Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, March 12, 2016

ပန်းကန်ပြားတီးတဲ့ အရူး

ပန်းကန်ပြားတီးတဲ့ အရူး
----
နေကလဲ ပူလိုက်တာ ။ အရေးထဲမှာ ဆိုင်ကယ်ကလဲ ဘီးပေါက်နေသေးတယ် ။

ကျွန်တော့်အိမ်က ကျွဲဆည်ကန်အရှေ့မှာပါ ။ မွန်းလွှဲ နှစ်နာရီလာက်မှာ အိမ်က ထွက်ခဲ့တယ် ။ လေယာဉ်ကွင်းအဟောင်းနား ရောက်ခါနီးမှာ ဆိုင်ကယ်က ဘီးပေါက်တော့တယ် ။ နေပူပူ လေပူပူအောက်မှာ ဆိုင်ကယ်ကို ဆင်းပြီး တွန်းရပါတော့ယ် ။ ဆိုင်ကယ်ကို ဂီယာနံပါတ် ဝမ်း ထည့်လိုက်တယ် ။ လီဗာကို ဖြေးဖြေးလေး တင်ပြီး တွန်းလာခဲ့တယ် ။

လေယာဉ်ကွင်းဟောင်းရှေ့မှာ ပန်ကန်ပြားတစ်ချပ်ကို အမြဲတီးနေတဲ့ အရူးတစ်ယောက်ရှိတယ် ။ သူဟာ အမြဲတမ်း ကြေးပန်ကန်ပြားကို တုတ်တစ်ချောင်းနဲ့ တီးနေတက်တယ် ။ ညစ်ပေနေတဲ့ ပုဝါအနီကို အမြဲ ခြုံထားတက်တယ် ။ သူ့အနားကို ကျွန်တော်ရောက်သွားတယ် ။

ငါ ကူပြီး တွန်းပေးမယ် ။

မလိုပါဘူး ရပါတယ် ။

ငါ ကူညီချင်လို့ကွ ။

ဒီလိုနဲ့ ပန်ကန်ပြားတီးတဲ့ အရူးက ကျွန်တော့်ဆိုင်ကယ်ကို လေထိုးကျွတ်ဖါဆိုင် ရောက်တဲ့အထိ တွန်းပေးပါတော့တယ် ။ လေထိုးဆိုင်လဲ ရောက်ရော သူက မပြန်သေးဘဲ ပန်ကန်ပြားကို ဆက်ပြီး တီးနေပါတယ် ။ ကျွန်တော်က သူ့ကို ပိုက်ဆံ ၅၀၀ ကျပ် ထုတ်ပေးလိုက်ပါတယ် ။ ဒီနေရာမှာ သူနဲ့ ကျွန်တော် စကားတွေ ပြောဖြစ်ခဲ့ကြတယ် ။ သူပြောတဲ့ စကားတွေဟာ သိပ့် စိတ်ဝင်စားစရာ ကောင်းတယ် ။

ခင်ဗျားကို ကျွန်တော် မုန့်ဖိုးပေးတာ ယူပါ ။

မင်း ငါ့ကို ပိုက်ဆံနဲ့ ဖျက်ဆီးတာလား ။ လူတွေက တော်တော် ခက်တယ် ။ ဒီ ပိုက်ဆံပဲကွ ။ ဒီပိုက်ဆံကြောင့် လင်မယားတွေ ကွဲကြတယ် ။ မိသားစုတွေ မုန်းကြတယ် ။ ဒီပိုက်ဆံကြောင့် လူတွေ ပျက်ဆီးကြတယ် ။ ဒီ ပိုက်ဆံကြောင့် စာရိတ္တတွေ ပျက်တယ် ။ ဂုဏ်သိက္ခာတွေ ကျတယ် ။

