Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, August 22, 2017

အောင်မြင်သူတွေနဲ့_ပေါင်းပါ

ကြီးပွားအောင်မြင်ရေးအကျင့် (၇)။
#အောင်မြင်သူတွေနဲ့_ပေါင်းပါ
လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကင်းကွာပြီး နေလို့မရလို့ ပတ်ဝန်းကျင်က လူတွေရဲ့ အပြုအမူ အကျင့်စရိုက်တွေဟာလည်း သူ့အပေါ် ရိုက်ခတ်ကူးစက်လာတတ်ပါတယ်။ လွှမ်းမိုးလာတတ်ပါတယ်။ အထူးသဖြင့် မွေးဖွားချိန်ကစပြီး အရွယ်ရောက်ချိန်ထိ အနီးကပ်နေခဲ့တဲ့ မိဘရဲ့ အပြောအဆို အပြုအမူတွေကို အတုခိုးတတ်ကြတယ်။ မိဘတွေ လုပ်တာကို လိုက်လုပ်တတ်ကြတယ်။ အတုယူကြတယ်။ အတုယူ လိုက်လုပ်ရင်းနဲ့ အကျင့်ဖြစ်သွားကြတယ်။ ညတိုင်း မအိပ်ခင် စာအုပ်ဖတ်လေ့ရှိတဲ့ ဖခင်ကို ကြည့်ရင်းနဲ့ ကလေးဟာ ငယ်စဉ်ကတဲက ကာတွန်း၊ ပုံပြင်စာအုပ်လေးတွေဖတ်တဲ့ အကျင့်ရလာတယ်။ သူ ကြီးလာတဲ့အခါ စာဖတ်ဝါသနာပါသူ တစ်ယောက်ဖြစ်လာဖို့ များပါတယ်။ ထို့နည်းတူ နေ့စဉ် အရက်သောက် အမြဲမူးနေတဲ့ လူတစ်ယောက်ရဲ့ သားဟာလည်း ကြီးလာတဲ့အခါ အရက်သမားဖြစ်လာမှာ မဆန်းပါဘူး။ အားရင် အိပ်ယာပေါ်လှဲ ကျောခင်းနေတတ်တဲ့ အမျိုးသမီးရဲ့ သမီးဟာလည်း ကြီးလာတဲ့အခါ အပျင်းကြီးနေမှာ သေချာသလောက်ပါပဲ။

အထက်က ပြောခဲ့သလို လူတွေဟာ နီးစပ်သူတွေဆီက အကျင့်ကူးတတ်လို့ အောင်မြင်ကြီးပွားချင်သူဟာ အောင်မြင်နေသူတွေနဲ့ အပေါင်းအသင်းလုပ်ပါ။ အောင်မြင်သူတွေဆီက အကျင့်တွေကို အတုယူရအောင်လို့ပါ။ အောင်မြင်နေသူတွေဟာ သူများမကောင်းကြောင်း၊ သူများတွေရဲ့ အတင်းအဖျင်းတွေကို မပြောတတ်ကြဘူး။ အဓိပ္ပါယ်ကင်းမဲ့ပြီး အကျိုးမရှိစေမယ့် စကားတွေကိုလည်း မပြောကြဘူး။ မပြောရုံမကဘဲ သူများလာပြောရင်လည်း နားမထောင်တတ်ကြဘူး။ သူတို့မှာ အဲဒီလို စကားတွေကို ပြောချိန်၊ နားထောင်ချိန် မရှိကြလို့ပါ။
သူတို့ဟာ ရတဲ့အချိန်လေးမှာ တစ်ဦးနဲ့တစ်ဦး လုပ်ငန်းဆိုင်ရာ အကြံဉာဏ်တွေ ဖလှယ်ကြတယ်။ ဆွေးနွေးကြတယ်။ ဘယ်လိုအခွင့်အလမ်းတွေပေါ်နေတယ်၊ ဘာလုပ်ရင် ကောင်းမယ်ဆိုတာတွေကို တိုင်ပင်ကြတယ်။ အင်္ဂလိပ်စကားပုံ တစ်ခုရှိပါတယ်။
- အသိဉာဏ်ပညာ နည်းပါးသူတွေဟာ သူများအကြောင်း အတင်းအဖျင်းကို ပြောလေ့ရှိကြတယ်။
- အသိဉာဏ်ပညာ အသင့်အတင့်ရှိသူဟာ အကြောင်းအရာ၊ အဖြစ်အပျက်တွေကို ပြောတတ်ကြတယ်။
- အသိဉာဏ်ပညာ ကြီးမြင့်သူတွေကတော့ အကြံအစည်၊ အတွေးအခေါ်တွေအကြောင်း ပြောကြတယ်တဲ့။
