Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, August 23, 2017

ဘာလို့ စာဖတ်သင့်လဲ

ဘာလို့ စာဖတ်သင့်လဲ

အမြင်ကျယ်ဖို့ အတွက် စာဖတ်သင့်သည်
ကမ္ဘာကြီးသည် ကျယ်ပြန့် လှသည်။ သင်ယူစရာတွေက များပြားလှသည်။ ကိုယ့်နယ်ပယ်တွင်တောင် သင်ယူစရာတွေကများပြားလှသည်။ ကိုယ့်ကမ္ဘာ့ ငယ်ထဲတွင် မနေသင့်ပါ။ မွေးကတည်းက ဘယ်သူမှ မသင်ပေး ၊ မပြောပြပါက မသိနိုင်ပါ။ ကမ္ဘာကြီးက တစ်ခြားနိုင်ငံ ၊ တစ်ခြားယဉ်ကျေးမှုများ ၊ တစ်ခြားနိုင်ငံက သမိုင်းဝင်အဖြစ်အပျက်များ ဥပမာ- နပိုလီယံဧ။်ဝါတာလူးစစ်ပွဲ ၊ ဒုတိယကမ္ဘာစစ်အကြောင်း ၊ ပထမကမ္ဘာစစ်အကြောင်း ၊ ဒုတိယကမ္ဘာစစ်ဘာကြောင့်ဖြစ်လဲ စတာတွေကိုဖတ်ရှုလေ့ လာကာ အသိအမြင်ကျယ်ပြန့် လာအောင်လုပ်သင့်ပါသည်။ ထိုသို့ သိလာပါက ဘာလို့ ဖြစ်တယ် ၊ ဒီလိုတွေဖြစ်ခဲ့ပါလားစပြီး အမြင်ကျယ်စေပါသည်။ စီးပွားရေးသမားများသည် အမြင်ကျယ်ဖို့ လိုအပ်ပါသည်။ စီးပွားရေးသည် ပိုက်ဆံရှာဖို့ တစ်ခုတည်းမပာုတ်ပါ။ လူတွေကို ကူညီဖို့ ၊ လူတွေလိုအပ်တဲ့ အရာတစ်ခုကိုဖြည့်ဆည်းပေးဖို့ ဖြစ်ပါသည်။ အမြင်ကျယ်ပါက ကိုယ့်ဈေးကွက်ကို နိုင်ငံတစ်နိုင်ငံထဲကိုပဲ ပစ်မှတ်ထားခြင်းထက် တစ်ခြားနိုင်ငံများ ဥပမာ- ဥရောပနိုင်ငံများ ၊ တောင်အမေရိကတွင်ရှိသောနိုင်ငံများ စသည်တို့ ကို ပစ်မှတ်ထားကာ ဈေးကွက်ကို ကြီးမားလာအောင်ဖြန့် နိုင်ပါသည်။ ဈေးကွက်ဖြန့် နိုင်ပါက ပိုရောင်းရနိုင်ပြီး အမြတ်ပိုရနိုင်ပါသည်။

ကိုယ့်ဘ၀တိုးတက်ဖို့ အတွက်စာဖတ်သင့်သည်
Self-development ( ကိုယ့်ဘ၀ကို တိုးတက်အောင်လုပ်ခြင်း ) အတွက် စာဖတ်ဖို့ လိုအပ်ပါသည်။ နာမည်ကြီးသောစာရေးဆရာ John C. Marxwell စာအုပ်များကိုဖတ်ခြင်းအားဖြင့် ကိုယ့်ဘ၀ကို တိုးတက်အောင်ကြိုးစားနိုင်ပါသည်။ ကိုယ့်အားနည်းချက်ကို ကိုယ်သိပါသည်။ ကိုယ်က စိတ်ဓာတ်ကျနေရင် စိတ်ဓာတ်တက်ကြွစေတဲ့ စာတွေကိုဖတ်သင့်ပါသည်။ အချိန်ဆွဲတတ်ရင် အချိန်မဆွဲတော့အောင် စိတ်ပညာ ၊ ဦးနှောက်ပညာရပ်ကျွမ်းကျင်သူတွေကရေးထားတဲ့ဆောင်းပါးတွေ ၊ စာအုပ်တွေကိုဖတ်သင့်ပါသည်။ ဒါမှသင်ယူနိုင်ပြီး အချိန်မဆွဲတော့ဖို့ အတွက် လုပ်ဖို့ အရာတွေကိုသိလာနိုင်ပြီး ဘ၀ကတိုးတက်ဖို့ အတွက် နီးစပ်လာနိုင်ပါသည်။ ကိုယ့်အားနည်းချက်မှန်သမျှကို စာအုပ်တွေဖတ်ပြီးတိုးတက်လာအောင် ကြိုးစားသင့်ပါသည်။ ကိုယ့်အရည်အချင်းတွေ အကောင်းဆုံးဖြစ်လာအောင် ၊ ကိုယ့်အားနည်းချက်တွေ တိုးတက်လာအောင် ၊ ကိုယ့်ကိုကိုယ်အမြဲတမ်း ဖြေးဖြေးချင်း အားနည်းတဲ့နေရာမှန်သမျှတွင် တိုးတက်လာအောင် ၊ ဘက်စုံတိုးတက်လာအောင် စာဖတ်သင့်ပါသည်။ Life Coach ဆိုသည့် ဘ၀အောင်မြင်ရေးအကြံပေး တစ်ယောက်က ကိုယ့်အားနည်းချက်မှန်သမျှကို ဖြေရှင်းဖို့ အတွက် ဖြေရှင်းချက်အဖြေတွေမပေးနိုင်ပါ။ လူတစ်ယောက်တွင်လည်း သူသိတာတွေသည် ကန့် သတ်ချတ်ရှိပါသည်။ ကန့် သတ်ချင်မရှိတာကတော့ စာအုပ်တွေပဲဖြစ်ပါသည်။ စာအုပ်တွေက သန်းနဲ့ ချီပြီးရေးထားတာတွေရှိပြီး သင်ယူစရာတွေက အကန့် အသတ်မရှိဖြစ်ပါသည်။ ထို သန်းနဲ့ ချီပြီးရှိတဲ့စာအုပ်တွေထဲက ကောင်းတာလေးတွေကို စာကြည့်တိုက်မှူး ၊ ကိုယ်စိတ်ဝင်စားသော နယ်ပယ်ကဆရာတွေကိုမေးပြီးတော့ ကောင်းတာတွေကိုရွေးဖတ်နိုင်ပါသည်။

