ခေါင်းဆောင်ကောင်းတို့ မည်သည် ..
+++++++
ဒုတိယကမ္ဘာစစ်အတွင်းတွင် ဖြစ်သည် ...။
စစ်မြေပြင်သို့ထွက်ခွာ ခါနီးတွင် စစ်တပ်အသီးသီး၏ အကြီးအကဲအရာရှိများနှင့် ဗိုလ်မှူးချုပ်ကြီး တို့ ညစာစားပွဲ တွင်ဖြစ်သည် ...။
အားလုံး စုံစုံညီညီပင် ညစာ စားပွဲရှည်ကြီးတွင် နေရာ အသီးသီး ယူထားပြီးကြပြီဖြစ်သည် ..။
ညစာ မစားမီ ဗိုလ်ချုပ်မှူးကြီးက တိုက်ပွဲအကြို မိန့်ခွန်းပြောကြားမည်မို့ အရာရှိကြီးများသည် ငြိမ်သက်စွာ နားစွင့်နေကြသည် ..။
သို့ရာတွင် ဗိုလ်ချုပ်မှူးကြီးက မည်သို့မျှ စကားဆိုခြင်း မရှိသေးဘဲ မိမိရှေ့တွင် ချထားသော ပန်းကန်လေး တစ်ချပ်ဖြင့် အလုပ်ရှုပ်နေ၏ ..။
၎င်းပန်းကန်ပြားလေးကို အရာရှိများ အားလုံး သေချာ ရှင်းလင်းစွာမြင်နေရသည် ..။
ထိုပန်းကန်ပြားငယ်လေးထဲတွင် ခေါက်ဆွဲ တစ်မျှင်မှ တစ်ပါး တခြားသောအရာများ မရှိ .. ရှင်းလင်းစွာ ...။
ခေါက်ဆွဲမျှင်လေးကို ပန်းကန်ပြားပေါ်တွင် အရှည်လိုက် တင်ထားလေသည် ..။
ဗိုလ်မှူးချုပ်ကြီးသည် ခေါက်ဆွဲမျှင်လေး၏ အနောက်ဘက်အစွန်းကို လက်ဖြင့် တွန်းလိုက်သည် ..။
ခေါက်ဆွဲမျှင်လေးသည် ရှေ့သို့ ရွေ့မသွားဘဲ ... တွန့်ခေါက် သွားလေသည် ..။
ထို့နောက်တစ်ဖန် ခေါက်ဆွဲမျှင်လေးကို မူလပုံစံအတိုင်း အရှည်လိုက် တစ်ဖြောင့်တည်းဖြစ်အောင် ပြန်ပြင်လိုက်ပြီး ...
ဗိုလ်မှူးချုပ်ကြီးသည် ခေါက်ဆွဲမျှင်လေးကို ရှေ့စွန်းမှ ကိုင်ပြီး ဆွဲလိုက်ရာ ခေါက်ဆွဲမျှင်လေးသည် လိုသလိုပင် ဖြောင့်ဖြောင့်တန်းတန်း ပါလာလေသည် ..။
ထို အဖြစ်အပျက်အချင်းအရာများကို ညစာ စားပွဲဝိုင်းရှိအရာရှိများ အားလုံးသေချာရှင်းလင်းစွာပင် မြင်လိုက်ရလေသည် ..။
ထိုအခါတွင်မှ ဗိုလ်မှူးချုပ်ကြီးသည် ထိုင်နေရာမှ ထပြီး မိန့်ခွန်းစကားပြောကြားလေသည် ..။
"နောက်လိုက် တပည့်သားချင်း တွေဆိုတာ ဒီ ခေါက်ဆွဲမျှင်လေးနဲ့တူတယ် ... သူတို့ကို နောက်ကနေ တွန်းလို့ မဖြစ်နိုင်ဘူး ... နောက်ကနေ တွန်းရင် ခေါက်ဆွဲမျှင်လေးက မြင်တဲ့ အတိုင်းပဲ တွန့်ခေါက်သွားပြီးလိုချင်တဲ့
လမ်းကနေ တိမ်းချော်သွားသလို နောက်လိုက်တွေကို တွန်းလွန်းရင်
ချွတ်ချော်တိမ်းပါးမှု တွေ ဖြစ်လာနိုင်တဲ့ အပြင် ရှေ့ကလာမယ့် ကျည်ဆန် ထက်
နောက်ကျောက ကျည်ဆန်ကို စိုးရိမ်နေရမယ့်အနေအထား အထိ ဖြစ်သွားနိုင်တယ် ...
ခေါင်းဆောင် အရာရှိတို့ ....အောက်လက်ငယ်သားတွေကို ဘယ်တော့မှ မတွန်းပါနဲ့
... ဒီခေါက်ဆွဲမျှင်လေးကို ရှေ့ကနေ ဆွဲလိုက်ရင် လိုရာ အတိုင်း
ဖြောင့်ဖြောင့် တန်းတန်း တရစပ် လိုက်ပါလာနိုင်တယ် ... အရာရှိတို့ ...
