အခက်အခဲကိုရင်ဆိုင်ပါ
✿✿✿✿✿✿✿✿✿✿
.
မြေကြီးထဲတူးဆွနေတာဟာ ပွေးတစ်ကောင်အတွက်
သဘာဝဖြစ်သလို အခက်အခဲတွေနဲ့ ကြိုးစား
ရုန်းကန်နေရတာဟာ လူတစ်ယောက်အတွက်
သဘာဝပဲဖြစ်တယ်။
ဘာမှ နောက်ထပ်ကြိုးစားရုန်းကန်စရာ
မရှိတဲ့အဖြစ်ကို လိုချင်တာဟာ ဘယ်လောက်ဆိုးဝါး
မိုက်မဲတဲ့ အဖြစ်လဲ။
အခက်အခဲတွေကို ကျော်လွှားအနိုင်ယူနေတာဟာ
ဘဝရဲ့ ဝမ်းမြောက်ပျော်ရွှင်ခြင်းကို အပြည့်အဝ
ခံစားရတာပါ။
စိတ်ဓာတ်ကော အသိဥာဏ်ကော ခန္ဓာကိုယ်ကော
အဖက်ဖက်က ကျန်းမာသန်စွမ်းတဲ့သူတစ်ယော က်ဟာ
သက်သက်သာသာနေရဖို့အတွက် တောင်းခံနေမှာ
မဟုတ်ပါဘူး။ သူ့စွမ်းရည်တွေကို အသုံးချနိုင်မယ့်
အခွင့်အလမ်းကိုသာ တောင်းခံမှာ ဖြစ်တယ်။
ဒီလို သူ့စွမ်းရည်တွေကို ပြဖို့ လုပ်ရာကနေ
သူရရှိမယ့် ပျော်ရွှင်မှုအတွက် ပင်ပန်းမှုဒဏ်ချက်တွေ
ရယူရမယ်ဆိုရင်တောင် အဲဒီဒဏ်ကို သူက
ရွှင်လန်းစွာ ယူလိုက်မှာပဲ။ ဒါကို မတန်မရာ
ပေးလိုက်ရတယ်လို့ သူဘယ်တော့မှ တွေးမှာ မဟုတ်ဘူး။
လေထုရဲ့ခုခံမှုက လေယဉ်ပျံ ဒါမှမဟုတ် ငှက်ကို
အမြင့်ပျံတက်နိုင်အောင် ပင့်မြှောက်ပေးသလိုပဲ ...
လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်
ပင့်မြှောက်ဖို့အတွက် ခုခံမှုတွေ လိုအပ်တယ်။
ကိုယ့်ကိုစိမ်ခေါ်နေတဲ့ ခုခံမှုတွေကို
တွန်းလှန်ပစ်ရင်းကနေ ခွန်အားတွေ ထက်မြက်မှုတွေ
ဖြစ်လာတယ်။ အင်မတန် အရသာရှိတဲ့
ဘဝရဲ့အရသာပါပဲနော် ...။ ဘယ်တော့မှ
ဝအီမသွားဘူး။
သက်သက်သာသာ နေလို့ရတဲ့နေရာမှာ မနေပါနဲ့။
တိုးတက်မှု ကြီးပွားမှုကို နိုးဆွပေးဖို့ အခက်အခဲတွေ
အတားအဆီးတွေ လိုအပ်ပါတယ်။
အခက်အခဲရှိတဲ့အဖြစ်ကို ရွေးချယ်လိုက်ပါ။
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
Credit. သိမှတ်ဖွယ်ရာ - ဗဟုသုတရွာ
✿✿✿✿✿✿✿✿✿✿
.
မြေကြီးထဲတူးဆွနေတာဟာ ပွေးတစ်ကောင်အတွက်
သဘာဝဖြစ်သလို အခက်အခဲတွေနဲ့ ကြိုးစား
ရုန်းကန်နေရတာဟာ လူတစ်ယောက်အတွက်
သဘာဝပဲဖြစ်တယ်။
ဘာမှ နောက်ထပ်ကြိုးစားရုန်းကန်စရ
မရှိတဲ့အဖြစ်ကို လိုချင်တာဟာ ဘယ်လောက်ဆိုးဝါး
မိုက်မဲတဲ့ အဖြစ်လဲ။
အခက်အခဲတွေကို ကျော်လွှားအနိုင်ယူနေတာဟာ
ဘဝရဲ့ ဝမ်းမြောက်ပျော်ရွှင်ခြင်းကိ
ခံစားရတာပါ။
စိတ်ဓာတ်ကော အသိဥာဏ်ကော ခန္ဓာကိုယ်ကော
အဖက်ဖက်က ကျန်းမာသန်စွမ်းတဲ့သူတစ်ယော
သက်သက်သာသာနေရဖို့အတွက် တောင်းခံနေမှာ
မဟုတ်ပါဘူး။ သူ့စွမ်းရည်တွေကို အသုံးချနိုင်မယ့်
အခွင့်အလမ်းကိုသာ တောင်းခံမှာ ဖြစ်တယ်။
ဒီလို သူ့စွမ်းရည်တွေကို ပြဖို့ လုပ်ရာကနေ
သူရရှိမယ့် ပျော်ရွှင်မှုအတွက် ပင်ပန်းမှုဒဏ်ချက်တွေ
ရယူရမယ်ဆိုရင်တောင် အဲဒီဒဏ်ကို သူက
ရွှင်လန်းစွာ ယူလိုက်မှာပဲ။ ဒါကို မတန်မရာ
ပေးလိုက်ရတယ်လို့ သူဘယ်တော့မှ တွေးမှာ မဟုတ်ဘူး။
လေထုရဲ့ခုခံမှုက လေယဉ်ပျံ ဒါမှမဟုတ် ငှက်ကို
အမြင့်ပျံတက်နိုင်အောင် ပင့်မြှောက်ပေးသလိုပဲ ...
လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်
ပင့်မြှောက်ဖို့အတွက် ခုခံမှုတွေ လိုအပ်တယ်။
ကိုယ့်ကိုစိမ်ခေါ်နေတဲ့ ခုခံမှုတွေကို
တွန်းလှန်ပစ်ရင်းကနေ ခွန်အားတွေ ထက်မြက်မှုတွေ
ဖြစ်လာတယ်။ အင်မတန် အရသာရှိတဲ့
ဘဝရဲ့အရသာပါပဲနော် ...။ ဘယ်တော့မှ
ဝအီမသွားဘူး။
သက်သက်သာသာ နေလို့ရတဲ့နေရာမှာ မနေပါနဲ့။
တိုးတက်မှု ကြီးပွားမှုကို နိုးဆွပေးဖို့ အခက်အခဲတွေ
အတားအဆီးတွေ လိုအပ်ပါတယ်။
အခက်အခဲရှိတဲ့အဖြစ်ကို ရွေးချယ်လိုက်ပါ။
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
Credit. သိမှတ်ဖွယ်ရာ - ဗဟုသုတရွာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။