Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, April 28, 2016

မြန်မာပြည်မှာ လက်ပွားမင်းသားလို့ ခေါ်တဲ့ Hrithik Roshan ( ရီတစ်ခ်ရိုရှန် )

ဘောလိဝုဒ် ရုပ်ရှင်လောကမှာ "ခန်း" သုံးယောက်ကို အနီးစပ်ဆုံး အပြိုင်လိုက်နိုင်တဲ့ မင်းသားဟာ မြန်မာပြည်မှာ လက်ပွားမင်းသားလို့ ခေါ်တဲ့ Hrithik Roshan ( ရီတစ်ခ်ရိုရှန် ) ဖြစ်ပါတယ်. ကျွန်တော်တို့ ငယ်စဉ်က Amitabh Bachchan နဲ့ Dhamendra, ၉၀ ခုနှစ်တွေရဲ့ အလယ်လောက်ကစပြီး ဆယ်လ်မန်ခန်း, အာမီခန်း နဲ့ ရှရွတ်ခန်း ဆိုပြီး အပြိုင်တွေရှိကြပေမဲ့ ၂၀၀၀ ဝန်းကျင်ခေတ်မှာတော့ သူဟာ ပြိုင်ဘက်မရှိ အကောင်းဆုံးပါ. Hrithik ဘောလိဝုဒ်ရုပ်ရှင်လောကထဲကို ခန်း သုံးယောက်ထက် ဆယ်စုနှစ်တစုစာလောက် နောက်ကျပေမဲ့ သူဟာ အမြဲ အဲဒီသုံးယောက်နဲ့ နှိုင်းယှဉ်အခံရဆုံး မင်းသားတဦးလဲ ဖြစ်ပါတယ်

Hrithik ကို ဇန်နဝါရီ ၁၀ ရက် ၁၉၇၄ ခုနှစ် Mumbai မှာ မွေးဖွားခဲ့တယ်. သူ့ မိသားစုဟာ ရုပ်ရှင်လုပ်ငန်းအသိုင်းအဝိုင်းကဖြစ်ပေမဲ့ အောင်မြင်တဲ့ အသိုင်းအဝန်းကြီးတော့ မဟုတ်ပါဘူး.

သူ့ရဲ့ငယ်ဘဝဟာ ကြမ်းတမ်းခဲ့ပြီး သူ့မှာ မွေးကတည်းက သူများတွေထက် လက်မတခုအပိုပါလို့ ကျောင်းမှာ အမြဲ အစခံရတယ်.. Stammering ဆိုတဲ့ Speech disorder ရောဂါရှိသူမို့ ကျောင်းမှာ ပါးစပ်နဲ့ စာမေးပွဲဖြေရမယ်ဆို သူ့အတွက် အဆင်မပြေခဲ့ဘဲ နေမကောင်းဖြစ်ရတဲ့အထိပါ.. Speech therapies ယူပြီး ကုသခဲ့ရတယ်..နောက်ပိုင်းမှာတော့ Hrithik ဟာစာတော်တဲ့ ကျောင်းသားဖြစ်ခဲ့ပြီး college ကနေ B.Com ဘွဲ့ရခဲ့ပါတယ်. SAT scores အမှတ်မြင့်တာကြောင့် american universities တွေကနေ scholarship တွေရခဲ့ပေမယ့် သူ့မိသားစု
ရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး ရုပ်ရှင်မင်းသားဖြစ်ဖို့ အိမ်မက် မက်ခဲ့သူပါ. သူ့အဖေရဲ့ လမ်းညွှန်ချက်အရ ရုပ်ရှင်အသိုင်းအဝိုင်းထဲဝင်ဖို့ ရုပ်ရှင်နဲ့ ပက်သတ်တာ အကုန်သိမှတော်ကာကျမယ်ဆိုလို့ Hrithik ဟာ သူ့အဖေရိုက်ကူးတဲ့ရုပ်ရှင်တွေမှာ အောက်ခြေသိမ်း သန့်ရှင်းရေး မှန်ထိုး အဆင့်ကစ ဇာတ်ညွှန်းရေးတာ လက်ထောက်ဒါရိုက်တာလုပ်တာတွေ အထိ လေ့လာဆည်းပူးခဲ့ပါတယ်. အဲဒီအတောအတွင်းမှာလဲ သူ့အဖေမသိအောင် သရုပ်ဆောင် သင်တန်း တက်ရောက်ခဲ့ပြီး သရုပ်ဆောင်ကျောင်းမှာ သူသရုပ်ဆောင်တဲ့ အခွေတွေကို သူ့အမေကို ပြပြီး အကြံယူခဲ့ပါတယ် .. နောက်မှ Hrithik သိတာက သူ့အမေဟာ သူ့အခန်းထဲက အခွေတွေကို ခိုးပြီး သူ့အဖေကို တိတ်တဆိတ်ပြပေးခဲ့တာကိုပါ

