ဇွန်းရှည်များနှင့် ထမင်းစားခြင်း
++++++++++++++++
တစ်ခါက အသက်အရွယ်အိုမင်းလှပြီဖြစ်တဲ့ အဖွားအိုတစ်ဦးရှိပါသတဲ့..။ အဖွားအိုဟာ တစ်သက်တာလုံးမှာ စိတ်ထားဖြူစင်စွာနဲ့ သီလခိုင်မြဲစွာ နေထိုင်အသက်ရှင်ခဲ့သူဖြစ်တယ်။ အဲဒီလိုနဲ့ တစ်ရက်မှာတော့ အဖွားအိုဟာ သေအံ့မူးမူးအချိန်အခါကို ရောက်ရှိလာခဲ့ပါသတဲ့..
အဲဒီလို အဖွားအို သေအံ့မူးမူးဖြစ်နေဆဲအချိန်အ ခါမှာ..
ရုတ်တရက်ဆိုသလိုပဲ သေမင်းတမန်နတ်သားဟာ အဖွားအိုအနီးမှာ ဘွားခနဲ
ပေါ်လာပါသတဲ့..။ ပြီးတဲ့အခါ အဖွားအိုကို ကြင်နာစွာကြည့်ပြီး
ဒီလိုပြောခဲ့တယ်..
"အဘွား.. အဘွားဟာ တစ်သက်လုံးကောင်းမှုကုသိုလ်ေ တွနဲ့သာ ယဉ်ပါးခဲ့သူဖြစ်တယ်..။ ဒါကြောင့် အဖွား တမလွန်ကို မကူးပြောင်းခင်စပ်ကြားမှာ ဒီဘ၀အတွက် နောက်ဆုံးဖြစ်ချင်တဲ့ဆန္ဒကို ပြောပါ။ ဘာမဆို ကျွန်ုပ်ဖြည့်ဆည်းပေးပါ့မယ် "
အဲဒီစကားကိုကြားတဲ့အခါ အဖွားအိုက..
"ဒီလိုဆိုလည်း မောင်ရင်လေးရယ်..အဖွားကို ကောင်းကင်ဘုံနဲ့၊ ငရဲဘုံကို လိုက်ပြစမ်းပါတော်..၊ တရားထဲမှာသာ နာဘူးပေမယ့်. အပြင်မှာ မြင်ဖူးချင်လို့ပါ.." လို့ ပြန်ပြောလိုက်ပါသတဲ့..။
အဲဒီလိုနဲ့ သေမင်းတမန်နတ်သားဟာ အဘွားအိုကို ခေါ်ဆောင်ပြီး ငရဲဘုံကို ဦးစွာလာခဲ့ပါသတဲ့...
ငရဲဘုံကို အဖွားအိုရောက်တဲ့အခါ...သေမင်းတမန်နတ်သားဟာ
အဖွားအိုကို ခန်းမကြီးတစ်ခုကို ခေါ်ဆောင်လာခဲ့တယ်။ အဲဒီခန်းမကြီးမှာ
ကြီးမားတဲ့ စားပွဲရှည်ကြီးတစ်လုံးကို ချထားခဲ့တယ်။ အဲဒီစားပွဲပေါ်မှာတော့
အမျိုးမျိုးသော စားသောက်ဖွယ်ရာတွေ၊ အဖျော်ယမကာတွေနဲ့ပြည့်နှက်ေ နခဲ့တယ်။
စားပွဲပတ်ချာလည်မှာတော့ ပိန်လှီနေတဲ့ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး
အရွယ်စုံဟာ စားသောက်ဖို့အတွက် အငမ်းမရ ဖြစ်နေကြတာကိုတွေ့လိုက်ရတယ် ..။
ဒါပေမယ့်လည်း.. သူတို့ရဲ့လက်တွေနေရာမှာ လက်ချောင်းတွေအစား လူတစ်ရပ်လောက်
နီးနီး ရှည်လျားလှတဲ့ ဇွန်းတံတွေပေါက်နေကြတယ်..။ သူတို့တွေဟာ..
