Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Monday, April 25, 2016

မေသႏုိင္တဲ့ ေမတၱာ

 
မေသႏုိင္တဲ့ ေမတၱာ

ကၽြန္မအသက္ (၁၄) ႏွစ္တုန္းက ေဆး႐ံုတက္ရတယ္။ ဒါေပမဲ့ ကၽြန္မေနမေကာင္းတာထက္ ပိုျပီးသတိထား မိတာက ေမေမဟာ ေန႕ခ်င္းညခ်င္း ၁၀ ႏွစ္ေလာက္အိုစာသြားတာကိုပါပဲ။ ကၽြန္မ ကင္ဆာျဖစ္ေနတယ္။ ျပီးေတာ့ ေမေမ အခုလို ႐ုတ္တရက္အိုသြားေအာင္အထိ စိတ္ညစ္ေနတယ္ဆိုေတာ့ ဒါဟာ အေတာ္ျပင္းထန္တဲ့ ကင္ဆာျဖစ္မယ္လို႕ကၽြန္မေတြးမိတယ္။ ေမေမ့ဘ၀မွာ အခက္အခဲေတြအမ်ားၾကီးၾကံဳခဲ့ရေပမဲ့ အခုေလာက္ စိတ္ပင္ပန္းေနတာ မျမင္ဖူးခဲ့ဘူး။ ေမေမဟာ အခုေတာ့ သူ႕ရဲ႕အငယ္ဆံုးသမီးေလး ကင္ဆာနဲ႕ ေသေတာ့ မွာကို ထိုင္ၾကည့္ေနရရွာတယ္။

ေမေမ့ကို ဆရာ၀န္က အခန္းျပင္ေခၚသြားေတာ့ မွန္ေပါက္ေလးကေန ကၽြန္မေခ်ာင္းၾကည့္ေနခဲ့တယ္။ ဆရာ၀န္က တစ္ခုခုေျပာျပီးေနာက္မွာ ေမေမဟာ ယိုင္လဲမတတ္ျဖစ္သြားျပီး မ်က္ရည္ေတြစီးက်လာတယ္။ သူေခါင္းညိတ္ျပျပီး ဆရာ၀န္နဲ႕အတူ အခန္းထဲ၀င္လာတယ္။ သူ ကၽြန္မ သိသင့္တာကို ေျပာျပခ်င္ေပမဲ့ ေျပာျပဖို႕အင္အားမရွိေတာ့သလိုနဲ႕ ဆရာ၀န္ကို ေငးၾကည့္ေနတယ္။ ဆရာ၀န္က ကၽြန္မတကိုယ္လံုး ကင္ဆာက်ိတ္ေတြ ျပည့္ေနျပီး အျမန္ကုသဖို႕လိုေနျပီတဲ့၊ နာက်င္မႈေတြခံစားရမယ္၊ ဆံပင္ေတြကၽြတ္ကုန္မယ္၊ အရမ္းကို ပိန္သြား မယ္လို႕ ေျပာျပတယ္။ ဒါေပမဲ့ ေပ်ာက္ကင္းဖို႕ေတာ့ အာမမခံႏုိင္ဘူး ဆိုတာလည္း ထည့္ေျပာျပတယ္။

ကၽြန္မမ်က္စိမွိတ္ျပီး အိပ္မက္ပဲျဖစ္ပါေစလို႕ဆုေတာင္းမိေပမဲ့ မ်က္စိျပန္ပြင့္လာေတာ့ ေမေမက ကၽြန္မလက္ကို တင္းတင္းဆုပ္ျပီး “ေမေမတို႕ တူတူေက်ာ္ျဖတ္ၾကမယ္လို႕” ေျပာေနတာကုိ ေတြ႕ရတယ္။ ေမေမဟာ ေန႕တိုင္း ေဆး႐ံုမွာပဲ လာေနတယ္။ အိမ္ျပန္သြားလည္း ခဏပဲ။ ေဆး႐ံုခန္းထဲမွာ စကားတစ္ခြန္းမွမေျပာျဖစ္ပဲ တူတူထိုင္ေနမိၾက တာလည္းရွိေပမဲ့ ေမေမဟာ ကၽြန္မကို အထီးက်န္ခံစားခ်က္ကိုေျပေပ်ာက္ေစျပီး အင္အားေတြေလ်ာ့မသြားေအာင္ လုပ္ေပးႏုိင္ခဲ့တယ္။

