Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, April 28, 2016

ရော့ခ်အင်ရိုးသူရဲကောင်းတို့ရဲ့  ရုပ်တုများ

 Scorpion Soup For Soul added 11 new photos to the album: Statues of Rock n' roll — with ဒိုင် ယာ ရီ.

ရော့ခ်အင်ရိုးသူရဲကောင်းတို့ရဲ့  ရုပ်တုများ
-------------------------------------------

ကမ္ဘာတလွှားရော့ခ်အင်ရိုးဂီတလောကထဲမှ ဂီတအနုပညာရှင်သမားတွေနဲ့ ပရိတ်သတ်တွေအပေါ် အနည်းနဲ့အများ သြဇာသက်ရောက်မှုရှိတဲ့ ရော့ခ်အင်ရိုးသူရဲကောင်းတို့ရဲ့  ရုပ်တုတွေအကြောင်းကို လက်လှမ်းမှီသလောက်ဖော်ပြပေးချင်ပါတယ်။

ခင်သောမင်သောစကော်ပီယံများ \m/

JIMI HENDRIX (1942 - 1970)
--------------------------
-------------
၁၉၆၀ ခုနှစ်နှောင်းပိုင်းကာလတွေရ
ဲ့  Psychedelic ဂစ်တာနတ်ဘုရား၊ ဆီယက်တယ်မြို့ ရဲ့ အသည်းကျော် ဂစ်တာဂုရု၊ ခရမ်းရောင် မီးခိုးငွေ့ တွေကြားက ဂျင်မီဟန်းဒရစ်...
ထာဝရ ရော့ခ်စတားပုံစံ ဒူးထောက်လျက် Fender ဂစ်တာကို ထောင်လျက်အနေထားကိုင်ကာ ရော့ခ်နေတဲ့ ဂျင်မီဟန်းဒရစ်ပုံတူ ကြေးရုပ်တုကို ၁၉၉၇ ခုနှစ် ဇန်နဝါရီလလောက်မှာ ဆီယက်တယ်လ်မြို့ လယ်ခေါင်နားရှိ အိမ်ခြံမြေရောင်းဝယ်သူ၊ AEI Music Network တည်ထောင်သူလည်း ဖြစ်တဲ့ Mike Malone ( ကြေးရုပ်တုသွန်းလောင်းဖို့ ကမကထပြုသူ) ပိုင်တဲ့ အဆောက်ဦးတစ်ခုရှေ့  လမ်းမထက် လူသွားလမ်း ပလက်ဖောင်းပေါ်မှာ ပြသထားတာဖြစ်ပါတယ်။ ရော့ခ်ခရီးသွားတွေကြားမှာ ရေပန်းစားဆုံးဖြစ်ပြီး နေရာကတော့ 1604 Broadway seattle လို့ ဆိုပါတယ်။ ခုကြေးရုပ်ကို သွန်းလောင်းသူကတော့ ဆီယက်တယ်လ်ရဲ့  နယ်ခံပန်းပုဆရာ Daryl Smith ပဲဖြစ်ပါတယ်။ (စကားမစပ်ပြောရရင် အဲ့ဒီ Mike Malone ပိုင်တဲ့ အထင်ကရ အနုပညာပစ္စည်းတွေထဲမှာ အဲလ်ဗစ်ပရက်စလေကိုင်တဲ့ ပထမဆုံးဂစ်တာနဲ့ ဂျင်မီဟန်းဒရစ် နောက်ဆုံးကိုင်ခဲ့တဲ့ ဂစ်တာတွေ ပါဝင်ပါတယ်။)

ဂျင်မီဟန်းဒရစ်ဖန်တွေကတော့ သူ့ရဲ့  နှစ်ပတ်လည်နေ့တွေမှာ ရုပ်တုရှေ့  မကြာခဏစုဝေးရောက်ရှိကျပြီး အမှတ်တရ ပန်းစည်းချတာတွေ၊ ဖယောင်းတိုင် မီးထွန်းညှိတာတွေအပြင် မနာလိုဖြစ်စရာကောင်းတဲ့ သူ့တေးသီချင်းတွေကို တီးခတ်ဂုဏ်ပြုလေ့ရှိကျပါတယ်။ အဲဒီကြေးရုပ်တုကို ဆီယက်တယ်လ်မြို့  ဂျင်မီဟန်းဒရစ်ပန်းခြံထဲ ရွှေ့ ပေးဖို့ နှစ်ပေါက်အောင်ပြောထားပေမယ့်လည်း ယနေ့ထိတိုင် နဂိုမှုလနေရာမှာပဲ ရှိနေဆဲပါ။ နယ်ခံတွေ အပြောအရ ရုပ်တုမှာ ထူးခြားမနေတာကတော့ ဟန်းဒရစ်ရဲ့  အထင်ကရစတိုင်ဖြစ်တဲ့ နှုတ်ခမ်းတွေကြားမှာ မီးတဝက်တပျက် လောင်နေတဲ့ စီးကရက်ကို ရှာတွေ့ နိုင်ဖို့ မလွယ်သလို တစုံတယောက်က သူ့အတွက် မီးလာညှိပေးဖို့ လိုလိမ့်မယ်ဆိုတာပါပဲ။
 
