သွေးတိုးအကြောင်း
***************
သွေးတိုးခြင်း ၊ သွေးဖိအားမြင့်ခြင်း ဆိုကတော့ သွေးလွှတ်ကြောအတွင်း
ဖိအားမြင့်တက်ခြင်း ကိုခေါ် တာဖြစ်ပါတယ် ။
သွေးဖိအားကို တိုင်းတာရာမှာ
Systolic pressure နှင့် Diastolic pressure ကို တိုင်းရပါတယ် ။
Systolic pressure က နှလုံးကြွက်သားများ ညှစ်ထုတ်စဉ်
ဖြစ်ပေါ် သောဖိအား ဖြစ်ပြီး
Diastolic pressure က နှလုံးကြွက်သား အနားယူလိုက်ချိန်မှာ
ကျန်နေ သောဖိအားဖြစ်ပါတယ် ။
အမြင့်ဆုံးတက်ချိန် နဲ့ အနိမ့်ဆုံးကျချိန် ဖိအားများဖြစ်ပါတယ် ။
သာမန်သွေးဖိအားက
Systolic ဆိုရင် 100 - 140 mmHg ဖြစ်ပြီး
Diastolic ဆိုရင် 60 - 90 mmHg ဖြစ်ပါတယ် ။
သွေးတိုးတယ် ဆိုတာက
Systolic 140 အထက် နဲ့
Diastolic 90 အထက် တိုးတာ
ကို ခေါ် တာဖြစ်ပါတယ် ။
...
သွေးတိုး ကို ၂ မျိုး ခွဲထားပါတယ် ။
- primary (essential) hypertension နဲ့
- secondary hypertension လို့ ဖြစ်ပါတယ် ။
...
သွေးတိုးဖြစ်ခြင်း ရဲ့ 90–95% ဟာ primary (essential) hypertension ဖြစ်ပါတယ်။
သဘောကတော့ မူလအကြောင်းရင်းခံ ရှာမတွေ့ ဘူးလို့ ဆိုတာပါ ။
မြန်မာလို ပြောမယ်ဆိုရင်တော့ " ကံ နာ " လို့ ပြောရမှာပါ ။
ကျန်တဲ့ 5–10% ကတော့ ကျောက်ကပ် ၊ နှလုံး နဲ့ အင်ဒိုခရိုင်းစံနစ် (endocrine
system ) ချို့ ယွင်းမှု တွေမှာ အခြေခံပါတယ် ။
သူ့ ကို secondary hypertension လို့ ခေါ်တာပါ ။
...
သွေးတိုးခြင်းကြောင့် နှလုံးကို ဒဏ်ပိစေပါတယ် ။
ဒါကြောင့် သွေးတိုးကတဆင့် နှလုံးရောဂါ ၊
နှလုံးသွေးကြော (coronary artery) ရောဂါတွေ ဆက်ဖြစ်တတ်ပါတယ် ။
ဒါ့အပြင် လေဖြတ်ခြင်း ၊ သွေးကြောများ ဖောင်းကားလာခြင်း(aneurysms ) ၊
ကျောက်ကပ် ထိခိုက်ပျက်ဆီးခြင်း တွေထိ ဖြစ်တတ်ပါတယ် ။
...
သွေးတိုးရောဂါ ဟာ အသက်တိုစေတာမို့ ဆေးဝါး အကူအညီ အပြင် ၊
အစားအသောက် အနေအထိုင် ပါ ဆင်ခြင် မှ တော်ကာကျပါတယ် ။
...
ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
၃၀ သြဂုတ် ၂၀၁၄

ဒါ့အပြင် လေဖြတ်ခြင်း ၊ သွေးကြောများ ဖောင်းကားလာခြင်း(aneurysms
ကျောက်ကပ် ထိခိုက်ပျက်ဆီးခြင်း တွေထိ ဖြစ်တတ်ပါတယ် ။
...
သွေးတိုးရောဂါ ဟာ အသက်တိုစေတာမို့ ဆေးဝါး အကူအညီ အပြင် ၊
အစားအသောက် အနေအထိုင် ပါ ဆင်ခြင် မှ တော်ကာကျပါတယ် ။
...
ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
၃၀ သြဂုတ် ၂၀၁၄
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။