ကျွန်တော် အံ့သြသွားတယ် ။ သူပြောတဲ့ စကားဟာ အဓိပ္ပါယ်တွေ ပါတယ် ။ သူကဆက်ပြောတယ် ။

လူတွေက တော်တော်ခက်တယ် ။ ပိုက်ဆံရဖို့ အလုပ် လုပ်တယ် ။ အလုပ်ကို လုပ်ချင်လို့ လုပ်နေကြတာမဟုတ်ဘူး ။ ပိုက်ဆံလိုချင်လို့ လုပ်နေကြတာ ။ ဒါကြောင့် လူ့လောကကြီး ပျက်ဆီးနေတာ ။ ငှက်တွေမှာ ပိုက်ဆံမလိုဘူး ။ ဒါကြောင့် ငှက်တွေဟာ လူတွေလောက် ဒုက္ခမများဘူး ။ လူတွေလောက် စာရိတ္တမပျက်ဘူး ။ ပိုက်ဆံဆိုတာ ဒုက္ခရဲ့ နောက်ထက် အဓိပ္ပါယ်တစ်မျိုးကွ ။

သူက ကျွန်တော့်ကို ပြောနေတာမဟုတ်ဘူး ။ အရူးသဘာဝအတိုင်း ပြောချင်ရာ ပြောနေတာ ။ ကျွန်တော်သူ့ကို ပိုက်ဆံတစ်ထောင် ထုတ်ပေးလိုက်တယ် ။

ကဲဗျာ ဒါဆို တစ်ထောင်ယူ ။ ခင်ဗျားက ကျွန်တော့်ကို ကူညီတာဆိုတော့ ကျေးဇူးတင်လို့ပါ ။

အဲ့ဒါပဲ ဒါတွေကြောင့် ခက်တယ်ပြောတာ ။ စေတနာဆိုတာ ပိုက်ဆံနဲ့ တန်ဖိုးဖြတ်လို့မရဘူး ။ မင်း ငါ့ကို မဖျက်ဆီးနဲ့ ။ ငါ့စေတနာကို မင်း တန်ဖိုး ဖြတ်လို့ မရဘူး ။ မင်း ငါ့ကို မဖျက်ဆီးနဲ့ ။ ငါက ဗိုက်ဆာနေတာ ။

ကျွန်တော်လဲ လေထိုးကျွတ်ဖာဆိုင်အနီးက လက်ဖက်ရည်ဆိုင်ကို သွားလိုက်တယ် ။ စားစရာလဲ ထူးထူးခြားခြား ဘာမှ မတွေ့ဘူး ။ ဒီလိုနဲ့ အဆင်သင့်ရှိနေတဲ့ ပေါက်စီနှစ်လုံး ဝယ်လာလိုက်တယ် ။

ကဲ ခင်ဗျား ဗိုက်ဆာရင် စား . . . ရော့ ။

သူ လိုလိုလားလားပဲ ပေါက်စီနှစ်လုံးကို လှမ်းယူလိုက်တယ် ။ ပေါက်စီကို မစားသေးပဲ သူ့ခေါင်းပ်ါမှာ လက်နှစ်ဖက်ကို တင်ပြီး တစ်ခုခုကို ရွတ်ဖတ်နေတယ် ။

ဘာလုပ်တာလဲဗျ ။

သေသွားတဲ့ အဖေနဲ့ အမေကို ကျွေးနေတာ ။

သူ့စကားက တစ်မျိုးပဲ ။ ဟုတ်တာပေါ့ ။ သူက အရူးကိုး ။ သူက စိတ်ဖေါက်ပြန်နေတာကိုး ။ သူဟာ ပေါက်စီနှစ်လုံးကို အားရပါးရ စားနေပါတော့တယ် ။

ခင်ဗျား ဒီ ၇၈ လမ်းပေါ်မှာ ဘာလုပ်နေတာတုန်း ။ ခင်ဗျားကို ကျွန်တော် နေ့တိုင်း တွေ့တယ် ။ ပန်ကန်ပြားကို အမြဲ တီးတီးနေတာ ကျွန်တော် သတိထားမိတယ် ။ ခင်ဗျား ဘာလုပ်နေတာလဲ ။

အဲ့ဒါပဲ ။ ပေါက်စီကျွေးပြီး လူကို စပ်စုပြီ ။ သူများအကြောင်းသိဖို့ မကြိုးစားနဲ့ ။ ကိုယ့်အကြောင်း ကို သိဖို့ကြိုးစား ။ လူမိုက်တွေဟာ သူများအကြောင်း စိတ်ဝင်စားတယ် ။ လူ လိမ္မာတွေက ကိုယ့်အကြောင်းကို စိတ်ဝင်စားတယ် ။ ကိုယ့်အမှား ကိုယ် သိတယ် ။ ကိုယ့်အမှားကို ပြုပြင်တယ် ။

