Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, April 28, 2016

လှတယ်၊ ရင်သားကြီးတယ်၊ မွေးလာတာနဲ့ ဒေါ်လာသန်းနှစ်ထောင် အမွေရပြီးသား.. ဟော ခု သူ့အဖေ အမေရိကန်သမ္မတဝင်ရွေးမယ်တဲ့…

လှတယ်၊ ရင်သားကြီးတယ်၊ မွေးလာတာနဲ့ ဒေါ်လာသန်းနှစ်ထောင် အမွေရပြီးသား.. ဟော ခု သူ့အဖေ အမေရိကန်သမ္မတဝင်ရွေးမယ်တဲ့…

ဒီကနေ့ပြောမယ့်ဇာတ်လမ်းမှာပါတဲ့ ဇာတ်လိုက်နာမည်က Ivanka Trump ပဲဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးထဲကတစ်ဦးပေါ့။ ဒီနှစ်မှာ သူအသက် ၃၄နှစ်ရှိပါပြီ။ သူ့အသက် ၂၈နှစ် မင်္ဂလာမဆောင်ခင်တည်းကလည်း သူဟာ ကမ္ဘာ့အချမ်းသာဆုံးအပျိုတစ်ဦးဖြစ်ခဲ့ပါတယ်။

၈ဝနောက်ပိုင်းမှာမွေးဖွားခဲ့တဲ့သူဟာ မွေးဖွားလာကတည်းက မိဘနှစ်ပါးရဲ့အကောင်းဆုံးအမွေကို ရရှိထားသူဖြစ်ပါတယ်။ အဲဒီအမွေတွေက ဖခင်ဆီက ဒေါ်လာသန်းနှစ်ထောင်နဲ့ မိခင်ဆီက လှပတဲ့ရုပ်ရည်ပဲဖြစ်ပါတယ်။

Ivanka ဟာ ၂ဝဝ၄ခုနှစ်မှာ Pennsylvania စီးပွားရေးကောလိပ်ကနေ (The Wharton School of the University of Pennsylvania) ထူးချွန်တဲ့အဆင့်နဲ့ ကျောင်းပြီးခဲ့ပါတယ်။ ကျောင်းပြီးတာနဲ့ ဖခင်ကုမ္ပဏီထဲ သူဝင်ရောက်အလုပ်လုပ်ခဲ့တယ်။ အခုလက်ရှိ သူ့ရာထူးက ကုမ္ပဏီဒုဥက္ကဠနဲ့ အရိုက်အရာဆက်ခံသူဖြစ်တယ်။ သူဟာ IQ ရော EQပါမြင့်သူဖြစ်တယ်။ အောက်ကိုဆက်ဖတ်သွားပါ… သူ့မှာ မိထွေးဘယ်နှယောက်နဲ့ ဖအေတူမအေကွဲမောင်နှမ ဘယ်နှယောက်ရှိတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။

ဘဝကိုအောင်နိုင်သူ Ivankaဟာ ငယ်ငယ်လေးတည်းက သူ့ဖခင်ဦးစီးကျင်းပတဲ့ အမေရိကန်မယ်ရွေးပွဲမှာ ပါဝင်ခဲ့တယ်။ အဲဒီနောက် သူဟာ မိခင်လျှောက်ခဲ့တဲ့လမ်းအတိုင်း မော်ဒယ်တစ်ဦးဖြစ်လာခဲ့တယ်။ မော်ဒယ်လောကမှာ ကစားရဝသွားတဲ့အခါ အိမ်စီးပွားရေးဖက်ထဲ သူဝင်ရောက်ခဲ့တယ်။

Ivankaဟာ အလှအပနဲ့ အသိဉာဏ်ပညာပေါင်းစပ်ထားတဲ့ ကိုယ်စားပြုဖြစ်တယ်။ အရပ် ၅ပေ ၉လက်မ၊ ငွေရောင်ဆံနွှယ်၊ ပြာလဲ့လဲ့မျက်လုံး၊ ရင် ၃၂Dနဲ့ ရင်ကြီးသလောက် ဦးနှောက်လည်းဖွံ့ဖြိုးတဲ့ အမျိုးသမီးဖြစ်တယ်။ သူဟာ ဆွဲဆောင်မှုရှိတဲ့ သန်းကြွယ်သူဌေးပေါ့။ သန်းကြွယ်သူဌေးတစ်ဦးဖြစ်တဲ့ Paris Hilton နဲ့တော့ ဆန့်ကျင်ဖက်ပါပဲ။ သူ့မှာ ဘာသတင်းကောလာဟလမှမရှိခဲ့ဘူး။ ချမ်းသာကြွယ်ဝပေမယ့် သိုသိုသိပ်သိပ်နေတတ်သူဖြစ်တယ်။ စီးပွားရေးသတင်းတွေမှာ ဖော်ပြခံရ၊ Forbes စာရင်းဝင်မှာဖော်ပြခံရတာကလွဲရင် သူ့မှာ ဘာသတင်းအပုပ်အသိုးမှမရှိခဲ့ဘူး။