လုပ်ချင်တာမှန်သမျှကို စာအုပ်ဖတ်တာနဲ့ သင်ယူနိုင်ပါသည်
ဥပမာ-Investment Banking ( ရင်းနှီးမြုပ်နှံသည့် ဘဏ်လုပ်ငန်း ) အကြောင်းကို သိချင်ရင် ထိုအကြောင်းအရာနှင့်ပတ်သတ်သော စာအုပ်များကိုဖတ်နိုင်ပါသည်။ စာအုပ်များကိုဖတ်ပြီး သင်ယူနိုင်ကာ သိနိုင်ပြီး ကိုယ်ဘာလုပ်ရမယ်ဆိုတာ သိနိုင်ပါသည်။ Consulting( အကြံပေးလုပ်ငန်း )လုပ်ငန်းကိုလုပ်ချင်ရင် ထိုအကြောင်းအရာနှင့် ပတ်သတ်သော စာအုပ်များကိုဖတ်ရှုနိုင်ပါသည်။ Case study Interview ( ပြဿနာများကိုဖြေရှင်းပြရသည့်အင်တာဗျူး ) အကြောင်းကို လေ့လာနိုင်ပြီး ကြိုတင်လေ့ကျင့်နိုင်ကာ ထိုလုပ်ငန်းကို လုပ်ဖို့ အတွက် နက်နဲသောအသိများ ၊ ထိုလုပ်ငန်းကို နှစ်ပေါင်းများစွာလုပ်လာခဲ့သော သူများဧ။်နက်နဲသော အတွေးအမြင်များကိုသိနိုင်ပါသည်။ ထိုလုပ်ငန်းတွင် အောင်မြင်ဖို့ အတွက် ဘာလုပ်ရမယ်ဆိုတာလည်း သိလာပါသည်။

Investing( ရင်းနှီးမြုပ်နှံခြင်း ) ကိုလုပ်ချင်ရင် ထိုနယ်ပယ်ကိုအဓိကထားပြီး ကမ္ဘာပေါ်တွင်ဒုတိယအချမ်းသာဆုံးဖြစ်သွားသော Warren Buffet ဧ။် ရင်းနှီးမြုပ်နှံခြင်းနည်းဗျူပာာများ ၊ လုပ်နည်းများ - ဘာတွေလုပ်သင့်တယ် ၊ မလုပ်သင့်တယ်စတာတွေကို ရေးထားတဲ့စာအုပ်တွေကို ဖတ်နိုင်ပါသည်။ ထိုသို့ ဖတ်ပြီးတဲ့အခါ ဘာလုပ်ရမယ်ဆိုတာကိုသိလာပြီး ချမ်းသာချင်တဲ့ရည်ရွယ်ချက်ကို တကယ်လက်တွေ့ ဖြစ်လာအောင်လုပ်နိုင်ပါသည်။ Warren Buffet ကိုယ်တိုင်စာအုပ်ပေါင်းမြောက်များစွာကို ရင်းနှီးမြုပ်နှံသည့်စီးပွားရေးသမားဘ၀ အစပိုင်းတွင် ဖတ်ခဲ့ကြောင်းကို အင်တာဗျူးတစ်ခုတွင် ပြောခဲ့ပါသည်။

စာဖတ်သူလည်း ကိုယ်လုပ်ချင်တာမှန်သမျှကို စာဖတ်တဲ့အခါ ဘာလုပ်ရမယ်ဆိုတာကိုသိပြီး တကယ်လက်တွေ့ လုပ်နိုင်ပါသည်။လုပ်တဲ့အခါလည်း ဘာလုပ်ရမယ်ဆိုတာကိုသိတဲ့အတွက် အောင်မြင်အောင်လုပ်နိုင်ပါသည်။