အောင်မြင်သူတွေနဲ့ ပေါင်းတော့ သူတို့ရဲ့ အပြုအမူ၊ အပြောအဆို၊ အကြံအစည်တွေဟာ မိမိဆီကို ကူးစက်လာပြီး သူတို့လို အောင်မြင်အောင် လုပ်တတ်တဲ့ အလေ့အကျင့် အကြံအစည်တွေ မိမိမှာလည်း ဖြစ်ပေါ်လာမှာပါ။
အလုပ်ကို တာဝန်ကျေပဲ လုပ်တတ်တဲ့ လခစားလုပ်သူတွေနဲ့ ပေါင်းသင်းရင် သူတို့ဆီက ဘယ်လိုစကားမျိုး ကြားရမလဲ။
“အလုပ်တွေကလည်း များလိုက်တာကွာ”
“အထက်က လူကလည်း ငါ့ကိုချည်းပဲ မညှာမတာ ခိုင်းနေတာပဲကွာ”
“ကုမ္ပဏီပိုင်ရှင်ကလည်း ကပ်စေးနည်း ကော်တရာပါကွာ”
"ဘာမေးမေး မသိဘူးသာပြော။ မသိဘူးဆိုရင် မင်း အခိုင်းမခံရလို့ သက်သာတာပေါ့"
စတဲ့ စကားမျိုးတွေကိုသာ ကြားနေရမှာပါ။ အဲဒီစကားတွေဟာ အောင်မြင်ကြီးပွားချင်သူတွေ နားထောင်သင့်တဲ့ စကားမျိုး မဟုတ်ကြပါ။ အဲဒီစကားတွေဟာ အကြံဉာဏ်စကားတွေ မဟုတ်ပါ။ ဒီလိုစကားမျိုး နေ့တိုင်း နားထောင်နေသူ၊ နေ့စဉ် ကြားနေသူ တစ်ယောက်မှာ ဘယ်လိုမှ ကြိုးစားချင်စိတ် ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။
ခြေ နှစ်ဖက်၊ လက် နှစ်ဖက် လုံးဝမပါဘဲ မွေးလာခဲ့တဲ့ သြစတေးလျနိုင်ငံက နစ်ဘွိုင်းယစ်ချစ်ဆိုသူဟာ အခုအခါမှာ ကမ္ဘာအနှံ့ လှည့်လည်ရင်း စိတ်ဓါတ်မြင့်တင်ရေးဆိုင်ရာ ဟောပြောပွဲတွေကရယ်၊ သူ့အကြောင်း ရေးထားတဲ့ စာအုပ်တွေ သန်းချီရောင်းနေရတာရယ်တွေကြောင့် သူဟာ အောင်မြင်တဲ့ မီလျံနာသူဋ္ဌေးတစ်ယောက် ဖြစ်နေပါပြီ။ သူဟာ ခြေ၊ လက်မပါ ဒုက္ခိတတွေ ဖြစ်ပါလျက် စိတ်ဓါတ်မကျ သူများပေးစာကမ်းစာနဲ့ နေရ စားရတဲ့ ဘဝမှာ မနေပဲ ကိုယ့်အားကိုယ်ကိုးရုံမက ခြေ၊ လက်အပြည့်အစုံ ရှိသူအများစု မလုပ်နိုင်တာကိုတောင် ဘာကြောင့်လုပ်နိုင်ခဲ့ကြတာလဲ။ သူ့အကြောင်း ရေးထားတဲ့ စာအုပ်တွေကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်။ အဲဒါက သူ ငယ်စဉ်ကလေးဘဝကတဲက မိဘတွေက သူ့ကို စိတ်ဓါတ်ခွန်အားပေးတဲ့ စကားတွေ၊ ဘဝကို အရှုံးမပေးဖို့ စကားတွေကို နေ့စဉ် ပြောပြနားသွင်းပေးခဲ့ကြလို့ပါ။ (သူ့အကြောင်းကို သိချင်ရင် "သူတို့ ဘာကြောင့် ကမ္ဘာကျော်တာလဲ" စာအုပ်မှာ ဖတ်ကြည့်နိုင်ပါတယ်။)
ဒီတော့ နေ့စဉ်ပေါင်းသင်းဆက်ဆံနေရတဲ့ မိတ်ဆွေဆီက ဘယ်လို စကားမျိုးကြားရသလဲဆိုတာ ဆန်းစစ်ကြည့်ပါ။ သူများတွေအကြောင်း အတင်အဖျင်းတွေ၊ စိတ်ဓါတ်ကျစရာစကားတွေ၊ သူများအပေါ် ကလိမ်ကျ လိမ်ညာနေတဲ့ အကြောင်းတွေကို ဂုဏ်ယူပြောနေတဲ့ သူငယ်ချင်းမျိုးကို သင်ဟာ ကြီးပွားအောင်မြင်ချင်စိတ်ရှိသူဆိုရင် ဝေးဝေးက ရှောင်ကျဉ်ပါ။ သူတို့ဆီက အတင်းအဖျင်းပြောတဲ့ အလိမ်အညာစကားတွေ ပြောတဲ့အကျင့်တွေ ကူးစက်မခံရစေဖို့ပါ။ သူတို့ဟာ သင့်ရဲ့ အောင်မြင်ရေးပန်းတိုင် ရောက်ဖို့ ဘယ်လိုမှ အကျိုးပြုမှာ မဟုတ်သလို အတားအဆီး အဟန့်အတားတွေ ဖြစ်နေကြပါတယ်။ သူတို့နဲ့ ပေါင်းသင်းလို့ သင့်မှာ အကျိုးရှိဖို့ထက် အကျိုးယုတ်ဖို့က ပိုများပါတယ်။ ဥပမာတစ်ခု ပြောရရင်သင်ဟာ စီးပွားရေးလုပ်ငန်းတစ်ခုမှာ အခက်အခဲ ကြုံနေလို့ အဲဒီလူတွေနဲ့ တိုင်ပင်ကြည့်လိုက်တဲ့အခါ သူတို့ဆီက
“သူငယ်ချင်း ဘာမှ စိတ်ပျက်ပြီး အားငယ်မနေပါနဲ့။ ဆက်ကြိုးစားလိုက်စမ်းပါ။ အောင်မြင်သူတိုင်းဟာ မအောင်မြင်ခင်မှာ ဒီလိုပါပဲ။ အခက်အခဲ ရှုံးနိမ့်မှုနဲ့ ကြုံရတတ်တာမို့ အဆန်းမဟုတ်ပါဘူးကွာ”
ဆိုတဲ့ စကားမျိုးကို သူတို့ဆီက ကြားရမယ်လို့ ထင်ပါသလား။
သင် ကြားရမယ့် စကားတွေက ဒါမျိုးဖြစ်ပါလိမ့်မယ်။
“သူငယ်ချင်းကို ငါ အစကတဲက ပြောခဲ့တယ်လေ။ ဒီအလုပ်ကို မလုပ်သင့်ဘူးဆိုတာ။ အခုတော့ မင်း ဒုက္ခရောက်ပြီ မဟုတ်လား။ ငါ မင်းကို အကောင်းဆုံးအကြံ ပေးမယ်ကွာ။ ဒီအလုပ်ကို ဆက်မလုပ်နဲ့တော့။ ရပ်ပစ်လိုက်ပါ။ နိုမို့ဆိုရင် မင်း စုထားတဲ့ ပိုက်ဆံတွေ ကုန်သွားပြီး မိသားစုပါ ထမင်းငတ်လိမ့်မယ်” တဲ့။
သူ့ဆီက နေ့တိုင်း ဒီလို စကားမျိုးတွေပဲ ကြားနေရရင် သင့်အလုပ်ကို ဆက်လုပ်ချင်စိတ် ရှိပါ့အုံးမလား။
ခုလောက်ဆိုရင် အောင်မြင်သူတွေနဲ့ အပေါင်းအသင်းလုပ်ဖို့ အရေးကြီးတယ်ဆိုတာ နားလည်လက်ခံမယ်လို့ ထင်ပါတယ်။ သူငယ်ချင်း အပေါင်းအသင်းထဲမှာ အောင်မြင်သူမရှိရင်လည်း အဆက်အသွယ်ရှာပြီး အောင်မြင်သူတွေနဲ့ အပေါင်းအသင်းဖြစ်အောင် အခွင့်အလမ်းကို ရှာကြံပါ။ အဆက်အသွယ်ရဖို့ ပိုက်ဆံပေးရမယ်ဆိုရင်တောင် ငွေအကုန်ခံလိုက်ပါ။ သင်ရမယ့် အကျိုးက ကြီးမားလွန်းလို့ ငွေကုန်ရကျိုးနပ်ပါလိမ့်မယ်။
တကယ်လို့ သင့်မှာ အဲဒီအဆက်အသွယ်ရဖို့ အခွင့်အလမ်း လုံးဝမရှိဘူးဆိုရင်လည်း သင်လုပ်နိုင်တာ ရှိပါတယ်။ အဲဒါက အောင်မြင်ကြီးပွားသူတွေအကြောင်း ရေးထားတဲ့ စာအုပ်တွေ၊ သူတို့ရဲ့ အထုပ္ပတိစာအုပ်တွေကို ဝယ်ဖတ်ပါ။ ငှားဖတ်ပါ။ ရှာဖတ်ပါ။ အဲဒီစာအုပ်တွေဟာ အောင်မြင်သူတွေရဲ့ စိတ်ကူး၊ အတွေးအခေါ်၊ အကြံအစည်၊ အပြောအဆို၊ အကျင့်စရိုက်၊ ပြုမူဆောင်ရွက်ပုံတွေကို အသေးစိပ် ရေးပြထားတတ်တာမို့ သေချာဖတ်ကြည့်ပါ။ ဒါဆိုရင် သူတို့နဲ့ အနီးကပ်ပေါင်းသင်းနေရသလို သူတို့ရဲ့ အောင်မြင်ရေး အကျင့်စရိုက်တွေကို အတုယူနိုင်မှာပါ။
ဗန်းမော်သိန်းဖေ
၁၇-၀၁-၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။