သင်တန်း ကောင်းကောင်းလေးတစ်ခုတက်ပြီးလေ့လာနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့်ဘယ်လိုမှကို အချိန်မပေးနိုင်လို့ သင်တန်း မတက်ဘူးဆိုရင်လည်း အလကားတော့ အချိန်မဖြုန်းသင့်ပါဘူး။ အောက်ပါ နည်းလမ်း လေးတွေနဲ့ လေ့လာထားလို့ရပါတယ်။ ကျွန်တော့် ရဲ့ “အင်္ဂလိပ်စကား အမြန်ဆုံးပြောတတ်ဖို့” ဆိုတဲ့ စာအုပ် ထဲက နည်းလမ်းအချို့ဖြစ်ပါတယ်။
အသုံးများတဲ့ Grammar Pattern အချို့ကိုလေ့လာပါ။
Grammar ကိုအများကြီးစလေ့လာစရာမလိုပါဘူး။ Pattern တွေအများကြီးလေ့လာရင် ထုံသွားတတ်ပါတယ်။ဖြည်းဖြည်းသာလေ့လာပါ။ ဒါပေမယ့် အသုံး
အများဆုံးတွေကို အရင် လေ့လာ ပါ။
နေ့တိုင်း စကားလုံး အသစ် လေ့လာပါ ။
ကျွန်တော် လေ့လာ ခဲ့စဉ်က ကျွန်တော့် အိပ်ရာခြေရင်းမှာ နေ့တိုင်း စကားလုံး(၁၀)ရေးထားတဲ့ စာရွက်တစ်ရွက်ကပ်ထားပါတယ်။ တစ်နေ့ကို (၁၀)လုံးလေ့လာပါတယ်။ (၅) လုံးနိုင်ရင် (၅) လုံးပဲလေ့လာပါ။ (၁) လုံး
ပဲလေ့လာနိုင်ရင်လည်း (၁)လုံးပဲလေ့လာပါ။ အဓိကက မှတ်မိဖို့ပါ။ အများကြီးသိဖို့မလိုပါဘူး။ NativeSpeaker တွေတောင်သူတို့ Englishစာလုံးအကုန်မသိပါဘူး။ အရေးကြီးဆုံးအချက်က ထိုစာလုံးတွေကို
ပြန်လည်အသုံးချဖို့ပါ။
စာလုံး တွေကို ဒီအတိုင်းသာလိကာကျက်မကျက်ပါနဲ့။
စာလုံး တွေကို cat=ကြောင်လို့ ကျက်မယ့်အစားI love cats ကဲ့သို့သော ဝါကျနဲ့ကျက်ပါ။ အဲ့ဒိစာလုံးကိုအသုံးပြုပြီး အနည်းဆုံး ဝါကျသုံးကြောင်းလောကပြောပါ။ အသုံးမချရင် မကြာခင်မေ့သွားလိမ့်မယ်။မပြောရင်ပြောတတ်မှာမဟုတ်ဘူး။အိမ်မှာလေ့လာတယ်ဆိုတော့ Englishစကားပြောဖို့အဖော်ရှားမှာသေချာပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ စကားပြောဖော်ရှာဖွေပါ။ သူငယ်ချင်းစိတ်တူကိုယ်တူတွေကို English လိုပြောဖို့ စွဲဆောင်ပါ။
နောက်ဆုံးပြောဖို့ အဖော်ဘယ်လိုမှ ရှာမရဘူးဆိုရင်မှန်ကြည့်ပြီးပြောပါ။ မှားမှာမကြောက်ပါနဲ့။ သူများဘာသာစကားကိုလေ့လာနေတာဖြစ်တဲ့အတွက်လူတိုင်းအစမှာ မှားလေ့ရှိပါတယ်။
ရုပ်ရှင်ကြည့်ပါ။