 
FREDDIE MERCURY (1946 - 1991)
---------------------------------------

နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလရဲ့  ပထမဦးဆုံးအပတ်ရောက်တိုင်း Queen တီးဝိုင်းရဲ့  ပရိသတ်တွေဟာ အထင်ကရအဆိုတော် Freddie Mercury ရုပ်တုရှိရာ ဆွစ်စလန်မှာ Freddie Mercury Montreux Memorial နေ့အတွက် စုဝေးလေ့ရှိကျတယ်။

'စိတ်ငြိမ်းချမ်းမှုကိုလိုချင်ရင် Montreux သို့လာခဲ့ပါ' လို့ ပြောခဲ့တဲ့ ဖရက်ဒီဟာ ၁၉၇၈ ခုနှစ်ကကျင်းပခဲ့တဲ့ Montreux Jazz ဂီတပွဲတော်သို့ တက်ရောက်အပြီး ဂျနီဗာရေကန်နားမှာအခြေစိုက်တည်ထားတဲ့ Montreux လို့ခေါ်တဲ့ အဲဒီ ဆွစ်မြို့ လေးကို ပြောင်းရွှေ့ လာခဲ့ပါတယ်။
နောက်ပိုင်းမှာ သူဟာ အဲဒီမြို့ မှာရှိတဲ့ Mountain စတူဒီယိုကိုဝယ်ယူခဲ့ပြီး Queen တို့နဲ့အတူ သူရဲ့ နောက်ဆုံးအယ်လ်ဘမ်ဖြစ်တဲ့ Made in Heaven ကို သွင်းယူခဲ့တယ်။ ခုမြင်နေရတဲ့ ရုပ်တုကိုတော့ ချက်ခ်ပန်းပုဆရာ Irena Sedlecka ကထုဆစ်ခဲ့ပြီး အမြင့် ၁၀ ပေရှိကာ Queen
ရှိုးပွဲတွေမှာ Freddie ရဲ့  အထင်ကရဟန်ပန်ဖြစ်တဲ့ မိုးပေါ်ကို လက်သီးဆုပ်ပြီးမြှောက်ထားတဲ့ဟန်ကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။ ဒီရုပ်တုဟာ ပုံစံတူ ၂ ခုရှိပြီး နောက်တစ်ခု ရွှေရောင်ပုံစံကတော့ လန်ဒန်မှာရှိတဲ့ We Will Rock You ပြဇတ်ကျင်းပတဲ့ Dominion ကဇာတ်ရုံရှေ့ မှာ ၁၂ နှစ်နီးပါး ပြသထားတာဖြစ်ပြီး ခုချိန်မှာတော့ Queen တီးဝိုင်းရဲ့ ဒရမ်မာဖြစ်တဲ့ Roger Taylor က သူ့ရဲ့ ပန်းခြံထဲမှာ ထားထားပြီဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့ Bohemian Rhapsody သီချင်းထဲက “silhouette-o of a man” ဆိုတဲ့ စာသားရဲ့  အဓိပ္ပါယ်ကို ပြောပြမသွားပဲ ၁၉၉၁ ခုနှစ်မှာ ဖရက်ဒီဟာ နှုတ်မဆက်ပဲ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
 
