Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 6, 2018

ကလေးကို လမ်းလွှဲစေမည့် မိဘ၏အကျင့်ဆိုးများ

ကလေးကို လမ်းလွှဲစေမည့် မိဘ၏အကျင့်ဆိုးများ
+++++++++++++++++++++++++++++

မိဘများဟာ သားသမီးများရဲ့ လက်ဦးဆရာများ ဖြစ်ကြပါတယ်။ သားသမီးများရဲ့ အထင်ကြီးမူ၊ အတုမြင် အတတ်သင်မူကို ခံကြရသူများ ဖြစ်ကြပါတယ်။ သားသမီးများရဲ့ နှလုံးသားထဲက နက်နက်နဲနဲ စွဲထင်နေတဲ့ စံပြပုဂ္ဂိုလ်ကြီးများလည်း ဖြစ်ကြပါတယ်။ ငယ်ရွယ်တဲ့သားသမီးများအတွက် မိဘများရဲ့ အပြုမူတိုင်းဟာ အတုခိုးစရာ၊ သင်ယူစရာတွေချည်း ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်လေ မိဘများ အမူမဲ့ အမှတ်မဲ့ လုပ်ဆောင်လိုက်တဲ့ အမှားတစ်ခုခုကြောင့် သားသမီးများတစ်သက်လုံးကို လွမ်းမိုးသွားစေတတ်ပါတယ်။ မိဘများ ဆင်ခြင်နိုင်ဖို့ မိဘများရဲ့ မသိမသာ လွှဲမှားနေတတ်တဲ့ အကျင့်ဆိုးအချို့ ကိုတင်ပြလိုက်ပါတယ်။

အကျင့်ဆိုး ၁။ စိတ်မရှည်ခြင်း
=================
အလုပ်ကများ၊ အဆင်မပြေတဲ့ကြားထဲက သားသမီးတွေက တစ်ခုခုဝင်ပြောမိရင်၊ ကိုယ်အလိုမကျတာ တစ်ခုခုကို လုပ်မိရင် မိဘများက စိတ်မရှည်တော့ ဟောက်လွတ်လိုက်ပါတယ်။
သတိပေးချက်။ ။ လူကြီးရဲ့ လေးလေးစားစားဆက်ဆံမူကို ခံရတဲ့ကလေးဟာ နောင်ကြီးလာရင် လူတိုင်းကို လေးစားတတ်တဲ့ လူတစ်ယောက်ဖြစ်သွားပါတယ်။

အကျင့်ဆိုး ၂။ မရှောင်ရှားခြင်း
==================
အိမ်ထောင်သက်နည်းနည်း ကြာလာတော့ ရန်ဖြစ်စရာရှိရင် ကလေးရှေ့ မရှောင် အချင်းချင်း အော်ငေါက်ရန်ဖြစ်တတ်ကြပါတယ်။ လင်နဲ့မယား၊ လျှာနဲ့သွား၊ ရံဖန်ရံခါ ထိမိခိုက်မိတတ်တယ်ဆိုပေမဲ့ သားသမီးရှေ့ ကိုတော့ ရှောင်ရှားသင့်ပါတယ်။
သတိပေးချက်။ ။ ကျွန်တော်တို့ရဲ့ အငြင်းပွားခြင်း၊ ရန်ဖြစ်ခြင်း တို့ဟာ ကလေးများအတွက် ရန်လိုရန်ဆောင်လွယ်တဲ့ စံပြ ဖြစ်သွားစေနိုင်ပါတယ်။

အကျင့်ဆိုး ၃။ ရက်ရောလွန်းခြင်း
====================
ကိုယ်ကတော့ မစားရက် မ၀တ်ရက်၊ သားသမီးအတွက်ဆိုရင် အကောင်းတွေချည်းချည်း ၀ယ်ပေးတယ်။ ဈေးကြီးကြီး မကြီးကြီး၊ စားချင်ရင် ၀ယ်ကျွေးတယ်။ ၀တ်ချင်ရင် ၀ယ်ပေးလိုက်တယ်။
မျက်နာမငယ်ရအောင်ဆိုပြီး အကုန်ဆင်ပေးတယ်။ သူတို့ကို ချွေတာဖို့ လုံးဝမသင်ပေးဘူး။
သတိပေးချက်။ ။ ဒီလို“အချစ်”ထက် ကျော်လွန်သွားတဲ့ ”အနှစ်”မျိုးဟာ ကလေးများရဲ့ “ ရလိုမူ” လောဘကိုသာ စေ့ဆော်မူ ဖြစ်စေပြီး အနစ်နာခံတတ်သော “ ပေးဆပ်မူ” ကို လုံးဝမသိရှိကြတော့ပါ။

