Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, August 16, 2017

🎉ပြင်းပြတဲ့ ဆန္ဒတွေကြောင့် ဝိတ်ကျခဲ့ပြီ🎉


Mi Mi Tun added 15 new photos — with Mi Mi Tun.

🎉ပြင်းပြတဲ့ ဆန္ဒတွေကြောင့် ဝိတ်ကျခဲ့ပြီ🎉
ယု ဝိတ်ချခဲ့တာဟာ ကျန်းမာချင်တဲ့ ရည်ရွယ်ချက်ဖြစ်လို့ ပိန်ဆေးလုံးဝမသောက်ဘဲဝိတ်ချခဲ့တာပါ
ယု ဝိတ်ချမယ်လို့ စဆုံးဖြတ်ဖြစ်တာကတော့
ယု ကိုယ့်ကိုကိုယ် ဂရုစိုက်မိတဲ့အချိန်တွေမှာ
ပေါင်ချိန် 270 ကျော်နေပြီး ခရီးသွားတဲ့အခါ လမ်း
လျှောက်ရင် ခြေချင်းဝတ်တွေ နာစပြုလာတယ် ၊ ပြီးတော့ ဘယ်ဖက်ရင်ဘတ်လည်း နည်းနည်းအောင့်လာလို့ပါ။


ဆေးစစ်တာတော့ ဘာမှ မပေါ်သေးဘူး။ ထင်တာကတော့ ၃၃ နှစ် စားချင်တာ စားနေခဲ့တဲ့နောက်ဆက်တွဲပြဿနာရဲ့အစထင်ပါတယ်။
ယုရဲ့အလုပ်ကိုက ခရီးတွေ ခဏခဏ ထွက်ရတယ် လေ ။ နှစ်ပေါင်းများစွာ ပြည်ပခရီးထွက်ပြီး ရောက်ရာနိုင်ငံတွေမှာရော ၊ ပြည်တွင်းရဲ့ရောက်ရာမြို့တွေမှာပါ နာမည်ကြီးတဲ့ အစားအသောက်မှန်သမျှ ၊ မိတ်ဆွေတွေ ကောင်းတယ်ပြောတဲ့ အစားအသောက်မှန်သမျှ ၊ လိုက်စားလိုက် ၊ အလုပ်လုပ်လိုက်နဲ့ ပေါင်ချိန်ပေါ်တစ်ခါမှကို မတက်ကြည့်ဘဲနေလာခဲ့တာပါ။ အမှန်ကတော့ ရန်ကုန်ပြန်ရောက်လည်း အကြောင်းပြချက်အမျိုးမျိုးကိုရှာပြီး စားပါတယ်😋
ယု က ငယ်ငယ်ကတည်းက ဝခဲ့တာဆိုတော့ ဝတုတ်
ကြီးတို့ ဖက်တီးကြီးတို့
လမ်းလျှောက်ရင်းနဲ့ဘဲဖြစ်ဖြစ် ၊ ကားပေါ်ကနေအကျယ်ကြီးအော်ပြီး ပဲဖြစ်ဖြစ် ၊
လမ်းသွားလမ်းလာ လူတွေက စတာ ၊ နောက်တာတွေကိုလည်း ရှက်ရကောင်းမှန်းမသိခဲ့ပါဘူး။
Fatty လို့ချစ်စနိုးနဲ့ခေါ်ခံရတာကို ကျင့်သားရပြီးသားဖြစ်နေပါတယ်။
ယုနဲ့ ဝတာနဲ့ကို မခွဲခြားနိုင်ခဲ့ပါဘူး။အဲ့လိုမျိုးဖြစ်နေတဲ့သူတွေအတွက် ဝိတ်ချမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို ခိုင်မာအောင် အရင်စလုပ်ရပါတယ်။ ယုအနည်းဆုံး ၂နှစ် အချိန်ယူမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ တကယ်လုပ်ကြည့်လိုက်တော့ ( ၁၀ ) လကျော်ကျော်လေးနဲ့ ပထမ target ကိုပြည့်သွားလို့ အရမ်း ၊ အရမ်းပျော်ပါတယ်😊
