စိတ်ကူးအိပ်မက်စစ်စစ်
------------------------
(၁)
ကာကာက ဘရာဇီးနိုင်ငံ Rocinhaဆိုတဲ့ ဆင်းရဲသားနယ်မြေမှာနေထိုင်တဲ့ ၁၃နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်တယ်။ ငယ်ရွယ်စဉ်ကတည်းက သူ့ရဲ့စိတ်ကူးအိပ်မက်က လူဆိုးဂိုဏ်းအဖွဲ့ဝင်တစ်ယော က်ဖြစ်ဖို့၊ သေနတ်ကိုလွယ်ပြီး တိုက်ခိုက်သတ်ဖြတ်ဖို့ဖြစ်တ ယ်။
ကာကာရဲ့မိဘတွေက တခြားသူဆီမှာအလုပ်လုပ်ပြီး အသက်မွေးဝမ်းကျောင်းသူမို့
ကာကာရဲ့စိတ်ကူးအိပ်မက်ကို မထူးဆန်းမအံ့သြခဲ့ဘူး။ ကာကာသာ လူဆိုးဂိုဏ်းအဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ရင် သူတို့ရဲ့စားဝတ်နေရေးအဆင်ြေ ပလိမ့်မယ်လို့ သူတို့တွေးထင်ခဲ့ကြတယ်။ သူတို့ရဲ့စိတ်ကူးအိပ်မက်တွေ က ဒီလိုပဲ ရိုးရှင်း၊ ကြမ်းတမ်း၊ အရိုင်းဆန်ခဲ့ပါတယ်။
၂ဝ၁ဝခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံက SGCC (State Grid Corporation of China) ဆိုတဲ့ လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီတစ်ခု ဘရာဇီးကိုရောက်လာခဲ့တယ်။ ဒီကုမ္ပဏီက ဘရာဇီးမြောက်ပိုင်းဒေသမှာ ဗို့အားမြင့်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး၊ ဘရာဇီးစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားတဲ့ပြောင်းလဲမှုကို သယ်ဆောင်လာခဲ့ပါတယ်။ ကုမ္ပဏီဝန်ထမ်းတွေဟာ လုပ်ငန်းဆောက်လုပ်နေစဉ်အတွင်းမှာ အဲဒီဒေသက ဆင်းရဲသားကလေးငယ်တွေဟာ တစ်နေ့လုံး လမ်းပေါ်မှာပဲလျှောက်သွားနေတာ၊ ရန်ဖြစ်နေတာ၊ လူဆိုးဂိုဏ်းတွေကိုပဲ အားကျတာ၊ မူးယစ်ဆေးဝါးရောင်းဝယ်တာ စတဲ့အရာတွေနဲ့ အချိန်ကုန်နေတာကို သွားတွေ့ခဲ့မိတယ်။
ကလေးငယ်တွေရဲ့ အပြစ်ကင်းတဲ့မျက်နှာကိုကြည့်ပြီး ဝန်ထမ်းတွေရင်နာခဲ့ကြတယ်။
လမ်းပေါ်မှာပဲ အချိန်ဖြုန်းနေတဲ့ ဒီကလေးငယ်တွေအတွက် ဘာများလုပ်ပေးနိုင်မလဲလို့ သူတို့စဉ်းစားကြတယ်။ ကလေးငယ်တွေရဲ့ အနာဂတ်သာယာလှပဖို့ သူတို့မြင်ချင်ခဲ့ကြတယ်။ ဒီလိုနဲ့ Rocinhaဆင်းရဲသားရပ်ကွက်မှာ ဂီတကျောင်းတစ်ကျောင်း သူတို့ဆောက်လုပ်လိုက်ကြတယ်။
ကလေးငယ်တွေကို ဂီတအမျိုးမျိုး အခမဲ့သင်ကြားပေးခဲ့ကြတယ်။ ကလေးငယ်တွေ
တစ်ခုခုတတ်မြောက်ပြီး နောင်တစ်ချိန်မှာ လူ့အဖွဲ့အစည်းအတွက်
အသုံးဝင်မယ့်ပုဂ္ဂိုလ်တွေဖြစ်စေချင်ခဲ့ကြတယ်။
(၂)
