{{{ ဂလွမ်း }}}
{{{
ခွပ် }}}
“ ဟာ………
သွားပါပြီ ”
“ တောက်… ဒီကောင်တော့ကွာ
လက်ကအိမ်မြောင်ဥကိုင်ထားတာကျနေတာပဲ အမြဲတမ်း လွှတ်ကျ
ကွဲနေတာပဲ
မင်းတော့ဒီလလဲလစာရမှာမဟုတ်ပါဘူးမင်းရမဲ့အထဲက
ပြန်မအမ်းရရင်တောင်
ကံကောင်း ” ဆိုင်ရှင်ဆီမှ
မကျေမနပ်အသံကထွက်လာသည်။
ဂျစ်တူး
ကျကွဲသွားသောပန်းကန်များကို ကောက်သိမ်းရင်းမှ ရွာတွင်ကျန်ခဲ့သော အမေနှင့်ညီမလေးကို
ပြေးမြင် ယောင်မိသည်။ အဖေဆုံးပြီးတော့အမေ့မှာယောင်ချာချာနှင့်
အငှားလိုက်ယာခုတ်ပြီး သူတို့မောင်နှမနှစ်ယောက် ကို
တ၀မ်းတခါးအတွက်ရှာကျွေးခဲ့ရသည်။နောက်ပိုင်းကျတော့ အမေ့ကျန်းမာရေးမှာ
တဖြည်းဖြည်းနဲ့ချို့ယွင်း လာသည်။ အမေ
နေမကောင်းပြီးအိပ်ရာမှမထနိုင်တဲ့အခါမှာတော့ ဂျစ်တူးမှာ သားအကြီးပီပီ အမေနှင့်ညီမ
လေးကိုရှာကျွေးရမည့်တာဝန်က ပခုံးပြောင်းတာဝန်လွှဲယူရပါတော့သည်။ ပထမဆုံး
ဂျစ်တူးကျောင်းထွက်လိုက် ရသည်။ ကျောင်းစိမ်းအကျီ င်္တွေနှင့်
သူငယ်ချင်းတွေကျောင်းသွားတိုင်းဂျစ်တူးမှာအိမ်နောက်ဖေးအကွယ်တွင် မျက်ရည်ကျရတာ ခဏ
ခဏ…။
ရွာမှဦးလေးဝမ်းကွဲ မြို့ကပြန်လာတော့ သူက “ မြို့မှာအလုပ်လုပ်မလား
ဒီမှာထက်တော့မင်းသက်သာတယ် လစာလဲပိုကောင်းတယ်” ဟုပြောသဖြင့်
အမေ့ဆီမှာခွင့်တောင်းတော့ အမေကမလွှတ်ချင်… ဦးလေးနှင့် ဆွေမျိုး
များဝိုင်းပြောကြသဖြင့်သာ မလွှတ်ချင်လွှတ်ချင်ဖြင့် ဂျစ်တူးကိုလွှတ်လိုက်ပါသည်။
ရန်ကုန်ကိုစရောက်တော့ ဂျစ်တူးမှာအစစအရာရာမျက်စိသူငယ်နားသူငယ်နှင့်
အိမ်ကိုပဲပြန်ချင်နေမိသည်။ ဒီလိုနဲ့ဦးလေးအဆက်အသွယ် ဖြင့် လဘက်ရည်ဆိုင်တစ်ဆိုင်တွင်
ဂျစ်တူးစပြီး အလုပ်ရသည်။
ပထမစစချင်းတော့ဂျစ်တူးအလုပ်လုပ်ရတာ မပျော်ပါ………။
အမေနှင့်ရွာကိုသာသတိရနေမိသည်။ နောက်ကျ တော့လဲ အိမ်ကိုလွမ်းတိုင်း
အလုပ်ကိုသာဖိလုပ်နေတော့သည်။ စိတ်ထဲမှလည်းတွေးမိသည် ညီမလေးကိုတော့ ကျောင်းပြီးအောင်
ကျွန်တော်ထားမည်ဟု…။ တစ်နေ့ပေါ့…
“ ရွှတ် ရွှတ် ”
“ ချာတိတ်
”
ခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်တော့
မိသားစု၃ယောက်ဝိုင်းမှခေါ်နေသဖြင့် ကျွန်တော်အပြေးအလွှားသွား ရင်း “ဘာသုံးဆောင်မလဲခင်ဗျာ ”
ဟု ခါးလေးချိုးကာ မေးလိုက်သည်။
ဝိုင်းမှာထိုင်နေသော ဖခင်မှသူ့အရွယ်
ကောင်လေးကို ချစ်ခင်သောအကြည့်ဖြင့် “ သား ဘာစားမလဲ ” ဟုမေးသောအခါ ထိုကောင်လေးမှ “
ပဲပြုတ် ထမင်းကိုကြက်ဥကြော်နဲ့စားမယ် ဖေဖေ ” ဟု ပြန်ဖြေသည်။ ဆက်လက်ပြီး
ထိုကောင်လေးမှ သူ့မိခင်အား “ မေမေကော ဘာစားမလဲဟင် ” “ မေမေလား သားနဲ့တူတူပဲပေါ့ကွယ်
” ဟု ကောင်လေးမိခင်ကပြန်ဖြေသည်။