စချတဲ့နေ့ကို အမြဲမှတ်မိအောင်BFF ရဲ့မွေးနေ့ ၉ လပိုင်း ၉ ရက်နေ့ ပြီးတော့ နောက်နေ့မှာ စပြီး ဝိတ်ချတယ်။( သူ့မွေးနေ့မှာ တစ်နေကုန် အပီဆွဲပြီးပေါ့) ။
ဝိတ်ချတော့မယ်လို့ စပြီးပြောပြတာလဲ မိသားစုအပြင် အလယ်တန်းထဲကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ သီရိThiri Thein Kyaw ၊ မဉ္ဇူMyat Myint Zu ၊ အေးဖြိုးAye Phyo ၊ နွယ်မြင့်Nwe Nwe Myintရယ် ယုနဲ့ ၁၁နှစ်လုံးလုံး အတူတူအလုပ်လုပ်ခဲ့တဲ့ မထက် Khin Myo Htetရယ် သူတို့ ၅ယောက်ကိုပဲပြောဖြစ်ခဲ့ပါတယ်။
မထက်ကပြောတယ် "ယု ဆုံးဖြတ်ပြီးရင်တော့ ဖြစ်အောင်လုပ်နော်ညီမ ၊ ယုလုပ်နိုင်တယ်ဆိုတာကိုပြရမယ်" ဆိုပြီးတွန်းအားပေးတယ်။ ဝိတ်ချမယ်လို့ပြောပြထားတဲ့ BFF တွေကလည်း ဝိတ်ချနေစဉ်တစ်လျှောက်လုံး Trainer တွေလိုမျိုး ဘာစားသင့်တယ် ၊ ဘာရှောင်ရမယ်ဆိုတာတွေကို တောက်လျှောက်ပြောပြ အားပေးခဲ့လို့ အခုလို target တစ်ခုကိုရခဲ့တာပါ ( ဘေးကအားပေးမှုနဲ့ တွန်းအားကလည်း တကယ်လိုအပ်ပါတယ်နော် )
ဘယ်လိုချလဲဆိုတော့ စစချတဲ့အချိန်မှာ မနက်စာစားတယ် ၊ နေ့လယ်စာစားတယ် ၊ ညစာကို ငါးသံရာပေါင်းလိုမျိုး ဥနီ ၊ ပန်းပွင့် ၊ ခရမ်းချဉ်သီးနဲ့ချဉ်စပ်ပြုတ်ပြီး ပန်းကန်လုံးအသေးလေးနဲ့ တစ်လုံးစာကို ၂ ပတ်လုံးလုံးစားပါတယ်။ နောက်ပိုင်းတွေကျတော့ မနက်စာကများသောအားဖြင့် မုန့်ဟင်းခါး အကြော်တခုနဲ့စားတယ် ။
နေ့လယ်စာကို ဟင်းတွေပဲစားတယ် ။ ထမင်းမစားဘူး ။ ဟင်းစားရင်လည်းအဆီအနှစ်တွေကိုတတ်နိုင်သလောက်လျော့စားတယ်။ ယုအတွက်ကတော့ အသီးဆိုတာချိုတာပဲ အဓိကဆိုတော့ အရွက်တွေကိုပိုစားဖြစ်ပါတယ်။
ဝိတ်ချခဲ့တဲ့တစ်လျှောက် အစားဖြစ်ဆုံးကတော့ သင်္ဘောသီးထောင်း ၊ မုန့်တီရခိုင်သုပ်ပါ ။ နောက်ပိုင်းမှာ ညဘက်ကို ဘာမှမစားတော့ဘူး။ရေကိုပဲများများသောက်တယ်။ BFFတွေကလည်းဝိတ်ချနေစဉ် ရေကိုသောက်နိုင်သလောက် များများသောက်ဖို့ အကြံပေးကြလို့ပါ။
တစ်လကို ၁၀ ပေါင် target ပြည့်အောင် ချတယ်။ စစချခြင်းမှာတော့ ဘေးပယောဂတွေက အနှောင့်အယှက် တော်တော်ပေးခဲ့တယ်။ ကိုယ်က မစားတဲ့အချိန်မှာ ကိုယ့်မိသားစုတွေက ဝိုင်းဖွဲ့စားသောက်နေကြတယ်။