ဂီတကျောင်းမှာ အခမဲ့သင်ခွင့်ရှိတယ်ဆိုတာကိုသိရတော့
ကလေးငယ်တွေ ပျော်ရွှင်ကြတယ်။ ဂီတကိုသင်ယူဖို့ သူတို့အပြေးအလွှား
စာရင်းလာသွင်းကြတယ်။ ရက်တိုတိုအတွင်းမှာ ကလေးငယ်ပေါင်း ၃ဝဝကျော်
ကျောင်းလာအပ်ခဲ့ကြတယ်။ ဒီကလေးငယ်တွေဟာ အသက် ၇နှစ်မှ
၁၃နှစ်အရွယ်တွေဖြစ်ကြတယ်။
တစ်နေ့မှာ ကာကာတစ်ယောက် ကျောင်းရှေ့ကိုရောက်လာခဲ့တယ်။
စာသင်ခန်းထဲကနေ ပြန့်လွှင့်လာတဲ့ဂီတသံက သူ့နားထဲတိုးဝင်လာခဲ့လို့
ပြတင်းပေါက်ကနေ အထဲကို သူတအံ့တသြကြည့်လိုက်မိတယ်။ သူတွေ့လိုက်တာက
သူ့အရွယ်ကလေးငယ်တွေဟာ တယောဆွဲနေကြတယ်။ ချိုမြတဲ့တယောသံက အဲဒီတယောကြိုးကနေ
ထွက်ပေါ်လာတာကို သူအံ့သြမှင်သက်တွေ့လိုက်ပါတ ယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်မိလောက်အောင် တယောသံထဲ သူနစ်မျောသွားခဲ့တယ်။
အဲဒီအချိန်မှာ ရုတ်တရက် အခန်းတံခါးပွင့်သွားတယ်။ တံခါးထဲကနေ ပြုံးရွှင်တဲ့မျက်နှာထားနဲ့ လူတစ်ဦးထွက်လာပါတယ်။ ပြီးတော့ ရင်းနှီးဖော်ရွေတဲ့အသံနဲ့ “ကောင်ကလေး.. အထဲကိုဝင်ခဲ့လေ” လို့ဆိုတယ်။
ကာကာရှက်ကိုးရှက်ကန်းနဲ့ ကျောင်းခန်းထဲဝင်လိုက်ပါတယ် ။ ကလေးတွေနားအထိ သူလျှောက်သွားပြီး ဟိုတူရိယာကို ကိုင်ကြည့်လိုက်၊ ဒီတူရိယာကို ထိကြည့်လိုက်နဲ့ ရင်ထဲမှာ ပျော်ရွှင်ကြည်နူးနေခဲ့တယ်။
ဒါဟာ ပထမဆုံးအကြိမ် ဂီတတူရိယာကိုသူတွေ့ဖူးတာပြဲ ဖစ်တယ်။ ဒီတူရိယာတွေဟာ သူ့မျက်ဝန်းထဲမှာ လှပတဲ့အရောင်စုံတွေ ဖူးပွင့်နေသလိုပါပဲ။
“တယောထိုးတာ သင်ချင်သလား” လို့ ဆရာက သူ့ကိုချိုချိုသာသာမေးပါတယ် ။
ကာကာမျက်ဝန်းထဲကနေ ဝမ်းသာပျော်ရွှင်ထဲအရိပ်အယော င်တွေ ထွက်ပေါ်လာပါတယ်။ ပြီးမှ မှေးမှိန်သွားပြီး “သင်ချင်ပါတယ်.. ဒါပေမယ့် ကျွန်တော်တို့အိမ်မှာ ပိုက်ဆံမရှိဘူး” လို့ဆိုတယ်။
ဆရာက ကာကာရဲ့ခေါင်းကိုကိုင်ပြီး ညင်သာစွာနဲ့.. “ဒီမှာ ပိုက်ဆံပေးစရာမလိုဘူး။ သား သင်ချင်တယ်ဆိုရင် သားတတ်အောင်သင်နိုင်ပါတယ်” လို့ ပြောလိုက်တယ်။ ပြီးတော့ ကာကာရဲ့လက်ကိုကိုင်မြှောက်ြ ပီး တစ်ဆက်တည်း“ဒီလက်ကလေးက တယောထိုးတဲ့လက်ကလေးပါလား” လို့ ပြောလိုက်ပါတယ်။
ကာကာဟာ ကိုယ့်လက်အစုံကို ကိုယ်တိုင်ကိုင်ကြည့်ပြီး “ငါ့လက်တွေက တကယ်ပဲ တယောထိုးနိုင်မလား”လို့ အထပ်ထပ်အခါခါ ကိုယ့်ကိုယ်ကိုမေးလိုက်မိတော့တယ်။
(၃)
