ပျက်လုံးဟောင်းကြီးများ
+++++++++++++++
တစ်ခါက ရွာတစ်ရွာမှာ ပညာရှိ ဂုရုတစ်ဆူ ရှိပါသတဲ့။ ရွာသူရွာသားများဟာ ကိစ္စတစ်စုံတစ်ရာကြုံလာတိုင်း ဂုရုကြီးဆီကို လာရောက်ပြီး တိုင်ပင်နှီးနှော အကြံ ဥာဏ်ယူလေ့ရှိတယ်။
တစ်ခါတော့ ရွာသူရွာသားများဟာ စိုက်ပျိုးသီးနှံအထွက်နည်းတဲ့ပြဿနာ
တစ်ခုကြုံလာပါသတဲ့။ အဲဒီအခါ သူတို့ဟာ တစ်ယောက်လာလိုက် ဂုရုကြီးဆီကို
အဲဒီပြဿနာအကြောင်း ပြောလိုက်၊ နောက်တစ်ယောက် ထပ်ရောက်လာလိုက်
အဲဒီပြဿနာကိုပဲ ထပ်ပြောလိုက်နဲ့ တစ်ခုတည်းသော ပြဿနာကိုသာ ထပ်ခါတစ်လည်းလည်း ညဉ်းညူ ပြောကြားကြသတဲ့..။
အဲဒီပြဿနာကို ကြားပေမယ့်လည်း ဂုရုကြီးဟာ တစ်စုံတစ်ရာမှ ပြန်လည်ပြောကြားခြင်းမရှိဘဲ နေခဲ့ပါသတဲ့..။
တစ်ခဏကြာတဲ့အခါမှာတော့ အင်မတန် ဟာသမြောက်လှတဲ့ ရယ်စရာ ပုံပြင်တစ်ပုဒ်ကို
ရွာသူရွာသားတွေကို ပြောပြခဲ့တယ်။ ဂုရုကြီးရဲ့ပုံပြင်အဆုံးမှာ တော့ ရွာသူရွာသားတွေဟာ တဟားဟားနဲ့ ကြယ်လောင်စွာ ရယ်မောကြတယ်။
အဲဒီလိုနဲ့ ကွမ်းတစ်ရာညက်လောက်ကြာတဲ့အခါမှာလည်း
ဂုရုကြီးဟာ မူလပြောပြီးသား ဟာသပုံပြင်ကိုပဲ နောက်ထပ်တစ်ခေါက်
ထပ်မံပြောပြန်သတဲ့..။ အဲဒီအခါမှာတော့ ရွာသားတစ်ချို့တစ်လေသာ ပြုံးကြပြီး
ကျန်တဲ့သူတွေကတော့ ရယ်မောခြင်းမရှိဘဲ ဖြစ်နေကြပြန်တယ်။
နောင်တခဏအကြာမှာလည်း ဂုရုကြီးဟာ မူလပြောပြီးသားဟာသပုံပြင်ကိုပါ
နောက်ထပ်တစ်ခေါက် ထပ်မံပြီး ပြောပြန်တယ်..။ အဲဒီအခါမှာတော့ ရွာသူရွာသား
တစ်ဦးတစ်လေကမှ ရယ်မောခြင်းမရှိကြတော့ဘဲ ရွာသားတစ်ယောက်က ခုလိုပြောခဲ့တယ်
" ဂုရု ကြီးခင်ဗျား..။ ပုံပြင်ကတော့ ရယ်စရာကောင်းပါတယ်..။ ဟာသလည်းအင်မတန်မြောက်ပါပေတယ်။ ဒါပေမယ့် ဒါကိုချည်းထပ်ချည်းတလည်းလည်းပြောနေတော့ ဘယ်ရယ်စရာကောင်းတော့မှာတုန်း"
အဲဒီစကားကိုကြားတဲ့အခါ ဂုရုကြီးက ဒီလိုပြန်ပြောခဲ့တယ်
"ပျက်လုံးတစ်ခုကို ထပ်ခါထပ်ခါကြားဖန်များတဲ့အခါ ရယ်စရာမကောင်းတော့သလို၊ မင်းတို့ ညဉ်းညူတဲ့ စကားတွေကိုချည်းပဲ ထပ်ခါထပ်ခါ ကြားလာရတဲ့အခါမှာလည်း.. ငါ့အတွက် မထူးခြားတော့ဘူးလေ"
ဒီပုံပြင်လေးက ကျွန်တော်တို့ကိုပြောပြထားတာတွေရှိတယ်..။
ကျွန်တော်တို့ဟာ တစ်ကယ်တော့ ရွာသားလိုလူတွေ ဖြစ်နေတတ်ကြပြန်တယ်။
အလုပ်ခွင်ရဲ့ အခက်အခဲတိုင်းမှာ ညဉ်းညူစကားတွေကိုချည်း
ထပ်ခါထပ်ခါပြောကြားရင်း.. ညံ့ဖျဉ်းသူအဖြစ် မိမိကိုယ်ကို
တွန်းပို့နေတတ်ကြသူတွေပဲဖြစ်တယ်။ ဟာသပျက်လုံးဟာ ကြားရဖန်များလာတဲ့အခါ ရယ်စရာ မကောင်းတော့သလို.မိမိရဲ့အခက်အခဲကို မဖြေရှင်းနိုင်တော့တဲ့အခိုက်အတန့်မှာ ညဉ်းညူးခြင်းဟာ ပြဿနာ မဟုတ်တော့ပေမယ့်.. အချိန်တိုင်းညဉ်းညူခြင်းကတော့ မိမိကိုညံ့ဖျဉ်းသောသူအဖြစ်၊ ညဉ်းညူတတ်သော အရည်အချင်း မရှိသူအဖြစ် ပတ်ဝန်းကျင်၊ လုပ်ဖော်ကိုင်ဖက်တွေက ထင်မြင်စေနိုင်တာကို သတိပြုသင့်လှတယ်..။
အမြဲတမ်းညဉ်းညူခြင်းဟာ မိမိကို အထင်သေးစရာအကြောင်း ဖြစ်စေနိုင်တာကို ဆင်ခြင်သင့်တယ်လို့ ဆိုလိုတာပဲဖြစ်တယ်။ "ဒီလူဟာ အမြဲတမ်းညဉ်းညူတတ်တဲ့လူပဲ.. " "အလကားပါကွာ..အလုပ်မလုပ်ရသေးဘူး ညဉ်းနေတာကအရင်" ဆိုတဲ့ မှတ်ချက်စကားတွေဟာ ကိုယ့်ရဲ့ Icon တစ်ခု ဖြစ်မှန်းမသိ ဖြစ်လာတတ်တယ်လို့ဆိုတယ်။
Complaining never makes anything better. If you cannot be positive, then at least be quiet.
