Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, April 8, 2018

အထီးကျန်ခြင်း

အထီးကျန်ခြင်း
++++++++++

( က ) တစ်ယောက်တည်း နှင့် အထီးကျန်ခြင်း
--------------------------------------

ဆက်ဆံရေးကောင်းမွန်ခြင်း၊ အပေါင်းအသင်းဆန့်ခြင်း၊ အဖေါ်များခြင်း၊ စသည်တို့ဟာ အရည်အချင်းတစ်ရပ်အဖြစ် အသိအမှတ်ပြုကြပါတယ်။ ဒါပေမဲ့ လူတော်တော်များများ မစဉ်းစားမိတဲ့အချက်တစ်ခုရှိပါတယ်။ တစ်ယောက်တည်း အဆင်ပြေပြေ နေထိုင်တတ်ခြင်းဟာလည်း အရည်အချင်း တစ်မျိုးဖြစ်ပါတယ်။
တစ်နည်းပြောရရင် ဆက်ဆံရေးမကောင်းခြင်းဟာ အားနည်းချက်ဖြစ်သလို၊ တစ်ယောက်တည်း အဆင်ပြေပြေ မနေထိုင်တတ်ခြင်းဟာလည်း အားနည်းချက်ဖြစ်ပါတယ်။
မှန်ပါတယ်။ တစ်ယောက်တည်း နေထိုင်တတ်ခြင်းဟာ အရည်အသွေး တစ်ရပ်ဖြစ်ပါတယ်။ လူတိုင်းမှာ ဒီအရည်အချင်းမျိုး မပိုင်ဆိုင်ကြပါ။ ဒီအရည်အချင်းပိုင်ဆိုင်လို့ အထီးကျန်ခြင်းမဟုတ်ပါ။ အထီးကျန်ခြင်းအပေါ် အကျင့်ဖြစ်သွားစေပြီး စိတ်တည်တည်ငြိမ်ငြိမ်နဲ့ တစ်ခုခု အကျိုးဖြစ်ထွန်းအောင် ကြံစည်လုပ်ဆောင်သွားနိုင်တာကို ဆိုလိုပါတယ်။

အထီးကျန်ခြင်းမှာ အခြေအနေ (၃) ရပ်ရှိပါတယ်။

၁။ လူတော်တော်များများဟာ အထီးကျန်လာပြီလို့ ခံစားရပြီဆိုရင် ခြေမကိုင်မိ၊ လက်မကိုင်မိ၊ ဂနာမငြိမ်တော့ဘူး၊ ဘာလုပ်ရမှန်းမသိတော့ဘူး။ ပျင်းလိုက်တာ၊ ငြီးငွေ့လိုက်တာ စသည်ဖြင့် တစ်ဖျစ်တောက်တောက်ငြီးတွားလာပြီး အထီးကျန်မူပပျောက်သွားအောင်ကြံဆောင်လာပါတော့တယ်။ ပျင်းလို့ အရက်သောက်မိတယ်။ ပျင်းလို့ မူးယစ်ဆေးဝါးဆော့ရင်းနဲ့ စွဲသွားတယ်။ ပျင်းလို့ လောင်းကစား သွားလုပ်မိရာ အကုန်ပြောင်သွားတယ် စသည်ဖြင့် ခဏခဏ ကြားဖူးလေ့ရှိပါတယ်။

၂။ အထီးကျန်မူကို အကျင့်ရသွားသူများဖြစ်တယ်။ သူတို့ဟာ မူလတုန်းက အထီးကျန်မူကို မလိုလားခဲ့ကြပေမဲ့ နောက်ပိုင်းမှာ အာရုံပြောင်းတတ်လာပြီး စာဖတ်ခြင်း၊ စာရေးခြင်း၊ ပန်းချီဆွဲခြင်း၊ ကိုယ်ဝါတနာပါရာ အလုပ်တစ်ခုခုကို လုပ်ကိုင်ခြင်း စသည်ဖြင့် အထီးကျန်မူနဲ့ အရောတ၀င်ဖြစ်လာပြီး ဘ၀နေထိုင်မူ အဆင်ပြေလာစေပါတယ်။

