ကားတာယာ သတိပြုပါ။
⚠
⚠
⚠
⚠
⚠
🐾ခရီးသွားတဲ့အခါ အထူးသဖြင့် အမြန်လမ်းမှာ မောင်းတဲ့အခါ ကိုယ့်ကားရဲ့ တာယာကို အထူးဂရုပြုစေချင်ပါတယ်။
⚠တာယာဆို အကြမ်းအားဖြင့် ထူတာ၊ ပါးတာကိုပဲ အဓိကထား စစ်တတ်ကြပေမယ့် အမှန်ဆို ဒီလောက်နဲ့ မလုံလောက်ပါဘူး။
⚠ တာယာရဲ့ ရက်စွဲ (Date) ကိုပါ စစ်သင့်ပါတယ်။
☆ တာယာဒိတ်ကလည်း ကားတစ်စီး အန္တရာယ်ကင်းဖို့အတွက် တော်တော် အရေးပါ ပါတယ်။
☆ တာယာဒိတ်က တခြားကုန်ပစ္စည်းတွေနဲ့ မတူဘဲ ဂဏန်း လေးလုံး ရှိပါတယ်။
☆ အရှေ့နှစ်လုံးက week ကို ဆိုလိုတာဖြစ်ပြီး
☆ နောက် နှစ်လုံးကတော့ ခုနှစ်ကို ဖော်ပြတာပါ။
⚠ဥပမာ ...
📌0214 ဆိုရင် 2nd week of 2014
📌1015 ဆိုရင် 10th week of 2015
●အရှေ့ နှစ်လုံးက နှစ်တစ်နှစ်ရဲ့ ဘယ်အပတ်မှာ ထုတ်တာလဲဆိုတာကို ဆိုလိုချင်တာပါ။
● အနောက်နှစ်လုံးကတော့ ရှင်းပါတယ်။
▪ ထုတ်လုပ်တဲ့ ခုနှစ်ကို ဖော်ပြတာ။
⛔ကျန်တဲ့ တာယာရဲ့ အမြင့်တွေ၊ အကျယ်တွေ မသိရင်တောင် ခုနှစ်လေးလောက်တော့ ကားမောင်းတဲ့သူတိုင်း စစ်တတ်စေချင်တယ်။
🔧တချို့လည်း တာယာရဲ့ဒိတ်တွေကို ပြန်ရိုက်ကြတယ်၊ ပြန်ပြင်ကြတယ် တဲ့။
✔ သေချာချင်ရင်တော့ ယုံကြည်စိတ်ချရတဲ့ ဆိုင်မှာ တံဆိပ်ကောင်းတာကိုပဲ ၀ယ်စေချင်ပါတယ်။
🚫တာယာဒိတ်အောက်နေပြီဆို
📌တာယာသား ဆွေးနေတာရယ်၊
📌 ကွန်ကရစ်ကြောင့် တာယာစားတာရယ်၊
📌 အပူရှိန်ကြောင့် တာယာထဲက လေပွလာတာရယ်နဲ့ အချိန်မရွေး ပွင့်ထွက်ကွဲတတ်ပါတယ်။
💯အမြန်လမ်းမို့ အရှိန်နဲ့မောင်းတဲ့အခါ ဒီလို ဘီးပွင့်ထွက်သွားရင် ရုတ်တရက် ပြန်ထိန်းဖို့က မဖြစ်နိုင်လောက်ပါဘူး။
● ဒီလိုကြောင့်ပဲ ကားတွေ လမ်းဘေးထိုးကျ၊ တဖက်လမ်းပေါ်ရောက်၊ ကားချင်းတိုက်နဲ့ အသက်တွေများစွာ ဆုံးရှုံးရတာပါ။
💯ဒီတော့ အမြန်လမ်းပေါ် ကားမောင်းမယ်ဆို တာယာရဲ့ ဒိတ်ကို စစ်ကြပါ။
💯 ဘီးလေထိုးတဲ့အခါ ဖြစ်နိုင်ရင် ရိုးရိုးလေထက် နိုက်ထရိုဂျင်ကိုသာ ထည့်သင့်ပါတယ်။
💯 နိုက်ထရိုဂျင်နဲ့ဆို အပူရှိန်ကြောင့် ဘီးလေပွတာ၊ တင်းတာတွေ မဖြစ်တော့ပါဘူး။
✴ကိုယ့်ကား အင်ဂျင်မကောင်းရင်တောင် အလွန်ဆုံး လမ်းမှာ ရပ်ရုံ၊ ခရီးနှောင့်နှေးရုံလောက်ပြဲ ဖစ်မှာပါ။
🚫 တာယာမကောင်းလို့ မထင်မှတ်ဘဲ ကားမှောက်သွားရင် ကိုယ့်အသက်ပါ အန္တရာယ်ရှိနိုင်တာမို့ အားလုံးကို သတိပေးလိုက်တာပါ။
⚠ အမြန်လမ်းသွားမယ့် ကားကိုတော့ တာယာအတွက် မနှမြောသင့်ပါကြောင်း တင်ပြရင်း...
🚘
🚘
🚘
🚘
🚘
#ကားချစ်သူ
Credit》》 Htut Htake
( alinntantoesonemat)








☆ တာယာဒိတ်ကလည်း ကားတစ်စီး အန္တရာယ်ကင်းဖို့အတွက် တော်တော် အရေးပါ ပါတယ်။
☆ တာယာဒိတ်က တခြားကုန်ပစ္စည်းတွေနဲ့ မတူဘဲ ဂဏန်း လေးလုံး ရှိပါတယ်။
☆ အရှေ့နှစ်လုံးက week ကို ဆိုလိုတာဖြစ်ပြီး
☆ နောက် နှစ်လုံးကတော့ ခုနှစ်ကို ဖော်ပြတာပါ။



●အရှေ့ နှစ်လုံးက နှစ်တစ်နှစ်ရဲ့ ဘယ်အပတ်မှာ ထုတ်တာလဲဆိုတာကို ဆိုလိုချင်တာပါ။
● အနောက်နှစ်လုံးကတော့ ရှင်းပါတယ်။









● ဒီလိုကြောင့်ပဲ ကားတွေ လမ်းဘေးထိုးကျ၊ တဖက်လမ်းပေါ်ရောက်၊ ကားချင်းတိုက်နဲ့ အသက်တွေများစွာ ဆုံးရှုံးရတာပါ။











#ကားချစ်သူ
Credit》》 Htut Htake
( alinntantoesonemat)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။