သူတောင်းစားလက်ထဲမှ ဘယ်လောက်ထည့်ထည့်
ပြည့်မသွားသော မှော်ခွက်
-------------------------- ---
တစ်ခါတုန်းက အလွန်အာဏာကြီးတဲ့ ဘုရင်တစ်ပါး
ရှိတယ်။တစ်နေ့တော့ ရှင်ဘုရင်ဟာ နန်းတော်ထဲမှ တစ်ယောက်ထဲတိတ်တဆိတ်ထွက်ပြီး တိုင်းပြည်အ
တွင်း လှည့်လည်ပါတယ်။ထိုသို့ လှည့်လည်စဉ် သူတောင်းစားတစ်ယောက်ကို တွေ့မြင်မိတယ်။
သူတောင်းစားကို တွေ့တော့ ရှင်ဘုရင်က မေးတယ်။
"မင်း ဘာလိုရှိသလဲ "
ထိုအခါ သူတောင်းစားက သဘောကျစွာရယ်မော၍
"ဘယ်လို .....သင်က ငါ့အလိုဆန္ဒတွေ ဖြည့်ဆည့်ပေး
နိုင်သူတစ်ယောက်လို မေးနေတာလား "ဟု ပြန်ဖြေ
လိုက်တယ်။
ရှင်ဘုရင်က သူတောင်းစားပြန်ဖြေကြားချက် ကို နား
ထောင်ပြီး စိတ်မကျေမနပ်ဖြစ်ကာ"ငါက ဘုရင်ကွ
မင့် အလိုဆန္ဒတွေကို ပြည့်ဝသွားအောင် ဖြည့်ဆည်း
ပေးနိုင်တယ်။ ပြောစမ်း ...ဘာတွေမင်း လိုအပ်နေသ
လဲ။ မင်းလိုအပ်နေတာတွေ ဖြည့်ဆည်းပေးမယ့် လို့
ငါ အာမခံတယ်။ "
သူတောင်းစားက အလေးမထားသောမျက်နှာဖြင့် "သင် က ငါရဲ့ အလိုဆန္ဒတွေ ဖြည့်နိုင်တယ်လို့ အာမ မခံခင်
သေချာစဉ်းစားသင့်တယ် နော် ။"
ဤသို့ သူတောင်းစားက စဉ်းစားဖို့ ပြောကြားသည့်တိုင်
ရှင်ဘုရင်သည် မိမိရဲ့ ကြီးမြင့်သော အာဏာကိုမှီလျှက်
"မင်း လိုအပ်တာ ငါဖြည့်ပေးနိုင်တယ်"ဟုသာ ထပ်ခါ
ပြောကြားပါတယ်။
(ရှင်ဘုရင်ကြီး မသိတာက သူတောင်းစားဟာ စင်စစ်
သူတောင်းစား အစစ် မဟုတ်ဘူး။သူဟာ အတိတ် ဘဝတုန်းက ရှင်ဘုရင်ကြီးရဲ့ ဆရာရှင်ဖြစ်ခဲ့ဖူးပြီး၊ အခုလိုတွေ့ဆုံးခြင်းကလည်း ရှင်ဘုရင်ကို အသိဥာဏ် ပွင့်စေဖို့နှင့် အတ္တကြီးသော စိတ်ထားမှ လွတ်မြောက် စေဖို့အတွက်ပဲ ဖြစ်ပါတယ်။တနည်းအားဖြင့် အကျွတ်
တရား ရစေဖို့ ဖြစ်ပါတယ်)
သူတောင်းစားသည် ခွက်တစ်လုံးကို ရှင်ဘုရင်ရှေ့ ထိုး
ပေးလျှက် "သင်က ကျွန်ုပ်ရဲ့ အလိုဆန္ဒကို ဖြည့်ဆည်း