ခေါင်းဆောင် ပီပီသသ နဲ့ အရည်အချင်းပြည့်ပြည့်မီမီ ရှိအောင် အစဉ်ကြိုးစားပါ
... အောက်လက်ငယ်သားတွေကို ရှေ့ကနေ ဦးဆောင် ဆွဲခေါ်ယူပါ ... နောက်ကနေ
ဖိအားပေး မတွန်းကြပါနဲ့"
တဲ့ ...။
ခေါင်းဆောင် ကောင်း တို့ ရဲ့ အရည်အချင်းနှင့် ပြည့်စုံနိုင်ကြပါစေ ....။
Credit to နည်းစနစ်ကျကျအတွေးအခေါ်
+++++++
ဒုတိယကမ္ဘာစစ်အတွင်းတွင် ဖြစ်သည် ...။
စစ်မြေပြင်သို့ထွက်ခွာ ခါနီးတွင် စစ်တပ်အသီးသီး၏ အကြီးအကဲအရာရှိများနှင့် ဗိုလ်မှူးချုပ်ကြီး တို့ ညစာစားပွဲ တွင်ဖြစ်သည် ...။
အားလုံး စုံစုံညီညီပင် ညစာ စားပွဲရှည်ကြီးတွင် နေရာ အသီးသီး ယူထားပြီးကြပြီဖြစ်သည် ..။
ညစာ မစားမီ ဗိုလ်ချုပ်မှူးကြီးက တိုက်ပွဲအကြို မိန့်ခွန်းပြောကြားမည်မို့ အရာရှိကြီးများသည် ငြိမ်သက်စွာ နားစွင့်နေကြသည် ..။
သို့ရာတွင် ဗိုလ်ချုပ်မှူးကြီးက မည်သို့မျှ စကားဆိုခြင်း မရှိသေးဘဲ မိမိရှေ့တွင် ချထားသော ပန်းကန်လေး တစ်ချပ်ဖြင့် အလုပ်ရှုပ်နေ၏ ..။
၎င်းပန်းကန်ပြားလေးကို အရာရှိများ အားလုံး သေချာ ရှင်းလင်းစွာမြင်နေရသည် ..။
ထိုပန်းကန်ပြားငယ်လေးထဲတွင်
ခေါက်ဆွဲမျှင်လေးကို ပန်းကန်ပြားပေါ်တွင် အရှည်လိုက် တင်ထားလေသည် ..။
ဗိုလ်မှူးချုပ်ကြီးသည် ခေါက်ဆွဲမျှင်လေး၏ အနောက်ဘက်အစွန်းကို လက်ဖြင့် တွန်းလိုက်သည် ..။
ခေါက်ဆွဲမျှင်လေးသည် ရှေ့သို့ ရွေ့မသွားဘဲ ... တွန့်ခေါက် သွားလေသည် ..။
ထို့နောက်တစ်ဖန် ခေါက်ဆွဲမျှင်လေးကို မူလပုံစံအတိုင်း အရှည်လိုက် တစ်ဖြောင့်တည်းဖြစ်အောင် ပြန်ပြင်လိုက်ပြီး ...
ဗိုလ်မှူးချုပ်ကြီးသည် ခေါက်ဆွဲမျှင်လေးကို ရှေ့စွန်းမှ ကိုင်ပြီး ဆွဲလိုက်ရာ ခေါက်ဆွဲမျှင်လေးသည် လိုသလိုပင် ဖြောင့်ဖြောင့်တန်းတန်း ပါလာလေသည် ..။
ထို အဖြစ်အပျက်အချင်းအရာများကို
ထိုအခါတွင်မှ ဗိုလ်မှူးချုပ်ကြီးသည် ထိုင်နေရာမှ ထပြီး မိန့်ခွန်းစကားပြောကြားလေသည
"နောက်လိုက် တပည့်သားချင်း တွေဆိုတာ ဒီ ခေါက်ဆွဲမျှင်လေးနဲ့တူတယ် ... သူတို့ကို နောက်ကနေ တွန်းလို့ မဖြစ်နိုင်ဘူး ... နောက်ကနေ တွန်းရင် ခေါက်ဆွဲမျှင်လေးက မြင်တဲ့ အတိုင်းပဲ တွန့်ခေါက်သွားပြီးလိုချင်တ
တဲ့ ...။
ခေါင်းဆောင် ကောင်း တို့ ရဲ့ အရည်အချင်းနှင့် ပြည့်စုံနိုင်ကြပါစေ ....။
Credit to နည်းစနစ်ကျကျအတွေးအခေါ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။