန်း တွေပေးနေပါတယ်။
တတိယပေးချင် တဲ့ဥပမာကတော့ ရော်ဘာခြံတွေဖြစ် ပါတယ်။ ရော်ဘာဆိုတာ
ပြည်ပတင်ပို့ဖို့အလား အလာရှိတဲ့ ပြည်တွင်း ထုတ်ကုန်တွေထဲက
တစ်မျိုးဖြစ်ပေမယ့် ပြဿနာ ကတော့ အခုချိန်မှာ ရော်ဘာဈေးနှုန်း အနည်းငယ်ကျ
ဆင်းနေလို့ တောင်သူတွေမှာ အခက်အခဲတွေရှိနေပါတယ်။
ဒါကြောင့် အရည်အသွေးပိုမိုကောင်းမွန်ေ အာင်
လုပ် ဆောင်ဖို့ ရော်ဘာတောင်သူတွေကို ကျွန်တော်တို့ ကူညီ ပေးနေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မြန်မာရော်ဘာတွေ ရဲ့ အရည်အသွေးက အခြားရော်ဘာ
တွေနဲ့နှိုင်းယှဉ်ကြည့် ရင် အရည်အသွေးသိပ်မကောင်းလို့ဖြ စ်ပါတယ်။
ဒီရော်ဘာ စိုက်ပျိုးရေးမှာ အခွင့်အ လမ်းကောင်းသိပ်မရှိတဲ့ တောင်သူ တွေကို
အခြားအလုပ်အကိုင်တွေ ပြောင်းလဲရှာဖွေဖို့ ကျွန်တော်တို့ ကူညီပါတယ်။
မေး။ ။ ဒီအနာဂတ်စီမံကိန်းတွေ အောင်မြင်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာမှု ရရှိစေမှာလား။
ဖြေ။ ။ ဒီစီမံကိန်းတွေအောင်မြင်မယ် လို့ ကျွန်တော်မျှော်လင့် ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး အတော့်ကို စိတ်ရှည်သည်းခံဖို့လိုအပ်တယ်လို့
ကျွန်တော်ထင်ပါတယ်။ နှစ် ၆၀ ထီးတည်းနေခဲ့ရပြီး တိုးတက်မှု ဆိတ်သုဉ်းခဲ့တဲ့
တိုင်းပြည်အတွက် အချိန်ပေးဖို့လိုပါတယ်။ ကျွန်တော်တို့ ဒီမှာရှိနေတာ
မြန်မာနိုင်ငံကို ပံ့ပိုးကူညီဖို့ဖြစ်ပြီး မနက်ဖြန်မှာ
တိုးတက်မှုရှိတယ်ဆိုရင် ကျွန်တော်က အပျော်ဆုံးလူ ဖြစ်ပါလိမ့်မယ်။
မေး။ ။ အာဆီယံဈေးကွက်က အလွန်ပဲယှဉ်ပြိုင်မှုကြီးမား ပါတယ်။ ဒါကြောင့် ဒီလို စိန်ခေါ်မှုမျိုးတွေ ကိုရင်ဆိုင်ဖို့ ပါတယ်။ ဒါကြောင့် ဒီလို စိန်ခေါ်မှုမျိုးတွေကိုရင်ဆို င်ဖို့ မြန်မာနိုင်ငံအနေနဲ့ ကျွမ်းကျင်မှုတွေပို လိုအပ်တယ်လို့ မြန်မာနိုင်ငံအနေနဲ့ ကျွမ်းကျင်မှုတွေပိုလိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။
ဖြေ။ ။ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို အံ့အားသင့်စေတဲ့ အချက်ကတော့ သံရုံးမှာ အလုပ်လုပ်ကိုင်တဲ့ ဒေသခံဝန်ထမ်း တွေနဲ့ကျွန်တော်အလုပ်လုပ်ရာ မှာ
သူတို့ကသင်ယူဖို့ အလွန့်အလွန်ကို စိတ်အားထက် သန်ကြ တာဖြစ်ပါတယ်။
ဥပမာတစ်ခုအနေနဲ့ ကျွန်တော်က မြန်မာဘာသာနဲ့ စကားပြောရင် အရမ်းညံ့ဖျင်း လို့
ဝန်ထမ်းတွေကို အင်္ဂလိပ်လိုပြောပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်စကားပြောတဲ့