စားသောက်ဖွယ်ရာတွေကို ဇွန်းနဲ့ခပ်လို့ရပေမယ်.. ရှည်လျားလှတဲ့ဇွန်းကြောင့်
သူတို့ရဲ့ ပါးစပ်ကို ရောက်ရှိဖို့ မဖြစ်နိုင်ကိုလည်း
အဖွားအိုက.တွေ့လိုက်ရတယ်..။ လူတွေဟာ အစားအသောက်ကို မြင်နေရပေမယ့်.. ငတ်မွတ်ခြင်းနဲ့သာ အဆုံးသတ် ငိုညဉ်းနေကြပြန်တယ်..။
အဖွားအိုဟာ ငရဲဘုံရဲ့ ငတ်မွတ်ဆင်းရဲခြင်းကို မြင်တွေ့ပြီးတဲ့အခါ.. "ကောင်းကင်ဘုံကို လိုက်ပို့ပါတော့ သေမင်းတမန်နတ်သား" လို့ ပြောလိုက်တယ်..။ အဲဒီလိုနဲ့ သေမင်းတမန်နတ်သားဟာ အဖွားအိုကို ခေါ်ဆောင်ပြီး ကောင်းကင်ဘုံကို လိုက်လံပြသပြန်တယ်..။ အဖွားအိုက
"ကောင်းကင်ဘုံမှာတော့ ဇွန်းလက်တံတွေ ပေါက်မနေလောက်ပါဘူးနော်" လို့ မေးမြန်းခဲ့ပြန်တယ်..။
"ရောက်တဲ့အခါ ကြည့်လိုက်ပေါ့အဘွားရယ်" လို့သေမင်းတမန်နတ်သားက ပြန်ပြောခဲ့တယ်..။
အဲဒီလိုနဲ့ အဘွားအိုဟာ ကောင်းကင်ဘုံရဲ့ စားသောက်ခန်းမထဲကို ရောက်လာခဲ့ပြန်တယ်... ။ စားသောက်ခန်းထဲမှာလည်း.. ငရဲပြည်တုန်းကလိုပဲ ခမ်းနားတဲ့ ညစာစားပွဲကြီးခင်းကျင်းထာြး ပန်တယ်...။ သူတို့ဟာ လက်ချောင်းတွေရှိနေကြပေမယ့် လည်း ဇွန်းအရှည်ကြီးတွေကို ကိုင်ဆောင်ထားကြတယ်..။ ဒါပေမယ့် ခြားနားတာတစ်ခုကိုအဖွားအိုေ တွ့လိုက်ရပြန်တယ်။ အဲဒါကတော့ ဇွန်းလက်တံအရှည်ကြီးတွေ နဲ့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ခွံ့ကျွေးနေကြတာပဲဖြစ်တယ်။.. သူတို့ဟာ စားသောကရင်း၊ ရယ်မောရင်း၊ သီချင်းဆိုရင်း ပျော်ရွှင်ကြည်နူးနေကြတာပဲဖြ စ်တယ်..။ အဖွားအိုဟာ အဲဒီမြင်ကွင်းကို ကြည့်ရှုပြီး ဒီလိုပြောခဲ့တယ်..။
"အိုး.. သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ကြွေးမွေးတာကို ကောင်းကောင်းလေ့လာတတ်မြောက် နေပြီပဲ၊ ကောင်းကင်ဘုံနဲ့ ငရဲဘုံရဲ့ကွာခြားချက်က.. တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ကြည့်ရှုစောင့်ရှောက်ခြင်းပဲ"
နောက်တစ်နေ့မနက်မှာတော့ အဖွားအိုဟာ ကွယ်လွန်အနိစ္စရောက်ခဲ့တယ်.. ။ သူဟာ အကြင်နာတရားရဲ့အရေးကြီးပုံကို သဘောပေါက်နားလည်သွားတာမို့. သူ့ရဲ့သွားရာလမ်းဟာ ကောင်းကင်ဘုံဖြစ်မှာတော့ သေချာနေခဲ့တယ်..။
ဒီပုံပြင်လေးက ကျွန်တော်တို့ကိုပြောပြထားတာတွေရှိတယ်..။
ကျွန်တော်တို့ဟာ အချိန်အကန့်အသတ်နဲ့သာ ရှင်သန်ခွင့်ရကြတဲ့
လူသားတွေပဲဖြစ်တယ်..။ အဲဒီလို အချိန်အကန့်အသတ်နဲ့ ရှင်သန်နေကြရတဲ့ဘ၀မှာပဲ
ရှင်နေလျက်နဲ့ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် ရှည်လျားတဲ့
ဇွန်းလက်တံတွေပေါက်နေကြသူတွေပဲဖြစ်တယ်..။
ကိုယ့်ရဲ့အိုအင်ဆန္ဒ အလှမ်းကျယ်လာလေလေ လောဘဇွန်းတံဟာ ရှည်လျားလေလေ
ဖြစ်နေကြပြန်တယ်..။ အဲဒီလို ဇွန်းတံဟာ ရှည်လျားပေမယ့်..