သံုးပတ္အၾကာမွာ ေဆး႐ံုက ဆင္းရတယ္။ အိမ္ေရာက္ေတာ့ တျခားေမာင္ႏွမေတြၾကား ေပ်ာ္ရႊင္စြာပဲ ေနသားက်သြားျပန္တယ္။ ဒါေပမဲ့ ကၽြန္မ အရင္ထက္ပိန္လာတယ္။ ဆရာ၀န္ေတြက အိမ္မွာပဲ အနားယူရင္း ေသေန႕ကုိေစာင့္ဖို႕ျပန္ခိုင္းလိုက္တာ ေသခ်ာသြားခဲ့ျပီ။ ဒါေပမဲ့ ကၽြန္မထက္ ေမေမက ပိုပိန္လာသလို ခံစားရတယ္။ ကၽြန္မအတြက္ လုပ္စရာရွိတာ အားလံုးကို မျငီးမျငဴလုပ္ေပးတယ္။ ကၽြန္မတို႕အားလံုး မသိစိတ္ကေန တိတ္တဆိတ္သေဘာတူထားသလိုပဲ ေသတယ္ ဆိုတဲ့စကားနဲ႔ ကင္ဆာ ဆိုတဲ့ စကားကို လံုး၀မေျပာၾကဘူး။

ေနာက္ေတာ့ ကၽြန္မ ထမင္းေတာင္ကိုယ့္ဘာသာ ယူမစားႏုိင္ေအာင္ အားနည္းလာေတာ့ ေမေမက ထမင္းခြံ႔တယ္။ ထမင္းခြံေကၽြးေနတဲ့ေမေမ့ကိုၾကည့္ရင္း ကၽြန္မအရမ္းသိခ်င္ေနတာကို ေမးလိုက္မိတယ္။ “ေမေမ သမီး ေသမွာလားဟင္”။ ေမေမဟာ တဆတ္ဆတ္တုန္သြားျပီး လက္ထဲက ပန္းကန္ေတာင္ လြတ္က်သြားတယ္။ မ်က္ရည္ေတြဒလေဟာထြက္လာျပီး အသံမထြက္ပဲ အံကိုၾကိတ္ထားတယ္။ ကၽြန္မသူ႕ကိုဘယ္လိုပဲေခ်ာ့ေခ်ာ့ သူငိုတာမရပ္ဘူး။ နာရီ၀က္ေလာက္ၾကာေတာ့ သူ ငိုတာရပ္သြားျပီး “ငါ့ကေလးေလး ဘယ္ေတာ့မွမေသဘူး၊ၾကားလား။ ေနာက္တစ္္ခါ အဲလိုေျပာတာ လံုး၀မၾကား ခ်င္ဘူး၊နားလည္လား” ဆိုျပီး ေဒါနဲ႕ေမာနဲ႕ေျပာခ်လိုက္တယ္။ ကၽြန္မ အေမေျပာတာယံုခဲ့တယ္။

ဆရာ၀န္က ဘာေျပာေျပာ အေမေျပာတာပဲယံုတယ္။
မၾကာခင္မွာ ကၽြန္မ လမ္းျပန္ေလွ်ာက္ႏုိင္လာတယ္။ သူ ကၽြန္မရဲ႕လြယ္အိတ္ကိုလြယ္ျပီး ေက်ာင္းလိုက္ပို႕ တယ္။ ဆံပင္တုစြပ္ထားျပီးပိန္ကပ္ေနတဲ့ကၽြန္မကို သူမ်ားေတြေငးၾကည့္တိုင္း ေမေမက တည္တည္တင္းတင္း နဲ႕ ကၽြန္မကို ၾကည့္တယ္။ ဒါဟာ ဘာမွမဟုတ္ဘူး ဂ႐ုစိုက္စရာမလိုဘူးလို႕ ေမေမက အမူအရာနဲ႕ျပေနခဲ့တယ္။ ကၽြန္မထက္ေတာင္ ပိန္ေနတဲ့ေမေမ့မွာ ဘာလို႕မ်ား ဒီလိုအင္အားေတြရွိေနပါလိမ့္လို႕ ကၽြန္မေတြးေနမိတယ္။ ေမေမရွိေနသေရြ႕ ကၽြန္မ တစ္ခါမွ အားမငယ္မိဘူး။ ကင္ဆာဆိုတာကိုလည္း ကၽြန္မ မေၾကာက္ဘူး။

ဒီလိုနဲ႕ တစ္ႏွစ္ၾကာျပီးေနာက္မွာ ဆရာ၀န္ဆီသြားခဲ့ၾကတယ္။ ရလဒ္က ဘာမွန္းမသိေပမဲ့ စိတ္က ၾကံ့ခိုင္ေအးခ်မ္းေနခဲ့တယ္။ ဆရာ၀န္က ကၽြန္မရဲ႕ ကင္ဆာက်ိတ္ေတြ က်ံဳ႕ကုန္ျပီး ျပန္ေကာင္းလာျပီဆိုတာကို ေျပာျပခ်ိန္မွာေတာ့ ကၽြန္မေရာ ေမေမပါ ငိုမေနခဲ့ၾကပါဘူး။ ကၽြန္မ မေသဘူးဆိုတာ ကၽြန္မတို႕ႏွစ္ေယာက္လံုး အေစာၾကီးကတည္းက ယံုၾကည္ေနျပီးသားမို႕လို႕ပါပဲ။ ေမေမရွိေနသေရြ႕ ကၽြန္မ ဘယ္ေတာ့မွ မေသဘူး။
Ref – Chicken for Every Mom
Photo – zazzle.com
စံ၀န္းနီ(႐ိုးရာေလး)
www.yoyarlay.com
#swn_yyl
#article_yyl #knowledge_yyl #mom_yyl

(Unicode Version)

မသေနိုင်တဲ့ မေတ္တာ

ကျွန်မအသက် (၁၄) နှစ်တုန်းက ဆေးရုံတက်ရတယ်။ ဒါပေမဲ့ ကျွန်မနေမကောင်းတာထက် ပိုပြီးသတိထား မိတာက မေမေဟာ နေ့ချင်းညချင်း ၁၀ နှစ်လောက်အိုစာသွားတာကိုပါပဲ။ ကျွန်မ ကင်ဆာဖြစ်နေတယ်။ ပြီးတော့ မေမေ အခုလို ရုတ်တရက်အိုသွားအောင်အထိ စိတ်ညစ်နေတယ်ဆိုတော့ ဒါဟာ အတော်ပြင်းထန်တဲ့ ကင်ဆာဖြစ်မယ်လို့ကျွန်မတွေးမိတယ်။ မေမေ့ဘဝမှာ အခက်အခဲတွေအများကြီးကြုံခဲ့ရပေမဲ့ အခုလောက် စိတ်ပင်ပန်းနေတာ မမြင်ဖူးခဲ့ဘူး။ မေမေဟာ အခုတော့ သူ့ရဲ့အငယ်ဆုံးသမီးလေး ကင်ဆာနဲ့ သေတော့ မှာကို ထိုင်ကြည့်နေရရှာတယ်။

မေမေ့ကို ဆရာဝန်က အခန်းပြင်ခေါ်သွားတော့ မှန်ပေါက်လေးကနေ ကျွန်မချောင်းကြည့်နေခဲ့တယ်။ ဆရာဝန်က တစ်ခုခုပြောပြီးနောက်မှာ မေမေဟာ ယိုင်လဲမတတ်ဖြစ်သွားပြီး မျက်ရည်တွေစီးကျလာတယ်။ သူခေါင်းညိတ်ပြပြီး ဆရာဝန်နဲ့အတူ အခန်းထဲဝင်လာတယ်။ သူ ကျွန်မ သိသင့်တာကို ပြောပြချင်ပေမဲ့ ပြောပြဖို့အင်အားမရှိတော့သလိုနဲ့ ဆရာဝန်ကို ငေးကြည့်နေတယ်။ ဆရာဝန်က ကျွန်မတကိုယ်လုံး ကင်ဆာကျိတ်တွေ ပြည့်နေပြီး အမြန်ကုသဖို့လိုနေပြီတဲ့၊ နာကျင်မှုတွေခံစားရမယ်၊ ဆံပင်တွေကျွတ်ကုန်မယ်၊ အရမ်းကို ပိန်သွား မယ်လို့ ပြောပြတယ်။ ဒါပေမဲ့ ပျောက်ကင်းဖို့တော့ အာမမခံနိုင်ဘူး ဆိုတာလည်း ထည့်ပြောပြတယ်။

ကျွန်မမျက်စိမှိတ်ပြီး အိပ်မက်ပဲဖြစ်ပါစေလို့ဆုတောင်းမိပေမဲ့ မျက်စိပြန်ပွင့်လာတော့ မေမေက ကျွန်မလက်ကို တင်းတင်းဆုပ်ပြီး “မေမေတို့ တူတူကျော်ဖြတ်ကြမယ်လို့” ပြောနေတာကို တွေ့ရတယ်။ မေမေဟာ နေ့တိုင်း ဆေးရုံမှာပဲ လာနေတယ်။ အိမ်ပြန်သွားလည်း ခဏပဲ။ ဆေးရုံခန်းထဲမှာ စကားတစ်ခွန်းမှမပြောဖြစ်ပဲ တူတူထိုင်နေမိကြ တာလည်းရှိပေမဲ့ မေမေဟာ ကျွန်မကို အထီးကျန်ခံစားချက်ကိုပြေပျောက်စေပြီး အင်အားတွေလျော့မသွားအောင် လုပ်ပေးနိုင်ခဲ့တယ်။