ကာကာဟာ လှုပ်ရှားပျော်ရွှင်တဲ့စိတ်နဲ့  တရုတ်ကုမ္ပဏီကဖွင့်လှစ်ထားတဲ့ 
ဒီဂီတကျောင်းမှာ လာရောက်သင်ယူခဲ့ပါတယ်။ သူ့မှာ ဂီတပါရမီရှိလို့ပဲလား
တယောထိုးတာကို သူအလွယ်တကူ သင်ယူနိုင်ခဲ့ပါတယ်။ သူ့တယောသံက ငှက်ကလေးတွေ
တေးသီကျူးနေသလိုပဲ နားဝင်ချိုလှပါတယ်။
အိမ်ပြန်ရောက်တိုင်း ကာကာဟာ အိမ်မှာလည်းတယောထိုးကျင့်ခဲ့ တယ်။ ပြတင်းပေါက်ရှေ့ရပ်ပြီး တယောထိုးကျင့်နေတဲ့သူ့တယောသံဟာ အတောင်ပံပေါက်လာသလို လေထုထဲတိုးဝင်ပြီး ဆင်းရဲသားရပ်ကွက်ကြား ဟိုဒီပျံဝဲလွှင့်ပြန့်နေခဲ့ပါတယ်။ လူကြီးလူငယ်တော်တော်များများက ပြတင်းပေါက်ဘောင်ပေါ်မှီပြီး လှပတဲ့သူ့တယောသံထဲ ပျော်ဝင်နစ်မျောနေခဲ့ကြတယ်။
သူတို့ရဲ့မျက်ဝန်းမှာ ကြည်နူးတဲ့အရိပ်အယောင်တွေ လင်းလက်နေခဲ့ပါတယ်။
“မင်းတို့ကြီးလာရင်လည်း ကာကာ့ကို အတုယူကြနော်… ဒါမှအကျိုးရှိတာ” လို့
တချို့မိဘတွေကဆိုတယ်။
ကာကာရဲ့မိဘတွေက ကာကာတယောတီးသင်တာကို အရမ်းအားပေးကြတယ်။ ကာကာရဲ့ စိတ်ကူးအိပ်မက်သစ်အတွက် သူတို့ဝမ်းသာပျော်ရွှင်ကြတယ် ။ တယောကိုသူတို့ကိုင်ကြည့်ပြီး “ဒါမှ တကယ့်စိတ်ကူးအိပ်မက်မက်တဲ့သူ”လို့ ပြောကြတယ်။
ကာကာဟာ သူ့ဂီတအဖွဲ့နဲ့အတူ ဆင်းရဲသားနယ်မြေက ထွက်ခွာလာနိုင်ခဲ့ပြီး ဘရာဇီးနေရာအနှံ့၊ ဇာတ်ရုံ၊ ကျောင်း၊ ရပ်ကွက်တွေမှာ ဖျော်ဖြေခွင့်ရခဲ့တယ်။ သူတို့ရဲ့သာယာငြိမ့်ညောင်းတဲ့ တယောသံက လူအများရဲ့ကြိုဆိုအားပေးခြင်းကိုရခဲ့ကြတယ်။ အားပေးတဲ့လက်ခုပ်သံတွေကြောင့် ကာကာ့ရင်ထဲ ဂုဏ်ယူခြင်း၊ ဝမ်းသာပျော်ရွှင်ခြင်းတွေ ပြည့်နှက်ခဲ့တယ်။
ချိုသာတဲ့တယောသံတွေက ဆင်းရဲသားနယ်မြေမှာ လူးလားခေါက်ပြန်ပြန့်လွှင့်ေ နခဲ့ပါတယ်။ ချိုမြတဲ့ဝတ်ရည်လို လူ့နှလုံးသားကိုစွတ်စိုအေြး မစေပြီး အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာ၊ ကျေးဇူးတရားတွေကို တသွင်သွင်စီးဆင်းစေခဲ့ပါတယ် ။ အခု ကာကာ့မှာ ဘဝအတွက်ရွေးချယ်စရာတွေ အများကြီးရှိနေခဲ့ပါပြီ။ သူ့လို ဆင်းရဲသားနယ်မြေမှာကြီးပြင်းလာမယ့်ကလေးငယ်တွေရဲ့ဘဝကို သူ့တယောသံနဲ့ သူပြောင်းလဲခွင့်ရနေခဲ့ပါပြီ။
---------------
မူရင်းလင့်--- http://www.85nian.net/ shiye/41596.html
နိုင်းနိုင်းစနေ
------------------------
(၁)
ကာကာက ဘရာဇီးနိုင်ငံ Rocinhaဆိုတဲ့ ဆင်းရဲသားနယ်မြေမှာနေထိုင်တ