ဟော… ခု သူ့အဖေ အမေရိကန်သမ္မတရွေးကောက်ပွဲထဲ ဝင်ရွေးလာခဲ့လို့ လူတွေရှေ့ သူလူလုံးထွက်ပြီး သူ့အဖေအတွက် မဲဆွယ်ရတာပေါ့။

ထက်မြက်ထူးချွန်တဲ့၊ ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်ကိုင်နိုင်တဲ့၊ စိတ်သဘောထားကြီးတဲ့ မိန်းမလှတစ်ဦး မဲဆွယ်တယ်ဆိုတော့ ပွဲစစချင်း Roosevelt Islandမှာ မဲဆွယ်ဟောပြောခဲ့တဲ့ ဟီလာရီကလင်တန်ထက်တောင် သူက လူတွေရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တယ်။

အမေရိကန်သမ္မတရွေးပွဲအကြောင်း စကားစပ်မိပြီဆိုတော့ ရွေးကောက်ပွဲမှာပါဝင်မယ့် သူ့အဖေအကြောင်းလည်း ကြုံတုန်းပြောကြည့်ကြတာပေါ့

သူ့အဖေနာမည်က အားလုံးသိပြီးသားဖြစ်မှာပါ.. Donald Trump တဲ့။ အတုလိုလို အစစ်လိုလိုခန့်မှန်းရခက်တဲ့ ဆံပင်ရွှေဝါရောင်လေးတစ်ဖုတ်ကို ထိပ်ပေါ်တစ်စောင်းတင်ထားသူပေါ့။ သူက အမေရိကန်နာမည်အကြီးဆုံး အိမ်ခြံမြေဘုရင်ပါ။ Trump Group နဲ့ Trump Entertainment ကို တည်ထောင်ခဲ့သူဖြစ်တယ်။ Trump လေကြောင်းကုမ္ပဏီလည်းရှိသေးတယ်။ ကမ္ဘာ့တစ်ဝန်းမှာ အိမ်ခြံမြေရောင်းဝယ်ရေး၊ လောင်းကစားရုံ၊ ဟိုတယ်နဲ့ လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ လုပ်တယ်။ သူဘယ်လောက်ချမ်းသာသလဲဆို ရွေးကောက်ပွဲဝင်တော့ သူ့ကိုယ်ပိုင် ပိုင်ဆိုင်မှုစာရင်းကိုထုတ်ပြန်ကြေညာခဲ့တယ်။ (စိတ်ဝင်စားရင် comment မှာတင်ထားပါတယ်)

သူ့သာမန်နေ့စဉ်ဘဝကလည်း စည်းစိမ်ကျနတဲ့ဘဝလို့ တင်စားရမှာပါ။ ဒေါ်လာသန်းတစ်ရာနဲ့ ဝယ်ခဲ့တဲ့ ဇိမ်ခံသင်္ဘောတစ်စီးကို ဘယ်နှရက်မှမမောင်းရသေးဘူး ဆော်ဒီမင်းသားကို ရောင်းပေးလိုက်တယ်လေ။ (commentမှာ ရှု)

အဲဒီနောက် ပင်လယ်ထဲလျှောက်လည်ချင်တာနဲ့ အရင်ကတစ်စီးထက် ဈေးပိုကြီးတဲ့ သင်္ဘောတစ်စီးဝယ်လိုက်ပြန်တယ်။ ဒီသင်္ဘောနဲ့အတူ ဒေါ်လာသန်းတစ်ရာတန်တဲ့ Sikorsky S-76 ရဟတ်ယာဉ်တစ်စီးလည်း ပါတယ်။ အဲဒီရဟတ်ယာဉ်တစ်စီးအပြင် သူ့မှာ ဒေါ်လာသန်းတစ်ရာတန်တဲ့ ကိုယ်ပိုင်လေယာဉ်တစ်စီးရှိပြီးသား။ အဲဒီကိုယ်ပိုင်လေယာဉ်ရဲ့အသုံးအဆောင်က ၂၄ K ရွှေနဲ့လုပ်ထားတာတဲ့။ (commentမှာ ရှု)

သူဟာ သူကြွယ်တစ်ဦးဆိုပေမယ့် အတော်ပြောင်တဲ့သူ (ခု မဲဆွယ်နေတဲ့သတင်းတွေကိုကြည့်ကြည့်လေ သူပုံစံ ဘယ်လောက်ရယ်ရသလဲဆိုတာ)။ လုပ်စရာမရှိရင် တီဗွီအစီအစဉ်တွေထဲတောင် ဝင်သရုပ်ဆောင်ပြီး မထိခလုတ် ထိခလုတ်နောက်ခဲ့သေးတယ်။ “Home Alone 2” ဆိုတဲ့ဇာတ်ကားမှာ သူ့ကိုမြင်ဖူးကြမှာပေါ့။