မယ်ဆိုလျှင် ဒီခွက်ကိုသာ သင်ဖြည့်ဆည်းလိုရာ ဖြည့်
ပြီး ခွက်ပြည့်သွားအောင် လုပ်ပေးပါ "ဟု ရိုးရှင်းစွာ
ပင် ပြောဆိုပါတယ်။
ဘုရင်က ဖြစ်စေရမယ် ဟု ဝန်ခံကာ သူ့အစေခံကို ဆင့်
ခေါ်လျှက် သူတောင်းစား ခွက်ထဲသို့ ပိုက်ဆံတွေထည့်
ပြီး ဖြည့်ပေးလိုက်ဖို့ ပြောပါတယ်။အစေခံလည်း ပိုက်ဆံ
အချို့ကို ယူဆောင်လျှက် သူတောင်းစားခွက်ထဲသို့
ထည့်ပေး လိုက်ပါတယ်။အစေခံ ပိုက်ဆံထည့်နေ
လျှက်ရှိနေစဉ်တွင် ခွက်ထဲကျသွားသည့် ပိုက်ဆံဟာ
ပျောက်ကွယ်သွားတယ်။ခွက်က မူလအတိုင်း ဗလာဖြစ်
သွားတယ်။ထို့နောက် အစေခံက ပိုက်ဆံတွေ ထပ်ခါ
ထည့်တယ်။ခွက်ထဲရောက်သမျှ ပိုကဆံကလည်း
ပျောက်ကွယ်သွားပြီး ခွက်ဟာ မူလအတိုင်း ဗလာဖြစ်
လျှက်ပင်။ပိုက်ဆံဘယ်လောက် ဖြည့်ဖြည့် ခွက်ဟာ
ပြည့်လာတယ်ဆိုတာ မရှိဘူး။
ရှင်ဘုရင်က သူ့အစေခံကို စိန်တွေ၊ပုလဲတွေ၊ရတနာ
တွေယူခဲ့ပြီး ခွက်ထဲထည့်ဖို့ ပြောပါတယ်။အစေခံလည်း
ဘုရင် အမိန့်အတိုင်း ရတနာတွေကို ခွက်ထဲထည့်လိုက် ပြန်ပါတယ်။ရတနာတွေကလည်း အရင်ပိုက်ဆံတွေ
အတိုင်း ပျောက်ကွယ်သွားပြန်တာပဲ။ခွက်က အောက်ခံ အပိတ်မပါဘူး ထင်တယ်။ဘာဝတ္ထုပစ္စည်း ထည့်ထည့် ပျောက်ကွယ်သွားတာပဲ။
ဒီလိုပုံစံဖြင့် ညနေစောင်းချိန်ရောက်ခဲ့ပါပြီ။ ပတ်ပတ်
လည်မှာ လူအများကလည်း မျက်လှည့်ပွဲကြည့်သလို ဝိုင်းအုံ၍ ကြည့်နေကြတယ်။
နောက်ဆုံးမှာ...
ရှင်ဘုရင်သည် ခွက်ကိုဘယ်တော့မှ ပြည့်အောင် မဖြည့်နိုင်တော့ ကြောင်းဖြင့် သူတောင်းစားကို အရှုံးပေး ဝန်ခံလိုက်ပါ တယ်။
ရှင်ဘုရင်က ပြောပါတယ်။ "သင် နိုင်ပါတယ်၊ ဒါပေမယ့်
ကျွန်ုပ်တောင်းဆိုပါရစေ ၊သင်ထွက်မသွားခင် အသင့်
ခွက်ဟာ ဘာနဲ့ လုပ်ထားသည့် ပစ္စည်းဖြစ်ကြောင်း
ပြောကြားခဲ့ပါ "
သူတောင်းစားက ပြန်ဖြေတယ်။ "ဒီခွက်ဟာ လူ့စိတ်
နဲ့ လူ့အလိုဆန္ဒများ ဖြင့်ပြု့လုပ်ထားသည့် ခွက်ဖြစ်
ကြောင်း"......