ဒါကို မြင်နေရတယ် ၊ ကြားနေရတယ်။ ဒီအာရုံကိုဖြတ်ဖို့ဆိုရင် မမြင်အောင်နေရတယ်။ စိတ်အာသာ ဖြေချင်ရင် နေကြာစိ ၊ ကွာစိကိုက်တယ်။
ဒါပေမယ့် အစားကိုလုံးဝ ဟိုဟာကဝတယ် ၊ ဒီဟာကအဆီတက်တယ်ဆိုပြီး ဖြတ်ပစ်လိုက်တာမဟုတ်ဘဲ လျော့စားလိုက်တာပါ။ ဝတဲ့သူတွေရဲ့ အဓိက ကဟိုဟာလေးစားချင်လိုက်တာ ၊ ဒါလေးစားချင်လိုက်တာဆိုပြီး အမြဲဖြစ်ပါတယ်။
အဲ့လိုဖြစ်တဲ့စိတ်ကို လုံးဝထိန်းချုပ်လိုက်ရင် ခဏပဲထိန်းချုပ်လို့ရပါတယ် ၊ အချိန်အကြာကြီးမထိန်းချုပ်နိုင်တဲ့အတွက် ဒီတခါတော့ စားလိုက်ပါမယ်လေလို့ ဆုံးဖြတ်လိုက်တာနဲ့ ပုံမှန်ထက်ပိုပြီးစားဖြစ်သွားလို့ ရည်ရွယ်ချက်တွေပျက်သွားနိုင်ပါတယ်။
ဒါကြောင့် ယုကတော့ စားချင်တာမှန်သမျှကို မနက်နဲ့ နေ့လည်မှာပဲစားတယ်။ စားတဲ့ပမာဏကိုပဲအဓိကထိန်းချုပ်ပါတယ်။ တခါတလေ ညနေဖက်တွေမှာလည်း
မဖြစ်မနေ ဧည့်သည် ဧည့်ခံရလို့ စားခဲ့ရရင်လည်း စားတဲ့ပမာဏကိုပဲ အဓိက ထိန်းချုပ်လိုက်တယ်၊ အဲ့လိုစားရတော့ ရေရှည်ဝိတ်ချဖို့ ပိုသင့်လျော်ပါတယ်။
နောက်ဘာလုပ်လဲဆိုရင် လမ်းလျှောက်တယ် ၊ ပြေးလမ်းစက်မှာလည်းလမ်းလျှောက်သလိုအပြင်မှာလည်းလမ်းလျှောက်ဖြစ်တယ်။
အရင်တုန်းက နီးတဲ့နေရာတွေတောင် ကားမောင်းပြီးသွားရာကနေ လမ်းလျှောက်ပြီးပဲ သွားတော့တယ်။ အစာစားပြီးတိုင်း ၁၀ မိနစ်လောက် လမ်းလျှောက်ပြီးမှထိုင်တယ်။
စစချခြင်းမှာ အစားလျော့တာက ခက်ပေမယ့် ဝိတ်ကျမှုက မြန်တယ်။ ၁ လ ၁၀ ပေါင် ကျတယ်။ တဖြေးဖြေးနဲ့ ညစာမစားတာတွေ ၊ နေ့လယ်ထမင်းမစားတာတွေကကျင့်သားရလာတယ်။ ဒါပေမယ့်၂ လ ၃ လ ရောက်တော့ ဘာဖြစ်လာလဲဆိုတော့ ဝမ်းသွားရတာ ပြဿနာတက်လာတယ်။
အစားအရမ်းလျော့စားတော့ သွားစရာကသိပ်မရှိတော့ဘူး။ အဲ့ဒါနဲ့ ဝမ်းလွယ်လွယ်နဲ့ အူရှင်းမယ့်နည်းကို စဉ်းစားရတယ်။ အဲ့ဒါနဲ့ သဘာဝနည်းဖြစ်တဲ့ ကျွဲကောသီးနဲ့ ဇီးသီးအနှစ်ကို စသုံးဖြစ်တယ်။ ညဘက်ရုံးက ပြန်လာရင် ကျွဲကောသီး ( သို့ မဟုတ် )ဇီးသီး အနှစ်ဖျော်ရည်သောက်ဖြစ်တယ်။ ဒီ
နေ့အထိလဲ စားသုံးဖြစ်နေတယ်။ ဒါကြောင့် အလေးသွားတဲ့ကိစ္စလဲ သဘာဝနည်းအတိုင်းပဲ။
ညစာမစားတာကြာလာတော့ အားနည်းနည်းလျော့လာတယ်။အဲ့တော့အားဆေးအနေနဲ့ သဘာဝ ပန်းဝတ်မှုန်ကထုတ်တဲ့ PollenForte ကိုအိပ်ခါနီး ၂လုံးသောက်တယ် ။