သမီးလိမ္မာတစ်ယောက်ပိုင်ဆိုင်ထားတော့ ကုမ္ပဏီကို သမီးနဲ့စိတ်ချချထားခဲ့ပြီး NBC ရုပ်သံရဲ့ “The Apprentice” အစီအစဉ်မှာ တင်ဆက်သူအဖြစ် သူသွားလုပ်ခဲ့သေးတယ်လေ။

သူသမ္မတဝင်ရွေးမယ်လို့ စစချင်းမဲဆွယ်ဟောပြောပွဲလုပ်ခဲ့တဲ့နေရာက သူ့နေအိမ် Trump Tower ကြီးထဲမှာပါ။ နယူးယောက်မြို့လယ်က ရိပ်သာ ၅လမ်းမှာရှိတဲ့ ချောကလက်ရောင်မိုးမျှော်တိုက်ကြီးက သူ့ဟာပေါ့။ (comment မှာ ရှု)

ဟောပြောပွဲပြီးတော့ Trump မျိုးနွှယ်တွေ မိသားစုဓာတ်ပုံရိုက်ကြတယ်။ အမျိုးသမီးတွေအကုန်လုံးက အချောအလှတွေချည်းပဲ။ (comment မှာ ရှု)

ဓာတ်ပုံထဲက မိသားစုဝင်တွေရဲ့ဆက်စပ်ပတ်သက်ပုံ အလွယ်တကူပြောပြရရင်တော့…

၁) Trump ဘေးက အဖြူရောင်ဝမ်းဆက်ဝတ်ထားတဲ့ အမျိုးသမီးက တတိယမိန်းမ (Trump နဲ့ ၂၄နှစ်ကွာတယ်)။ နာမည်ကြီးမော်ဒယ်တစ်ဦးပေါ့။ ပခုံးပေါ်လက်တင်ခံထားရသူက သူတို့ရဲ့သားဖြစ်တယ်။

၂) ဘေးအစွန်ဆုံး အပြာနုဝတ်စုံနဲ့က ဒုတိယမိန်းမကမွေးတဲ့ Tiffany။ သူ့မိခင်က ရုပ်ရှင်သရုပ်ဆောင် Marla Maples ပေါ့။ (Trump နဲ့ ၁၄နှစ်ကွာတယ်)။ ၉၉ ခုနှစ်ထဲက Trump နဲ့ကွာရှင်းပြီးနောက် ခုထိနောက်အိမ်ထောင်မပြုခဲ့ဘူး။

၃) ဘယ်စွန်း၊ ညာ ၂၊ ညာ ၄ က ပထမမိန်းမကမွေးတဲ့ (Trump နဲ့ ၃နှစ်ကွာတယ်) သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ပေါ့။ ပထမမိန်းမက အားကစားသမားတစ်ဦး Trump နဲ့ကွာရှင်းပြီးတာနဲ့ အသက်ငယ်ငယ်ချောချော Rossano Rubicondi နဲ့ ယူလိုက်တယ်။

အင်း~~~ သူဌေးတွေရဲ့ဇာတ်ရှုပ်ကိုပြောရင်း ကိုယ်ကိုယ်တိုင်တောင် ပိုက်ဆံစော်နံလာသလိုပဲ။ Trump ကတော့ ဟီလာရီကလင်တန်နဲ့အပြိုင် အမေရိကန်သမ္မတဝင်ရွေးဖို့သေချာသွားပြီ။

Trump က လူပါး။ Oprah Winfrey ကို သူဘက်တော်သားလုပ်ထားသေးတယ်။ တကယ်လို့ မပြောကောင်းမဆိုကောင်း Trump သာ သမ္မတဖြစ်ခဲ့ရင် Oprah Winfreyက ပထမဦးဆုံး အမျိုးသမီးဒုသမ္မတဖြစ်လာမှာပေါ့။ ဒါပေမယ့်လည်း Oprah က ဒီကိစ္စလွယ်လွယ်ဖြစ်မှာမဟုတ်ဘူးဆိုတာ သိထားတယ်။ ဒီကနေ့အထိ သူဘာမှဝင်မပြောသေးဘူး… စိတ်ထဲမှာပေါ့.. “ဟဲ့.. ငTrump နင်အရူးလုပ်တာကို ငါဆိတ်ဆိတ်ငြိမ်ငြိမ်ကြည့်နေမယ်….” လို့ ပြောချင်ပြောနေမှာပေါ့လေ..

------------
ဖတ်မိသမျှ ဘာသာပြန်မျှဝေပါတယ်.. ပေါ့ပေါ့ပါးပါး အပျင်းပြေလေးပေါ့...

နိုင်းနိုင်းစနေ (April. 28. 2016)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။