Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, March 12, 2016

59 (F) ၅၉ (စ) ကို နည်းနည်းလေးပြင်ချင်ခဲ့တာ ဘာလို့လည်း

 
59 (F) ၅၉ (စ) ကို နည်းနည်းလေးပြင်ချင်ခဲ့တာ ဘာလို့လည်း

သတင်း = လွှတ်တော်နှစ်ရပ်ပေါင်းမှာရှိတဲ့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ (၁၆၆) ဦး က တင်မြှောက်မယ့် ဒု-သမ္မတလောင်းအဖြစ် လက်ရှိရန်ကုန်တိုင်းဝန်ကြီးချုပ် အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို ရွေးချယ်လိုက်

ဦးမြင့်ဆွေက ၂၄-၅-၁၉၅၁ မှာမွေးခဲ့သူဖြစ်လို့ အခုဆိုရင် အသက် (၆၅) နှစ်ရှိပြီ။ DSA 15 ကနေ ၁၉၇၁ မှာ ဆင်းတယ်။ ၁၉၉၇ မှာ တပ်မ (၁၁) တပ်မမှူးဖြစ်လာတယ်။ ၂ဝဝ၁ မှာ အရှေ့တောင်တိုင်းကိုကွပ်ကွဲရတယ်။ ရာထူးတက်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်ရောက်လာတယ်။ ရန်ကုန်တိုင်း (တဝတ) ဥက္ကဋ္ဌလည်းလုပ်ရတယ်။ ၂ဝဝ၄ ခုနှစ် ဗိုလ်ချုပ်ခင်ညွန့်ကို ဖြုတ်ချလိုက်ပြီး သူကို တပ်မတော်လုံခြုံရေးအကြီးအကဲအဖြစ်ခန့်တယ်။ ၂ဝဝ၅ မှာ ဗိုလ်ချုပ်ကြီး ဖြစ်လာတယ်။ ၂ဝဝ၆ ဇန္နဝါရီကစပြီး အထူးစစ်ဆင်ရေး (BSO-5) ကိုကိုင်ရတယ်။ ၂ဝဝ၉ မှာ စစ်ထောက်ချုပ်ဖြစ်လာပြီး ဗခမက မောင်အေးနေရာဝင်မဲ့သူလို့ ထင်ကြေးပေးခံရတယ်။

မြန်မာ့တပ်မတော် စစ်ထောက်လှမ်းရေးအကြီးအကဲများစာရင်း
• ဗမက မောင်လွင် (နှုတ်ခမ်းမွှေး) ၁၉၅၉-၁၉၆၉ (စစ်ထောက်လှမ်းရေးအကြီးအကဲ)
• ဗမက ချစ်ခင် ၁၉၆၉-၁၉၇၂ (စစ်ထောက်လှမ်းရေးအကြီးအကဲ)
• ဗမခ တင်ဦး ၁၉၇၂-၁၉၇၈ (စစ်ထောက်လှမ်းရေးအကြီးအကဲ)
• ဗမက အောင်ဌေး ၁၉၇၈-၁၉၈ဝ (စစ်ထောက်လှမ်းရေးအကြီးအကဲ)
• ဗမက မျိုးအောင် ၁၉၈ဝ-၁၉၈၂ (စစ်ထောက်လှမ်းရေးအကြီးအကဲ)
• ဗမက ကံညွန့် ၁၉၈၂-၁၉၈၃ (စစ်ထောက်လှမ်းရေးအကြီးအကဲ)
• ဗမက အောင်ကိုး ၁၉၈၃-၁၉၈၄ (စစ်ထောက်လှမ်းရေးအကြီးအကဲ)
• ဗခ ခင်ညွန့် ၁၉၈၄-၂ဝဝ၄ (စစ်ထောက်လှမ်းရေးအကြီးအကဲ)
• ဗခ မြင့်ဆွေ ၂ဝဝ၄-၂ဝဝ၅ (စစ်ထောက်လှမ်းရေးအကြီးအကဲ)
• ဗခ ရဲမြင့် ၂ဝဝ၅-၂ဝ၁ဝ (တပ်မတော်လုံခြုံရေးအကြီးအကဲ)
• ဗခ ကျော်ဆွေ ၂ဝ၁ဝ-၂ဝ၁၄ (တပ်မတော်လုံခြုံရေးအကြီးအကဲ)
• ဗခ မြထွန်းဦး ၂ဝ၁၄ မှ ယနေ့အထိ (တပ်မတော်လုံခြုံရေးအကြီးအကဲ)