ပိုပြီးစဉ်းစားစေသည်
စာများများဖတ်လေ ပိုပြီးစဉ်းစားတတ်လေဖြစ်ပါသည်။ အတွေးတစ်ခုကနေ နောက်အတွေးတစ်ခုကို ဦးတည်စေပါသည်။ ထိုသို့ တွေးလာသည့်အခါ ဦးနှောက်ကိုလည်း အလုပ်ပေးရာဖြစ်ပါသည်။ ဦးနှောက်သည် ကြွက်သားတစ်ခုလိုဖြစ်ပါသည်။ စဉ်းစားပါများလေ ပိုပြီးစဉ်းစားတတ်လေဖြစ်ပါသည်။ စာဖတ်ခြင်းသည် စဉ်းစားစေပြီး စဉ်းစားတာများလာပါက စဉ်းစားရာတွင်ပိုတော်လာမည်ဖြစ်ပါသည်။ ဦးနှောက်ကိုသုံးပြီး စဉ်းစားသူနှင့် ဦးနှောက်မသုံးဘဲ လုပ်သောသူနှစ်ယောက် လုပ်နည်း ၊ ရလဒ်များလည်း ကွာခြားပါသည်။ စဉ်းစားပြီးလုပ်သောသူ လုပ်နည်းသည် ထိရောက် မြန်ဆန်ပြီး ရလဒ်သည်လည်း လိုချင်သောရလဒ်ဖြစ်ပါသည်။ ဦးနှောက်ကိုသုံးတတ်လာအောင် လေ့ကျင့်သင့်ပါသည်။ စာဖတ်ခြင်းသည် ဦးနှောက်ကိုလေ့ကျင့်ပေးပါသည်။

ပြဿနာတွေကိုဖြေရှင်းတတ်လာသည
လက်တွေ့ ဘ၀တွင် ပြဿနာများပေါ်လာတတ်ပါသည်။ ထိုပေါ်လာသော ပြဿနာများကို စာဖတ်ခြင်းကရလာသော ဗပာုသုတများနှင့်ဖြေရှင်းနိုင်ပါသည်။ ထိုအခါ ကိုယ်သည်အများအားကိုးရသောလူတစ်ယောက်ဖြစ်လာနိုင်ပါသည်။ ကိုယ့်အတွက်လည်း အသုံးဝင်ပါသည်။

မှတ်စုစာအုပ်ထုတ်ခြင်း
မှတ်စုစာအုပ်လေးတစ်အုပ်ကိုထားပါ။ ပြီးရင် ဖတ်ပြီးတဲ့စာအုပ်တွေက ကိုယ်မှတ်ချင်တဲ့အရာလေးတွေကို ချရေးထားပါ။ စာအုပ်နာမည်ကိုရေးပါ။ စာအုပ်က စာမျက်နှာကိုလည်းရေးပါ။ ထိုသို့ လုပ်သောအခါ ကိုယ်ကအနာဂတ်တွင် ပြန်အသေးစိတ်ဖတ်ချင်ရင် စာအုပ်နာမည်သိမှ ၊ စာမျက်နှာကိုသိမှ အတိအကျ ပြန်သွားလို့ ရတာပါ။

မှတ်စုစာအုပ်ထဲတွင် စာအုပ်နာမည်နှင့်တွဲကာ သင်ခန်းစာများကို ချရေးပါ။
သင်ခန်းစာများကို ချရေးရင် ထိုစာအုပ်ကိုဖတ်လို့ ရလာတဲ့ သင်ခန်းစာတွေကို ပြန်လည်အလွယ်တကူဖတ်ရှုနိုင်ပါသည်။ စာအုပ်တစ်အုပ်ကိုဖတ်ပြီးတဲ့အခါတိုင်း ထိုစာအုပ်က သင်ခန်းစာများကို ချရေးပါ။ စာအုပ်တွေအများကြီးဖတ်ပြီးတဲ့အခါ သင်ခန်းစာတွေကအများကြီးဖြစ်လာပြီး အင်မတန်တန်ဖိုးရှိတဲ့ စာအုပ်လေးတစ်အုပ်ဖြစ်လာပါသည်။ ကိုယ်ဖတ်ဖူးသမျှစာအုပ်တိုင်းကို သွားလေရာသယ်ဖို့ ဆိုတာ မလွယ်ကူပါ။ ကိုယ်က စာအုပ်(၂၀)လောက် ဖတ်ပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ထိုစာအုပ်(၂၀)ကို ခရီးသွားရင် သယ်ဖို့ မလွယ်ပါ။ ကိုယ့်ခရီးသွားအိတ်နဲ့ တင် ပင်ပန်းနေပါသည်။ စာအုပ်တစ်အုပ်နှစ်အုပ်ပဲ သယ်နိုင်ပါသည်။ ထိုမှတ်စုစာအုပ်လေးကို ခရီးသွားရင် သယ်သွားနိုင်ပြီး စာအုပ်ပေါင်းမြောက်များစွာက ရလာသော သင်ခန်းစာများကို တစ်အုပ်ထဲတွင် ဖတ်ရှုလေ့လာနိုင်သောအခါ အင်မတန်အဖိုးတန်လှပါသည်။ ကိုယ့်တွင်ပြဿနာတစ်ခုရှိလာရင် ထိုမှတ်စုစာအုပ်သို့ ပြန်လည်သွားပြီး အကြံညဏ်တောင်းသလိုမျိုး သင်ခန်းစာတွေကို ပြန်လည်ဖတ်ရှုကာ ကိုယ့်လက်တွေ့ ဘ၀က ပြဿနာများကိုဖြေရှင်းဖို့ အတွက် အသုံးချနိုင်ပါသည်။