ကိုယ့်ရဲ့အလိုပြည့်ခြင်း ခံတွင်းပေါက်ကို ဘယ်သောအခါမှ
ရောက်မှာမဟုတ်ဘူးဆိုတာကို ပုံပြင်လေးက ပြောပြနေခဲ့တယ်..။
ငရဲဘုံရဲ့လူတွေဟာ ဇွန်းလက်တံတွေနဲ့ အချင်းချင်းခွံ့ကျွေးရင်ရနိုင်ပါလျက်.. ကိုယ်စားဖို့ကိုသာ အာရုံစိုက်ကြိုးပမ်းနေကြတဲ့ အတွက်.. ငတ်မွတ်ခြင်းနဲ့သာ အဆုံးသတ်သလို ကျွန်တော်တို့ဟာလည်းပဲ.. အချင်းချင်း မေတ္တာထား၊ ကိုယ်ချင်းစာတရားရှေ့ထားပြီး
ဘ၀ကိုဖြတ်သန်းရင် လောဘ၊ ဒေါသကင်းတဲ့ စိတ်ချမ်းသာတဲ့ ဘ၀ကိုရနိုင်ပါလျက်၊
ငါ့အတွက်၊ ငါ့သားမယားအတွက်၊ ငါမိသားစုအတွက်၊ ငါကောင်းစားရေးအတွက် စတဲ့
အတ္တရဲ့ ဇွန်းရှည်များနဲ့ စည်းစိမ်ချမ်းသာကို ခပ်ယူနေကြပြန်တယ်။ အဲဒီလို
ခပ်ယူနေကြပေမယ့်လည်း.. လိုအင်ဆန္ဒပြည့်မြောက်ခြင်းဆိုတဲ့ ခံတွင်းဝကို ဘယ်တော့မှ ရောက်နိုင်မှာမဟုတ်ဘူးလို့ဆိုတယ်.။ ကိုယ့်ရဲ့လိုအင်ဆန္ဒကြောင့်သာ၊ ကိုယ်ငတ်မွတ်နေကြတာပဲဖြစ်တယ်.။
ကျွန်တော်တို့တွေဟာ ငါ့အတွက်တင်မဟုတ် တပါးသူအတွက်ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားမိတဲ့အခါ..
ကောင်းကင်ဘုံက လူတွေကို တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ခွံ့ကျွေးလို့..
ငါရသလို..ငါအဆင်ပြေသလို သူလည်း ရပါစေဆိုတဲ့.. ကိုယ်ချင်းစာစိတ်မျိုး. ၊
လူမျိုး၊ ဘာသာ မခွဲခြားတဲ့ ကြင်နာသနားမှုမျိုး ထားကြမယ်ဆိုရင်တော့..ကျွန်ေ တ်ာတို့ဟာ ကောင်းကင်ဘုံသားများလို့ ဆိုနိုင်မှာပဲဖြစ်တယ်..။
The purpose of human life is to serve, and to show compassion and the will to help others.
ဆိုတဲ့စကားလို "လူ့ဘ၀ရဲ့ အဓိပ္ပါယ်ဟာ အလုပ်အကျွေးပြုဖို့၊ အကြင်နာမေတ္တာထားဖို့၊ အခြားသူတွေကို ကူညီရိုင်းပင်ဖို့ပဲဖြစ်တယ် "
လို့ဆိုလိုတာပဲဖြစ်တယ်..။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက်သာ အကြင်နာမေတ္တာ
ထားတတ်ကြမယ်ဆို.. ငရဲဘုံနဲ့တူတဲ့.. ဆင်းရဲငတ်မွတ်ခြင်းတွေ၊ စစ်ပွဲတွေ၊
မတရားအနိုင်ကျင့်သတ်ဖြတ်ခြင်းတွေ ပျောက်ဆုံးပြီး သာယာတဲ့ လူ့ဘောင်၊ ကောင်းကင်ဘုံနဲ့တူတဲ့ လူ့ဘောင်တစ်ခု ဖြစ်လာမှာ မုချပဲလို့ ဆိုချင်တယ်..။
မေတ္တာများလွှမ်းခြုံနိုင်ကြပါစေ
(ဖြိုးသုတ)
++++++++++++++++
တစ်ခါက အသက်အရွယ်အိုမင်းလှပြီဖြစ်တ
အဲဒီလို အဖွားအို သေအံ့မူးမူးဖြစ်နေဆဲအချိန်အ
"အဘွား.. အဘွားဟာ တစ်သက်လုံးကောင်းမှုကုသိုလ်ေ
အဲဒီစကားကိုကြားတဲ့အခါ အဖွားအိုက..