ဗခမြင့်ဆွေ ရန်ကုန်တိုင်းကို ကွပ်ကဲနေတုံးမှာ အရေးကြီးတဲ့အလုပ်ကြီး အနည်းဆုံး (၅) ခုလုပ်ခဲ့တယ်။
(၁) ၂ဝဝ၂ မှာ ဗခက နေဝင်းမိသားစုကို ဖမ်းဆီးခဲ့တယ်။
(၂) ၂ဝဝ၄ မှာ ဗခက ခင်ညွန့်နဲ့အပေါင်းပါတွေကို ဖမ်းဆီးခဲ့တယ်။
(၃) ၂ဝဝ၇ မှာ သံဃာတော်များအရေးအခင်းကြီးကို ဖြိုခွင်းခဲ့တယ်။
(၄) ၂ဝဝ၈ နာဂစ်မုန်းတိုင်းမှာ နိုင်ငံတကာနဲ့ပြည်တွင်းအကူအညီတွေကို နှောင့်နှေးပိတ်ပင်ရေးမှာ တာဝန်ရှိခဲ့တယ်။
(၅) ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီမှာ အတိုက်အခံတွေကို ဖိနှိပ်ခဲ့တယ်။

၂ဝ၁ဝ ရွေးကောက်ပွဲအပြီးမှာ ဦးသိန်းစိန်ကနေ သူ့ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ခန့်တယ်။ ဒုသမ္မတဦးတင်အောင်မြင့်ဦး ကျန်းမာရေးကြောင့် ရာထူးကနှုတ်ထွက်စဉ် သူဖြစ်လာမလား ထင်ကြေးပေးခံရတယ်။ ဒါပေမယ့် သူ့သားမက် (သားတွေလို့ ရေးတာလည်း ဖတ်ရတယ်) က သြစတေးလျ နိုင်ငံသားဖြစ်နေလို့ ၅၉ (စ) နဲ့ ငြိတယ်လို့ သတင်းတွေ ထွက်တယ်။ အဲတာနဲ့ ပုဒ်မ ၅၉(စ) မှာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတတွေရဲ့ သမက် သို့မဟုတ် ချွေးမတို့ဟာ နိုင်ငံခြားသားမဖြစ်ရ၊ နိုင်ငံခြားအစိုးရရဲ့ လက်အောက်ခံမဖြစ်ရဆိုတဲ့ အချက်တွေကိုပြီးခဲ့တဲ့ လွှတ်တော်ကနေ နည်းနည်းလေးပြင်ပေးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက်ပြင်ပေးခဲ့တာ မဟုတ်ပါ။

ဒဗခက မြင့်ဆွေဟာလည်း NLD ကနေတင်ပြီး လွှတ်တော်ကနေရွေးထားတဲ့ ဦးထင်ကျော်လိုပဲ မွန်သွေးပါသူဖြစ်တယ်။