စာဖတ်သောအခါ ဘယ်လိုပုံစံနဲ့ ကိုယ့်ရည်မှန်းချက်တွေကို အောင်မြင်နိုင်အောင်လုပ်နိုင်တယ်ဆိုတာကိုသိလာသည်။ ဘာတွေလုပ်ရမယ်ဆိုတာလည်း သိလာသည်။ ကိုယ့်အမြင်ကကျယ်လာသည်။ ကိုယ်က အများကြီးသိလာသည်။ တစ်ခုခုလုပ်လိုက်ရင် နောက်ဆက်တွဲအကျိုးရလဒ်တွေကိုသိလာသည်။ အောင်မြင်အောင်လုပ်ဆောင်ခဲ့သောသူများ လုပ်တာတွေကိုသိလာပြီး ထိုအရာတွေကသူတို့ အတွက်အောင်မြင်ခဲ့တယ်ဆိုရင် ကိုယ့်အတွက်လည်းအောင်မြင်နိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်ဘ၀တွင် ကြိုးစားပြီးလုပ်နိုင်သည်။ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေ ဥပမာ- ကုလသမ္မဂအဖွဲ့ အစည်းဧ။်အတွင်းပိုင်းဖွဲ့ စည်းပုံများ ၊ လုံခြုံရေးကောင်စီဧ။် အတွင်းပိုင်းအလုပ်လုပ်ပုံများကို စာအုပ်ဖတ်ရုံနှင့်သိနိုင်ပါသည်။ ကုလသမ္မဂထဲအဆောက်အအုံထဲကို သွားပြီးတော့တောင် မေးစရာမလိုတော့ပါ။ သီချင်းရေးတာကို သင်ချင်ရင် စာအုပ်တွေကိုဖတ်ပြီး ကိုယ့်ပာာကိုယ်ရေးတတ်အောင် ဖတ်ရှုလို့ ရပါသည်။ Formal education ( ကျောင်းတက်ဘွဲ့ ရ ) ခြင်းသည် အလုပ်တစ်ခုကို ရစေမည်။ သို့ သော် Self-education သည် အကန့် အသတ်မရှိသော ၀င်ငွေနှင့် အကန့် အသတ်မရှိသော အောင်မြင်မှုများကို ရရှိဖို့ အတွက် ကူညီပေးသည်။ ဖတ်ပြီးတော့ သိထားတာတွေကို တကယ်လက်တွေ့ တွင် အသုံးချဖို့ လိုအပ်ပါသည်။ ဒါပေမဲ့ ရည်မှန်းချက်ရှိရင် ဖတ်ပြီး သိပြီးတာနဲ့ အလိုလိုလုပ်ပြီးသား ဖြစ်သွားပါသည်။ Bill Gate သည် ဘာဘွဲ့ မှမရခဲ့ပါ။ ပာားဗတ်ကနေ ပထမနှစ်ကျောင်းသားဘ၀နဲ့ ထွက်လာပြီး ကိုယ်ပိုင်လုပ်ငန်းတွေကို စတင်လုပ်ဆောင်လာပါသည်။ သူသည် စာအုပ်တွေ အများကြီဖတ်ပါသည်။ ကွန်ပြူတာနဲ့ ပတ်သတ်တာတွေထက်ကိုပိုပြီး တစ်ခြားလူ့ ဘ၀အကြောင်းကိုလဲ ဖတ်ပါသည်။ စီးပွားရေးတွင် လူ့ ဘ၀အကြောင်းကို နက်နက်နဲနဲနားလည်ဖို့ လိုအပ်ပါသည်။ သူသည် ကွန်ပြူတာကို အဓိကထားတီထွင်သော်လည်း ထိုကွန်ပြူတာနှင့် နည်းပညာများကို တကယ့်လက်တွေ့ ဘ၀တွင် ဘယ်လိုအသုံးချနိုင်တာကို သိဖို့ အတွက် စာဖတ်ဖို့ လိုအပ်ပါသည်။ ကိုယ်သိချင်တာမှန်သမျှကို သိချင်ရင်စာအုပ်ဖတ်လိုက်တာနှင့်ရပါသည်။ ဆရာမရှိလို့ သင်တန်းမတက်နိုင်လို့ အကြောင်းအရာတွေနှင့် ကိုယ့်ကိုကိုယ်မရပ်တန့် သင့်ပါ။ ကိုယ်လုပ်ချင်တာတွေမှန်သမျှကို စာဖတ်ရုံနှင့်လုပ်လို့ ရနိုင်ပါသည်။ ထိုအခါ ဆရာနှင့်သင်မှ အပြည့်အ၀နားလည်မည်ပာု တစ်ချို့ ကပြောကြပါလိမ့်မည်။ သို့ သော် ပိုက်ဆံမတတ်နိုင်သောသူများအတွက် စာဖတ်ခြင်းသည်သာ အကောင်းဆုံးဖြေရှင်းနည်းဖြစ်ပါသည်။

စာဖတ်ခြင်းသည် ကိုယ့်ဘ၀အားနည်းချက်မှန်သမျှကို တိုးတက်စေဖို့ လုပ်စရာများ သိစေပြီး ကိုယ်လိုချင်သည့်အရာများကိုလည်း ရဖို့ အတွက် ကူညီပေးပါသည်။


Credit_ကျော်ထွန်း

ကျော်ထွန်းသည် City University of New York, Hunter College တွင်တက်ရောက်နေသော ကျောင်းသားတစ်ယောက်ဖြစ်ပါသည်။

_______________________________________________________________________________________________________________________________________________________________________________________________________________________________________________________________