သူ့စကားက ကျွန်တော့်ရင်ဘတ်ကို လာပြီး မှန်ပါတယ် ။ ကျွန်တော်က သူပေါက်စီ စားနေတာကို သေသေခြာခြာလေး ငေးပြီး ကြည့်နေတယ် ။ သူက ဆက်ပြောတယ် ။

ကျေးဇူးတင်တယ်လို့ မပြောတော့ဘူး ။ ကျေးဇူးဆပ်ရမှာစိုးလို့ ။ မင်းက ငါ့ကို မုန့်ကျွေးတယ် ။ ငါက မင်းကျွေးတာကို စားတယ် ။ မင်းကိုငါက ပြန်ကျွေးချင်မှ ကျွေးနိုင်မယ် ။ ငါက မင်းကို ပြန်မကျွေးနိုင်ရင်လဲ မင်းက စိတ်မဆိုးနဲ့ ။ လူတွေက မျှော်ကိုးပြီး ကူညီချင်ယောင် ဆောင်ကြတာကွ ။

သူပြောသမျှတွေဟာ ကျွန်တော့်နားထဲမှာ အဆန်းကြယ် ဖြစ်နေပါတယ် ။ ဟုတ်တော့ ဟုတ်တယ် ။ ကျွန်တော်တို့ လူတွေကို ကူညီတယ် ။ ပြီးတော့ တစ်ခုခု ပြန်တောင်းတယ် ။ ရရင် ပျော်တယ် ။ မရရင် မကျေနပ်ဘူး ။

စပ်စုတယ်မထင်ပါနဲ့ဗျာ ။ ခင်ဗျားက တကယ်အရုးလား ။

ကျွန်တော့်စကားကိုလဲ ကြားရော တဟားဟားနဲ့ ရယ်ပါတော့တယ် ။ အကြာကြီး ရယ်မောနေလိုက်တာ ။

ငါ့ကိုများ အရူးလားတဲ့ ။ လူတိုင်းက အရူးပဲ ဥစ္စာ ။

ကျွန်တော့်စကားနဲ့ ကျွန်တော် ခံလိုက်ရပြန်ပြီ ။ သူက ကျွန်တော့်ကို မျက်ထောင့်နီးကြီးနဲ့ စိုက်ကြည့်နေတယ် ။ ကျွန်တော့်စိတ်ထဲမှာ သူ့ကို စကားဆက်ပြီး ပြောချင်နေတယ် ။ သူဘာတွေပြောမလဲ ဆိုတာကို စိတ်ဝင်စားနေတယ် ။

ခင်ဗျား ဒီလေယာဉ်ကွင်းရှေ့မှာ ပန်းကန်ပြားကြီးကို တီးတီးပြီး ဘာလုပ်နေတာတုံး ။

အချက်ပြနေတာဟေ့ ။ အချက်ပြနေတာ ။

ဘာအချက်ပြတာလဲဗျ ။

ဒီလမ်းက မန္တလေးမှာ လူတိုင်း သွားရမဲ့ လမ်း ။

သူ့စကားကို ကျွန်တော် နားမလည်ဘူး ။ သူက ဆက်ပြောတယ် ။

ငါ မော်တော်ကားတွေကို ရေတွတ်နေတာ ။

ဒီလောက်များတဲ့ကားတွေ ခင်ဗျား ရေတွတ်နိုင်လို့လား ။

ငါက အသုဘ ကားတွေကိုမှ ရွေးပြီး ရေတွတ်တာကွ ။ နေ့တိုင်း အစီး ၅၀ လောက်ရှိတယ် ။

* * *

သူ့စကားတွေကို စာဖတ်သူအား မျှဝေပေးလိုက်ပါတယ် ။
စဉ်းစားကြည့်ကြရအောင်ဗျာ ။

( ဦးဘုန်း / ဓါတု - ရွှေမန္တလေး ဂျာနယ် ။ အမှတ်စဉ် ၂၈၆ ။ ၈.၁၁.၂၀၀၈ )

#htoohtoolay

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။