JOHN LENNON (1940 -1980)
--------------------------------

၁၉၆၀-၇၀ ကာလတွေလောက်က Beatles တို့ရဲ့  ဂီတဟာ တကမ္ဘာလုံးမှာ ကူးစက်ရောဂါတစ်ခုလို ပြန့်နှံ့နေချိန်မှာတော့ ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ ကျူးဘားမှာ တော်လှန်ရေးအတွက် ခြိမ်းခြောက်မှုတစ်ခုလို့ ရှူမြင်ပြီး တားမြစ်ခြင်းခံခဲ့ရတဲ့အချိန်ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဂျွှန်လင်နွမ် အသတ်ခံရတဲ့ နှစ် (၂၀)ပြည့် နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၂၀၀၀ ခုနှစ်မှာ ကျူးဘားနိုင်ငံ ဟာဗားနားမြို့ မှာရှိတဲ့ ပန်းခြံတခုမှာ ဂျွှန်ပုံတူကြေးရုပ်တုကို သမ္မတ Fidel Castro ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ကျူးဘား ပန်းပုအနုပညာရှင် José Villa Soberón က သွန်းလောင်းပေးခဲ့ပြီး လူတစ်ရပ်စာလောက်ရှိတဲ့ ဂျွှန်လင်နွမ် ဘီလ်တယ်လ်ကြေးရုပ်ဟာ ပန်းခြံခုံတန်းတစ်ခုပေါ်မှာ ခြေချိတ်လျက် အနေအထားနဲ့ ထိုင်နေတဲ့ပုံစံဖြစ်ပါတယ်။ မကြာခဏဆိုသလိုပဲ ရုပ်တုမှာရှိတဲ့ ဂျွှန်ရဲ့  မျက်မှန် အခိုးခံရမှုကြောင့် ကမ္ဘာလှည့်ခရီးသွားတွေလာလို့ ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်ဖြင့် ရုပ်တုနားက အမြဲအသင့်ရှိနေတဲ့ လုံခြုံရေးတစ်ယောက်က ဂျွှန့်မျက်နှာပေါ်ကို သူ့မျက်မှန်ဝိုင်း လာတပ်ပေးရလေ့ရှိပါတယ်။

ဂျွှန်ထိုင်နေတဲ့ ရုပ်တုအောက်ခြေနားလေးမှာတော့ နာမည်ကျော် Imagine သီချင်းထဲက “You may say I’m a dreamer, but I’m not the only one” စာသားကို စပိန်ဘာသာနဲ့ ကမ္ဗည်းထိုးထားပါသေးတယ်။ ကွန်မြူနစ် သမ္မတ Castro ကတော့ ဂျွှန်နဲ့ပတ်သက်ပြီး သူ့စိတ်နှလုံးပြောင်းလဲသွားပုံကို ခုလိုပြောထားပါတယ်။ " ဘယ်အရာတွေက သူ့ကို ကြီးကျယ်ခန်းနားစေသလဲဆိုတာ ငါ့မျက်စိထဲ
မြင်ကြည့်တာကတော့ သူရဲ့ အတွေးတွေ၊ စိတ်ကူးအကြံဥာဏ်တွေပါပဲ။ ငါ သူ့အိပ်မက်တွေကို လုံးဝမျှဝေပါတယ်။ ငါသည်လည်းပဲ အိပ်မက်တွေ အမှန်တကယ်ပြောင်းလာတာကို မြင်နေရတဲ့ အိပ်မက်မက်သူ တစ်ယောက်မို့ပါပဲ။"
တကယ်လို့များ ခင်များဆိုလိုတဲ့ အိပ်မက်တွေဟာ ဒီကျွှန်းကို စွှန့်ခွာဖို့ကြိုးစားသူမှန်သမျှ ကွပ်မျက်ချင်တဲ့ဆန္ဒလို့ ဆိုရင်ဖြင့် ဒါဟာ ပိုမှန်ပါလိမ့်မယ်။
 
 
JOHNNY RAMONE (1948-2004)
--------------------

Ramones ဆိုတဲ့တီးဝိုင်းဟာ သြဇာကြီးမားတဲ့ ရှေးရိုးဝါဒီကို ဆန့်ကျင်ပြီး တော်လှန်ပုန်ကန်ခဲ့တဲ့ ပန့်ရော့ခ်ဂီတရဲ့  ပြယုဂ်ဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ ရေမွန်တီးဝိုင်းမှာ အဓိက မောင်းနှင်အားဖြစ်တဲ့ Johnny Ramone ဟာ ပန့်ရော့ခ်ပုံစံလို့ အဓိပ္ပါယ်ဖွင့်ဆိုကျတဲ့ မာန်ပါပြီး မရပ်မနားခပ်ကြမ်းကြမ်း အောက်ကိုရိုက်ချတဲ့ (down stroke) ဂစ်တာတီးဟန်ကို တီထွင်ခဲ့တာဖြစ်ပါတယ်။