အဲ့တော့ ဝိတ်ချပေမယ့် အားအင်အပြည့်နဲ့ အလုပ်ကောင်းကောင်းလုပ်နိုင်တယ်။
လမ်းများများလျှောက်နိုင်တယ်။
စစချင်း၂ လ ၊ ၃ လ မှာ ပေါင် ၃၀ လောက် ဝိတ်စကျတာကို ဘယ်သူမှသတိမထားဖြစ်ကြဘူး။
ပေါင်ချိန်ကကျပေမယ့် အမြင်မှာ သိပ်မပြောင်းလဲသေးဘူးလေ။ ဒါပေမဲ့ အတွင်းခံအင်္ကျီတွေ ပြန်သီ
နေရပြီ။ ဘောင်းဘီ size တွေ ပြောင်းသွားပြီ။
ဒါပေမယ့် ဘေးလူတွေဆီက “ဟယ် ! နင်ပိန်သွားပါလား” ဆိုတာကို ဘယ်သူမှမပြောသေးဘူး။
တချို့ဆို "ဟယ် ယုနင်ဘယ်လိုဖြစ်တာလဲ ၊ မတွေ့တာကြာတော့ ပိုတောင်ဝလာတယ်နော်တဲ့😂"
အဲ့လိုတွေဖြစ်နေပေမယ့်လည်း စိတ်ကိုမလျှော့လိုက်ဘူး ၊ ဆက်လုပ်မယ်လို့ပဲဆုံးဖြတ်ချက်ချတယ်။ ငါတကယ် မသိသာသေးလို့ဘဲဖြစ်မယ် ၊ မဖြစ် ဖြစ်အောင်ဆက်လုပ်တယ်။
အဲ့မှာ ဘာတစ်ခုက ထပ်ကောင်းတာ ဖန်တီးလဲဆိုတော့ ၄ လမြောက်မှာ ယု ညီမရဲ့ သူငယ်ချင်း နှင်းစုHnin Su Monက Yoga ဆော့နေတော့ သူက ကောင်းတယ်ဆိုလို့ ယု တို့ ညီမတွေပေါင်းပြီး Yoga Teacher Phyu Phyu Aung Myintနဲ့ စဆော့ဖြစ်တယ်။
ယုက ပုံမှန်လမ်းလျှောက်နေကျဆိုတော့ ယုရဲ့အကြောကတော့ပျော့တယ်။ ဒါပေမယ့်ဝနေတော့ တချို့အကွက်တွေမှာ လက်မမှီတာတွေ ၊ အောက်ပိုင်းလေးတာတွေ အများကြီးကြုံခဲ့ရတယ်။ ဒါပေမယ့်ဲ့ အခုထိဆက်လုပ်ဖြစ်တယ်။
ဖြေးဖြေးမှန်မှန်နဲ့ကိုယ့် target ကို ကိုယ့်မျက်စိရှေ့မှာပဲထား ထားတယ်။ ဆရာမကလည်း တော်တော်လေးကိုမောင်းပေးခဲ့တယ်။
Yoga ကစားတာလည်း ယုဝိတ်ကျဖို့အတွက်ရယ် ၊ အသားကျစ်ဖို့ရယ် ၊ တော်တော်ကြီးကို အထောက်အကူဖြစ်ခဲ့တယ်။ ကစားတာရော ၊ အစားလျော့တာရော ကျင့်သားရလာခဲ့တယ်။ တစ်ခါတစ်လေ ပွဲတွေဘာတွေရှိလို့ ပိုစားမိရင် နည်းနည်းပျို့ချင်လာတယ်။ အစားက ကိုယ့် limit ထပ်မပိုနိုင်တော့ဘူး။ စိတ်ကိုလဲ အဲ့နေရာမှာပဲ ထိန်းထားတယ်။
၅ လ ၊ ၆ လ ကြာတော့ လူတွေပိုသတိထားမိလာတယ်။
၉ လ ၊ ၁၀ လ ဖြစ်တဲ့ အချိန်မှာ ပေါင် ၁၀၀ တောင် ကျသွားပြီဆိုတော့ ပိုပို ပြီး သတိထားမိလာကြတယ်။
အမှတ်တရအနေနဲ့ ပေါင် ၇၀ လောက်ကျပြီးချိန်မှာ ယုတို့ ပစ္စည်းဖြန့့််ဖြူးပေးသူတွေထဲက မမြင်တာကြာတဲ့ member ၃ ယောက်လောက်က ယုကို မမှတ်မိဘူး။
