အကြွေပန်း နမ်းတဲ့နွား
🎀
🎀
🎀
🎀
🎀
🎀
'မင်းစော်က ငါခြွေပြီးသားပန်းကွ
မင်းကနွားပဲ '…
မောင်မင်းကြီးသားသကောင့်သား က ဂုဏ်ယူဟန်နဲ့ပြောတယ်
ငါပြုံးပြလိုက်တယ် (မခို့တရို့ပြုံးပြလိုက်တယ် )
' ငါ့အကျန်ကောက်ရတဲ့ ကျန်ကောက်ပါကွာ
ငါမကုန်လို့ စားရတာ စားပါစေ '…
မောင်မင်းကြီးသား သကောင့်သားက
အောင်နိုင်သူတစ်ယောက်လို ပြောတယ်
ငါပြုံးပြလိုက်တယ် (မခို့တရို့ပြုံးပြလိုက်တယ် )
ဗုဒ္ဓရဲ့ အဖန်ဖန်သေခြင်းတရားမှာ
သံသရာကျင်လည်သမျှ လူတိုင်းဟာနွားဖြစ်နိုင်တယ် …
လှည်းကျိုးထမ်းတိုင်း နွားမှမဟုတ်တာ
တစ်ကိုယ်စာပရဟိတလို့ ခံယူရဲရင် ကုသိုလ်ပဲ…
မြင့်မြတ်တဲ့အချစ်ဟာ ပေါင်ကြားမှာလမ်းမဆုံးဘူး
လှည်းအကျိုးကို လမ်းအကောင်းမှာစနစ်တကျမောင်းရင်
တစ်ဘဝစာ ပျော်ရွှင်မှာပေါ့…
ငါချစ်တဲ့လှည်းကျိုးလေးအတွက် ငါဟာအတော်ဆုံးဗိသုကာ
ငါချစ်တဲ့လှည်းကျိုးလေးအတွက် အပြစ်တွေဆေးကြောမယ့်တရားတော်
ငါချစ်တဲ့လှည်းကျိုးလေးမှာ ငရဲမရှိဘူး နောင်တမရှိဘူး မျက်ရည်မရှိဘူး
မင်းမနမ်းချင်လို့ပစ်ခဲ့တဲ့ ပန်း ငါ့လက်မှာပွင့်လန်းနေမှ နောင်တတွေမပွေ့နဲ့ညီလေး…
မှီနွဲ့မယ်ထင်ပြီး ပုခုံးထိုးပေးတာ
ထမ်းပိုးတင်လည်း ငါဟာလူပဲ…
သားသတ်ရုံရောက်တဲ့အထိ
ငါ့ကိုယ်ငါ လူလို့ထင်တုန်း…
အခါ(၁၀၀)သေလည်း ပျဉ်ဈေးစုံစမ်းဆဲ
အချစ်ဟာ ပိုးဖလံလိုမီးထဲတိုးပေမယ့်
ဖီးနစ်ငှက်လို ပြန်အသက်ရှင်တာ ခက်တယ်…
စကားဗုံးတွေကို ငါပြုံးဖြစ်တယ် (မခို့တရို့ပြုံးဖြစ်တယ် )
လက်ညှိုးဓါးတွေအတွက် ငါပြုံးပြတယ် (မခို့တရို့ပြုံးပြလိုက်တယ် )
ငါပြုံးတယ်
ငါ့အပြုံးက လွတ်လပ်တယ်
ငါ့အပြုံးက သန့်ရှင်းတယ်
မှတ်ထား ညီလေး…
အချစ်စစ်တစ်ခုရဲ့အဓိပ္ပာယ်ဟာ ပေါင်ကြားမှာလမ်းမဆုံးဘူး
မေတ္တာတရားသာ စစ်ပါစေ
ပခုံးအသားမာတက်ချင်တက်ဦး
လှည်းအကျိုးနဲ့ လမ်းအကောင်းမှာ သံသရာအထိမောင်းရဲတယ်။ ။
#ဆန်းကျော်စွာဝင်း
Credit. တောသားလေးရဲ့ "စာပေရွှာ"
Credit. Photo