သုံးပတ်အကြာမှာ ဆေးရုံက ဆင်းရတယ်။ အိမ်ရောက်တော့ တခြားမောင်နှမတွေကြား ပျော်ရွှင်စွာပဲ နေသားကျသွားပြန်တယ်။ ဒါပေမဲ့ ကျွန်မ အရင်ထက်ပိန်လာတယ်။ ဆရာဝန်တွေက အိမ်မှာပဲ အနားယူရင်း သေနေ့ကိုစောင့်ဖို့ပြန်ခိုင်းလိုက်တာ သေချာသွားခဲ့ပြီ။ ဒါပေမဲ့ ကျွန်မထက် မေမေက ပိုပိန်လာသလို ခံစားရတယ်။ ကျွန်မအတွက် လုပ်စရာရှိတာ အားလုံးကို မငြီးမငြူလုပ်ပေးတယ်။ ကျွန်မတို့အားလုံး မသိစိတ်ကနေ တိတ်တဆိတ်သဘောတူထားသလိုပဲ သေတယ် ဆိုတဲ့စကားနဲ့ ကင်ဆာ ဆိုတဲ့ စကားကို လုံးဝမပြောကြဘူး။

နောက်တော့ ကျွန်မ ထမင်းတောင်ကိုယ့်ဘာသာ ယူမစားနိုင်အောင် အားနည်းလာတော့ မေမေက ထမင်းခွံ့တယ်။
ထမင်းခွံကျွေးနေတဲ့မေမေ့ကိုကြည့်ရင်း ကျွန်မအရမ်းသိချင်နေတာကို မေးလိုက်မိတယ်။ “မေမေ သမီး သေမှာလားဟင်”။ မေမေဟာ တဆတ်ဆတ်တုန်သွားပြီး လက်ထဲက ပန်းကန်တောင် လွတ်ကျသွားတယ်။ မျက်ရည်တွေဒလဟောထွက်လာပြီး အသံမထွက်ပဲ အံကိုကြိတ်ထားတယ်။ ကျွန်မသူ့ကိုဘယ်လိုပဲချော့ချော့ သူငိုတာမရပ်ဘူး။ နာရီဝက်လောက်ကြာတော့ သူ ငိုတာရပ်သွားပြီး “ငါ့ကလေးလေး ဘယ်တော့မှမသေဘူး၊ကြားလား။ နောက်တစ်ခါ အဲလိုပြောတာ လုံးဝမကြား ချင်ဘူး၊နားလည်လား” ဆိုပြီး ဒေါနဲ့မောနဲ့ပြောချလိုက်တယ်။ ကျွန်မ အမေပြောတာယုံတယ်။ ဆရာဝန်က ဘာပြောပြော အမေပြောတာပဲယုံခဲ့တယ်။

မကြာခင်မှာ ကျွန်မ လမ်းပြန်လျှောက်နိုင်လာတယ်။ သူ ကျွန်မရဲ့လွယ်အိတ်ကိုလွယ်ပြီး ကျောင်းလိုက်ပို့ တယ်။ ဆံပင်တုစွပ်ထားပြီးပိန်ကပ်နေတဲ့ကျွန်မကို သူများတွေငေးကြည့်တိုင်း မေမေက တည်တည်တင်းတင်း နဲ့ ကျွန်မကို ကြည့်တယ်။ ဒါဟာ ဘာမှမဟုတ်ဘူး ဂရုစိုက်စရာမလိုဘူးလို့ မေမေက အမူအရာနဲ့ပြနေခဲ့တယ်။ ကျွန်မထက်တောင် ပိန်နေတဲ့မေမေ့မှာ ဘာလို့များ ဒီလိုအင်အားတွေရှိနေပါလိမ့်လို့ ကျွန်မတွေးနေမိတယ်။ မေမေရှိနေသရွေ့ ကျွန်မ တစ်ခါမှ အားမငယ်မိဘူး။ ကင်ဆာဆိုတာကိုလည်း ကျွန်မ မကြောက်ဘူး။

ဒီလိုနဲ့ တစ်နှစ်ကြာပြီးနောက်မှာ ဆရာဝန်ဆီသွားခဲ့ကြတယ်။ ရလဒ်က ဘာမှန်းမသိပေမဲ့ စိတ်က ကြံ့ခိုင်အေးချမ်းနေခဲ့တယ်။ ဆရာဝန်က ကျွန်မရဲ့ ကင်ဆာကျိတ်တွေ ကျုံ့ကုန်ပြီး ပြန်ကောင်းလာပြီဆိုတာကို ပြောပြချိန်မှာတော့ ကျွန်မရော မေမေပါ ငိုမနေခဲ့ကြပါဘူး။ ကျွန်မ မသေဘူးဆိုတာ ကျွန်မတို့နှစ်ယောက်လုံး အစောကြီးကတည်းက ယုံကြည်နေပြီးသားမို့လို့ပါပဲ။ မေမေရှိနေသရွေ့ ကျွန်မ ဘယ်တော့မှ မသေဘူး။

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။