Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, August 18, 2017

ဘ၀အောင်မြင်တိုးတက်ရေး စီမံခန့်ခွဲမှုစက်ဝိုင်းပုံ

ဘ၀အောင်မြင်တိုးတက်ရေး စီမံခန့်ခွဲမှုစက်ဝိုင်းပုံ
--------------------------
မေတ္ထာဖြင့် တောင်ကြီးသား
လူတိုင်းဟာ မိမိရဲ့ဘ၀ပုံစံကို အကောင်းဆုံးဖြစ်ဖို့ အောင်မြင်တိုးတက်ဖို့ ကြိုးစားနေကြမှာဖြစ်တယ်၊ ဒီအခါမှာ ဘ၀ရဲ့ အရေးကြိးတဲ့ အစိတ်အပိုင်းတွေကို ရွေးချယ်သတ်မှတ်ပြီး စနစ်တကျတိုးတက်အောင်မြင်ဖို့ စီမံဖို့ဟာ အဓိကကျမှာဖြစ်ပါတယ်။ ဘ၀အောင်မြင်တိုးတက်ရေးမှာ အဓိကကျတဲ့ အချက်တွေကို ပိုင်းခြားကြည့်လျှင် ပုံမှာဖော်ပြထားတဲ့ (ဘ၀လည်ပတ်မှုပုံ - ၈ ချက်) ဟာ မဖြစ်မနေပါဝင်နေပါလိမ့်မယ်။

ဒီအချက်တွေကို အပိုင်း (၂) ပိုင်း ခွဲခြားကြည့်လျှင် (ဘယ်ဘက်မှာဖော်ပြထားတဲ့ အချက် ၄ ချက်ဟာ) မိမိရဲ့ Internal Control အတွင်းပိုင်းဆိုင်ရာ ထိန်းချုပ်စီမံမှုအပိုင်းဖြစ်ပြီး၊ (ညာဘက်မှာဖော်ပြထားတဲ့ အချက် ၄ ချက်ဟာ) မိမိရဲ့ External Control အပြင်ပိုင်းဆိုင်ရာ ထိန်းချုပ်စီမံမှုအပိုင်းတွေဖြစ်ပါတယ်။

ဘ၀အောင်မြင်ရေးနဲ့ပတ်သတ်ပြီး လေ့လာမိသလောက် ဖော်ပြရရင် (ဒီအချက် - ၈ ခု) အတွက် လမ်းညွှန်ဖော်ပြထားတဲ့ နည်းလမ်းကောင်းတချို့ကို အသုံးပြုပြီး ဘ၀မှာ လက်တွေ့ကျကျ စီမံခန့်ခွဲပြီး တိုးတက်အောင်မြင်ဖို့ ပြန်လည်မျှဝေပေးချင်ပါတယ်။

Work / Career (အလုပ် / အသက်မွေးဝမ်း) တိုးတက်စေရန်...
• ၀ါသနာပါရာ ချစ်မြတ်နိုးသောအလုပ်ကိုလုပ်ကိုင်ပါ။
• ကိုယ့်အလုပ်ဟာ ကိုယ့်ဘ၀ဆိုတဲ့ခံယူချက်နဲ့ကြိုးစားပါ။
• အသက်မွေးဝမ်း အစီအစဉ်များ ရေးဆွဲသတ်မှတ်ထားပါ။
• ဖြစ်ချင်တဲ့အလုပ်များကို မဖြစ်ဖြစ်အောင် ကြိုးစားပါ။
• အလုပ်နဲ့အသက်မွေးဝမ်းတိုးတက်မှု မျှတစွာကြိုးစားပါ။