Johnny ဟာ ဆီးကျိတ်ကင်ဆာဝေဒနာကို အသေအလဲခံစားနေရချိန်မှာ အမေရိကန် သမ္မတဟောင်း Ronald Reagan ရဲ့  အသုဘအခမ်းအနားကို ကြည့်ရှူပြီးနောက်ပိုင်း သူ့ကိုယ်ပိုင် အထိမ်းအမှတ်တစ်ခုဖန်တီးချင်တဲ့ စိတ်ဖြစ်ပေါ်လာခဲ့တယ်။ ပန်းပုပညာရှင် Wayne Toth က အဲ့ဒီ Johnny ရဲ့  ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ပြီး ၈ ပေ အမြင့်ရှိတဲ့ Johnny ပုံစံတူကြေးရုပ်တုကို သူ့ Mosrite ဂစ်တာကို တီးနေဟန်နဲ့ ထုဆစ်ခဲ့ပါတယ်။ အဲ့ဒီအထိမ်းအမှတ်ကြေးရုပ်တုအတွက် ကုန်ကျစားရိတ်ကို သူကိုယ်တိုင်ပေးခဲ့တာဖြစ်ပြီး ၂၀၀၄ ခုနှစ် Johnny ကွယ်လွန်ပြီးနောက် လော့အိန်ဂျလိဒ်စ့်မြို့ ရှိ သက်တမ်းအရင့်ဆုံးသင်္ချိုင်းဖြစ်တဲ့ Hollywood Forever Cemetery မှာ ပြသထားခဲ့တာဖြစ်ပါတယ်။
 
Jerry Garcia (1942 - 1995)
-----------------------------

ကွယ်လွန်သွားပြီဖြစ်တဲ့ Grateful Dead ရဲ့  ဂစ်တာသမား Jerry Garcia ဟာ အပင်တွေကို နှစ်သက်မြတ်နိုးတယ်ဆိုတာ ခုဒီရုပ်တုမှာ အပင်တွေနဲ့ အတူတကွ သူကိုယ်တိုင် လောင်ကျွှမ်းနေတာကို ကြည့်တာနဲ့တင် သိသာစေပါတယ်။ အမြင့် ၇ ပေ လောက်ရှိပြီး “Bronze Garcia”
လို့အမည်ပေးထားတဲ့ သစ်ပင်ပုံစံ ဒီကြေးရုပ်တုကို ပန်းပုပညာရှင် Joe Cotter ကထုဆစ်ထားတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် Portland မြို့ အနီးမှာရှိတဲ့ Edgefield လို့ အမည်ရတဲ့ အပန်းဖြေစခန်းတစ်ခုရဲ့  သစ်ပင်တွေထူထပ်တဲ့နေရာမှာ တည်ရှိတာဖြစ်ပါတယ်။ ရုပ်တုကိုအနီးကပ်သေချာကြည့်မယ်ဆိုရင်ဖြင့် လိမ်ရှုပ်နေတဲ့ အကိုင်းအခက်တွေမှာ မျက်နှာတွေနဲ့ သတ္တဝါတွေရောထွေးထုဆစ်ထားတာကိုတွေ့ ရမှာပါ။ အဲ့ဒီနေရာကို Grateful Dead တီးဝိုင်းရဲ့ အမာခံ ပရိတ်သတ်တွေက နှစ်စဉ်နှစ်တိုင်း Jerry မွေးနေ့ဖြစ်တဲ့ သြဂုတ်လရောက်တိုင်း လာရောက်စုဝေးကျပြီး မွေးနေ့ပွဲကျင်းပလေ့ရှိကျတယ်။ ဒီရုပ်တုထုလုပ်ပြီး ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဂစ်တာသမား Jerry ကို ဂုဏ်ပြုဖို့ စိတ်ကူးအကြံဥာဏ်ပေးတာကတော့ ပေါ့ပ်လန်းမြို့ မှာရှိတဲ့ McMenamins စားသောက်ဆိုင်နဲ့ ဘီယာကုမ္ပဏီကြီးမှ ဖြစ်ပါတယ်။
 
 RORY GALLAGHER (1948 - 1995)
-----------------------------------

အိုင်းရစ်ခ်ျလူမျိုး ဂန္တဝင် ဘလူးစ့်ဂစ်တာသမား Rory Gallagher ဟာ အသက် ၄၇ နှစ်အရွယ် ၁၉၉၅ ခုနှစ်မှာ အသည်းအစားထိုး ကုသနေရင်း နောက်တိုးလာတဲ့ ရောဂါဝေဒနာတွေနဲ့ ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။ Gallagher ရဲ့  ပုံစံတူ ကြေးရုပ်တုကို David Annand က ထုဆစ်ခဲ့တာဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ ဂစ်တာသမားရဲ့  ဇာတိမြို့ ဖြစ်တဲ့ Ballyshannon မှာ ပြသထားတာဖြစ်ပါတယ်။

