Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, April 28, 2016

နိုင်ငံခြားမဂ္ဂဇင်းတွေက ပုံတွေကို အတုခိုးလိုက်ရိုက်ရင်း ဘော်ဒီအသားပေးပုံတွေ တင်ဖြစ်သွားတာပါလို့ဆိုလာတဲ့ ရွှေရေးထင်ထင်

 
အွန်လိုင်းပေါ်မှာ ဘော်ဒီအသားပေး ပုံလေးတွေကတစ်ဆင့် အွန်လိုင်းပရိသတ် အခိုင်အမာရရှိခဲ့သူကတော့ ရွှေရေးထင်ထင်ပဲဖြစ်ပါတယ်။ အဆိုပါပုံလေးတွေမှတစ်ဆင့် စာရေးဆရာမတစ်ယောက်ဆိုတာကို သိရှိလက်ခံခဲ့ကြပြီး လက်ရှိမှာ စာရေးတာအပြင် ဇာတ်ညွှန်းရေးသူတစ်ယောက်အနေနဲ့ရော သရုပ်ဆောင်အလုပ်ကိုပါ လုပ်နေပြီဖြစ်တဲ့ ရွှေရေးထင်ထင်နဲ့တွေ့ဆုံခိုက်မှာ 
 
-ဒီနေ့ရိုက်တဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။
 
ကားနာမည်က ချစ်သူအလိုရှိသည်တဲ့။ ရွှေရေး ခေါင်းဆောင်မင်းသမီးအနေနဲ့စရိုက်တဲ့ ဒုတိယကားပေါ့။ ဒါရိုက်တာဦးသိန်းဟန် (ဖီးနစ်) ဇာတ်လမ်းဇာတ်ညွှန်းရွှေရေးပါ။ ဟာသဇာတ်လေးပါပဲ။ အဓိကက အစ်ကိုတစ်ယောက်ရဲ့ မေတ္တာကိုရိုက်ကူးထားတဲ့ကားလေးပါ။ မင်းသားတွေက ကိုရဲအောင်၊ကိုဇေရဲထက်၊ ကိုကောင်းဆက်ထူးပေါ့။ ပထမကားကလဲ ဖီးနစ်ထုတ်လုပ်ရေးအတွက်ပဲ ရိုက်ကူးတယ်။ အိမ်မပိုင်တဲ့ဂေါ်လီ ဆိုတဲ့ဇာတ်ကားပါ။ အဲ့ဒီကားမှာ ကိုခန့်ရယ်၊ ရွှေရေးရယ်၊ ရွှေသမီးရယ်ပါဝင်ပါတယ်။ အဲ့ဒါက အိမ်ထောင်ရေးဒရာမာ ဟာသပုံစံလေးပေါ့။ 
 
-ရွှေရေးအနေနဲ့ သရုပ်ဆောင်အလုပ်ကို ဘယ်လိုကနေဘယ်လိုစလုပ်ဖြစ်တာလဲ။
 
အစကတည်းကရွှေရေးက လုံးချင်းဝတ္ထုတွေ မထုတ်ခင်ကတည်းက ဇာတ်ညွှန်းတွေကို ဒါရိုက်တာတွေဆီမှာပြဖူးတယ်။ ကိုဝိုင်းအပါအ၀င် အခြားဒါရိုက်တာတွေကိုလဲပြဖြစ်တယ်။ အသုံးပြုရွေးချယ်ခံရခြင်း သာမရှိတာ ဒီအသိုင်းအ၀ိုင်းနဲ့က နီးစပ်တယ်လို့ပြောလို့ရတယ်။ နောက်ဦးသိန်းဟန်တို့နဲ့ကလဲ သိတာကြာပြီဆိုတော့ ဇာတ်လမ်းဇာတ်ညွှန်းတွေပြတယ်။ ရိုက်ဖြစ်ကြတယ်။ အဲ့ဒီကနေမှတစ်ဆင့်ရွှေရေးသရုပ်ဆောင် လုပ်ဖို့ဒီနယ်ထဲဝင်တဲ့အချိန်မှာ အန်ကယ်ဦးသန်းဟန် ( ဖီးနစ်) နဲ့အန်တီသဇင်ထူးကနေပြီး မြေတောင်မြှောက်ပေးတာပေါ့။ 
 