အကျင့်ဆိုး ၄။ ကောင်းကောင်း စိတ်မ၀င်စားခြင်း
=============================
ကလေးများကျောင်းဆင်းလာပြီဆိုရင်၊ “ဒီကနေ့ ကျောင်းထဲမှာဘယ်လိုလဲ“လို့ ပါးစပ်နဲ့တော့ မေးလိုက်ပါရဲ့ ၊ ကလေးတွေ ဘာပြန်ဖြေကြားတာကို ကောင်းကောင်း နားမထောင်တော့ပဲ လုပ်စရာရှိတာကို ဆက်လုပ်ခြင်း၊ ဖုန်းဆော့နေခြင်း၊ တီဗွီကြည့်နေခြင်းများဖြင့် အာရုံလွှဲသွားပါတယ်။
သတိပေးချက်။ ။ ကျွန်တော်တို့ရဲ့ အပြုအမူများဟာ ကလေးများရဲ့ ဖြေကြားမူကို စိတ်မ၀င်စားဘူးလို့ အထင်ရောက်သွားစေပါတယ်။ ကလေးများရဲ့ ဖြေကြားမူကို အလေးအနက်မထားသလို ကလေးများကိုလည်း အလေးအနက်မထားဘူလို့ ကလေးများရဲ့ နုနယ်တဲ့စိတ်ထဲမှာ ခံစားသွားစေတတ်ပါတယ်။

အကျင့်ဆိုး ၅။ အပြစ်ဝန်မခံခြင်း
===================
တစ်ခုခုကြောင့် ကလေးများကို အပြစ်ပေးတဲ့အခါ အထင်မှားသွားတာပဲဖြစ်ဖြစ်။ တစ်ခုခုကိုလွန်ကျူးစွာ ဝေဖန်အပြစ်ပေးမိတာပဲ ဖြစ်ဖြစ်၊ လုပ်တဲ့အပြစ်ထက် အရေးယူတာ များသွားတဲ့ အခါပဲ ဖြစ်ဖြစ် ကျွန်တော်တို့ဟာ မိဘဆိုတဲ့ ဂုဏ်အရှိန်ကြောင့် ကလေးများဆီမှာ အပြစ်မ၀န်ခံတတ်ပါ။
သတိပေးချက်။ ။ ကျွန်တော်တို့ကိုယ်တိုင်က အပြစ်ကို မ၀န်ခံမှတော့ ကလေးကို စိတ်ရောကိုယ်ပါ အပြစ်ဝန်ခံ ခိုင်းဖို့ မမျော်လင့်ပါနဲ့တော့။

အကျင့်ဆိုး ၆။ အပြစ်တင်ခြင်း
==================
ဥပမာ၊ အလိုမကျတဲ့ ကိစ္စတစ်ခုခုကြောင့် အသိမိတ်ဆွေတစ်ဦးဦးကို သားသမီးရှေ့ မရှောင် ဝေဖန်ပြောဆိုတာမျိုး၊ ကျောင်းက ဆရာမကို သဘောမကျလို့ သားသမီးရှေ့မှာ အဲဒီဆရာမ ဘယ်လိုညံ့တယ်ဆိုတာ အပြစ်တင်မိတာမျိုးကို ဆိုလိုပါတယ်။
သတိပေးချက်။ ။ အလိုမကျတိုင်း အပြုသဘောဘက်ကနေ မချဉ်းကပ်ပဲ အပြစ်တင် ငြီးငြူတဲ့ အကျင့်ကို သားသမီးဆီသို့ ကူးစက်သွားစေပါတယ်။ သားသမီးရှေ့ မှာ ပညာရေးမကောင်းကြောင်း၊ ကျောင်းမကောင်းကြောင်း၊ ဆရာဆရာမ မကောင်းကြောင်း အပြစ်တင်မိရင် ကလေးက အဟုတ်ထင်သွားပြီး ကျောင်းကိုရော၊ ဆရာမကိုပါ အထင်သေးသွားတဲ့ အတွက် သင်ပေးသမျ ပညာ အရ မယူနိုင်တော့ပါ။