ဝန်ထမ်းတွေက ကျွန်တော့်ကို အမြဲအထင်ကြီးစေပါတယ်။ အင်္ဂလိပ်ဘာသာကို
ဘယ်မှာသင်ခဲ့သလဲလို့ ကျွန်တော်က မေးရင် မြန်မာနိုင်ငံမှာပဲ သင်ယူခဲ့တာလို့
သူတို့ဖြေပါတယ်။ အံ့အားသင့်စရာပါပဲ။ ဆယ်စုနှစ်ချီ ထီးတည်းနေခဲ့ရတဲ့
တိုင်းပြည်မှာ နေတဲ့သူတွေက အင်္ဂလိပ်စကားကို ကောင်း
ကောင်းမွန်မွန်ပြောနိုင်ပါတ ယ်။
သူတို့ကခရီး သွားလုပ်ငန်း ပိုမိုကောင်းမွန်တဲ့ ထိုင်းနိုင်ငံကလူတွေထက်
အင်္ဂလိပ်စကား ကို ပိုပြီးကောင်း အောင်ပြော နိုင်တယ်လို့ တစ်ခါတစ်ရံ
ကျွန်တော်ထင်မြင်မိပါတယ်။
မြန်မာနိုင်ငံမှာ ကျွန်တော် ချစ်ခင်မြတ်နိုးရတဲ့ အချက်ကတော့ လူတွေက တိုးတက်ချင်တာဖြစ်ပါတယ်။ ဒီအချက်က ကျွန်တော့်ကို တကယ်ကို အကောင်းမြင်စေပါတယ်။ နှစ် ၆၀ အတွင်း မြန်မာနိုင်ငံရဲ့ အသားတင်ဝင်ငွေက ထိုင်းနိုင်ငံထက် နှစ်ဆဖြစ်လာပြီး မြန်မာငွေတစ်ကျပ်က တစ်ဒေါ်လာနဲ့ ညီမျှလာ မယ်လို့ လူတွေကို ကျွန်တော်အမြဲ ပြောလေ့ရှိပါတယ်။ အတိတ်ကာလမှာ ဘာတွေပဲဖြစ်ခဲ့ပါစေ ဘယ်အရာ ကမှ မြန်မာနိုင်ငံရဲ့တိုးတက်မှုကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။ တိုးတက်မှု အမှန်တကယ် ရှိလာပြီး အတိုင်းအတာတစ်ခုအထိ အချိန်ပေးရင် အတိတ်ကာလက ရွှေထီးဆောင်းခဲ့တဲ့အချိန်ကို
ပြန်ရောက် မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒေသတွင်းပေါင်းစည်းမှုက တကယ့်ကို
အချိန်သင့်ဖြစ်နေပြီး အာဆီယံက အရေးပါ တဲ့အခန်းကဏ္ဍက ပါဝင်ပါလိမ့်မယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး Mr.Paul Seger နှင့်တွေ့ဆုံမေးမြန်းခြင်း
ဘာသာပြန် - သာစိန်၊ ကျော်ထိုက်စိုး
ဩဂုတ် ၆ ရက်ထုတ် The Global New Light of Myanmar သတင်းစာတွင်ဖော်ပြပါရှိသည့်
မေး။ ။ ဆွစ်ဇာလန်-မြန်မာ သံတမန်ဆက်ဆံရေးတိုးတက်လာတာန
ဖြေ။ ။ ဒီနှစ်မှာ မြန်မာနဲ့ဆွစ်ဇာလန်တို့အကြာ
မေး။ ။ ဆွစ်ဇာလန်နိုင်ငံရဲ့ ပထမဆုံး သံအမတ်ကြီး မစ္စတာ ခရစ်စတိုဖာဘာဂျင်နာက မြန်မ်မာနိုငုင်င်ငံရံရဲ့ လက်နက်ကိုင်ပဋိပက္ခကို မဖြေရှင်းသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ စဉ်ဆက်မပြတ် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု မရနိုင်ဘူးလို့ ဆိုခဲ့ပါတယ်။ လက်ရှိအစိုးရကလုပ်ဆောင်နေတဲ
ဖြေ။ ။ မြန်မာအစိုးရအနေနဲ့ အဲဒီလုပ်ငန်းစဉ်နှစ်ရပ်လုံး