၃။ တစ်ယောက်တည်း နေထိုင်မူကို အထီးကျန်တယ်လို့ပင် မစဉ်းစားမိတဲ့လူတွေပါ။ သူတို့ဟာ တစ်ယောက်တည်းနေရတဲ့အချိန်ကိုတောင် ပိုမိုနစ်သက်ကြပါတယ်။ အေးအေးဆေးဆေးနဲ့ ကိုယ့်အလုပ်ကို ပြီးမြောက်အောင် လုပ်နိုင်တဲ့အတွက်ကြောင့်ပါ။ ထူးချွန်တဲ့ပုဂ္ဂိုလ်တော်တော်များများဟာ နေ့စဉ် တစ်ယောက်တည်း နေတဲ့အချိန် ( ၂ )နာရီ၊ ( ၃ ) နာရီ ပေးရပါတယ်။ ဘယ်လောက်ပဲအလုပ်များများ သူတို့ဟာ ကို်ယ်ပိုင်အချိန်ကို မရရအောင် စီစဉ်တတ်ပါတယ်။ အဲဒီအချိန်မှာ သူတို့ဟာ အကြောင်းအရာတစ်ခုခုကို လေးလေးနက်နက် စဉ်းစားနိုင်ပြီး ဆုံးဖြတ်ချက်ကို တိတိကျကျ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

( ခ ) ဘ၀မှာ အငြိမ်းချမ်းဆုံးအချိန်
----------------------------

တစ်ယောက်တည်းနေတတ်ရင်၊ ခံစားတတ်ရင် ဘ၀မှာ အငြိမ်းချမ်းဆုံး အချိန်အခါနဲ့ အလှပဆုံးအချိန်အခါကို ခံစားတွေ့ကြုံနိုင်ပါတယ်။ အထီးကျန်နည်းနည်းဆန်တာမှန်ပါတယ်။ တစ်ယောက်တည်း နေထိုင်ခြင်းဟာ နက်နဲတဲ့ အတွင်းစိတ်မှာရှိတဲ့ မိမိရဲ့ လိပ်ပြာကို ပိုမိုအားအင် ကောင်းမွန်စေနိုင်ပါတယ်။ တစ်ယောက်တည်းနေထိုင်ချိန်ဟာ အခြားသူများကြီးစိုးမင်းမူနေတဲ့ အရူပ်အရှင်း ပေါင်းစုံကြားကနေ လွတ်ထွက်နေတတ်ပါတယ်။ မိမိကိုယ်မိမိ တကယ်ရင်ဆိုင်တဲ့အချိန်လည်းဖြစ်ပါတယ်။ မိမိအတွင်းစိတ်နဲ့ စကားနီးနောဖလှယ်နို်င်တဲ့အချိန်အခါလည်း ဖြစ်ပါတယ်။ အတွင်းစိတ်ငြိမ်းချမ်းခြင်းစစ်စစ်ကို တစ်ယောက်တည်းနေထိုင်တဲ့အချိန်အခါမှာပဲ ကောင်းမွန်စွာရရှိခံစားနိုင်ပါတယ်။

( ဂ ) မိမိကိုယ်မိမိ မိတ်ဖွဲ့ ခြင်း
--------------------------

လူတော်တော်များများဟာ အခြားသူများနဲ့သာစကားပြောဆိုတတ်ပါတယ်။ မိမိကိုယ်မိမိ ( သို့ ) မိမိအတွင်းစိတ်နဲ့ ပြောစရာ စကားရှာမရပေ၊ ဒါကြောင့်မို့လို့ တစ်ယောက်တည်းရှိတဲ့အခါတိုင်း အထီးကျန်ဆန်တာကို ခံစားရတတ်ပါတယ်။
အမှန်တော့ လူဖြစ်တန်အောင် လူဆိုတာ ကိုယ့်အတွင်းစိတ်က ထွက်လာတဲ့ စကားသံကို နားထောင်တတ်အောင် သင်ထားရပါတယ်။ မိမိကိုယ်မိမိ မိတ်ဖွဲ့တတ်ရပါတယ်။ မိမိအတွင်းစိတ်ရဲ့ စကားသံကို နားထောင်တတ်တဲ့လူ ( သို့ ) မိမိအတွင်းစိတ်ကို မေးခွန်းထုတ်တတ်သူတို့ဟာ သူပြောကိုယ်ပြော၊ သူများယောင်တိုင်း ဘယ်တော့မှ လိုက်မယောင်တတ်တော့ပါ။ ဥပမာ ဆိုပါစို့၊ မိတ်ဆွေတွေနဲ့ ခရီးအတူသွားကြတယ်။ လမ်းမှာ အမှတ်တရ ပစ္စည်းဝယ်ကြတယ်။ သူဝယ်ကိုယ်ဝယ်နဲ့ ၀ယ်အောင်လည်း “ဂိုက်”က စည်းရုံးတယ်။ ကိုယ့်စိတ်ကို မေးခွန်းထုတ်တတ်တဲ့လူက ကိုယ့်ကိုယ်ကို မေးလိုက်တယ်။ ငါဒါကို ၀ယ်ရင် တကယ်စိတ်ချမ်းသာမှာလား၊ အားနာလို့ ၀ယ်မှာလား၊ သူများဝယ်လို့ လိုက်ဝယ်ရမှာလား၊ စသည်ဖြင့် မေးလိုက်ပါတယ်။ ၀ယ်ဖို့ မလိုအပ်ဖူးလို့ ထင်မိရင် ဘယ်သူက ဘယ်လိုပြောပြော မ၀ယ်တော့ပါ။