"" အသုံးချတတ်ဖို့လိုတယ် ""
************************

•• !! လက် !!
"' တွန်းလှဲဖို့ မဟုတ်ဘူး
လဲနေသူကို တွဲထူဖို့ "' ~~~

•• !! ခြေထောက် !!
"' ကန်ကြောက်ဖို့ မဟုတ်ဘူး
လမ်းမှန်ကို လျှောက်လှမ်းနိုင်ဖို့ "' ~~~

•• !! ပါးစပ် !!
"' အတင်းပြောဖို့ မဟုတ်ဘူး
အချင်းချင်း နှီးနှောဖလှယ်ဖို့ "' ~~~

•• !! ဦးနှောက် !!
"' လှောင်ပိတ်ထားဖို့ မဟုတ်ဘူး
သုံးသပ်ဖို့နဲ့ ဆုံးဖြတ်ဖို့ "' ~~~

•• !! စိတ်ဓာတ် !!
"' ယုတ်ညံဖို့ မဟုတ်ဘူး
ကြည်လင်အောင် ဖြူစင်ဖို့ "' ~~~

•• !! မာန !!
"' ထောင်လွှားဖို့ မဟုတ်ဘူး
မခံချင်စိတ်နဲ့ ရိုးသားစွာ ကြိုးစားဖို့ "' ~~~

•• !! အတ္တ !!
"' တစ်ကိုယ်ကောင်းဆန်ဖို့ မဟုတ်ဘူး
သူဖက် ကိုယ့်ဘက် ညီမျှဖို့ "' ~~~

•• !! ဒေါသ !!
"' ပေါက်ကွဲဖို့ မဟုတ်ဘူး
လျော့ကျသွားအောင် လျှော့ချဖို့ "' ~~~

•• "' မိမိရဲ့ဆိုးရွားတဲ့ အမူ ' အကျင့်တွေကို
အလွန်အမင်း မဖြစ်အောင် မိမိကိုယ်မိမိ ထိန်းသိမ်းပြုပြင်ကြပါစို့ "' ~~~~~~~~~~~~~~~~~~~~~~~~~~~

တန်ဖိုး
******
ပန်းသီးတစ်လုံးရှိသူချင်း ဖလှယ်ရင်
ပန်းသီးတစ်လုံး စီပဲရမယ်။

စာပေဗဟုသုတ ရှိသူချင်း စကားဖလှယ်ရင်
စာပေဗဟုသုတ တစ်ခုတော့ ရမှာပါပဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆင်းရဲရခြင်းအကြောင်း (၁၁) ပါး
--------------------------------------

မြန်မာများ ဗုဒ္ဓသာသနာ ဖြစ်ပါလျက် ..ဒါနလည်းပြုပါလျက်
ဆင်းရဲရခြင်းအကြောင်း (၁၁) ပါး

၁။ လိုအပ်သောနေရာတွင်မလှူပဲ မလိုအပ်သောနေရာတွင် လှူဒါန်းခြင်း၊

၂။ သမ္ပဒါလေးပါး (ဥဌာန၊ အာရက္ခ၊ ယလျာဏမိတ္တ) ချို့ယွင်းခြင်း၊

၃။ စီးပွားရေးကို မေတ္တာဖြင့်မရှာဘဲ ၀ိသမလောဘဖြင့်ရှာဖွေခြင်း၊

၎။ ပျင်းရိခြင်းကို ရောင့်ရဲခြင်းဟု အထင်မှားခြင်း၊

၅။ ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်ခြင်း၊

၆။ အချိန်တန်ဖိုးကို မသိခြင်း၊

၇။ ကိုယ့်ထက်သာလျှင် မနာလိုခြင်း၊

၈။ စာပေဗဟုသုတ မရှိခြင်း၊

၉။ ဒေသန္တရဗဟုသုတ မရှိခြင်း၊

၁၀။ ခေါင်းဆောင်စိတ်နည်းခြင်း၊

၁၁။ ကိုယ့်အားကိုယ်ကိုးလိုစိတ်နည်းခြင်း။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အမှန်ပြောသော စကားသည် ချိုသာခဲ၏ ။

ချိုသာသောစကားသည် မှန်ကန်ခဲ၏ ။

တတ်သိနားလည်သူသည် မငြင်းခုံချေ ။

ငြင်းခုံသူသည် တတ်သိနားလည်ခြင်းမရှီ ။

ပညာရှိသည် စာပေဗဟုသုတ
ရှိချင်မှ ရှိ၏ ။

စာပေဗဟုသုတရှိသူသည် ပညာရှိ
ဖြစ်ချင်မှ ဖြစ်မည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ် နေကွယ်
သေနယ်သို့ တစ်ခါကူး
မသေဘူး ----
မထင်လေနဲ့၊

နေကွယ်တာ အချိန်များရင်လ
သေရွာနယ် တစ်ခါကူးရမယ်
တားးးး မရဘူး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တခါတလေ လိမ်နေမှန်းသိလျက်နဲ့ အလိမ်ခံရတာပိုဆိုးတယ်

ဒီစကားက လေးနက်ပါတယ်

ဒီတော့ အလိမ်မခံရအောင် စာပေဗဟုသုတ သမိုင်းကြောင်း ဥပဒေ စသည်

များကို လေ့လာသင့်ပါသည်ဟု အကြံပြုအပ်ပါသည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သမီး…..