၂ဝ၁ဝခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံက SGCC (State Grid Corporation of China) ဆိုတဲ့ လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီတစ
ကလေးငယ်တွေရဲ့ အပြစ်ကင်းတဲ့မျက်နှာကိုကြည့
လမ်းပေါ်မှာပဲ အချိန်ဖြုန်းနေတဲ့ ဒီကလေးငယ်တွေအတွက် ဘာများလုပ်ပေးနိုင်မလဲလို့ သူတို့စဉ်းစားကြတယ်။ ကလေးငယ်တွေရဲ့ အနာဂတ်သာယာလှပဖို့ သူတို့မြင်ချင်ခဲ့ကြတယ်။ ဒီလိုနဲ့ Rocinhaဆင်းရဲသားရပ်ကွက်မှာ
(၂)
ဂီတကျောင်းမှာ အခမဲ့သင်ခွင့်ရှိတယ်ဆိုတာကိ
တစ်နေ့မှာ ကာကာတစ်ယောက် ကျောင်းရှေ့ကိုရောက်လာခဲ့တယ
အဲဒီအချိန်မှာ ရုတ်တရက် အခန်းတံခါးပွင့်သွားတယ်။ တံခါးထဲကနေ ပြုံးရွှင်တဲ့မျက်နှာထားနဲ့ လူတစ်ဦးထွက်လာပါတယ်။ ပြီးတော့ ရင်းနှီးဖော်ရွေတဲ့အသံနဲ့ “ကောင်ကလေး.. အထဲကိုဝင်ခဲ့လေ” လို့ဆိုတယ်။
ကာကာရှက်ကိုးရှက်ကန်းနဲ့ ကျောင်းခန်းထဲဝင်လိုက်ပါတယ်
ဒါဟာ ပထမဆုံးအကြိမ် ဂီတတူရိယာကိုသူတွေ့ဖူးတာပြဲ
“တယောထိုးတာ သင်ချင်သလား” လို့ ဆရာက သူ့ကိုချိုချိုသာသာမေးပါတယ်
ကာကာမျက်ဝန်းထဲကနေ ဝမ်းသာပျော်ရွှင်ထဲအရိပ်အယော
ဆရာက ကာကာရဲ့ခေါင်းကိုကိုင်ပြီး ညင်သာစွာနဲ့.. “ဒီမှာ ပိုက်ဆံပေးစရာမလိုဘူး။ သား သင်ချင်တယ်ဆိုရင် သားတတ်အောင်သင်နိုင်ပါတယ်” လို့ ပြောလိုက်တယ်။ ပြီးတော့ ကာကာရဲ့လက်ကိုကိုင်မြှောက်ြ
ကာကာဟာ ကိုယ့်လက်အစုံကို ကိုယ်တိုင်ကိုင်ကြည့်ပြီး “ငါ့လက်တွေက တကယ်ပဲ တယောထိုးနိုင်မလား”လို့ အထပ်ထပ်အခါခါ ကိုယ့်ကိုယ်ကိုမေးလိုက်မိတေ
(၃)
ကာကာဟာ လှုပ်ရှားပျော်ရွှင်တဲ့စိတ်နဲ
အိမ်ပြန်ရောက်တိုင်း ကာကာဟာ အိမ်မှာလည်းတယောထိုးကျင့်ခဲ
ကာကာရဲ့မိဘတွေက ကာကာတယောတီးသင်တာကို အရမ်းအားပေးကြတယ်။ ကာကာရဲ့ စိတ်ကူးအိပ်မက်သစ်အတွက် သူတို့ဝမ်းသာပျော်ရွှင်ကြတယ်
ကာကာဟာ သူ့ဂီတအဖွဲ့နဲ့အတူ ဆင်းရဲသားနယ်မြေက ထွက်ခွာလာနိုင်ခဲ့ပြီး ဘရာဇီးနေရာအနှံ့၊ ဇာတ်ရုံ၊ ကျောင်း၊ ရပ်ကွက်တွေမှာ ဖျော်ဖြေခွင့်ရခဲ့တယ်။ သူတို့ရဲ့သာယာငြိမ့်ညောင်းတ
ချိုသာတဲ့တယောသံတွေက ဆင်းရဲသားနယ်မြေမှာ လူးလားခေါက်ပြန်ပြန့်လွှင့်ေ
---------------
မူရင်းလင့်--- http://www.85nian.net/
နိုင်းနိုင်းစနေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။