( ဃ ) အောင်မြင်တဲ့ ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေခြင်း
အထီးကျန်မူဒဏ်ကို ခံနိုင်တဲ့လူဟာ အောင်မြင်မူဒဏ်ကို ကောင်းမွန်စွာ ခံနိုင်ရည်ရှိသွားစေပါတယ်။ ဘယ်လောက်ပဲ အောင်မြင်အောင်မြင် လုပ်စရာရှိတာ၊ ဆုံးဖြတ်စရာ ရှိတာ အေးအေးဆေးဆေး ဆုံးဖြတ်လုပ်ဆောင်သွားနိုင်စွမ်းရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အောင်မြင်တဲ့လူတော်တော်များများ အချွေအရံ ပေါများကြပါတယ်။ အောင်မြင်မူကြီးမားလေလေ၊ အချွေအရံရဲ့ အဆင့်မြင့်မားလေလေဖြစ်ပါတယ်။ ဖိနပ်တိုက်တာကအစ၊ အစားအသောက်စီစဉ်တာကအဆုံး အချွေအရံတွေက လုပ်ဆောင်ပေးကြပါတယ်။ နားဝင်ချိုတဲ့စကား၊ မိမိကိုယ်မိမိ အထင်ကြီးစေတဲ့စကားလုံးများကိုလည်း အချွေအရံတွေက တစ်ဆင့် ကြားရပါတော့တယ်။ လိမ်ညာတဲ့စကားဖြစ်ဖြစ်၊ ဖားတဲ့စကားဖြစ်ဖြစ်၊ အကြိမ်တစ်ထောင်လောက် ဆက်တိုက်ပြောလိုက်ရင် အမှန်တရားလို့ အထင်ရောက်သွားစေတတ်ပါတယ်။ ခေတ်အဆက်ဆက်မှာ လူကြီးများဒီလိုပဲ အဖျက်ဆီးခံခဲ့ရကြပါတယ်။ ဒီလိုပဲ ပျက်ဆီးခဲ့ကြရပါတယ်။ တကယ်လို့ ဒီလူကြီးတွေကသာ အထီးကျန်မူ ရဲ့ တန်ဖိုးကို သိခဲ့ကြမယ်ဆိုရင် မိမိမူလ ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့ အများအကျိုးကို ပိုမို သယ်ပိုးနိုင်ခဲ့ကြမှာ မလွှဲပါဘူး။

နောက်ဆုံးအနေနဲ့ တင်ပြချင်တာကတော့ သင့်မှာ ဘယ်လောက်သာယာတဲ့ အိမ်ထောင်ရေးပဲ ပိုင်ဆိုင်နေပါစေ၊ ဘယ်လောက်ချစ်တဲ့ အသိုင်းအ၀န်းပဲ ရှိနေပါစေ၊ အထီးကျန်မူ နဲ့ ရင်းနီးကျွမ်းဝင်အောင် လေ့ကျင့်ထားသင့်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အိုကြရမှာချည်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ တစ်ယောက်တည်း စိတ်ချမ်းသာအောင် နေတတ်ဖို့ဆိုတာ အလွန်အရေးကြီးလာပါတယ်။
အထီးကျန်မူနဲ့ ရင်းနီးကျွမ်းဝင်နိုင်ကြပါစေ။

Ref: we chat
Credit:Sayar Aung Ko Latt

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။