မေး။ ။ ဖက်ဒရယ် နိုင်ငံတစ်နိုင်ငံလို မတူကွဲပြားမှုကြားက စည်းလုံးညီညွှတ်မှု တည်ထောင်နိုင်ခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံ ရဲ့ အတွေ့အကြုံ ကို မျှဝေပေးစေချင်ပါတယ်။
ဖြေ။ ။ ကျွန်တော်တို့ဟာ ဖက်ဒရယ်စနစ်နဲ့ နှစ် အတန်ကြာယဉ်ပါးလာခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံကလည်း ဖက်ဒရယ်စနစ်ကနေ မွေးဖွားလာခဲ့တာဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံကို ဆွစ်ကွန်ဖက်ဒရေး ရှင်းအဖြစ် ခေါ်ဆို တယ်ဆိုတာ တိုက်ဆိုင်မှုတစ်ရပ်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံဟာ ပဲခူးတိုင်းလောက် ပဲအကျယ် အဝန်း ရှိတဲ့ နိုင်ငံငယ်ကလေးပါ။ သို့သော်လည်း နိုင်ငံကိုဒေသစိတ် နယ်မြေ ၂၆ ခုနဲ့ ဖွဲ့စည်း ထားပါတယ်။ မတူညီတဲ့ ဘာသာ စကား၊ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းနောက်ခံစတဲ့ မတူညီ ကွဲပြားတဲ့ကြားမှာ သဟဇာတဖြစ်အောင်၊ တညီတညွတ် တည်းရှိအောင် နေထိုင်ရမယ်ဆိုတာ ကျွန်တော်တို့ ဆယ်စု နှစ်ချီ၊ ရာစုနှစ်ချီတဲ့အထိ လေ့လာသင်ကြားခဲ့ရပါတယ်။ ကွဲပြားခြားနားမှုကနေဖြစ်ပေါ်
မေး။ ။ တက်ကြွတဲ့နိုင်ငံခြား ရေးမူဝါဒနဲ့အတူ ဆွစ်ဇာလန် နိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်မှာ ပါဝင်ပတ်သက်နေတာတွေ့ရပါတယ်။
ဖြေ။ ။ ကျွန်တော်တို့နိုင်ငံရဲ့ဖွဲ
မေး။ ။ ဆွစ်ဇာလန် နိုင်ငံဟာ ကမ္ဘာပေါ်မှာ အဖွံ့ဖြိုး ဆုံးနိုင်ငံ ဖြစ်သလို နိုင်ငံသား တစ်ဦးချင်းရဲ့ ဝင်ငွေ ဟာလည်း အမြင့်မားဆုံး လို့ သိရပါတယ်။ ဆွစ်ဇာလန် နိုင်ငံရဲ့ စီးပွားရေး တောင့်တင်းမှု နိုင်ငံ သာယာ ပြောမှုနဲ့ ပတ်သက်ပြီး မျှဝေပေးစေချင်ပါတယ်။
ဖြေ။ ။ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံထဲကတစ်ခုဆိုတာ မှန်ပါတယ်။ သို့ပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က ကြည့်မယ်ဆိုရင် ဆင်းရဲတဲ့နိုင်ငံ တစ်နိုင်ငံပါ။ ကျွန်တော်တို့နိုင်ငံမှာ ရေကလွဲပြီး ဘာသဘာဝ အရင်းအမြစ်မှမရှိတဲ့အတွက် ဦးနှောက်(ဉာဏ်)ကိုသာ တစ်ခုတည်းသော အရင်း အမြစ်ရှိတယ်လို့ ပြောချင်ပါတယ်။ ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှုများစွာ
မေး။ ။ ဆွစ်နာရီဆိုတာ တဖြည်းဖြည်း လုပ်ငန်းကြီး မေး။ ။ ဆွစ်နာရီဆိုတာ တဖြည်းဖြည်း လုပ်ငန်းကြီး လာတဲ့ မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းတစ်ခု လာတဲ့ မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်း တစ်ခု ပုံစံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အိမ်တွင်းအသေးစား ပုံစံဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာလည်း အိမ်တွင်း အသေးစား လုပ်ငန်းတွေ အများကြီးရှိပေမယ့် ခေတ်ကာလအခြေအနေ လုပ်ငန်းတွေ အများကြီး ရှိပေမယ့် ခေတ်ကာလအခြေအနေ အရ ဒီအသေးစားလုပ်ငန်းတွေ ပျောက်ကွယ် နေပါတယ်။ အရ ဒီအသေး စားလုပ်ငန်းတွေ ပျောက်ကွယ်နေပါတယ်။ ဒါကြောင့် ဒီလိုအသက်မွေး ဝမ်းကျောင်း သင်တန်းမျိုးက ဒါကြောင့် ဒီလိုအသက်မွေးဝမ်းကျောင်းသင
ဖြေ။ ။ ဟုတ်ပါတယ်။ အထောက်အကူဖြစ်စေပါတယ်။ ကျွန်တော်တို့လုပ်ဆောင်ဖို့
မေး။ ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲ
ဖြေ။ ။ ဆွစ်ဇာလန်နိုင်ငံရဲ့ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်
နောက်ဆုံးအရေးကြီးတဲ့ နယ်ပယ်ကတော့ အသက်မွေးဝမ်းကျောင်းသင်တန်း
မေး။ ။ မြန်မာနိုင်ငံက Swiss programs နဲ့ပတ်သက်လို့ သံအမတ်ကြီးအနေနဲ့ ပြည့်ပြည့်စုံစုံ ပြောပြပေးနိုင် သံအမတ်ကြီးအနေနဲ့ ပြည့်ပြည့်စုံစုံ ပြောပြပေးနိုင်မလား။
ဖြေ။ ။ Livelihoods and Food Security Trust Fund (LIFT) ခေါ်တဲ့ အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေအစီအစဉ်ကိ
ဒါကြောင့် အရည်အသွေးပိုမိုကောင်းမွန်ေ
မေး။ ။ ဒီအနာဂတ်စီမံကိန်းတွေ အောင်မြင်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာမှု ရရှိစေမှာလား။
ဖြေ။ ။ ဒီစီမံကိန်းတွေအောင်မြင်မယ်
မေး။ ။ အာဆီယံဈေးကွက်က အလွန်ပဲယှဉ်ပြိုင်မှုကြီးမား
ဖြေ။ ။ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို အံ့အားသင့်စေတဲ့ အချက်ကတော့ သံရုံးမှာ အလုပ်လုပ်ကိုင်တဲ့ ဒေသခံဝန်ထမ်း တွေနဲ့ကျွန်တော်အလုပ်လုပ်ရာ
မြန်မာနိုင်ငံမှာ ကျွန်တော် ချစ်ခင်မြတ်နိုးရတဲ့ အချက်ကတော့ လူတွေက တိုးတက်ချင်တာဖြစ်ပါတယ်။ ဒီအချက်က ကျွန်တော့်ကို တကယ်ကို အကောင်းမြင်စေပါတယ်။ နှစ် ၆၀ အတွင်း မြန်မာနိုင်ငံရဲ့ အသားတင်ဝင်ငွေက ထိုင်းနိုင်ငံထက် နှစ်ဆဖြစ်လာပြီး မြန်မာငွေတစ်ကျပ်က တစ်ဒေါ်လာနဲ့ ညီမျှလာ မယ်လို့ လူတွေကို ကျွန်တော်အမြဲ ပြောလေ့ရှိပါတယ်။ အတိတ်ကာလမှာ ဘာတွေပဲဖြစ်ခဲ့ပါစေ ဘယ်အရာ ကမှ မြန်မာနိုင်ငံရဲ့တိုးတက်မှုက
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။