Hrithik ဟာငယ်စဉ်ဘဝက သူ့အဘိုး နဲ့ သူ့အဖေတို့ ရိုက်တဲ့ ဇာတ်လမ်းတွေမှာ ကလေးသရုပ်ဆောင် အနေနဲ့ ဝင်ရိုက်ခဲ့ဖူးပါတယ် ( သူပါရင် lucky ကောင်းတယ်လို့ သူ့တို့မိသားစုရဲ့ အစွဲနဲ့ပေါ့ ) သူရဲ့ Professional acting career ကိုတော့ ၂၀၀၀ ခုနှစ်မှ Kaho Na Pyaar Hai (KNPH) ဇာတ်လမ်းနဲ့ စတင်ခဲ့တာပါ. အဲဒီဇာတ်လမ်းကို သူ့အဖေရေးနေချိန် သူဝင်ကူရေးပေးခဲ့ပေမယ့် ခေါင်းဆောင် မင်းသားဟာ သူဖြစ်လိမ့်မယ်လို့ မတွေးမိခဲ့ပါဘူး.. သူကို ခေါင်းဆောင်မင်းသားအနေနဲ့ တင်ရိုက်မယ်လို့ ပြောတဲ့အချိန်မှာ သူက ready မဖြစ်သေးလို့ အချိန် ခြောက်လ ပြင်ဆင်ချိန် တောင်းခဲ့ပါတယ်.. Gym ကစားတာတွေ အကသင်တန်းတွေ သွားတက်ခဲ့ပြီးမှ စရိုက်ခဲ့တာပါ.. မထင်မှတ်ဘဲ Kaho Na Pyaar Hai ဇာတ်လမ်းဟာ အလွန်အောင်မြင်ခဲ့ပြီး Hrithik ကို နေ့ချင်းညချင်း ဘဝပြောင်းစေခဲ့ပါတယ်. KNPH ဟာ ၂၀၀၀ ခုနှစ်ရဲ့ အိန္ဒိယမှာ ဝင်ငွေအများဆုံးဇာတ်လမ်းဖြစ်ခဲ့ရုံမက ဆုပေးပွဲပေါင်းစုံကနေ ဆုပေါင်း ၁၀၂ ခုရရှိခဲ့ပြီး စံချိန်တင်ဖြစ်ခဲ့ပါတယ်. အောင်မြင်မှု အလွန်ကြီးမားခဲ့လို့ မနာလိုမသမာသူတချို့က Hrithik ကို သေနတ်နဲ့ပစ်ခတ်လုပ်ကြံခဲ့ပေမဲ့ သူ့အဖေ Rakesh ကိုဘဲ ထိသွားပြီး ဆေးရုံမှာ အရေးပေါ်ကုသမှုခံခဲ့ရကာ ကံကောင်းလို့ အသက်အန္တရာယ်ကနေ လွတ်မြောက်သွားခဲ့ပါတယ်. KNPH ဇာတ်လမ်းဟာ ၂၀၀၀ ခုနှစ် ဇန်နဝါရီမှာ ထွက်ခဲ့ပြီး အဲဒီနှစ် ဖေဖော်ဝါရီလ Valentine's day မှာ သမီးရှင်တွေကနေ သူတို့နဲ့ လက်ထပ်ဖို့ Hrithik အိမ်ကို တရားဝင် တင်တောင်းတဲ့ အယောက်ပေါင်း ၃၀၀၀၀ ရှိခဲ့ပြီး အဲဒါဟာ ကမ္ဘာ့စံချိန်ပါ. တင်တောင်းတဲ့ထဲမှာ ပရိသတ် ၁၃၀၀ ကျော်အပြင် အခြား သူဌေးတွေ လုပ်ငန်းရှင်တွေသာမက အိန္ဒိယရဲ့ နိုင်ငံရေးအသိုင်းအဝန်းက ဂန္ဒီ-နေရူးမိသားဝင် Priyanka Gandi လဲပါတယ်လို့ သတင်းတချို့ကဖော်ပြကြပါတယ်. ဒါပေမဲ့ မကြာခင်မှာဘဲ Hrithik ဟာ သူရဲ့ ချစ်သူသက်တမ်းလေးနှစ်ရှိပြီး ကိုးကွယ်တဲ့ ဘာသာမတူတဲ့ Sussanne Khan နဲ့ဘဲ လက်ထပ်ခဲ့ပါတယ်