-အခုဆိုကားပါရိုက်နေပြီဆိုတော့ စာရေးတာနဲ့ကားရိုက်တာကို ဘယ်လိုလေး ခွဲခြားလုပ်သွားမလဲ။
 
နှစ်ခုလုံးလုပ်ဖြစ်မှာပါ။ ရွှေရေးရဲ့ အဓိကအလုပ်က စာရေးတဲ့ အလုပ်ဆိုတော့လေ။ ရွှေရေးအခု ပထမလုံးချင်း ၀တ္ထု ရွှေကြာဖူးသဲ ထွက်ပြီးပြီ။ အဲ့ဒါကိုလဲ ဇာတ်လမ်းတွဲအနေနဲ့ ပုံဖော်ရိုက်ကူးတော့မယ်။ နောက် ဒုတိယက ကလေးပုံပြင်စာအုပ်ထွက်မယ်။ ပြီးရင် တတိယစာအုပ်အနေနဲ့ ရွှေရေးရေးနေကျ အချစ်၊ ရိုမန့်စ် ပါ ပါဝင်တဲ့ လျှို့ဝှက်သဲဖိုလုံးချင်း ထပ်ထွက်မယ်။ အဲ့ဒါပြီးရင်နောက်ထပ်စာအုပ်တွေ ဆက်တိုက်ထွက်ဖို့ရှိပါတယ်။ ဇာတ်ညွှန်းကိုလဲ ဆက်တိုက်အဆက် မပြတ်ရေးဖြစ်တယ်။ မဂ္ဂဇင်းတွေကိုပို့နေကျတွေလဲ ပုံမှန်အတိုင်းပို့ဖြစ်ပါတယ်။ 
 
-ရွှေရေးကို ဓာတ်ပုံတွေကတစ်ဆင့် လူပိုသိခဲ့ရတယ်။ နောက် စာရေးဆရာမဆိုပြီး လက်ခံခဲ့ကြတယ်။ အခုဆိုကားပါရိုက်နေပြီဆိုတော့ အွန်လိုင်းပရိသတ်ရဲ့ အားပေးမှုက ဘယ်လိုရှိလဲ။
 
ပထမက သရုပ်ဆောင်လုပ်ဖို့ရွှေရေးစိတ်ကူးမရှိဘူး။ စာရေးတာနဲ့ပဲ သွားမယ်ဆိုပြီးဆုံးဖြတ်ထားတယ်။ ရွှေရေးကို မေးတဲ့အခါမှာလဲ သရုပ်ဆောင်မလုပ်ပါဘူးလို့တိတိပပပြောထားတယ်။ ဒါပေမဲ့ဘယ်ကနေ ဘယ်လိုစမှန်းမသိဘူး။ ရွှေရေး သရုပ်ဆောင်နေပြီဆိုတဲ့ ကောလဟလတွေထွက်လာတယ်။ ရွှေရေးက ပရိသတ်တွေက စာအုပ်ကိုလဲမျှော်သလို ဇာတ်ကားတွေဘယ်တော့ထွက်မှာလဲဆိုပြီးမေးလာကြတယ်။ အဲ့ဒါနဲ့ရွှေရေးဇာတ်ကားရိုက်နေတာမဟုတ်ပါဘူးလို့ပြန်ဖြေရတယ်။ အဲ့ဒီမှာ ပရိသတ်တွေကကျွန်တော်တို့က ဇာတ်ကားရိုက်နေပြီဆိုလို့ဇာတ်ကားကိုမျှော်နေတာ ဆိုတဲ့စကားသံတွေအမြဲကြားနေရတဲ့အတွက်ရွှေရေးမရိုက်ပေမဲ့လဲ ရိုက်နေတယ်လို့ထင်နေကြတယ်။ အဲ့ဒါကြောင့် ဒုတိယခြေလှမ်းလှမ်းကြည့်မယ်ဆိုပြီး လှမ်းဖြစ်ခဲ့တာပါ။ 
 
-ဘာအတွေ့အကြုံမှမရှိပဲ ခေါင်းဆောင်မင်းသမီးအနေနဲ့ စရိုက်ရတဲ့ ခံစားမှုကိုလဲသိချင်ပါတယ်။ 
 
