Mi Mi Tun added 4 new photos — with Mi Mi Tun.
မမျှော်လင့်ဘဲ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်၊ ကန္တာရလွင်ပြင်မှာ ပန်းတွေပွင့်ခဲ့
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကန္တာရလို့ သတ်မှတ်ခံရတဲ့ အမျိုးအစားတွေက နေရာအလိုက် ကွာခြားပါတယ်။ သဲကန္တာရမှာဆိုရင် သဘာဝ ရေကို မြင်ရဖို့ အလွန်ခက်ခဲ့ပြီး၊ ကုန်းကန္တာရ၊ ရေကန္တာရဆိုပြီး ကန္တာရ အမျိုးအစား ခွဲခြားလို့ ရပါတယ်။ သဲကန္တရာရမှာတော့ သဘာဝပေါက်ပင် ရှားပါးပြီး၊ ကွင်းပြင်တဆုံး သဲတောင်တန်းတွေသာ ရှိပါတယ်။
..
ကုန်းကန္တာရမှာတော့ ဆူးတွေနဲ့ ပြီးတဲ့ အပင်ငယ်တွေ၊ ရှားစောင်းလက်ပတ်၊ ကန္တရပင်၊ ခြုံပင်လေးတွေတွေ ရှိတတ်ပါတယ်။ ရေအလွန်ရှားပါးတဲ့ လက္ခဏာပါဘဲ။ Metroသတင်းစာမှာ ဖော်ပြထားတဲ့ သတင်းတစ်ခုမှာတော့ ချီလီနိုင်ငံမှာတည်ရှိတဲ့ Atacama ကုန်းကန္တာရလွင်ပြင်မှာ မမျှော်လင့်ဘဲ မိုးတွေ ဆက်တိုက်ရွာသွန်းခဲ့လို့ ပန်းပင်ငယ်လေးတွေ ပွင့်ကြတယ်ဆိုပြီး ဖော်ပြထားပါတယ်။
..
Atacama ကန္တာရဟာ အန်းဒီတောင်တန်းအနောက်ပိုင်းမှသည် ပစိဖိတ်ကမ်းရိုးတမ်းအထိ တစ်လျှောက် ကျယ်ပြန့်သွားတဲ့ ကုန်းစပ်ကန္တရဖြစ်ပြီး၊ 1000 ကီလိုမီတာ ကျယ်ဝန်းပါတယ်။ မိုးခေါင်မှုအဆိုးဝါး၊ ကမ္ဘာအခြောက်သွေ့ဆုံးနယ်မြေဖြစ်ပြီး၊ ဒီလို ကန္တာရနယ်မြေတွေ ကျယ်ပြောလာခြင်းရဲ့ အဓိကအကြောင်းအရင်ကတော့ မိုးခေါင်းခြင်း၊ သဘာဝပေါက်ပင် ပျက်သုန်းခြင်းကနေ စတယ်လို့ ဆိုရမှာပါ။
..
ဒါပေမယ့် Atacama ကန္တာရမှာ မိုးရာသီနဲ့ ဆောင်းရာသီတစ်လျှောက်လုံး ရေလုံလုံလောက်လောက် ရခဲ့ပါတယ်။ ဒီအတွက် တောပန်းလေးတွေ အညွန့်တလူလူနဲ့ သူတို့မှာ ရှိသမျှအပွင့်လေးတွေကို အကုန်ထုတ်ပြပြီး၊ ကန္တာရကို အလှဆင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
..
Atacama ကန္တရဟာ နှစ်ပေါင်းရာချီ မိုးခေါင်မှုဒဏ်ကို ခံခဲ့ရပေမယ့်၊ အခု နှစ်နှစ်အတွင်းမှာ မိုးရေမှန်မှန် သောက်သုံးခွင့် ရခဲ့တယ်လို့ သိရပါတယ်။ အခုဆိုရင် Atacama ကန္တာရမှာ အပင်ငယ်မျိုးပေါင်း 200 ကျော်နဲ့ ကမ္ဘာအသစ်တစ်ခုကို စတင်ခဲ့ပြီဖြစ်ပြီး၊ ခရီးသွားတွေကလည်း ကန္တာရမှာ ပွင့်တဲ့ပန်းတွေကို ကြည့်ဖို့ တကူးတက သွားရောက်နေကြပြီလို့ သိရပါတယ်။
..
SM
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။