Gallagher ရဲ့  အယ်လ်ဘမ်တွေဟာ ကမ္ဘာတဝှမ်းလုံးမှာ ရောင်းအားအကောင်းဆုံးတွေ မဟုတ်ခဲ့ပေမယ့်လည်း U2 တီးဝိုင်းမှ ဂစ်တာသမား The Edge ၊ Guns N’ Roses မှ Slash နဲ့ Queen တီးဝိုင်းတို့မှ Brian May တို့က သူတို့တီးဟန်တွေမှာ Gallagher ဆီက စိတ်ကူးစိတ်သန်းတွေ ရစေတယ်လို့ ပြောကျပါတယ်။ ရိုးရင်းစတုန်းရဲ့  အမြဲတမ်းအကောင်းဆုံး ဂစ်တာသမားအယောက် ၁၀၀ ထဲမှာလည်း Rory Gallagher က ရွေးချယ်ခံထားရတာဖြစ်ပါတယ်။
 
BON SCOTT (1946-1980)
--------------------------
---
ုBon Scott ဟာ အထင်ကရ ရော့ခ်တီးဝိုင်းကြီးဖြစ်တဲ့
သြစတေးလျအခြေစိုက် AC/DC မှ ၁၉၇၄ မှ ၈၀ ခုနှစ်အတွင်း ပါဝင်ခဲ့တဲ့ အဆိုတော်ဖြစ်ပါတယ်။ AC/DC တို့ရဲ့  ဂန္တဝင်အယ်လ်ဘမ်တွေဖြစ်တဲ့ Highway to Hell နဲ့ Dirty Deeds Done Dirt Cheap စတဲ့ အယ်လ်ဘမ်တွေက သီချင်းတွေမှာလည်း တွဲဖက်ပါဝင်ရေးသားခဲ့ပါတယ်။ Bon က စင်ပေါ်မှာကော အပြင်မှာပါအပီရော့ခ်ခဲ့တဲ့သူပါ။ ညလုံးပေါက်နီးပါးသောက်ခဲ့ပြီး အရက်အဆိပ်ဖြစ်ကာ အသက် ၃၃ နှစ်အရွယ်မှာ ကွယ်လွန်သွား ခဲ့တယ်။

ပန်းပုပညာရှင် Greg James က Bon Scott အရွယ်နီးပါးရှိတဲ့ ကြေးရုပ်တုကို မာရှယ်လ် Amp ကြီးပေါ်မှာ ရပ်ပြီး မိုက်ကိုင်သီချင်းသီဆိုနေဟန်နဲ့ ထုဆစ်ပေးခဲ့တာဖြစ်ပါတယ်။ အစကတော့ ဘွန်ရဲ့ ကြီးပြင်းတဲ့မြို့ ဖြစ်တဲ့ Fremantle မြို့ မှာ ပြသဖို့ရည်ရွယ်ထားခဲ့ပေမယ့် အဲ့ဒီအချိန်က မူးယစ်သောက်စားပြီး ကွယ်လွန်ခဲ့တဲ့ ရော့ခ်ကာတယောက်ကို ဂုဏ်ပြုဖို့ရာ နယ်ခံ နိုင်ငံရေးသမားတွေကို သိမ်းသွင်းဖို့ မလွယ်ကူခဲ့ပါဘူး။ နောက်ပိုင်း သူတို့လက်ခံလာသည့်တိုင်အောင် ဘွန်ရဲ့  ကြေးရုပ်တုဟာ နဂိုပြသထားခဲ့တဲ့ Fremantle မြို့ ရဲ့  လှေလှော်ငါးမျှားတဲ့ ဆိပ်ကမ်းလေးရှေ့ မှာ ခုချိန်ထိရှိနေတုန်းပါပဲ။ ဒါဟာ ရော့ခ်အင်ရိုးဂီတအတွက် ဘယ်လောက်ထိ ရှည်လျားခက်ခဲခဲ့ရတယ်ဆိုတဲ့ မြင်သာစေတဲ့ သက်သေတစ်ခုပါပဲ။ Bon Scott ရဲ့  ရုပ်တု နှစ်ခုရှိရာမှာ နောက်တခုကတော့ သူကနဦးမွေးဖွားရာနေရာဖြစ်တဲ့ စကော့တလန်က Kirriemuir မြို့ မှာ ပြသထားတာဖြစ်ပါတယ်။
 