မိတ္တူကူးစက် အသစ်ကြီး
ဘယ်လောက်ပဲကောင်းကောင်း
မူရင်း မကောင်းရင် အလကားပဲ။
မှုန်ဝါးဝါးသာထင်လို့
မြင်ရသူ စိတ်ပျက်၊ မိတ်ပျက်တတ်တယ်။
ဒါ့ကြောင့်….
မိတ္တူကူးဆိုင်တွေမှာ ရေးထားတာပေါ့။
မူရင်းကောင်းမှ မိတ္တူကောင်းမယ်တဲ့လေ။
မှန်တာပေါ….. သမီးရယ်။
စိတ်စေတနာဆိုတဲ့ မူရင်းမကောင်းရင်
အလုပ်ဆိုတဲ့သူရဲ့ မိတ္တူလည်း
ဘယ်မှာ လာကောင်းနိုင်ပါ့မလဲ။
အဲ့ဒီအခါမှာ ကံကြမ္မာဆိုတဲ့
မိတ္တူကူးစက် အသစ်ကြီးကိုလည်း
အပြစ်မြင် အပြစ်တင်မယ်ဆိုရင်
မတရားဘူးလို့ ထင်တယ်နော်။
သမီးလေး စဉ်းစားကြည့်ပါဦး။

ကောင်းသန့်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အရှင်မဟာကစ္စည်း၏ မှာတမ်းတော်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မျက်စိရှိသော်လည်း

မမြင်သင့်ရာ၌

သူကန်းလိုနေပါ

နားရှိသော်လည်း

မကြားသင့်ရာ၌

နားထိုင်းလိုနေပါ ။

ပညာရှိသော်လည်း

မပြောသင့်ရာ၌

သူ အ လိုနေပါ။

ခွန်အားရှိသော်လည်း

မပြုလုပ်သင့်ရာ၌

အားမရှိသူလိုနေပါ ။

မပြုသင့်သောကိစ္စ

ပေါ်လတ်သော်

သူသေကောင်လိုနေပါ ။

သူတော်ကောင်းများ

ကျင့်ကြံအားထုတ်

ဤတရားကား

အကျိုးရှိ၏ ။

သင့်တို့တတွေ

အားထုတ်ပါမူ

လောကီလောကုတ်

အကျိုးဖြာ၍

ဖြစ်လာဘဝ

အနာဂတ်မှာ

ချမ်းသာပေ၏ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တကယ်တော့ ရင့်ကျက်မှု့ဆိုတာအသက်အရွယ်ကြီးခြင်းနဲ့လဲ မဆိုင်ပါဘူး
စာပေဗဟုသုတ ကြွယ်ဝခြင်း လက်ရှိလူ့ဘဝရဲ့ ဖြတ်သန်းမှု့ အတွေ့အကြုံနဲ့
သာ ဆိုင်တာပါ ....
(ဒါကကျနော် အတွေးလေးတစ်ခုပါ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်တာနက်ကို ဘေကုန်ခံ၊ အချိန်ကုန်ခံပြီး အသိပညာ ဗဟုသုတ ဘာမှ မရှာဘူးဆိုရင် အရှုံးသက်သက်ပါပဲ။ တကယ်တော့…
မိမိဖုန်း မိမိအင်တာနက်ဟာ မိမိ၏ အသေးစား စာကြည့်တိုက်လေးပါ။ ဒါကြောင့် စာဖတ်ကြပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သမီးရယ်

ဘဝဆိုတာ ကွန်ပျူတာတစ်လုံးဆိုရင်
ကိုယ့်ရဲ့အောင်မြင်မှုတွေ ကြိုးပမ်းအားထုတ်မှုတွေကို
Save လုပ်ပြီး မှတ်တမ်းတင်ထားမယ်။

စိတ်ပျက်အားငယ်စရာ ကြေကွဲဝမ်းနည်းစရာ
ပူဆွေးသောကတွေကိုတော့
Delete လုပ်ပြီး ဖျက်ပစ်လိုက်မယ်။

အတိတ်က မေ့ရက်စရာမရှိတဲ့
လွမ်းဆွတ်တသမှုတွေကိုတော့
File တစ်ခုထဲမှာ အသေအချာသိမ်းထားမယ်။
အဲ့ဒီ File ကို အလွယ်တကူ ပြန်ကြည့်နိုင်အောင်
Desktop ရဲ့ ထိပ်ဆုံးထောင့်တစ်နေရာမှာ
တင်ထားမယ်။

သူတစ်ပါးရဲ့ နှိမ့်ချမှု
စော်ကားမှုအပြစ်တင်ကဲ့ရဲ့မှုတွေကိုတော့
Mouse နဲ့ ဖျောက်ပစ်လိုက်မယ်။
သူတစ်ပါးရဲ့ ဘဝဖြတ်သန်းမှု အောင်မြင်မှု
ကြိုးပမ်းအားထုတ်မှုတွေကို
အားကျအတုယူနိုင်ဖို့ Copy လုပ်ထားလိုက်မယ်။

ကိုယ့်ဘဝကွန်ပျူတာထဲကို ပျင်းရိညံ့ဖျင်း
ထုံထိုင်းစိတ်ပျက် အားငယ်စေတတ်တဲ့
Virus ပိုးမဝင်နိုင်အောင်တော့ ကာကွယ်တားဆီးရမယ်။
ဖေဖေ့အကြံမကောင်းဘူးလား သမီး။

ကောင်းသန့်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆွမ်းလောင်းရခြင်း အကျိုး {၁၂} ပါး