မှတ်ချက်။ အချက်အလက် မှားယွင်းကွဲလွဲတာတွေ့ရင် ပြင်ဆင်ပါမယ်။

ဒေါက်တာတင့်ဆွေ
၁၁-၃-၂ဝ၁၆

Hein Htet Aung ပြင်ဖို့ ကြိုးစားခဲ့ပေမယ့် အတည်မဖြစ်ဘူးထင်တာပဲဆရာ။ ကျနော်သိသလောက်ဆိုရင် သမက်နဲ့ ချွေးမ နိုင်ငံခြားသားမဖြစ်ရဆိုတဲ့အချက်ကို ပယ်ဖျက်ဖို့ ကြိုးစားခဲ့တာက ဦးရွှေမန်းတို့ အုပ်စုပါ။ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီက ဖွဲ့စည်းပုံပြင်ဆင်တဲ့ မူကြမ်းမှာ ဒီအချက်ကိုထည့်သွင်းဖော်ပြခဲ့တာပါ။ ဒါပေမဲ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲတော့ တပ်မတော်သားတွေဘက်က ကန့်ကွက်ခဲ့တယ်လို့ သိထားပါတယ်ဆရာ။ တပ်မတော်ဘက်က ထောက်ခံခဲ့တာ တစ်ချက်ပဲရှိပါတယ်။ စစ်ရေးအမြင်ကို ကာကွယ်ရေးအမြင်အဖြစ်ပြင်ဆင်တဲ့ အချက်တချက်ပါပဲ။ ကျန်တာတွေကို ကန့်ကွက်ခဲ့တယ်လို့ သိထားပါတယ်ဆရာ။ သူတို့ထောက်ခံလိုက်တဲ့ ကာကွယ်ရေးအမြင်ကိုတောင် ပြင်ဆင်နိုင်ခြင်း မရှိသေးပါဘူး။ ရွေးကော်က လူထုဆန္ဒခံယူပွဲ လောလောဆယ် မလုပ်သေးဘူးလို့ ဆုံးဖြတ်ထားတဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံဟာ ရေးဆွဲအတည်ပြုစဉ်ကအတိုင်း လုံးဝမပြောင်းမလဲ ယနေ့ထိ ရှိနေပါသေးတယ်။ မီဒီယာတချို့မှာ ဖွဲ့စည်းပုံပြင်ဆင်ချက်ကြောင့် ဦးမြင့်ဆွေကို ဒုသမ္မတလောင်းတင်လို့ ရသွားတယ်ဆိုပြီး ရေးသားဖော်ပြနေတာတွေကို နားမလည်နိုင်ပါဘူး။ တချို့မီဒီယာတွေက ဖော်ပြသလို သူ့သမက်က မြန်မာနိုင်ငံသားခံယူလိုက်လို့ ပဲ ဖြစ်ပါလိမ့်မယ်။

Hline Thint Zin Wai သမက်နဲ့သမီး မြန်မာနိုင်ငံသားခံယူထားပါပြီ ရထားပါပြီ

Tun Min ပြည်လုံးကျွတ်ဆန်ဒခံယူပွဲလုပ်တယ်လို့ မကြားမိပါ။ ထို့ကြောင့် ဒီဥပဒေပြင်ဆင်မှု အထမြောက်သည်မှာ မသေချာပါ။ မဖြစ်နိုင်ပါ။

Min Thu ကျွန်တော်သိသလောက်တော့ ၅၉(စ) က မပြင်ဘူးဆရာ။ ပြင်ဆင်ဖို့ အဆိုလည်းမအောင်မြင်ခဲ့ဘူး။ ၅၉(ဃ) က စစ်ရေးအမြင်နေရာမှာ ကာကွယ်ရေးအမြင်နဲ့ အစားထိုးပြင်ဆင်တာပဲ အဆိုအောင်မြင်ခဲ့တာပါ။

Nandar Win ဦးမြင်ဆွေသားမက်က သြစတေးလျ နိုင်ငံသားခံထားတာပါ။

Irrawaddy News ဦးမြင်ဆွေဟာ ရန်ကုန်မြို့သစ်စီမံကိန်းကို မြန်မာ့စေတနာကုမ္ဗဏီလို့ ခေါ်တဲ့ ရှောက်ပန်းနဲ့ ရှောက်စန်း တရုတ်ညီအကိုကို လက်သိပ်ထိုးချပေးလို့ ဝေဖန်ခံရသူ၊ မြို့တော်ခန်းမရှေ့ ကျောင်းသားဆန္ဒပြမှုကို လက်ပတ်နီတွေနဲ့ အကြမ်းဖက်ဖြိုခွင်းတာ တရားဝင်တယ်လို့ဆိုသူ့

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။