ပထမဦးဆုံးအနေနဲ့စိုးရိမ်မိတယ်။ ဒါရိုက်တာညွှန်ကြားတဲ့အတိုင်းဘောင်ဝင်အောင် အတိအကျ လုပ်နိုင်မလား။ ကိုယ့်ကြောင့် အချိန်နှောင့်နှေးပြီး ရိုက်ရက်တွေကြန့်ကြာကုန်မလား။ ကိုယ်နဲ့တွဲပြီး အလုပ်လုပ်တဲ့မင်းသားတွေ၊ ကိုယ့်ကိုညွှန်ကြားနေတဲ့ ဒါရိုက်တာတွေ၊ စက်အဖွဲ့သားတွေအားလုံးက ကိုယ်အလုပ်လုပ်တာ မဟုတ်တဲ့အတွက်ကြောင့် လုပ်ငန်းခွင်မှာပါ နှောင်းနှေးကုန်မလားလို့စိတ်ပူမိတယ်။ တကယ်တမ်းလူတွေအများကြီးနဲ့တွဲရိုက်ရတဲ့အချိန်မှာ အရမ်းဝမ်းသာပြီးစိတ်လှုပ်ရှားမိတယ်။ 
 
-အခုရွှေရေးကားရိုက်နေတဲ့ အချိန် အွန်လိုင်းပေါ်ကိုပုံလေးတွေတက်လာတယ်။ အဲ့ဒါကိုပရိသတ်တွေက ရွှေရေးနဲ့ဇေရဲထက်တို့တွေ့ကြပြီဆိုပြီး Share ကြတာမျိုးတွေရှိတယ်။ အဲ့ဒီအပေါ် ရွှေရေးရဲ့ အမြင်လေးကိုလဲသိချင်ပါတယ်။ 
 
ဘယ်လိုမှမမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အနုပညာလောကရဲ့သဘောတရားကိုရွှေရေးနားလည်တယ်။ အနုပညာလောကဆိုတာ လူအများ အာရုံစိုက်ကြတဲ့လောကဖြစ်တယ်။ မင်းသားနဲ့မင်းသမီးတစ်ခုခုဆို သူတို့အရမ်းအာရုံစိုက်ကြတယ်။ ဒါပေမဲ့ ရွှေရေးတို့က သဏ္ဍာန်လုပ် သရုပ်တူအောင်လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက် ရွှေရေးတို့က ကင်မရာဘောင်ထဲမှာသာ မင်းသား မင်းသမီးနှစ်ယောက်ထဲပေါ်တာ ပြင်ပမှာကတော့ စက်အဖွဲ့သားတွေ၊ မိတ်ကပ်ဆံပင်၊ ဒါရိုက်တာတွေ ဆိုတော့ လူအများကြီးနဲ့နေနေရတဲ့ လုပ်ငန်းခွင်မှာ လုပ်နေရတာဆိုတဲ့အတွက်ပြင်ပလူတွေကတော့ ဒီလုပ်ငန်းသဘောကို နားလည်ချင်မှနားလည်လိမ့်မယ်။ အဲ့ဒါကြောင့်လုပ်ငန်းခွင်သဘောကိုနားမလည်တဲ့အတွက်ပြောကြဆိုကြတာမျိုးနေမှာပါ။ ရွှေရေးတို့ကတော့ ကိုယ်တာဝန်ယူထားတဲ့ လုပ်ငန်းကိစ္စကိုအဆင်ပြေပြေချောချောမွေ့မွေ့နဲ့ အကောင်းဆုံးကြိုးစားပြီးလုပ်ကိုင်ကြမယ်ဆိုတဲ့စိတ်နဲ့ပဲသွားနေတာပါ။ 
 
-ရွှေရေးကို ကြိုက်လို့ သဘောကျတဲ့လူတွေလဲရှိမယ်။ မကြိုက်လို့ဝေဖန်တဲ့သူတွေလဲရှိတော့ ဒီလိုကောလာဟလတွေနဲ့ကိုယ်ကိုတိုင်ကရော အသားကျမယ်လို့ထင်မိလား။ 
 
