စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ added 26 new photos.
ZG
မြန်မာလို ရှားစောင်းလက်ပတ်ကြီးပင်(သို့)သဘောင်္နာနတ်ပင် ဟုခေါ်ဆိုပါတယ်။
သက်တမ်းရင့် သဘောင်္နာနတ်ပင်များရဲ့ အရွက်အဖတ်များကို ဖဲ့ချွေဖြတ်တောက်ပြီး ကျန်ရှိတဲ့အမြစ်ဆုံ ခေါင်းဆုံကို ထက်ခြမ်းခွဲ၍ ချွေးခံပေါင်းစက်ဖြင့် အချိန်ကြာမြင့်စွာပေါင်းယူပြီး ၄င်းချွေးခံပေါင်းပြီးသား သဘောင်္နာနတ်ခေါင်းဆုံများကို မြေပဲဆီကြိတ်ခွဲသကဲ့သို့ မြင်းများ၊စက်များဖြင့်လှည့်ပတ်ကြိတ်ခွဲရပြီး ကျန်ရှိတဲ့ပျော့ဖတ်ကိုမှအရည်ညှစ်ယူရပါတယ်။
ဘဝခါးခါး✏
UNI
အားလုံးပဲ မင်္ဂလာပါ ခင်ဗျ..
အခု ကျွန်တော် ဖော်ပြပေးမည့်အပင်ကို မသိရှိသူ အတော်များပါလိမ့်မယ်။
ဒါ့ကြောင့် ကျွန်တော် ဗဟုသုတအဖြစ် ဖော်ပြပေးပါ့မယ်။
ဒီအပင်ကို အင်္ဂလိပ်ဘာသာဖြင့်Agave (or )Tequilana plants ဟုခေါ်ပါတယ်။
မြန်မာလို ရှားစောင်းလက်ပတ်ကြီးပင်(သို့)သဘောၤနာနတ်ပင် ဟုခေါ်ဆိုပါတယ်။
ဒီအပင်ဟာ မက်ဆီကို(Mexico) နှင့် တောင်အာဖရိကနိုင်ငံ( South Africa)တွေ၌ စီးပွားဖြစ် စိုက်ပျိုးပါတယ်။
ဒီအပင်မှ ထုတ်ယူရရှိတဲ့ သကာရည်ဟာ(Agave syrup is sweeter than Honey)ပျားရည်ထက်ပိုပြီး ချိုမြိန်ပါတယ်။
သူ့မှာ Fructose 56% နှင့် Glucose 20% ပါဝင်ပါတယ်။
Fructose ဆိုတာက သစ်သီးတို့ ပျားရည်တို့မှရရှိသော သစ်သီသကြားဓာတ်ကို ဆိုလိုပြီး Glucose ဆိုတာက ဂလူကို့ဆေးသကြားဓာတ်ကို ဆိုလိုပါတယ်။
ဒီအပင်တွေရဲ့သက်တမ်းဟာ စိုက်ပျိုးချိန်မှစ၍ (၇)နှစ် မှ (၁၄)အတွင်းထိ့ ပြုစုပျိုးထောင်စိုက်ပျိုးရပါတယ်။
သက်တမ်းရင့် သဘောၤနာနတ်ပင်များရဲ့ အရွက်အဖတ်များကို ဖဲ့ချွေဖြတ်တောက်ပြီး ကျန်ရှိတဲ့အမြစ်ဆုံ ခေါင်းဆုံကို ထက်ခြမ်းခွဲ၍ ချွေးခံပေါင်းစက်ဖြင့် အချိန်ကြာမြင့်စွာပေါင်းယူပြီး ၄င်းချွေးခံပေါင်းပြီးသား သဘောၤနာနတ်ခေါင်းဆုံများကို မြေပဲဆီကြိတ်ခွဲသကဲ့သို့ မြင်းများ၊စက်များဖြင့်လှည့်ပတ်ကြိတ်ခွဲရပြီး ကျန်ရှိတဲ့ပျော့ဖတ်ကိုမှအရည်ညှစ်ယူရပါတယ်။
ညှစ်ယူရရှိသော သကာရည်များကို စားသောက်ကုန်လုပ်ငန်းနှင့်အတူ အရက်၊ဘီယာ နှင့် ဝိုင်အရက်များ ကစော်ဖောက်(fermentations)တဲ့နေရာများ၌ ထည့်သွင်းအသုံးပြုပါကြောင်း အတိုချုံးပြီး ရေးသားဖော်ပြလိုက်ပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မရှိပါဘူး..ဒါ့ကြောင့် မမြင်ဖူးသေးတဲ့လူအများ မြင်ဖူးအောင် Share and Save နိုင်ပါသည်။
ကျေးဇူးတင်ပါတယ်..ကျွန်တော် ဘဝခါးခါးပါ။
ဘဝခါးခါး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။