Dr-Myint Thein added 9 new photos.
မိမိတို့ ပတ်ဝန်းကျင်လေထုထဲတွင်
မီးခိုး ၊ အိတ်ဇောငွေ့ ၊ ဆေးလိပ်မီးခိုး ၊ ရေမြှုပ်မွေ့ ယာ ၊ ရေမြှုပ်ဆိုဖာ ၊ ကော်ဇော ၊
အိမ်သုတ်ဆေး ၊ အိမ်သုတ်ဆေးဖျော်စပ်ဆေးရည် ၊ အထပ်သား ၊ ဖိုင်ဘာဘုတ် ၊
သန့် ရှင်းလုပ်ရန်ဆေးရည်အမျိုးမျိုး တို့ မှ ထွက်လာသော ဖော်မောဒီဟိုက် ၊
ထွိုင်ကလိုရိုအီသိုင်လင်း ၊ ဘင်ဇင်း ၊ ကာဗွန်ဒိုင်အာက်ဆိုက် ၊ ကာဗွန်မိုနောက်ဆိုက် ၊
ဇိုင်လင်း အစရှိသော ဓါတုဗေဒ ပစ္စည်းများ
ရောနှော ပါဝင်နေခြင်းကို လေထုညစ်ညမ်းခြင်း ဟု ခေါ်ပါသည် ။
ထို ညစ်ညမ်းသောလေကို စစ်ထုတ် သန့် စင်ပေးနိုင်သော အိမ်တွင်း အိမ်ပြင် စိုက်
ပျိုးနိုင်သော အပင် ၁၀ မျိုးရှိပါသည် ။
၁ ။ English Ivy ( Hedera Helix )
လေထဲမှာ ပါလာသော မစင်အညစ်အကြေး အမှုန်အမွှား များကို ဖယ်ရှားနိုင်
သည် ဆိုပါသည် ။ မီးခိုးငွေ့ များကိုလည်း သန့် စင်ပေးနိုင်ပါသည် ။
၂ ။ Golden Pothos ( Epipremnum Aureum )
ဖောမောဒီဟိုက် ၊ ကာဗွန်မိုနောက်ဆိုက် တို့ ကို ဖယ်ရှား နိုင်ပါသည် ။
၃ ။ Boston Fern ( Nephrolepsis Exalta Bostoniensis )
ဖောမောဒီဟိုက် ဖယ်ရှားပေးနိုင် သဖြင့် ကော်ဇောခင်းသောအခန်းများတွင်
စိုက်သင့်သည် ဆိုပါသည် ။ လေထုစိုထိုင်းဆ ကိုလည်း ထိန်းပေးနိုင်ပါသည် ။
၎ ။ Dracaena ( Dracaena Deremensis )
ဘာနစ်သုတ်ဆေးမှ ထွက်သော Tricholoroethylene ကိုဖယ်ရှားနိုင်ပါသည် ။
၅ ။ Bamboo Palm ( Chamaedorea Elegans )
Benzene , Trichloroethylene တို့ ကိုဖယ်ရှားနိုင်ပါသည် ။
လေထုစိုထိုင်းဆ ကိုလည်း ထိန်းပေးနိုင်ပါသည် ။
၆ ။ Dragon Tree ( Dracaena Marginata )
အိတ်ဇော ၊ သုတ်ဆေး ၊ စီးကရက်ငွေ့ မှ ထွက်သော Xylene ကို ဖယ်ရှားပါသည် ။
၇ ။ Peace Lily
Benzene , Trichloroethylene , Acetone , alcohol တို့ ကိုဖယ်ရှားနိုင်ပါသည် ။
၈ ။ Lady Palm ( Rhapis Exelsa )
၉ ။ Spider Plant ( Chlorophytum Comosum )
ကာဗွန်မိုနောက်ဆိုက် ကို ဖယ်ရှားပေးပါသည် ။
၁၀ ။ Snake Plant ( Sanseviera Trifascish )
ညဖက်မှာ ကာဗွန်ဒိုင်အောက်ဆိုက်စုပ်ယူပြီး အောက်ဆီဂျင်ထုတ်လွှတ်ပါသည် ။
....
အပင်အမည် မျာကို မြန်မာအမည် တိုက်ဆိုင်ကြည့်ပါသော်လည်း မကျွမ်းကျင်
သဖြင့် အပင်ပုံလေးတွေ သာ ကူးတင်ပေးလိုက်ပါသည် ။ အပင်တွေကြည့်တော့
မြင်ဖူးတွေ့ဖူးသောအပင်များဖြစ်သဖြင့် ရှာဖွေ ၀ယ်ယူရန်လွယ်သူမည်
ထင်ပါသည် ။
...
ဒေါက်တာမြင့်သိန်း
၁၃ သြဂုတ် ၂၀၁၄

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။