ရွှေရေးအနေနဲ့တော့ အလုပ်ကိုပဲ အာရုံစိုက်မိတယ်။ ပြင်ပကဝေဖန်မှုတွေကိုသိပ်ပြီးအာရုံမစိုက်မိဘူး။  ဘာကြောင့်လဲဆိုတော့ သူတို့ဝေဖန်နေကြတယ်ဆိုတာ အကြောင်းအမျိုးမျိုးရှိမယ်။ တစ်အချက်က သူတို့သိပ်အလုပ်အားနေလို့၊ လုပ်စရာမရှိလို့တခြားပြင်ပက လူတွေအပေါ်မှာ အာရုံစိုက်မိပြီးတော့ ဒီတစ်ယောက် မဟုတ်ရင်နောက်တစ်ယောက်ကိုပြောမယ်။ တစ်ဦးမဟုတ်တစ်ဦးကို တော့ ပစ်မှတ်ထားပြီးပြောနေကြမှာပဲ။ ဒါဟာသူတို့အလုပ်အားနေလို့ ပြောနေကြတာဖြစ်ပါလိမ့်မယ်။ နှစ်အချက်ကတော့ မနာလိုလို့တိုက်ခိုက်ချင်တာလို့ယူဆတယ်။ အဲ့ဒီလိုလူတွေရဲ့စိတ်ဓာတ်ကတော့သိပ်ကိုအောက်ကျလွန်းသွားပြီ။ အဲ့ဒါတွေကို ရွှေရေးကအချိန်ပေးပြီးခေါင်းစားနေတာမရှိဘူး။ သူတို့တိုက်ခိုက်တဲ့စကားတွေရှိလာလေ ရွှေရေးအတွက်ခွန်အားဖြစ်လာလေပဲ။ ပိုတိုက်ခိုက်လေ ပိုခွန်အားဖြစ်လေပါပဲ။
 
-ရွှေရေးကိုဆို ပုံတင်ရင် မကြိုက်ကြတာက ခန္ဒာကိုယ်အသားပေးတဲ့ပုံတွေပေါ့။ အဲ့ဒီပုံတွေတင်ရတဲ့ ရည်ရွယ်ချက်ကိုလဲသိချင်ပါတယ်။
 
ဒါကဒီလိုရှိပါတယ်။ ရွှေရေးစစချင်းတင်တဲ့ပုံတွေတော်တော်များများက ကိုယ့်အိမ်မှာကိုယ်ပြောင်နောက်ရင်း မဂ္ဂဇင်းမော်လ်ဒယ်တွေထဲကပုံတွေ အတုခိုးပြီးရိုက်လိုက်တဲ့ဟာတွေပေါ့။ အပျော်ရိုက်လိုက်တဲ့ ပုံတွေထဲကမှ ဒီပုံလေးကတော့ နိုင်ငံခြားက ဒီလိုပေးထားတဲ့ ပို့စ်လေးနဲ့တော်တော်တူပါလား။ ဒါလေးမိုက်သားပဲ။ ငါတင်လိုက်မယ်ဆိုတဲ့ သာမာန်အတွေးပဲရှိပါတယ်။ ကိုယ့်ပုံကိုယ့်ကြည့်တဲ့အခါမှာ သူများတွေ ဘယ်လိုမြင်လဲဆိုတဲ့ အမြင်မသိဘူး။ သူတို့မျက်လုံးထဲမှာတော့ ဘယ်လိုမြင်လဲမပြောတတ်ဘူး။ ရွှေရေးအမြင်ကတော့ ကိုယ့်ကိုကိုယ်ကြည့်နေကျဆိုတော့ ဒီပုံတော့လှသားပဲဆိုတဲ့ အတွေးပဲမြင်မိတယ်။ မိန်းကလေး တစ်ဦးတစ်ယောက်ဖြစ်တဲ့အတွက် အ၀တ်အစားပေါ်မှာလဲမူတည်တယ်။ Fitting လေးတွေ ၀တ်လိုက်ရင်တော့ ခန္ဒာကိုယ်ပေါ်တဲ့ပုံလေးတွေဖြစ်သွားမယ်။ အပွဝတ်ထားရင်တာ့ အပွဝတ်ထားတဲ့ပုံပေါ်မှာပေါ့။ ဒါကကြည့်တဲ့သူအပေါ်မှာပဲကွဲပြားသွားမယ်လို့ထင်ပါတယ်။ 
 
ခင်ဆွေသက်
Trend Myanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။