၁။ တာဝတိံသာနတ်ပြည် တစ်ထောင်သောနတ်မင်းတို့၏ မိဖုရားအဖြစ်ကိုရခြင်း။
၂။ တစ်ထောင်သော စကြာမင်းတို့၏ မိဖုရားအဖြစ်ကို ရခြင်း။
၃။ မရေတွက်နိုင်သော ပဒေသရာဇ်မင်းအဖြစ်ကို ရခြင်း။
၎။ ကြာညိုပန်းအဆင်းနှင့် တူသော အဆင်းရှိသည် ဖြစ်၍ အလွန် အဆင်းလှခြင်း။
၅။ ကိုယ်အင်္ဂါ အားလုံး နှင့် ပြည့်စုံသည်ဖြစ်၍ လွန်စွာ ရှုချင် စဖွယ် ရှိခြင်း။
၆။ မြတ်သော အမျိုး၌ ဖြစ်၍ အလင်းရောင် ကိုဆောင်နိုင်ခြင်း။
၇။ မောင်းမ တစ်ထောင် တို့၏ အကြီးအမှုး ဖြစ်ခြင်း။
၈။ မရေမတွက်နိုင်သော သင်္ကန်း, ဆွမ်း, ဆေးပစ္စည်း ကျောင်း အိပ်ရာနေရာတို့ကို ရရှိခြင်း။
၉။ ဆွမ်းလှူခဲ့သည့် အချိန်မှ စ၍ သုံးဆယ့်တစ်ကမ္ဘာ တိုင်တိုင် ဒုဂ္ဂတိဘဝသို့ မလားရောက် ရခြင်း။
၁၀။ လူဘဝနှင့် နတ်ဘဝ နှစ်မျိုး တို့၌သာ ကျင်လည်ခဲ့ ရခြင်း။
၁၁။ များသော စည်းစိမ်း ဥစ္စာရှိ၍ မြင့်မြတ်သော အမျိုး၌ဖြစ် ရခြင်း။
၁၂။ နောက်ဆုံးဘဝ၌ ကိလေသာကုန်ခန်း၍ ရဟန္တာဖြစ်ရခြင်း။
(အပ၊၂။၂၈၄။)
(အပ၊မြန်၊၂။၂၂၇။)

ဤကဲ့သို့ အကျိုးတရား ကြီးမားသောကြောင့် သာသနာနဲ့ ကြုံတုန်း၊ ထေရဝါဒရဟန်းသံဃာစစ်စစ်များနဲ့ တွေ့ကြုံဆုံရတုန်း အချိန်မှာ အသိပညာရှိစွာ ကြိုးစားအားထုတ်ကြမယ်ဆိုရင် သံသရာအတွက် များစွာကျေးဇူးများသည်မို့ “ဟိုဘုန်းကြီးဆို ဆွမ်းမလောင်းဘူ။ ဒီဘုန်းကြီးဆို ဆွမ်းမကပ်ဘူး"ဟု မပြောဆိုကြပဲ …
“ခွင့်သာခိုက်တွင် မလိုက်ချင် အမိုက်နင့်ပြင် ရှိသေးလိမ့်လား "
“ခွင့်သာတုန်းတွင် မရုန်းချင် အရှုံးနင့်ပြင် ရှိသေးလိမ့်လား" ဟု ဆရာတော်ဘုရားကြီးများ၏ ဩဝါဒအတိုင်း ကိုယ်မလုပ်ရင် ကိုယ်မရရုံသာ၊ ကိုယ်မလောင်းလှူရင် ကိုယ်ရှုံးရုံသာ ရှိပါတော့မည်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်များ အပ္ပမာဒေန သမ္ပာဒေထ ----

~~~~~~±~~±±~~~~~±±~~~~±±±±±±±~~~~

စာပေသည် အသိဥာဏ်၏ မျက်စိ
==================
မျက်စိပျက်မှာ စိုးလို့ စာမဖတ်ရင်
ဦးနှောက်ပါ ပျက်သွားလိမ့်မယ်။

အချိန်မရလို့ စာမဖတ်ရင်
အချိန်၏ တန်ဖိုးကို နားလည်လာမှာ မဟုတ်ပါဘူး။

စိတ်ညစ်နေလို့ စာမဖတ်ရင်
စိတ်အစာအာဟာရ ပြတ်လိမ့်မယ်။

စာဖတ်ရမှာ ပျင်းလို့ စာမဖတ်ရင်
လူဖြစ်ရတာ ရူံးလိမ့်မယ်။

အလုပ်မအားလို့ စာမဖတ်ရင်
အောင်မြင်မှူနဲ့ ဝေးကွာနေပါလိမ့်မယ်။

အသိတသက်မငတ်ချင်ရင် စာဖတ်သင့်သလို
စိတ်အစာအာဟာရ မပြတ်ချင်ရင် စာဖတ်ပါ။

စာပေသည် အသိပညာ၏ မျက်စိဖြစ်သလို
စိတ်၏ တံခါး ၊ ဦးနှောက်၏ "မှန်" ဖြစ်ပါတယ်။

လေးစားစွာဖြင့်
ဇင်းနစ်​ မကွေး credit

__________________________________________________

စာဖက်သူနှင့်စာမဖက်သူ
***************************
စာပေဗဟုသုရှိသူသည် စာပေဗဟုသုတ မရှိသူထက် အမြဲတမ်းခေါင်းတစ်လုံးမြင့်နေတတ်သည်။
အနောက်တိုင်းသားများက အရှေ့တိုင်းသားများထက် နေရာတိုင်းတွင်သာနေခြင်းမှာ စာဖက်ခြင်းကြောင့်ပင်ဖြစ်သည်။ အင်္ဂလန်၌ ရပ်ကွက်တစ်ခုဖော်တိုင်း မဖြစ်မနေပါရသောအရာမှာ "စာကြည့်တိုက်"ပင်ဖြစ်သည်။
ရပ်ကွက်စာကြည့်တိုက်ပင်ဖြစ်သော်လည်း ထိုစာကြည့်တိုက်တွင် ကမ္ဘာ့ဂန္တ၀င်စာအုပ်အားလုံးရှိနေရသည်။ ထိုစာပေဗဟုသုတအားကြောင့်လည်း ကျွန်းနိုင်ငံလေး တစ်ခုသာဖြစ်သော အင်္ဂလန်သည် တစ်ကမ္ဘာလုံးနီးပါကို အုပ်ချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