ဆက်လက်ပြီးပြောပြန်တယ် "လူ့အလိုဆန္ဒတွေဟာ
ဘယ်လောက် အမျိုးမျိုးပြောင်းလဲနေတယ်ဆိုတာ ကျွန်ုပ်
တို့ သိနားလည်ထားရမှာ ဖြစ်ပါတယ်။ပထမ ကျွန်ုပ်
တို့ဟာ အလိုဆန္ဒတစ်ခုအပေါ် စိတ်လှုပ်ရှားစွာ ဖြစ်နေ
သောကြောင့် ထိုအလိုဆန္ဒကို ဖြည့်ဆည်းလိုက်တယ်။
အဲဒီလို ဖြည့်ဆည်းလိုက်တဲ့အခါ ရုတ်တရက်ပဲ ဒီအလို
ဆန္ဒဟာ အဓိပ္ပါယ်မရှိတော့သလို ခံစားလိုက်ရတယ်။"
စိတ်လှုပ်ရှားမိသည့်အလျှောက် မိမိရဲ့ အလိုဆန္ဒကို
ပြည့်ဝသွားအောင် ဖြည့်လိုက်တယ်။ဖြည့်လိုက်ပြီးတဲ့
အခါ ထိုအလိုဆန္ဒက ပြည့်ဝသွားတာ မဟုတ်ပဲ ၊ခွက်
ထဲ ထည့်လိုက်မိသည့် အရာဝတ္ထုတွေလို ပျောက်
ကွယ်လျှက် နောက်ထပ် အလိုဆန္ဒအသစ်တွေကိုသာ
ထပ်ဖြည့် ချင်နေပြန်ပါတယ်။
အလိုဆန္ဒတွေ တစ်ခုမှ တစ်ခု ပြောင်းလဲသွားတယ်။
ပြောင်းလဲသွားသလိုပဲ အမျိုးမျိုး ဖြည့်ဆည်းကြတယ်။
မည်သို့ပင် ဖြည့်ဆည်းကြစေကာမူ လူ့အလိုလောဘ
ဆိုတာ သူတောင်းစားရဲ့ မှော်ဆန်သော ခွက်လိုပဲ။
ထည့်သလောက်လည်း မပြည့်ဘူး။ပျောက်ကွယ်သွား
ကြတယ်။ နောက်ထပ်အလိုဆန္ဒအသစ်တွေ ထပ်ဖြည့်
ကြပြန်တယ်။ ခွက်ကား မပြည့်၊ ဗလာဖြစ်မြဲ လိုအပ်နေ
မြဲသာ ။
အမှန်တရားရှာသည့် ခရီးလမ်းဆိုတာ လူ့အတွင်းမနော
သာဖြစ်တယ်။ လူ့အတွင်းမနော မှ တွေ့ရတဲ့ လူသား
အလိုဆန္ဒဆိုတာ ဘယ်သောအခါမှ အဆုံးသတ်မရှိ။
ပြီးသွားတယ်၊ပြည့်သွားတယ်ဆိုတာ မရှိ။
သူတောင်းစားမှော်ခွက် ကဲ့သို့ ဘယ်လောက် ဖြည့်ဖြည့်
မပြည့်။ ဖြည့်ဆည်းသလောက်လည်း အဖတ်တင်ကျန်
ရစ်တယ် ဆိုတာမရှိဘူး၊ အားလုံး ပျောက်ကွယ်သွားတာ
ချည်းပင် ၊
By MoralStories26.com On July
Beggar’s Magical Begging Bowl..!!
Oo Thaw ဆီလျှော်အောင် ပြန်ရေးသားသည် ။
ပြည့်မသွားသော မှော်ခွက်
--------------------------
တစ်ခါတုန်းက အလွန်အာဏာကြီးတဲ့ ဘုရင်တစ်ပါး
ရှိတယ်။တစ်နေ့တော့ ရှင်ဘုရင်ဟာ နန်းတော်ထဲမှ တစ်ယောက်ထဲတိတ်တဆိတ်ထွက်ပြီ
တွင်း လှည့်လည်ပါတယ်။ထိုသို့ လှည့်လည်စဉ် သူတောင်းစားတစ်ယောက်ကို တွေ့မြင်မိတယ်။
သူတောင်းစားကို တွေ့တော့ ရှင်ဘုရင်က မေးတယ်။
"မင်း ဘာလိုရှိသလဲ "
ထိုအခါ သူတောင်းစားက သဘောကျစွာရယ်မော၍
"ဘယ်လို .....သင်က ငါ့အလိုဆန္ဒတွေ ဖြည့်ဆည့်ပေး
နိုင်သူတစ်ယောက်လို မေးနေတာလား "ဟု ပြန်ဖြေ
လိုက်တယ်။
ရှင်ဘုရင်က သူတောင်းစားပြန်ဖြေကြားချက်
ထောင်ပြီး စိတ်မကျေမနပ်ဖြစ်ကာ"ငါက ဘုရင်ကွ