အကျင့်ဆိုး ၇။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို မလိုက်နာခြင်း
======================================
ကလေးကို ကားပေါ်တင်ပြီး မီးနီဖြတ်မောင်းမိတာမျိုး၊ ကလေးကို ဆိုင်ကယ်မှာတင်ပြီး ဆိုင်ကယ်ဦးထုတ် မပါတော့ ယာဉ်ထိန်းရဲ ကို ပတ်ရှောင်မောင်းတာမျိုးကိုဆိုလိုပါတယ်။
သတိပေးချက်။ ။ ယာဉ်စည်းကမ်းဆိုတာ ယာဉ်ထိန်းရဲရှေ့ မှာသာ လိုက်နာဖို့လိုတယ်။ ဥပဒေဆိုတာ လက်တစ်လုံးခြား လှည့်စားလို့ရတယ် ဆိုတဲ့ အသိမျိုး ကလေးကို စံပြလုပ်သလို ဖြစ်သွားစေပါတယ်။

အကျင့်ဆိုး ၈။ ရန်ဖြစ်လွယ်ခြင်း
===================
ရှော့ပင်းမောတစ်ခုမှာ ပိုက်ဆံရှင်းဖို့ ကလေးနဲ့အတူ တန်းစီနေပါတယ်။ လူတစ်ယောက် က တန်းစီတဲ့ကြားထဲကို ဖြတ်ဝင်လာပါတယ်။ သင်က မဟုတ်မခံစိတ်ရှိတော့ သူ့ကိုသွားဆဲမိတယ်။ အဲဒါနဲ့ ရန်ဖြစ်ကြရော။
သတိပေးချက်။ ။ မကျေမနပ်မူတိုင်းကို ရန်ဖြစ်ခြင်းဖြင့် ဖြေရှင်းရမယ်ဆိုတာကို ကလေးယုံကြည်သွားစေပါတယ်။

အကျင့်ဆိုး ၉ ။ မုသားစကားပြောတတ်ခြင်း
==========================
မိဘလုပ်သူက သားသမီးနဲ့အတူ ခရီးသွားစရာ အကြောင်းပေါ်လာတယ်။ ကျောင်းကို ခွင့်တိုင်ပေးရမယ်။ သွားလည်မယ်လို့ ပြောရင် ကျောင်းကခွင့်မပြုမှာစိုးရိမ်တယ်။ အဲဒါနဲ့ သားသမီးရှေ့ မှာပဲ ကျောင်းကို ဖုန်းဆက်လိုက်ပါတယ်။ သားသမီးက နေမကောင်လို့ ခွင့်တိုင်တယ်ပေါ့။ ကျောင်းကလည်း ယုံယုံကြည်ကြည်နဲ့ ခွင့်ပေးလိုက်တယ်။
သတိပေးချက်။ ။ အဆင်ပြေဖို့ဆိုရင် လိမ်လို့ရတယ် ဆိုတဲ့သဘောမျိုး သားသမီးကို ညွန်ပြလိုက်သလိုပါ။

အကျင့်ဆိုး ၁၀။ အိမ်ထောင်ဘက်ရဲ့ မကောင်းကြောင်းကိုပြောကြားခြင်း
==========================================
လင်မယား ( ၂ ) ယောက် မတည့်ကြဘူး၊ အိမ်ထောင်သက်ကြာလာတာနဲ့အမျှ သည်းမခံနိုင်မူက များများလာတယ်။ အဲဒါနဲ့ သားသမီးရှေ့ မှာ “ မင်းတို့အတွက်သာ မဟုတ်ဘူးဆိုရင် မင်းအဖေနဲ့ ကွဲတာကြာလှပြီ” “ မင်းအဖေကိုသာ အားကိုးကြည့်ရင်လား၊ မင်းတို့ ဒီလိုနေရမှာမဟုတ်ဘူး” “ မင်းတို့အမေက သူ့အမျိုးပဲသူသိတယ်၊ ဒီအိမ်ကို သိပ်စိတ်ဝင်စားတာ မဟုတ်ဘူး” စသည်ဖြင့် ပြောကြားမိကြပါတယ်။
သတိပေးချက်။ ။ သာယာတဲ့အိမ်ထောင်ရှိမှ အကောင်းမြင်တတ်တဲ့ သားသမီးများကို ပျိုးထောင်နိုင်မှာ ဖြစ်ပါတယ်။ အဖေနဲ့ အမေကြားမှာ ဘယ်သူမှန်သလဲ၊ ဘယ်သူမှားသလဲ ရပ်တည်မူ ရှာဖွေနေရတဲ့ သားသမီးများအဖို့ နောင်သူတို့ အိမ်ထောင်ရေး အမြင်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