~~~~~~~~~~~~~~~~~~~~±±±±±±~~~~~~

ကိုယ်ဘာလုပ်လုပ် ကိုယ်ပဲဖြစ်လာမည်

၁။ ဆေးလိပ် နေ့တိုင်း သောက်မယ်ဆိုရင် ဆေးလိပ်သောက် သမား ဖြစ်လာမည်။
၂။ အရက် နေ့တိုင်း သောက်မယ်ဆိုရင် အရက်သမား ဖြစ်လာမည်။
၃။ နေ့တိုင်း အစားအလွန် အကျွံစားမယ်ဆိုရင် အဝလွန်သူ ဖြစ်လာမည်။
၎။ မလိုအပ်တဲ့ နေရာမှာ ငွေအမြောက်အမြားကို အတိုင်းအထက်လွန် သုံးမယ်ဆိုရင် ဆင်းရဲလာမည်။
၅။ ကျန်းမာရေးကို ဂရုမစိုက်ဘဲ နေမယ်ဆိုရင် ဖျားနာလာမည်။

အလားတူဖြစ်ရပ် -
၁။ လေ့ကျင့်ခန်း နေ့တိုင်းလုပ်မယ်ဆိုရင် ကျန်းမာရေး ကောင်းလာမည်။
၂။ စာ နေ့တိုင်းရေးမယ်ဆိုရင် စားရေးဆရာ တစ်ယောက်ဖြစ်လာမည်။
၃။ နေ့တိုင်း ပြေးမယ်ဆိုရင် အပြေးသမား တစ်ယောက် ဖြစ်လာမည်။
၎။ စီးပွားရေး အကြောင်း နေ့တိုင်းတွေးမယ်ဆိုရင် စီးပွားရေး သမား တစ်ယောက် ဖြစ်လာမည်။
၅။ စာကို နေ့တိုင်းဖတ်မယ်ဆိုရင် အသိပညာဗဟုသုတ ရှိသူ ဖြစ်လာမည်။

အရာရာတိုင်းဟာ သင်ပဲ ဖြစ်တယ်။ သင်ဟာ ကောင်းတာတွေကိုပဲ ရွေးလုပ်မယ် ဆိုရင် ကောင်းတဲ့ သူတစ်ယောက် ဖြစ်လာလိမ့်မယ်။ မကောင်းတာတွေကိုပဲ လုပ်မယ် ဆိုရင်လည်း မကောင်းတဲ့ သူပဲ ဖြစ်လာမည်။ နေ့စဉ် မိမိလုပ်တဲ့
အလုပ်ဟာ မိမိဘဝပါပဲ။

Ref - General knowledge
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

___________________________________________________

#စာဖတ်ခြင်း၏အကျိုး(၇)မျိုး
၁။ဦးနှောက်ယိုယွင်းမှုကို ကာကွယ်ပေးနိုင်တယ်။
၂။စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်။
၃။မှတ်ဥာဏ်ကို တိုးမြင့်ပေးနိုင်တယ်။
၎။ဘဝနေထိုင်နည်းကို ပိုကျန်းမာပြီး အောင်မြင်စေတယ်။
၅။အာရုံစူးစိုက်စေတယ်။တွေးတောစေတယ်။
၆။မသက်မသာ ခန္ဓာကိုယ်ကို ခဏတာ အာရုံလွဲစေနိုင်တယ်။နာကျင်မှုကို ဖျေဖျောက်တယ်။
၇။စိတ်ဓာတ်ကျ အားငယ်မှုတွေကို ကုစားပေးတယ်။
################################
စိတ်ကောင်းရှိဖို့ စာဖတ်ရပါသည်။
လောကဓံကို ခံနိုင်ရည်ရှိဖို့ စာဖတ်ရပါသည်။
စိတ်ဖိစီးမှုသက်သာဖို့ စာဖတ်ရပါသည်။
ကိုယ်ချင်းစာစိတ်ဖြစ်လာဖို့ စာဖတ်ရပါသည်။
လူညံမဖြစ်ဖို့ စာဖတ်စေချင်ပါသည်။
လူတော်လူကောင်းဖြစ်ဖို့ စာဖတ်စေချင်ပါသည်။
လောကတိုက်ပွဲ မကျရှုံးဖို့ စာဖတ်စေချင်သည်။

__________________________________________________

Credit- FB ပေါ်မှစာပေများ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။