မင့် အလိုဆန္ဒတွေကို ပြည့်ဝသွားအောင် ဖြည့်ဆည်း
ပေးနိုင်တယ်။ ပြောစမ်း ...ဘာတွေမင်း လိုအပ်နေသ
လဲ။ မင်းလိုအပ်နေတာတွေ ဖြည့်ဆည်းပေးမယ့် လို့
ငါ အာမခံတယ်။ "
သူတောင်းစားက အလေးမထားသောမျက်နှာဖြင့် "သင် က ငါရဲ့ အလိုဆန္ဒတွေ ဖြည့်နိုင်တယ်လို့ အာမ မခံခင်
သေချာစဉ်းစားသင့်တယ် နော် ။"
ဤသို့ သူတောင်းစားက စဉ်းစားဖို့ ပြောကြားသည့်တိုင်
ရှင်ဘုရင်သည် မိမိရဲ့ ကြီးမြင့်သော အာဏာကိုမှီလျှက်
"မင်း လိုအပ်တာ ငါဖြည့်ပေးနိုင်တယ်"ဟုသာ ထပ်ခါ
ပြောကြားပါတယ်။
(ရှင်ဘုရင်ကြီး မသိတာက သူတောင်းစားဟာ စင်စစ်
သူတောင်းစား အစစ် မဟုတ်ဘူး။သူဟာ အတိတ် ဘဝတုန်းက ရှင်ဘုရင်ကြီးရဲ့ ဆရာရှင်ဖြစ်ခဲ့ဖူးပြီး၊ အခုလိုတွေ့ဆုံးခြင်းကလည်း ရှင်ဘုရင်ကို အသိဥာဏ် ပွင့်စေဖို့နှင့် အတ္တကြီးသော စိတ်ထားမှ လွတ်မြောက် စေဖို့အတွက်ပဲ ဖြစ်ပါတယ်။တနည်းအားဖြင့် အကျွတ်
တရား ရစေဖို့ ဖြစ်ပါတယ်)
သူတောင်းစားသည် ခွက်တစ်လုံးကို ရှင်ဘုရင်ရှေ့ ထိုး
ပေးလျှက် "သင်က ကျွန်ုပ်ရဲ့ အလိုဆန္ဒကို ဖြည့်ဆည်း
မယ်ဆိုလျှင် ဒီခွက်ကိုသာ သင်ဖြည့်ဆည်းလိုရာ ဖြည့်
ပြီး ခွက်ပြည့်သွားအောင် လုပ်ပေးပါ "ဟု ရိုးရှင်းစွာ
ပင် ပြောဆိုပါတယ်။
ဘုရင်က ဖြစ်စေရမယ် ဟု ဝန်ခံကာ သူ့အစေခံကို ဆင့်
ခေါ်လျှက် သူတောင်းစား ခွက်ထဲသို့ ပိုက်ဆံတွေထည့်
ပြီး ဖြည့်ပေးလိုက်ဖို့ ပြောပါတယ်။အစေခံလည်း ပိုက်ဆံ
အချို့ကို ယူဆောင်လျှက် သူတောင်းစားခွက်ထဲသို့
ထည့်ပေး လိုက်ပါတယ်။အစေခံ ပိုက်ဆံထည့်နေ
လျှက်ရှိနေစဉ်တွင် ခွက်ထဲကျသွားသည့် ပိုက်ဆံဟာ
ပျောက်ကွယ်သွားတယ်။ခွက်က မူလအတိုင်း ဗလာဖြစ်
သွားတယ်။ထို့နောက် အစေခံက ပိုက်ဆံတွေ ထပ်ခါ
ထည့်တယ်။ခွက်ထဲရောက်သမျှ ပိုကဆံကလည်း
ပျောက်ကွယ်သွားပြီး ခွက်ဟာ မူလအတိုင်း ဗလာဖြစ်
လျှက်ပင်။ပိုက်ဆံဘယ်လောက် ဖြည့်ဖြည့် ခွက်ဟာ
ပြည့်လာတယ်ဆိုတာ မရှိဘူး။
ရှင်ဘုရင်က သူ့အစေခံကို စိန်တွေ၊ပုလဲတွေ၊ရတနာ
တွေယူခဲ့ပြီး ခွက်ထဲထည့်ဖို့ ပြောပါတယ်။အစေခံလည်း
ဘုရင် အမိန့်အတိုင်း ရတနာတွေကို ခွက်ထဲထည့်လိုက် ပြန်ပါတယ်။ရတနာတွေကလည်း အရင်ပိုက်ဆံတွေ
အတိုင်း ပျောက်ကွယ်သွားပြန်တာပဲ။ခွက
ဒီလိုပုံစံဖြင့် ညနေစောင်းချိန်ရောက်ခဲ့ပါပြ
လည်မှာ လူအများကလည်း မျက်လှည့်ပွဲကြည့်သလို ဝိုင်းအုံ၍ ကြည့်နေကြတယ်။
နောက်ဆုံးမှာ...