KNPH နဲ့ ဆုတွေအများကြီး
ရခဲ့တဲ့ Hrithik ဟာ filmfare awards ကပေးတဲ့ အကောင်းဆုံးမင်းသားဆုရော အကောင်းဆုံးတက်သစ်စမင်းသားဆုရော နှစ်ခုတပြိုင်နက် ရရှိခဲ့ပါတယ်. အဲဒီဆုပေးပွဲမှာ သူ့ကိုတိုက်ခိုက်တဲ့လူတွေကို သူ့ကို တိုက်ခိုက်လေလေ သူက ပို Stronger ဖြစ်လာလေဘဲ ဆိုပြီး ပြောကြားခဲ့ပါတယ်. အဲဒီနောက်ပိုင်းရိုက်တဲ့ (၂၀၀၁) Fiza, Mission Kashmir, Kabhi Khushi Kabhie Gham တို့ဟာလဲ အောင်မြင်ခဲ့ပါတယ်

၂၀၀၂ ကတော့ သူ့အတွက် ကံဆိုးတဲ့နှစ်ပါ. သူပါဝင်တဲ့ ဇာတ်ကားအားလုံး မအောင်မြင်ဘဲ မီဒီယာတွေက သူ့ရဲ့ ဘဝ Finished ဆိုပြီး ဖော်ပြခဲ့ကြတယ်

၂၀၀၃ မှာတော့ အဖေ Rakesh Roshan ရိုက်ကူးတဲ့ အိန္ဒိယရဲ့ ပထမဆုံး alien, sci-fi ဇာတ်ကား Koi Mil Gaya နဲ့ အထွတ်အထိပ်ကို ပြန်ရောက်ခဲ့တယ်. Koi Mil Gaya မှာ သူဟာ ကျပ်မပြည့်တဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရပြီး သူ့ရဲ့ body ကို အများကြီး ပိန်သွားအောင် ကြိုးစားခဲ့ရတယ်. အဲဒီဇာတ်လမ်းနဲ့ အကောင်းဆုံးမင်းသားဆုတွေ ( Filmfare awards နှစ်ဆု အပါအဝင် )သိမ်းပိုက်နိုင်ခဲ့ပါတယ်. Koi Mil Gaya ဇာတ်ကားကလဲ National awards တွေပါရရှိခဲ့ပြီး ဝင်ငွေတွေလဲ စံချိန်တင်ရရှိခဲ့ပါတယ်

၂၀၀၄ မှာတော့ Lakshya စစ်ကားရိုက်ဖို့ သူ့ Body ကို ပြန်လေ့ကျင့်ရပြန်တယ်. Critics တွေက သဘောကျခဲ့ပေမဲ့ box office မှာတော့ ပုံမှန်ပါပဲ