ပြန်လည်မျှဝေသည်။ #ကံကောင်းခြင်းလက်ဆောင်
🎀
❤
🎀
❤
🎀
❤
🎀
❤
🎀
❤
🎀
❤
🎀
❤
🎀






'မင်းစော်က ငါခြွေပြီးသားပန်းကွ
မင်းကနွားပဲ '…
မောင်မင်းကြီးသားသကောင့်သား
ငါပြုံးပြလိုက်တယ် (မခို့တရို့ပြုံးပြလိုက်တယ်
' ငါ့အကျန်ကောက်ရတဲ့ ကျန်ကောက်ပါကွာ
ငါမကုန်လို့ စားရတာ စားပါစေ '…
မောင်မင်းကြီးသား သကောင့်သားက
အောင်နိုင်သူတစ်ယောက်လို ပြောတယ်
ငါပြုံးပြလိုက်တယ် (မခို့တရို့ပြုံးပြလိုက်တယ်
ဗုဒ္ဓရဲ့ အဖန်ဖန်သေခြင်းတရားမှာ
သံသရာကျင်လည်သမျှ လူတိုင်းဟာနွားဖြစ်နိုင်တယ်
လှည်းကျိုးထမ်းတိုင်း နွားမှမဟုတ်တာ
တစ်ကိုယ်စာပရဟိတလို့ ခံယူရဲရင် ကုသိုလ်ပဲ…
မြင့်မြတ်တဲ့အချစ်ဟာ ပေါင်ကြားမှာလမ်းမဆုံးဘူး
လှည်းအကျိုးကို လမ်းအကောင်းမှာစနစ်တကျမောင်
တစ်ဘဝစာ ပျော်ရွှင်မှာပေါ့…
ငါချစ်တဲ့လှည်းကျိုးလေးအတွက
ငါချစ်တဲ့လှည်းကျိုးလေးအတွက
ငါချစ်တဲ့လှည်းကျိုးလေးမှာ ငရဲမရှိဘူး နောင်တမရှိဘူး မျက်ရည်မရှိဘူး
မင်းမနမ်းချင်လို့ပစ်ခဲ့တဲ့
မှီနွဲ့မယ်ထင်ပြီး ပုခုံးထိုးပေးတာ
ထမ်းပိုးတင်လည်း ငါဟာလူပဲ…
သားသတ်ရုံရောက်တဲ့အထိ
ငါ့ကိုယ်ငါ လူလို့ထင်တုန်း…
အခါ(၁၀၀)သေလည်း ပျဉ်ဈေးစုံစမ်းဆဲ
အချစ်ဟာ ပိုးဖလံလိုမီးထဲတိုးပေမယ့်
ဖီးနစ်ငှက်လို ပြန်အသက်ရှင်တာ ခက်တယ်…
စကားဗုံးတွေကို ငါပြုံးဖြစ်တယ် (မခို့တရို့ပြုံးဖြစ်တယ် )
လက်ညှိုးဓါးတွေအတွက် ငါပြုံးပြတယ် (မခို့တရို့ပြုံးပြလိုက်တယ်
ငါပြုံးတယ်
ငါ့အပြုံးက လွတ်လပ်တယ်
ငါ့အပြုံးက သန့်ရှင်းတယ်
မှတ်ထား ညီလေး…
အချစ်စစ်တစ်ခုရဲ့အဓိပ္ပာယ်ဟာ
မေတ္တာတရားသာ စစ်ပါစေ
ပခုံးအသားမာတက်ချင်တက်ဦး
လှည်းအကျိုးနဲ့ လမ်းအကောင်းမှာ သံသရာအထိမောင်းရဲတယ်။ ။
#ဆန်းကျော်စွာဝင်း
Credit. တောသားလေးရဲ့ "စာပေရွှာ"
Credit. Photo
ပြန်လည်မျှဝေသည်။ #ကံကောင်းခြင်းလက်ဆောင်
















No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။