"ပုတ်သင်ဥ"
.
ရုံးကခွင့်ယူပြီး အိမ်မှာ သက်တောင့်သက်သာလေး နှပ်နေတုံး ဖုန်းဝင်လာတယ်...
'တွီ တွီ...'
'ဟလို ပြောပါ'
'ရှင်က ကျမကလေးတစ်ယောက်ရဲ့အဖေ ကိုဖိုးသန်လား'
'ငင်... မင်... မင်း ဘသူလဲ? ဒေစီလား'
'မဟုတ်ဘူး'
'မော်လီလား'
'မဟုတ်ဘူး'
'ဒါဆို စန္ဒီလား'
'မဟုတ်ပါဘူး'
'ဟာ ..သိပြီ ဝတ်မှုန်မဟုတ်လား'
'မဟုတ်ပါဘူး ရှင့်သားတက်နေတဲ့ မူကြိုက ဆရာမပါ'
'ဟမ်... ဘာ ဘာ ကိစ္စလဲဗျ'
'ရှင့်ကလေး အန်နေလို့ လာခေါ်ဖို့ ပြောမလို့'
'ဟမ်မလေး ဆရာမရယ် အစကတည်းက ရှင်းရှင်းပြောပါလား ဟူး...'
'ပြောမလို့ပဲ ရှင်က အူကြောင်ကြောင်နဲ့ ဘာတွေ ပြောနေမှန်းမှ မသိတာ'
'ဟင့်...'
.
လူကမှ နောက်ကြောင်းမရှင်းပါဘူးဆိုမှ
ဒီဆရာမနဲ့တော့
လေတာပေါ့
.
.
သန်၎ကို - ဘုရားစူး ဘာသာပြန်ထားတာပါ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။