 
WILLIE NELSON
-------------------

ပုံမှန်အားဖြင့်တော့ အထင်ကရ နိုင်ငံရေးသမား၊ စွန့်လွှတ်စွန့်စား အနစ်နာခံ ပေးဆပ်ကျသူများ၊ သူရဲကောင်းတွေ၊ အနုပညာရှင်တွေ စသဖြင့် ကွယ်လွန်ပြီးခါကျမှ ရုပ်ထုတွေ ထုဆစ်ပြီး ဂုဏ်ပြုကျတာဖြစ်ပေမယ့် ခုသက်ရှိထင်ရှားရှိနေတဲ့ outlaw country ဂီတပညာရှင် အဆိုတော်ကြီး
Willie Nelson ကတော့ အမြဲတစေ အများနဲ့မတူတာကို လုပ်လေ့ရှိသူပါ။ Nelson ဟာ သူ့ပုံစံတူရုပ်တုကို ၂၀၁၂ ခုနှစ် အေပရယ်လမှာ အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် အော်စတင်မြို့ မှာ ဖွင့်လှစ်ပြသခဲ့တာဖြစ်ပါတယ်။ အမြင့် ၈ ပေလောက်ရှည်ပြီး ၁ တန် အလေးချိန်ရှိတဲ့
ကြေးရုပ်တုဖြစ်ပါတယ်။ ဒီရုပ်တုဟာ Nelson ရဲ့  ဘဝနဲ့ အလုပ်အပေါ် တန်ဖိုးထားမှုတစ်ခုလည်းဖြစ်ပါတယ်။ ဝီလီနယ်လ်စင်ဟာ Texas ပြည်နယ် မြို့ တော်ရဲ့ ဂုဏ်သတင်းကို Live ဂီတနဲ့ တထောင့်တနေရာကနေ ကူညီတည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။ ပန်းပုပညာရှင် Clete Shields က ဒီရုပ်တုကို ၃ နှစ် နီးပါးလောက်ကြာအောင် ထုဆစ်ပေးခဲ့တာဖြစ်ပြီး နယ်လ်ဆင်ရဲ့  ပူပင်ကြောင့်ကြမဲ့စိတ်နဲ့ သက်တောင့်သက်သာ ဘေးတဖက်က ဂစ်တာကိုင်ထားတဲ့ဟန်ကို ဖန်တီးထားခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ အစောပိုင်း ဒီရုပ်တုရဲ့  နမူနာပုံစံကို IRS အေးဂျင့်တခုကရေးဆွဲပေးတာဖြစ်ပြီး မူလက ဝီလီရဲ့ လက်က သူ့အကျီင်္အိတ်တဖက်မှာ နိုက်နေတဲ့ပုံစံဖြစ်ပါတယ်။
 
Phil Lynott (1949-1986)
--------------------------

ထိန်းမနိုင်သိမ်းမရ ဖုတ်သိုက်ဖြစ်နေတဲ့ ဆံပင်ပုံစံနဲ့အတူ လူအများရဲ့ စိတ်နှလုံးကို သိမ်းကျူံးစွဲဆောင်နိုင်ပြီး ပကတိတည်ငြိမ်အေးဆေးတဲ့ ဟန်ရှိတဲ့ အဆိုတော်/တေးရေး အိုင်းရစ်ရော့ခ်တီးဝိုင်း Thin Lizzy ရဲ့ ဘေ့စ်ဂစ်တာပညာရှင်ဖြစ်တဲ့ Phil Lynott ဟာ စစ်မှန်ပြည့်ဝတဲ့ ရော့ခ်စတား
တစ်ယောက်ဖြစ်ပါတယ်။ အဖေက ဘရာဇီးလူမျိုး အမေကတော့ အိုင်းရစ်လူမျိုးဖြစ်ပြီး ၁၉၄၉ ခုနှစ် သြဂုတ်လမှာ အင်္ဂလန်နိုင်ငံ ဝက်စ်ဘရိုဝှစ်ရှ်မှာ မွေးဖွားခဲ့တာဖြစ်တယ်။ ငယ်စဉ်အရွယ်ထဲက အိုင်ယာလန်နိုင်ငံကို ပြောင်းရွှေ့ အခြေချခဲ့ရပြီး အဖွားဖြစ်သူက ပြုစုပျိုးထောင်ပေးခဲ့ရသူပါ

Thin Lizzy တီးဝိုင်းရယ်လို့ စီးပွားရေးအရ အောင်မြင်တဲ့အနေအထားမတိုင်ခင်က Black Eagles ၊ Skid Row (အိုင်ယာလန်) နဲ့ Orphanage စတဲ့ တီးဝိုင်းတွေမှာ သူ့ပင်ကိုယ်စွမ်းရည်ကို တောက်ပနေအောင် သွေးနေခဲ့သူဖြစ်ပါတယ်။ ၁၉၇၀ မတိုင်ခင်လောက်ကမှ Thin Lizzy ဆိုတဲ့ တီးဝိုင်းကို ခင်မင်ရင်းနှီးတဲ့ အပေါင်းအသင်းတွေဖြစ်တဲ့ လိဒ်ဂစ်တာသမား Eric Bell၊ ဒရမ်မာ Brian Downey တို့နဲ့ပေါင်းပြီး တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့တီးဝိုင်းဟာ နယ်ခံဖြစ်တဲ့ Dublin ဧရိယာတဝိုက်မှာ အလျင်အမြန်ပဲ လူသိများလာပြီးတော့ အိုင်းရစ်ကျေးလက်ရိုးရာတေး သီချင်းတပုဒ်ဖြစ်တဲ့ ‘Whisky In The Jar’ သီချင်းကို ရော့ခ်ကာဗာအနေနဲ့ ပြန်ဆိုရာမှ အကြီးအကျယ် အောင်မြင်မှုတွေ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