Income / Business (၀င်ငွေ / စီးပွားရေး) တိုးတက်စေရန်...
• နှစ်စဉ်ဝင်ငွေတိုးတက်ဖို့ နည်းလမ်းများရှာဖွေပါ။
• ရရှိလာတဲ့ငွေကြေးများကို ပြန်လည်ရင်းနှီးမြှုပ်နှံပါ
• ရေရှည်ဝင်ငွေရှိဖို့ စီးပွားရေးထူထောင်လုပ်ကိုင်ပါ။
• အသုံးစရိတ်ထက် ၀င်ငွေပိုလျှံစေဖို့ စီမံခန့်ခွဲသုံးစွဲပါ။
• ၀င်ငွေတိုးတက်လာမှုနဲ့ ပတ်ဝန်းကျင်သို့ အကျိုးပြုကူညီပါ။

Social / Relationship (လူမှုရေး / ပေါင်းသင်းမှု) တိုးတက်စေရန်...
• ပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးစိတ်နဲ့ ပံ့ပိုးကူညီပါ။
• ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေထိုင်ပါ။
• လူကြီးလူကောင်းများနဲ့ ပေါင်းသင်းဆက်ဆံပါ။
• နေ့စဉ်မိတ်ဆွေသစ်များရရှိဖို့ ရှာဖွေပေါင်းသင်းပါ။
• ကိုယ်ရေးကိုယ်တာနဲ့ လူမှုရေးမျှတစွာ ကြိုးစားပါ။

Success / Development (တိုးတက်မှု / အောင်မြင်မှု) တိုးတက်စေရန်...
• ဘ၀အောင်မြင်ဖို့ ရည်မှန်းချက်ပန်းတိုင်များ သတ်မှတ်ထားပါ။
• တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်ဖို့ ဘ၀တန်ဖိုးမြှင့်တင်ပါ။
• အောင်မြင်တိုးတက်မှု အခွင့်အလမ်းသစ်များ ရှာဖွေပါ။
• တိုးတက်ပြောင်းလဲမှုအတွက် စွန့်စားကြိုးစားဆောင်ရွက်ပါ။
• အောင်မြင်တိုးတက်မှုသို့ ရေရှည်ထိန်းသိမ်းဆောင်ရွက်ပါ။

Health / Physical (ကျန်းမာရေး / ရုပ်ပိုင်းဆိုင်ရာ) တိုးတက်စေရန်...
• ကျန်းမာရေးကောင်းမွန်ဖို့ စိတ်နဲ့ရုပ်မျှတစွာ နေထိုင်ပါ။
• ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ နေ့စဉ်လေ့ကျင့်ခန်း ပြုလုပ်ပါ။
• အလုပ်နဲ့ ခန္ဓာစွမ်းအားမျှတစွာ ကြိုးစားအားထုတ်ပါ။
• ကျန်းမာရေးလမ်းညွှန်ချက်များနဲ့ ညီညွတ်စွာနေထိုင်ပါ။
• ရုပ်ပိုင်းဆိုင်ရာ လန်းဆန်းတက်ကြွစွာ နေထိုင်ပါ။

Recreation / Satisfy (အနားယူမှု / စိတ်ကျေနပ်မှု) တိုးတက်စေရန်...
• ဘ၀ရဲ့ချမ်းသာမှုအစစ် စိတ်ကျေနပ်မှုရှာဖွေပါ။
• ကိုယ်ပိုင်အနားယူချိန် ရွေးချယ်သတ်မှတ် အပန်းဖြေပါ။
• ဖြစ်ချင်ရာဖန်တီးမှုဖြင့် စိတ်ကျေနပ်မှုများ ရှာဖွေပါ။
• တစ်နှစ် တစ်ခါ အပန်းဖြေခရီးထွက်ပါ။
• နေ့စဉ် စိတ် နှင့် ခန္ဓာ မျှတစွာ အနားယူပါ။

Family / Friend (မိသားစု / မိတ်ဆွေသူငယ်ချင်း) တိုးတက်စေရန်...
• သာယာတဲ့မိသားစု ချစ်ခြင်းမေတ္တာ ဖန်တီးရှာဖွေပါ။
• မိတ်ဆွေသူငယ်ချင်းများကို အချိန်ပေးတွေ့ဆုံပါ။
• မိသားစု တိုးတက်မှုသို့ တာဝန်ယူကြိုးစားပါ။
• မိတ်ဆွေစစ် သူငယ်ချင်းကောင်းများ ထားရှိပါ။
• မိသားစု မိတ်ဆွေအားပေးမှုမှ ဘ၀ခွန်အားရယူပါ။