၂၀၀၅ မှာတော့ ခဏအနားယူခဲ့ပြီး Koi Mil Gaya အဆက် super hero film - Krrish အတွက် သူ့ခန္ဓာကိုယ်ကို ဖွံဖြိုးအောင် အားစိုက်လေ့ကျင့်ခဲ့ပါတယ်. ၂၀၀၆ မှာထွက်တဲ့ Krrish နဲ့ Dhoom 2 ဇာတ်ကားဟာ အလွန်အောင်မြင်ခဲ့ပြီး ကမ္ဘာကျော်မင်းသားဘဝကို ရောက်ရှိခဲ့တယိ. Krrish မှာ သရုပ်ဆောင်တာရော Dhoom 2 မှာ သရုပ်ဆောင်တာရော ကောင်းလွန်းခဲ့လို့ အကယ်ဒမီပေးပွဲ များစွာမှာ nominations တွေဝင်ခဲ့ပြီး Filmfare Best actor ဆုကိုတော့ dhoom 2 နဲ့ သိမ်းပိုက်နိုင်ခဲ့ပြန်တယ်. Dhoom 2 ရဲ့ နာမည်ကျော် Dhoom Machale သီချင်းဟာ သူရဲ့ အက နဲ့ Trade mark ဖြစ်ခဲ့သလို Dhoom series ကို ကမ္ဘာကျော်အောင် လုပ်ပေးခဲ့တဲ့ အဓိကလူလို့လဲ မီဒီယာတွေက တင်စားခဲ့တယ်. သူ့ရဲ့ အကကို လူတိုင်းက ချီးကျူးခဲ့ပြီး သူ မင်းသားမဖြစ်ခင် တက်ခဲ့တဲ့ Dancing school ဟာ အိန္ဒိယမှာ လူတွေတန်းစီပြီး enroll လုပ်ဖို့ တန်းစီရတဲ့ အဆင့်ထိ အောင်မြင်မှုရခဲ့တယ်. သူ့ကိုလဲ မီဒီယာတွေ ပရိသတ်တွေက God of the Dance လို့ခေါ်တွင်ခဲ့သလို Dhoom 2 မှာ မိန်းကလေးတွေ အသည်းစွဲဖြစ်ခဲ့တဲ့ ရုပ်ရည် ကိုယ်ခန္ဓာကြောင့် Greek God of Bollywood လို့လဲ တင်စားခဲ့ကြတယ်

Dhoom Machale သီချင်းမှာ သူကခဲ့တဲ့ အကျိုးတွေကြောင့် ဒူးအရွတ်စုတ်ပြဲသွားခဲ့ပါတယ်. ဆိုးဆိုးရွားရွား စုတ်ပြဲတဲ့ အဆင့်မို့ ဆရာဝန်တွေက နောက်ထပ် ထပ်ပြီး ဒူးကို အလုပ်ပေးတဲ့ ကခုန်ခြင်းတွေကို တားမြစ်ခဲ့ပါတယ်. Hrithik အတွက်တော့ Dancing ဟာသူ့ရဲ့ ဘဝတစိတ်တပိုင်းပါ.. မ"က" နိုင်တော့ဘူးဆိုရင် ရုပ်ရှင် မင်းသား ဆက်မလုပ်တော့ဘဲ သူ့ဦးလေး Rajesh Roshan လို နောက်ခံအဆိုတော် (သို့) ရုပ်ရှင်နဲ့ ပက်သတ်တဲ့ အခြားအရာတွေကို ပြောင်းလဲလုပ်ဖို့တွေးတောခဲ့တယ်. အနောက်နိုင်ငံက ဆေးရုံမျိုးစုံ အရှေ့တိုင်းရိုးရာကုသနည်းတွေပါမကျန် ကုသမှုကို ရှာဖွေခံယူခဲ့ပေမဲ့ မျှော်လင့်ချက်နည်းပြီး လက်လျှော့ရတော့မဲ့ အဆင့်ကို ရောက်လာတယ်. Hrithik ကတော့ သူကိုးကွယ်တဲ့ ဟိန္ဒူရိုးရာ ဘုရားတွေမှာ နေ့စဉ်နေ့တိုင်း ဆုတောင်းပြီး နောက်ဆုံး စင်ကာပူနိုင်ငံ Mount Elizabeth Hospital မှာ ဒူးအရွတ်အစားထိုးကုသခဲ့တယ်. ပုံမှန်မဟုတ်တဲ့ ရေအောက်မှာ ကုသခြင်းကုထုံးတွေနဲ့ နောက်ဆုံးမှာတဲ့ သူလိုချင်တဲ့ မူလပုံမှန်ဒူးအရွတ်အတိုင်း ပြန်လည် ကခုန်နိုင်စွမ်းရရှိခဲ့ပါတယ် သူ့ကတော့ ဘုရားဟာ ကြိုးစားတဲ့သူတွေကို ပစ်မထားဘူး, ဒါဟာ ဘုရားပေးတဲ့ ဆုလာဘ်ပဲလို့ သတ်မှတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်