ဆိုတဲ့စကားလို ညဉ်းညူဆင်ခြေတက်ခြင်းဟာ ဘယ်အရာကိုမှ ပိုပြီးကောင်းလာနိုင်စေမှာမ ဟုတ်ဘူး၊ တကယ်လို့ မကောင်းဘူးလို့ထင်ရင်တောင်မှ၊ ဆိတ်ဆိတ်နေခြင်းဟာ ပိုပြီးကောင်းပါတယ်။ လို့ဆိုလိုတာပဲဖြစ်တယ်..။
ညဉ်းညူနေရုံမျှနဲ့ ကိုယ့်ရဲ့အခက်အခဲဟာ မပြေလည်တဲ့အပြင် ကိုယ့်အတွက် ဆိုးကျိုးတွေကိုသာ ဖြစ်စေတယ်လို့ ဆိုတယ်..။ တကယ်တော့ အမြဲတမ်းညဉ်းညူနေတဲ့သူတွေဟာ ပျက်လုံးဟောင်းကြီးတွေလိုပဲ လူတွေကြားထဲမှာ ရေပန်းမစားတော့ပဲ အောက်ကျ နောက်ကျ ဖြစ်လာမှာတော့ အသေအချာပဲဖြစ်တယ်..။
မညဉ်းမညူပဲ ဇွဲသတ္တိရှိသူများ ဖြစ်ကြပါစေ
(ဖြိုးသုတ)
+++++++++++++++
တစ်ခါက ရွာတစ်ရွာမှာ ပညာရှိ ဂုရုတစ်ဆူ ရှိပါသတဲ့။ ရွာသူရွာသားများဟာ ကိစ္စတစ်စုံတစ်ရာကြုံလာတိုင်
တစ်ခါတော့ ရွာသူရွာသားများဟာ စိုက်ပျိုးသီးနှံအထွက်နည်းတ
အဲဒီပြဿနာကို ကြားပေမယ့်လည်း ဂုရုကြီးဟာ တစ်စုံတစ်ရာမှ ပြန်လည်ပြောကြားခြင်းမရှိဘဲ
အဲဒီလိုနဲ့ ကွမ်းတစ်ရာညက်လောက်ကြာတဲ့အခ
နောင်တခဏအကြာမှာလည်း ဂုရုကြီးဟာ မူလပြောပြီးသားဟာသပုံပြင်ကိ
" ဂုရု ကြီးခင်ဗျား..။ ပုံပြင်ကတော့ ရယ်စရာကောင်းပါတယ်..။ ဟာသလည်းအင်မတန်မြောက်ပါပေတယ
အဲဒီစကားကိုကြားတဲ့အခါ ဂုရုကြီးက ဒီလိုပြန်ပြောခဲ့တယ်
"ပျက်လုံးတစ်ခုကို ထပ်ခါထပ်ခါကြားဖန်များတဲ့အခ
ဒီပုံပြင်လေးက ကျွန်တော်တို့ကိုပြောပြထားတ
အမြဲတမ်းညဉ်းညူခြင်းဟာ မိမိကို အထင်သေးစရာအကြောင်း ဖြစ်စေနိုင်တာကို ဆင်ခြင်သင့်တယ်လို့ ဆိုလိုတာပဲဖြစ်တယ်။ "ဒီလူဟာ အမြဲတမ်းညဉ်းညူတတ်တဲ့လူပဲ..
Complaining never makes anything better. If you cannot be positive, then at least be quiet.
ဆိုတဲ့စကားလို ညဉ်းညူဆင်ခြေတက်ခြင်းဟာ ဘယ်အရာကိုမှ ပိုပြီးကောင်းလာနိုင်စေမှာမ
ညဉ်းညူနေရုံမျှနဲ့ ကိုယ့်ရဲ့အခက်အခဲဟာ မပြေလည်တဲ့အပြင် ကိုယ့်အတွက် ဆိုးကျိုးတွေကိုသာ ဖြစ်စေတယ်လို့ ဆိုတယ်..။ တကယ်တော့ အမြဲတမ်းညဉ်းညူနေတဲ့သူတွေဟာ
မညဉ်းမညူပဲ ဇွဲသတ္တိရှိသူများ ဖြစ်ကြပါစေ
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။