ရှင်ဘုရင်သည် ခွက်ကိုဘယ်တော့မှ ပြည့်အောင် မဖြည့်နိုင်တော့ ကြောင်းဖြင့် သူတောင်းစားကို အရှုံးပေး ဝန်ခံလိုက်ပါ တယ်။
ရှင်ဘုရင်က ပြောပါတယ်။ "သင် နိုင်ပါတယ်၊ ဒါပေမယ့်
ကျွန်ုပ်တောင်းဆိုပါရစေ ၊သင်ထွက်မသွားခင် အသင့်
ခွက်ဟာ ဘာနဲ့ လုပ်ထားသည့် ပစ္စည်းဖြစ်ကြောင်း
ပြောကြားခဲ့ပါ "
သူတောင်းစားက ပြန်ဖြေတယ်။ "ဒီခွက်ဟာ လူ့စိတ်
နဲ့ လူ့အလိုဆန္ဒများ ဖြင့်ပြု့လုပ်ထားသည့် ခွက်ဖြစ်
ကြောင်း"......
ဆက်လက်ပြီးပြောပြန်တယ် "လူ့အလိုဆန္ဒတွေဟာ
ဘယ်လောက် အမျိုးမျိုးပြောင်းလဲနေတယ်ဆ
တို့ သိနားလည်ထားရမှာ ဖြစ်ပါတယ်။ပထမ ကျွန်ုပ်
တို့ဟာ အလိုဆန္ဒတစ်ခုအပေါ် စိတ်လှုပ်ရှားစွာ ဖြစ်နေ
သောကြောင့် ထိုအလိုဆန္ဒကို ဖြည့်ဆည်းလိုက်တယ်။
အဲဒီလို ဖြည့်ဆည်းလိုက်တဲ့အခါ ရုတ်တရက်ပဲ ဒီအလို
ဆန္ဒဟာ အဓိပ္ပါယ်မရှိတော့သလို ခံစားလိုက်ရတယ်။"
စိတ်လှုပ်ရှားမိသည့်အလျှောက်
ပြည့်ဝသွားအောင် ဖြည့်လိုက်တယ်။ဖြည့်လိုက်ပြ
အခါ ထိုအလိုဆန္ဒက ပြည့်ဝသွားတာ မဟုတ်ပဲ ၊ခွက်
ထဲ ထည့်လိုက်မိသည့် အရာဝတ္ထုတွေလို ပျောက်
ကွယ်လျှက် နောက်ထပ် အလိုဆန္ဒအသစ်တွေကိုသာ
ထပ်ဖြည့် ချင်နေပြန်ပါတယ်။
အလိုဆန္ဒတွေ တစ်ခုမှ တစ်ခု ပြောင်းလဲသွားတယ်။
ပြောင်းလဲသွားသလိုပဲ အမျိုးမျိုး ဖြည့်ဆည်းကြတယ်။
မည်သို့ပင် ဖြည့်ဆည်းကြစေကာမူ လူ့အလိုလောဘ
ဆိုတာ သူတောင်းစားရဲ့ မှော်ဆန်သော ခွက်လိုပဲ။
ထည့်သလောက်လည်း မပြည့်ဘူး။ပျောက်ကွယ်သွား
ကြတယ်။ နောက်ထပ်အလိုဆန္ဒအသစ်တွေ ထပ်ဖြည့်
ကြပြန်တယ်။ ခွက်ကား မပြည့်၊ ဗလာဖြစ်မြဲ လိုအပ်နေ
မြဲသာ ။
အမှန်တရားရှာသည့် ခရီးလမ်းဆိုတာ လူ့အတွင်းမနော
သာဖြစ်တယ်။ လူ့အတွင်းမနော မှ တွေ့ရတဲ့ လူသား
အလိုဆန္ဒဆိုတာ ဘယ်သောအခါမှ အဆုံးသတ်မရှိ။
ပြီးသွားတယ်၊ပြည့်သွားတယ်ဆိ
သူတောင်းစားမှော်ခွက် ကဲ့သို့ ဘယ်လောက် ဖြည့်ဖြည့်
မပြည့်။ ဖြည့်ဆည်းသလောက်လည်း အဖတ်တင်ကျန်
ရစ်တယ် ဆိုတာမရှိဘူး၊ အားလုံး ပျောက်ကွယ်သွားတာ
ချည်းပင် ၊
By MoralStories26.com On July
Beggar’s Magical Begging Bowl..!!
Oo Thaw ဆီလျှော်အောင် ပြန်ရေးသားသည် ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။