သို့သော်လည်းပဲ ဝိုင်းသားအပြောင်းအလည်းကို Lynott ကိုယ်တိုင်ပြုလုပ်ခဲ့ပြီး ဂစ်တာသမားတွေဖြစ်တဲ့ Brian Robertson နဲ့ Scott Gorham တို့ရောက်လာချိန်မှာတော့ သူတို့တီးဝိုင်းရဲ့  သီချင်းတွေဟာ ပိုမိုသန်စွမ်းလာခဲ့ပါတယ်။ ဓာတ်ပြားအချပ်ရေ အများဆုံးရောင်းချခဲ့ရတဲ့ Jailbreak အယ်လ်ဘမ်ဟာ အကြီးအကျယ် အောင်မြင်သွားပြီးတဲ့နောက် ၂ နှစ်လောက်အကြာမှာ သူတို့တီးဝိုင်းဟာ ဂီတလောကမှာ သေချာတဲ့ အာမခံချက် ရရှိခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအယ်လ်ဘမ်ထဲမှာ Lynott ရဲ့  အကျော်ကြားဆုံးလက်ရာတပုဒ်ဖြစ်တဲ့ ‘The Boys Are Back In Town ’ ဆိုတဲ့ သီချင်းဟာ UK Top 10 နဲ့ US Top 20 ထဲကို ပါခဲ့သည်အထိ အောင်မြင်ခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်လောက်မှာ Thin Lizzy တီးဝိုင်း ခွဲသွားပြီးနောက်ပိုင်း Lynott ဟာ တကိုယ်တော် solo ခွေဘက်မှာ ပိုမိုအာရုံစိုက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Lynott ဟာ သူရဲ့  ရင့်ကျက်တဲ့ဘဝကို အတော်လေးစွဲလန်းကာ ရုန်းကန်ခဲ့ရပြီး၊ အရက်နဲ့ဆေးအလွန်အမင်းသုံးစွဲခဲ့တာကြောင့် ခရစ်စမတ်နေ့ သူ့အိမ်မှာ မေ့လဲကျပြီး ၁၁ ရက်လောက်အကြာ အသက်(၃၆) နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ အသုဘချတဲ့နေ့မှာ လိုက်ပါပို့ဆောင်သူ ၃၀၀ နီးပါးတက်ရောက်ပြီး Dublin မြို့ မှာရှိတဲ့ St. Fintan သင်္ချိုင်းမှာမြုပ်နှံခဲ့တာဖြစ်ပါတယ်။

Lynott ရဲ့  လူတရပ်စာနီးပါးလောက်ရှိတဲ့ ကြေးရုပ်တုကို ပန်းပုပညာရှင် Paul Daly က ထုဆစ်ပေးခဲ့တာဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ သူ့မိခင်နှင့်အတူ ယခင်က တီးဝိုင်းအဖွဲ့သားတွေပေါင်းပြီး အိုင်ယာလန်နိုင်ငံ Dublin မြို့  Harry Street လမ်းပေါ်မှာ ဖွင့်လှစ်ပြသပေးခဲ့တာဖြစ်ပါတယ်။
နယ်ခံတွေကတော့ ဒီရုပ်တုကို ချစ်စနိုးအနေနဲ့ ' The Ace With The Bass ' လို့ အမည်ပေးထားကျပါတယ်။
 