"ဒီလိုဆိုလည်း မောင်ရင်လေးရယ်..အဖွားကို ကောင်းကင်ဘုံနဲ့၊ ငရဲဘုံကို လိုက်ပြစမ်းပါတော်..၊ တရားထဲမှာသာ နာဘူးပေမယ့်. အပြင်မှာ မြင်ဖူးချင်လို့ပါ.." လို့ ပြန်ပြောလိုက်ပါသတဲ့..။
အဲဒီလိုနဲ့ သေမင်းတမန်နတ်သားဟာ အဘွားအိုကို ခေါ်ဆောင်ပြီး ငရဲဘုံကို ဦးစွာလာခဲ့ပါသတဲ့...
ငရဲဘုံကို အဖွားအိုရောက်တဲ့အခါ...သေမင
အဖွားအိုဟာ ငရဲဘုံရဲ့ ငတ်မွတ်ဆင်းရဲခြင်းကို မြင်တွေ့ပြီးတဲ့အခါ.. "ကောင်းကင်ဘုံကို လိုက်ပို့ပါတော့ သေမင်းတမန်နတ်သား" လို့ ပြောလိုက်တယ်..။ အဲဒီလိုနဲ့ သေမင်းတမန်နတ်သားဟာ အဖွားအိုကို ခေါ်ဆောင်ပြီး ကောင်းကင်ဘုံကို လိုက်လံပြသပြန်တယ်..။ အဖွားအိုက
"ကောင်းကင်ဘုံမှာတော့ ဇွန်းလက်တံတွေ ပေါက်မနေလောက်ပါဘူးနော်" လို့ မေးမြန်းခဲ့ပြန်တယ်..။
"ရောက်တဲ့အခါ ကြည့်လိုက်ပေါ့အဘွားရယ်" လို့သေမင်းတမန်နတ်သားက ပြန်ပြောခဲ့တယ်..။
အဲဒီလိုနဲ့ အဘွားအိုဟာ ကောင်းကင်ဘုံရဲ့ စားသောက်ခန်းမထဲကို ရောက်လာခဲ့ပြန်တယ်... ။ စားသောက်ခန်းထဲမှာလည်း.. ငရဲပြည်တုန်းကလိုပဲ ခမ်းနားတဲ့ ညစာစားပွဲကြီးခင်းကျင်းထာြး
"အိုး.. သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ကြွေးမွေးတာကို ကောင်းကောင်းလေ့လာတတ်မြောက်
နောက်တစ်နေ့မနက်မှာတော့ အဖွားအိုဟာ ကွယ်လွန်အနိစ္စရောက်ခဲ့တယ်..
ဒီပုံပြင်လေးက ကျွန်တော်တို့ကိုပြောပြထားတ
ငရဲဘုံရဲ့လူတွေဟာ ဇွန်းလက်တံတွေနဲ့ အချင်းချင်းခွံ့ကျွေးရင်ရနိ
ကျွန်တော်တို့တွေဟာ ငါ့အတွက်တင်မဟုတ် တပါးသူအတွက်ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားမိတဲ့အခါ..
The purpose of human life is to serve, and to show compassion and the will to help others.
ဆိုတဲ့စကားလို "လူ့ဘ၀ရဲ့ အဓိပ္ပါယ်ဟာ အလုပ်အကျွေးပြုဖို့၊ အကြင်နာမေတ္တာထားဖို့၊ အခြားသူတွေကို ကူညီရိုင်းပင်ဖို့ပဲဖြစ်တယ်
မေတ္တာများလွှမ်းခြုံနိုင်ကြပ
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။