Knowledge / Spiritual (စိတ်ပိုင်းဆိုင်ရာ / အသိပညာ) တိုးတက်စေရန်...
• ဆရာကောင်းများထံမှ ပညာဆည်းပူးလေ့လာပါ။
• လိုအပ်သော အသိပညာကို အစဉ်မပြတ်လေ့လာနေပါ။
• ဘာသာတရား အဆုံးအမ ခံယူကျင့်ကြံနေထိုင်ပါ။
• ကိုယ်တိုင်နှင့် ပတ်ဝန်းကျင်အပေါ် အကောင်းမြင်ပါ။
• နေ့စဉ်တိုးတက်စရာ တွေးခေါ် သုံးသပ် ဆုံးဖြတ်ပါ။

ဒီအချက် (၈-ချက်) အပေါ်မူတည်ပြီး ဘ၀ကိုဖန်တီးပုံဖော်ကြိုးစားကြတဲ့အခါ (Value - တန်ဖိုးထားမှု) နှင့် (Believe - ယုံကြည်မှု) တွေဟာ အဓိအကျဆုံးအချက်တွေပဲဖြစ်ပါတယ်။ မတူညီတဲ့ ခံယူချက်၊ တန်ဖိုးထားမှု၊ ယုံကြည်မှုဟာ ဒီအချက် (၈-ခု) ပြီးပြည့်စုံစွာ အောင်မြင်ဖို့ များစွာအထောက်အပံ့ပေးနိုင်မှာဖြစ်ပါတယ်။

ဘ၀အောင်မြင်တိုးတက်ရေးအတွက် ကျွန်တော့်ရဲ့ အကောင်းဆုံးအကြံပေးချက်ကတော့ - ဒီအချက် (၈-ခု) ကို ဦးစားပေးအလိုက် စီစဉ်ရေးဆွဲထားပြီး အစိတ်အပိုင်းတခုချင်းအတွက် စီမံခန့်ခွဲသွားနိုင်ရင်ဖြင့် အနာဂတ်မှာ ပြီးပြည့်စုံတဲ့ အောင်မြင်တိုးတက်မှုတွေကို ဖန်တီးပေးနိုင်ဖို့ ယုံကြည်အကြံပေးချင်ပါတယ်။

ကိုယ့်ဘ၀ကို အကောင်းဆုံးဖန်တီးနိုင်ဖို့ဟာ ဘာအကြောင်းကြောင့်ပဲဖြစ်စေ ကိုယ့်ဘ၀ရဲ့တာဝန်တခုပါပဲ… ကိုယ့်ဘ၀တိုးတက်ရင် ကိုယ်တိုင်တိုးတက်မှုနဲ့ မိသားစုတိုးတက်မှု ပတ်ဝန်းကျင်တိုးတက်မှုတွေကို ဖန်တီးပေးလာမှာဖြစ်လို့…

ကိုယ်တိုင်သာ ကိုယ့်ဘ၀ရဲ့ ပန်းပုဆရာတွေဖြစ်တယ်ဆိုရင် - ကိုယ်ဖန်တီးပုံဖော်ချင်တဲ့ ဘ၀ပုံစံကို စနစ်တကျ စီမံခန့်ခွဲ - ထုဆစ်ပုံဖော်ပြီး ပိုမိုတိုးတက်သော အနာဂတ်များကို ပုံဖော်ဖန်တီးနိုင်ပါစေ။

အားလုံးတိုးတက်အောင်မြင်ကြပါစေ . ဆန္ဒမွန်ဖြင့်…
Zin Phyo Paing (MESI Business Institute)Post

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။