လေဆိပ်က ကိုမျိုးရဲ့သူငယ်ချင်း တစ်ယောက် ယုနဲ့သီရိကိုလဲ သိပြီးခင်နေတယ် ၊ မသိတာရှိရင်အမြဲမေးနေကြ ၊ ကူညီပေးနေကျ အစ်ကိုပါပဲ။ တစ်နေမှာတော့ ယုတို့ နိုင်ငံခြားခရီးတစ်ခုက ပြန်လာတယ်။
Immigration ဖြတ်ပြီးတော့ အဲ့ အစ်ကို ကိုတွေ့တော့ ရယ်ပြတယ်။ သူက ကိုယ့်ကို ပြန်မရယ်ပြဘူး။
နောက်မှာရှိတဲ့ သီရိကို သွားနှုတ်ဆက်တယ် “နင်တစ်ယောက်တည်းလားတဲ့” ၊ ယု ဘာကိုဆိုလိုချင်တာလဲဆိုတာ သိမယ်ထင်ပါတယ်။
ယုနဲ့ ခင်တဲ့သူတွေ တော်တော်များများက ယုကို Fatty လို့ ချစ်စနိုးနဲ့ ခေါ်နေကျ။ အခု အရင်လို သိပ်မဝတော့ဘူး။ ဒါပေမဲ့ ဆက်ပြီး Fatty လို့ ချစ်စနိုးနဲ့ ခေါ်နိုင်ပါတယ်။
ယုကအစတည်းက ပျော်ပျော်နေတတ်သူဆိုတော့ မိတ်ဆွေတွေကိုယ့်ကိုမမှတ်မိဘူးဆိုရင် ပိုစချင်ပြီး
ပိုပျော်တယ် ၊ ပို motivate ဖြစ်ပြီး ဝိတ်ပိုချဖို့အားပိုရှိလာတယ်😊
ယုတုန်းကလည်း အရမ်းကြီးဝတဲ့သူကနေ ပုံမှန်ခန္ဓာကိုယ်အနေအထားတွေနဲ့ ကျန်းမာနေတဲ့သူတွေကိုကြည့်ပြီး အားကျခဲ့ရတဲ့သူ ၂ ယောက်လောက်တွေ့ခဲ့ပြီး motivate ဖြစ်ခဲ့တာပါ။
အခုလည်း ယုကိုကြည့်ပြီး “သူ့လို ပေါင်၂၇၀ ကျော်
ကြီးကတောင် ရအောင်ဝိတ်ချနိုင်တာ ၊ ငါလည်းရအောင်လုပ်မယ်” ဆိုတဲ့အတွေးနဲ့ လိုက်ပြီး ဝိတ်ချနိုင်တယ်ဆိုရင် အားလုံးကျန်းမာရေးကောင်းပြီး ပိုပြီးလှပလာ
ကြမှာပါ😊
ဝိတ်တက်တယ်ဆိုတာ အစားကြောင့်ရယ် ၊ လှုပ်ရှားမှုနည်းလို့ စသဖြင့်ပါကိုပါ ပါတယ်။ အစားကို လျှော့သင့်သလောက်လျှော့ ပြီး လေ့ကျင့်ခန်းတွေ ၊ Yoga တွေ လုပ်ပြီး ဆေးတွေ မကူဘဲ သဘာဝ နည်းနဲ့လျှော့လို့ ရတယ်ဆိုတဲ့အကြောင်း ကိုယ်နဲ့အဖြစ်တူသူများကို
ကိုယ်ရည်စစ်ပြီး ကျန်းမာစွာလှပ နေအောင်
တစ်ဝကြီးပြောပြချင်ပါသေးတယ်။
Leader ကြီး​တွေလည်း အမြဲ​ပြော​လေ့ရှိပါတယ်​၊
ပြင်းပြတဲ့စိတ်ဆန္ဒရှိပြီး မိမိ​ရောက်​ချင်​တဲ့ပန်းတိုင်​ကို တစ်​ခုတည်း​သောအာရုံနဲ့​ ရောက်​​အောင်​ကြိုးစားမယ်​ဆိုရင် ​လူတိုင်းဖြစ်​နိုင်​ပါတယ်​လို့​ပြောပြချင်​ပါတယ်
အားလုံးကိုချစ်ခင်လေးစားလျှက်
သင်းယုနိုင်
Credit Thin Yu Naing Facebook အကောင့်မှ ပြန်လည် မျှဝေပါသည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။