ဒဏ်ရာကနေ ပြန်သက်သာပြီး နောက်ပိုင်း ဒါရိုက်တာ Ashutosh Gowariker ရဲ့ ရာဇဝင်ကား Jodhaa Akbar နဲ့ အကောင်းဆုံးမင်းသားဆု ထပ်မံသိမ်းပိုက်ခဲ့ပြီး ဘောလိဝုဒ် Filmfare awards ရာဇဝင်မှာ Shah Rukh Khan, Amitabh Bachchan, Dilip Kumar တို့ရဲ့နောက် အများဆုံးရရှိသူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်

Zindagi Na Milegi Dobara, Agneepath, Krrish 3, Bang Bang တို့ဟာ box office မှာရော critics review မှာဘာ အောင်မြင်ခဲ့ပါတယ်

Guzzarish နဲ့ Kites ဟာ အိန္ဒိယ box office မှာ သိပ်မအောင်မြင်ခဲ့ပေမဲ့ Guzzaish မှာ Paraplegia ရနေတဲ့ Ethan ဇာတ်ကောင် ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့လို့ critics တွေက အရမ်းချီးကျူးခဲ့ပါတယ်. Kites မှာ အက်ရှင်အခန်းတွေကို လူစားမထိုးဘဲ ရိုက်ကူးရင်း ခေါင်းကို ထိခိုက်သွားလို့ ဦးနှောက်ထဲ သွေးခဲကာ ဦးနှောက်ခွဲစိတ်မှုကို ခံယူခဲ့ရပါတယ်

၂၀၁၄ ခုနှစ်မှာ အိမ်ထောင်သက် ၁၄ နှစ်ကြာ ဇနီး Sussanne Khan နဲ့ ကွာရှင်းခဲ့ပြီး အဲဒီ ဇနီးနဲ့ ရတဲ့ ကလေးနှစ်ယောက် Hrehann Roshan နဲ့ Hridhaan Roshan ကို တလှည့်စီ အုပ်ထိန်းခွင့်ရဖို့ သဘောတူညီမှုရခဲ့ပါတယ်. သူဟာ သူ့ဇနီးကိုဘဲ အမြဲချစ်နေမှာဖြစ်ပြီး သူနဲ့ ခွဲရမှ သူ့ဇနီးပျော်မယ်ဆိုရင်လဲ ကျေကျေနပ်နပ်လုပ်ပေးမှာ ဖြစ်ကြောင်း Sussane အမြဲပျော်ရွှင်နေဖို့ မျှော်လင့်ကြောင်းလည်း သူ့ရဲ့ twitter account (@iHrithik) မှာ ရေးသားခဲ့ပါတယ်

Hrithik အတွက်တော့ သူ့ကို မှီခိုနေတဲ့ သူရဲ့မိသားစုဝင်တွေ ကင်ဆာဝေသနာ ခံစားနေရတဲ့ သူ့တဦးတည်းသောအမ Sunaina roshan တို့နဲ့ဘဲ အတူတကွနေထိုင်ပါတယ်

Hrithik ဟာ ၂၀၁၆ သြဂုတ်လမှာထွက်မဲ့ ရာဇဝင်ကား Mohenjo Daro ကို လက်ခံခဲ့ပြီး သရုပ်ဆောင်ခ Rs. 50cr ရရှိခဲ့ပါတယ်. Mohenjo Daro ရိုက်ကူးရေးအတွက် ဘက်ဂျက် Rs.100 cr မှာ တဝက်က မင်းသား Hrithik ကိုပေးခဲ့ရပြီး Bollywood ရုပ်ရှင်လောကရဲ့ အများဆုံးသရုပ်ဆောင်ကြေးရရှိသူ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်...

#Lae Yae Backhan

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။