အရင်တုန်းကဆောင်းပါးတွေမှာလည်း ရုပ်ရှင်ကြည့်ဖို့ကိုအကြိမ်ကြိမ်ပြောခဲ့ပါတယ်။ အင်္ဂလိပ်စာ တိုးတက်ချင်တယ်လို့ပြောပြီး ကိုရီးယားကားပဲကြည့်နေတဲ့သူတွေကများနေပါတယ်။ English လိုပြောတဲ့ ဇာတ်ကား တွေ
ကိုကြည့်ပါ။ Drama ကားတွေကိုပိုကြည့်စေချင်ပါတယ်။ ဒါမှမဟုတ်ကာတွန်းကားတွေကြည့်ပါ။ဘာလို့လည်းဆိုတော့ ကာတွန်းကားတွေက ခက်ခဲတဲ့စကားလုံးတွေမသုံးထားပါဘူး။ လွယ်ကူတဲ့အသုံးအနှုန်တွေနဲ့မို့ ပိုမိုနားလည်ရလွယ်မှာပါ။
သီချင်းနားထောင်ပါ။ လိုက်ဆိုပါ။
တစ်ချို့တွေက Englishသီချင်းတွေနားထောင်လေ့မရှိပါဘူး။ ဒါပေမယ့် English စာတိုးတက်ချင်ရင်တော့English သီချင်းတွေနားထောင်သင့်ပါတယ်။ နားထောင်ရုံနဲ့လည်းမပြီးပါဘူး။ လိုက်ဆိုပါ။ ဒါမှသင့်နှုတ်
ကEnglish လိုပြောဖို့ ပိုမိုရဲတင်းလာမှာပါ။ လူကြားသူကြားထဲမဆိုရဲရင် ရေချိုးခန်းထဲမှာ အရင်စဆိုပါ။
စာအုပ်တွေဖတ်ပါ။
စာအုပ်တွေဆိုလို့ အခက်အခဲကြီး တွေဖတ်စရာမလိုပါဘူး။ လွယ်တဲ့စာအုပ်လေးတွေစဖတ်ပါ။ ပုံပြင်စာအုပ်လေးတွေကအထူးသင့်တော်ပါတယ်။
Facebook ပေါ်မှာလည်း English စာလေ့လာလို့ရတဲ့ page လေးတွေအများကြီးရှိပါတယ်။ အင်္ဂလိပ်စာလေ့လာလို့ရတဲ့ ဝက်ဘ်ဆိုဒ်ပေါင်းများစွာလည်းရှိပါတယ်။ အင်တာနက်ကို အကျိုးရှိစွာအသုံးချတတ်ပါစေ။
Englishစာဖြင့်ဝန်းရံပါ။
သင့်ရဲ့နေ့တစ်နေ့မှာ Engish စာနဲ့ပက်သက်တာတစ်ခုခု တာ့လုပ်ဖြစ်အောင်လုပ်ပါ။ကားပေါ်မှာအလုပ်သွားရင်း Listening တိုးတက်ဖို့ အသံဖိုင်တွေနားထောင်ပါ။ English သီချင်း တွေနားထောင်
ပါ။
ဘာသာစကားကိုမြတ်နိုးပါ။
English လိုကောင်းကောင်းပြောတတ်ရင် အခြားသူတွေရဲ့အထင်တကြီးအကြည့်တွေကို ပိုင်ဆိုင်ရုံတင်မဟုတ်ပါဘူး။ ဘယ်အလုပ်လျှောက်လျှောက်တင့်တယ်ပါတယ်။ သင့်အတွက် အလုပ်အကိုင်လည်း
ပေါလာပါလိမ့်မယ်။ အခွင့်အရေး တွေလည်း အများကြီးရလာပါလိမ့်မယ်။ ဒါကြောင့် ဘာသာစကားကို သေသေချာချာ လေးလေးစားစားနဲ့ နေ့တိုင်းအချိန်ပေးပြီးလေ့လာပါ။
မိုးရှင်း (I.M.T) ရေးသားသည်။
ကျွန်တော့်ရဲ့ “အင်္ဂလိပ်စကား အမြန်ဆုံးပြောတတ်ဖို့”စာအုပ်ထဲမှာလည်း အခြားနည်းလမ်းများစွာကိုဖော်ပြပေးထားပါတယ်
Credit : မိုးရှင်း (I.M.T)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။