အကျင့်ဆိုး ၁၁။ လူကြီးသူမကို မရိုသေခြင်း
===========================
ကိုယ့်မိဘကိုတော့ လုပ်ကြွေးချင်ပါတယ်။ ယော့က္ခမကိုတော့ သိပ်မကြည်လင်တာနဲ့ သားသမီးရှေ့မှာ တစ်ဖျစ်တောက်တောက် ငြီးငြူ မိတယ်။
သတိပေးချက်။ ။ ကိုယ်က ကိုယ့်သားသမီးများရဲ့ စံပြ ဖြစ်ပါတယ်။ ကိုယ်မှ ကိုယ့်မိဘကို အဲလိုဆက်ဆံရင် နောင်ကိုယ်အသက်ကြီးလာရင် ဒီလိုပဲ ဆက်ဆံခံရမှာပဲ။

အကျင့်ဆိုး ၁၂။ အပြောနဲ့ အလုပ် မကိုက်ညီခြင်း
=============================
သားသမီးကို ယဉ်ကျေးလိမ်မာဖို့ အမြဲ ဆုံးမတယ်။ ကိုယ်ကတော့ ကားမောင်းရင်းနဲ့ လမ်းမရှောင်မိတဲ့ဆိုင်ကယ်သမားကို “ ခွေးမသား၊ သေချင်ပြီထင်တယ်” လို့ ဆဲဆိုမိတယ်။ ကလေးကို ငါးပါးသီလစောင့်ဖို့ တိုက်တွန်းတယ်၊ ကိုယ်ကျတော့ အပေါင်းအသင်းတွေနဲ့ အရက်ခဏခဏ သောက်ဖြစ်တယ်။ ကလေးတွေက မေးလာရင် “ ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” တဲ့၊
သတိပေးချက်။ ။ မိဘကိုယ်တိုင် အပြောတစ်မျိုး အလုပ်တစ်မျိုး ဆိုရင်တော့ သစ္စာရှိတဲ့ ဂတိတည်တဲ့ သားသမီးကို ဘယ်တော့မှ မွေးထုတ်နိုင်တော့မှာ မဟုတ်ပါ။

အကျင့်ဆိုး ၁၃။ အပြိုင်အဆိုင်
==================
သားသမီးကို အမြဲပြောဆိုမိတဲ့စကားက “ ဘယ်သူဆိုရင် ဘယ်လောက်တော်တယ်၊ မင်းထက် အများကြီးသာတယ်။”
သတိပေးချက်။ ။ အခြားကလေးနဲ့ အမြဲနိုင်းယှဉ်ပြတယ်။ ကလေးကြီးလာရင် ဘာမဆိုသူများနဲ့ တိုင်းတာတတ်တဲ့ အကျင့်ရသွားစေပါတယ်။ ဘ၀ပျော်ရွှင်မူ အစစ် ရှာမတွေ့တော့ပါ။

အကျင့်ဆိုး ၁၄။ မကျေမနပ်မူ များပြားခြင်း
=========================
ခေတ်ကို မကျေနပ်ဘူး၊ အစိုးရကို မကျေနပ်ဘူး၊ ဟိုအုပ်စုကို မကျေနပ်ဘူး။ အဲဒီ မကျေနပ်မူ၊ စိတ်မညီမျမူတွေကို မျက်နာမှာလည်း အမူအယာနဲ့တင်ထားတယ်၊ ပါးစပ်မှာလည်း အမြဲဆဲဆိုနေတတ်တယ်။
သတိပေးချက်။ ။ စိတ်မညီမျမူ ရှိတိုင်း၊ မကျေမနပ်မူ ရှိတိုင်း သူများကိုချည်းချည်း အပြစ်ဖို့ တတ်တဲ့ အကျင့်ရရှိသွားစေပါတယ်။

ဆက်ရေးမယ်ဆိုရင် အချက်တွေ အများကြီးရှိပါသေးတယ်။ အဓိက ဆိုလိုချင်တာက မိဘဆိုတာ သားသမီးများရဲ့ စံပြဖြစ်တယ်။ ကိုယ်ပြောဆိုပြုမူသလို သားသမီးများကလည်း အတုယူပြီး လိုက်လုပ်လာကြမယ်ဆိုတာကို သတိရနေဖို့ လိုပါတယ်။ ကျွန်တော်အပါအ၀င် မိဘများအားလုံး ဆင်ခြင်နိုင်ဖို့ပါ။

Ref: we chat
Credit to Sayar Aung Ko Latt

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။