Kurt Cobain ( 1967-1994)
-----------------------------

ကာဒ့်ကိုဘိန်းရဲ့  မွေးရပ်ဇာတိ Aberdeen မြို့ မှာ (၄၇) နှစ်မြှောက် ကာဒ့်မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ (၂၀) ကို Kurt Cobain Day အဖြစ်သတ်မှတ် ခဲ့ကျပါတယ်။ ကွန်ကရစ်နဲ့ ပုံဖော်ထုဆစ်ထားတဲ့ ကာဒ့်ကိုဘိန်းရုပ်တုကို ပန်းပုဆရာမ Randi Hubbard က ကာဒ့်သေဆုံးခဲ့တဲ့ နှစ်ဖြစ်တဲ့ ၁၉၉၄ ခုနှစ်မှာ နယ်ခံအနုပညာကျောင်းသားတွေ အကူအညီနဲ့အတူ စတင်ထုဆစ်ခဲ့တာဖြစ်ပါတယ်။ ထိုင်လျက် ဂစ်တာတီးနေဟန်ကို ထုဆစ်ထားပြီး ထူးခြားမှုတခုကတော့ ညာဘက်မျက်လုံးအိမ်မှ မျက်ရည်တဖက်ထဲ ယိုစီးကျနေတာပဲဖြစ်ပါတယ်။ ရုပ်တုပြီးလို့ မြို့ ကိုပေးတော့ မြို့ က တာဝန်ရှိသူတွေက လက်မခံတာကြောင့် သူရဲ့  ဆိုင်လေးထဲမှာ နှစ်ပေါင်း ၂၀ နီးပါး ကာဒ့်ရုပ်တုကို ဒီတိုင်းထားထားရပြီး ခရီးသွားဧည့်သည်တွေ လူတွေက မိုင်ပေါင်းများစွာကနေ တကူးတကလာရောက်ကြည့်ရှုခဲ့ရတဲ့ အထိ ဖြစ်ပါတယ်။ ရုပ်တုတစ်ခု ထုဆစ်ဂုဏ်ပြုဖို့အတွက် မြို့ က တာဝန်ရှိ သူတွေ ပျက်ကွက်နှောင့်နှေးနေတာကြောင့် နောက်ဆုံးမှာတော့ Hubbard ထုဆစ်ခဲ့တဲ့ ကာဒ့်ရုပ်တုကိုပဲ Aberdeen မြို့ က သမိုင်းပြတိုက်မှာပဲ ဖွင့်လှစ်ပြထားပြီဖြစ်ပါတယ်။ အဲဒီပြတိုက်က တနှစ်ကို ခရီးသွားပေါင်း ၅၀၀၀ နီးပါးလောက် လာရောက် ကြည့်ရှူ လေ့ရှိပြီး ကာဒ့်ရုပ်တုကြောင့် ဒီထက်ပိုပြီး ခရီးသွားလာရောက်ကျလိမ့်မယ်လို့ မျှော်လင့်ထားကျပါတယ်။
 
 
Lemmy Kilmister ( 1945-2015)
-------------------------------

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ကွယ်လွန်သွားပြီဖြစ်တဲ့ Motörhead တီးဝိုင်းမှ အဆိုတော် Lemmy ကြီးကို ရုပ်တုထုဆစ်ပြီး ဂုဏ်ပြုဖို့ရာ သူ့ပရိသတ်တွေစုပေါင်းကာ ရန်ပုံငွေစုဆောင်းခဲ့ကျပါတယ်။ လူတရပ်စာ ကြေးရုပ်ထုအတွက် ကုန်ကျငွေခန့်မှန်းခြေ ဒေါ်လာ ၂ သောင်း တစ်ထောင်လောက်မှန်းထားခဲ့ပြီး ယခုအချိန်ခါမှာတော့ အဲဒီပမာဏအထက်ကို ကောက်ခံရရှိနေဘီဖြစ်ပါတယ်။ အဲဒီရုပ်ထု ထုဆစ်ပြီးသွားရင် Lemmy နှစ်သက်စွဲလမ်းခဲ့တဲ့ လောဒ့်အင်ဂျယ်လိဒ့်မြို့ က Rainbow Bar & Grill ဆိုင်ရှေ့ မှာ ဂုဏ်ယူစွာနဲ့ထားကျမှာဖြစ်ပါတယ်။ အဲဒီနေရာမှာ Lemmy အောက်မေ့ဖွယ်အခမ်းအနားကိုလည်း ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

ပန်းပုပညာရှင် Travis Moore က ထုဆစ်မှာဖြစ်ပြီး ရိန်းဘိုးဘားဆိုင်ပိုင်ရှင်တွေနဲ့ တွေ့ ဆုံကာ ပုံစံအကြမ်းကို ပြသခဲ့ပြီးနောက် ၁၈ လက်မအရှည်ရှိတဲ့ ရုပ်တုပုံစံငယ်ကို စတင်ထုဆစ်နေပြီဖြစ်ပါတယ်။ ဒီဟာပြီးသွားရင်တော့ လူတစ်ရပ်နီးပါးရှိတဲ့ ကြေးရုပ်တုအရွယ်အစားကို ပြောင်းလဲကာ ဖယောင်းနဲ့ပုံသွင်းပြီး ကြေးရည်လောင်းမှာဖြစ်တဲ့အတွက် အချိန် ၆ လလောက်နီးပါးလောက်ကြာမှဖြစ်ပြီး ခုပုံမှာ ပြထားတဲ့ အတိုင်း Lemmy ရုပ်တုကို အကောင်းဆုံး ထုဆစ်ပုံဖော်သွားမယ်လို့ Travis ကဆိုပါတယ်။
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။