ထို့နောက် ကောင်လေး၏ဖခင်ဖြစ်သူမှ “
ပဲပြုတ်ထမင်းကိုကြက်ဥကြော်နဲ့၂ပွဲ၊ လက်ဖက်ရည် ၂ခွက်နဲ့မုန့်တွေချ ကွာ ” ဟု
သူ့ကိုပြောသောအခါ ဂျစ်တူးလဲ ကောင်တာဆီလှမ်းအော်ပြီး ခုံကိုရှင်းလင်းသုတ်ပေးနေစဉ်
ထိုကောင် လေးမှ ဂျစ်တူးအားကြည့်ရင်း “ ဖေဖေ သူကဘာလို့အလုပ်သမားလုပ်တာလဲဟင်
သားလိုကျောင်းမနေဘူးလား ပညာမတတ်လို့ စားပွဲထိုးလုပ်ရတာလားဟင် ” ဟု
ကောင်လေးမှသူ့ဖခင်အားမေးရာတွင် ကောင်လေး၏ဖခင်မှ " အေးပေါ့ သားရဲ့
စာကိုကြိုးစားရမယ်နော် စာမတတ်ရင်လူတကာခိုင်းတာကို သားကလုပ်ပေးရမှာ ပညာတတ်
ကြီးဖြစ်အောင်ကြိုးစားနော် သား... " ဟု
ကောင်လေးဖခင်၏ဆုံးမစကားသံအဆုံးတွင် ကျွန်တော်မျက်ရည်များ ကျလာပြီး
ထိုစားပွဲရှေ့မှပြေးထွက်လာခဲ့မိပါတော့သည်။
ကျွန်တော် ကျောင်းတက်ချင်တာပေါ့၊
ကျွန်တော်လည်း ပညာတတ်ကြီးဖြစ်ချင်တာပေါ့ ဒါပေမဲ့..... ကျွန်တော့်မှာ
ဒီအခွင့်အရေးတွေမှမရှိတာ သူတို့ကိုပြောပြချင်ပါသည်။
ကျွန်တော်၏ရင်ထဲမှ အမေ….
အမေ…. အမေရေ…. ဟု တမ်းတနေမိပါတော့သည်။
http://hninsinet13.myanmarbloggers.org/
ချစ်ခင်လေးစားသော
ရွာမှဦးလေးဝမ်းကွဲ မြို့ကပြန်လာတော့ သူက “ မြို့မှာအလုပ်လုပ်မလား ဒီမှာထက်တော့မင်းသက်သာတယ် လစာလဲပိုကောင်းတယ်” ဟုပြောသဖြင့် အမေ့ဆီမှာခွင့်တောင်းတော့ အမေကမလွှတ်ချင်… ဦးလေးနှင့် ဆွေမျိုး များဝိုင်းပြောကြသဖြင့်သာ မလွှတ်ချင်လွှတ်ချင်ဖြင့် ဂျစ်တူးကိုလွှတ်လိုက်ပါသည်။ ရန်ကုန်ကိုစရောက်တော့ ဂျစ်တူးမှာအစစအရာရာမျက်စိသူငယ်န
ပထမစစချင်းတော့ဂျစ်တူးအလုပ်လုပ
“ ရွှတ် ရွှတ် ”
“ ချာတိတ် ”
ခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်တော့ မိသားစု၃ယောက်ဝိုင်းမှခေါ်နေသဖြင
ဝိုင်းမှာထိုင်နေသော ဖခင်မှသူ့အရွယ် ကောင်လေးကို ချစ်ခင်သောအကြည့်ဖြင့် “ သား ဘာစားမလဲ ” ဟုမေးသောအခါ ထိုကောင်လေးမှ “ ပဲပြုတ် ထမင်းကိုကြက်ဥကြော်နဲ့စားမယ် ဖေဖေ ” ဟု ပြန်ဖြေသည်။ ဆက်လက်ပြီး ထိုကောင်လေးမှ သူ့မိခင်အား “ မေမေကော ဘာစားမလဲဟင် ” “ မေမေလား သားနဲ့တူတူပဲပေါ့ကွယ် ” ဟု ကောင်လေးမိခင်ကပြန်ဖြေသည်။
ထို့နောက် ကောင်လေး၏ဖခင်ဖြစ်သူမှ “ ပဲပြုတ်ထမင်းကိုကြက်ဥကြော်နဲ့၂ပ
ကျွန်တော် ကျောင်းတက်ချင်တာပေါ့၊ ကျွန်တော်လည်း ပညာတတ်ကြီးဖြစ်ချင်တာပေါ့ ဒါပေမဲ့..... ကျွန်တော့်မှာ ဒီအခွင့်အရေးတွေမှမရှိတာ သူတို့ကိုပြောပြချင်ပါသည်။
ကျွန်တော်၏ရင်ထဲမှ အမေ…. အမေ…. အမေရေ…. ဟု တမ်းတနေမိပါတော့သည်။
http://
ချစ်ခင်လေးစားသော
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။