Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, April 25, 2016

တိုင်းပြည်အတွက် အန္တရာယ်ကြီးမားသော မြိုင်ကြီးငူဆရာတော် ဦးသုဇန။

တိုင်းပြည်အတွက် အန္တရာယ်ကြီးမားသော မြိုင်ကြီးငူဆရာတော် ဦးသုဇန။
_____________________________________________________

နှစ်ပေါင်းရှည်ကြာစွာ စည်းလုံးညီညွတ် တည်တံ့ခဲ့သော ကရင်အမျိုးသားအစည်းအရုံး
(KNU) ပြိုကွဲခဲ့စေပြီး DKBA အဖွဲ့  ပေါ်ပေါက်စေခဲ့မှုတွင် အဓိက
တရားခံတစ်ဦးဖြစ်သူ မြိုင်ကြီးငူ ဆရာတော် ဦးသုဇနသည် တိုင်းရင်းသား
ကရင်လူမျိုးများအချင်းချင်း သွေးချောင်းစီးစေရန်အတွက် ဘာသာရေးပဋိပက္ခဖန်တီးကာ
ဗုဒ္ဓဘာသာကိုးကွယ်သော ကရင်လူမျိုးများနှင့် ခရစ်ယာန်ဘာသာ ကိုးကွယ်သော
ကရင်လူမျိုးအကြား သွေးခွဲသပ်လျှိုခဲ့သည်။

ထို့ အပြင် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ်ဘာသာဝင်များအကြား၊
ခရစ်ယာန်ဘာသာဝင်များအကြား ဘာသာရေး လူမျိုးရေး
ပဋိပက္ခများ ဖြစ်စေရန်အတွက် မြိုင်ကြီးငူဆရာတော် ဦးသုဇန၏ လုပ်ဆောင်ချက်များကို
သိရှိကြရန်အတွက် ဖော်ပြအပ်ပါသည်။
အာဏာရှင်ကြီး သန်းရွေလက်ထက် အာဏာရှင်ဟောင်းတစ်ဦးဖြစ်သူ
ခင်ညွန့်လက်ထက်တွင် “တောင်တန်းသာသနာပြု” ခေါင်းစဉ်ဖြင့် နိုင်ငံတော်၏
စီမံကိန်းတစ်ခုကို ဖော်ဆောင်ခဲ့ရာတွင် စီမံကိန်းအရ စစ်ထောက်လှမ်းရေးအရာရှိအချို့ ကို
ဘုန်းကြီးဝတ်စေကာ
သာသနာဘောင်ထဲဝင်စေပြီး ထောက်လှမ်းရေးလုပ်ငန်းများကို ဆောင်ရွက်စေခဲ့ကြောင်း
သိရှိရပါသည်။ မြိုင်ကြီးငူဆရာတော် ဦသုဇနသည် KNU နယ်မြေသို့ 
ဗုဒ္ဓဘာသာထွန်းကားပြန့် ပွားရေး အကြောင်းပြု၍ ရောက်ရှိခဲ့သူ ဖြစ်သည်။ KNU
စစ်စခန်းရှိရာ ပတ်ဝန်းကျင်တောင်ပေါ်များတွင် စေတီများကို ရည်ရွယ်ချက်ရှိရှိဖြင့်
တည်ဆောက်ခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) အား စစ်အာဏာရှင်ကြီး နေ၀င်းလက်ထက်မှ အစ
သန်းရွှေလက်ထက်အထိ ပြိုကွဲကျဆုံးစေရန်အတွက် စစ်ရေးနည်းလမ်းပေါင်းစုံဖြင့်
တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ဘဲ မြိုင်ကြီးငူဆရာတော်
ဦးသုဇန၏ သွေးခွဲသပ်လျှိုမှုကြောင့်သာ ပြိုကွဲခဲ့ရသည်။
အဆိုပါ သွေးခွဲသပ်လျှိုဖြိုခွင်းမှုဖြစ်သည့် “သူမွဲထအရေးအခင်း” ဖြစ်ပျက်မှုတွင် KNU
အုပ်ချုပ်မှုစနစ်အောက်တွင် ဗုဒ္ဓဘာသာဝင်များအား နှိမ်ထားသည်ဆိုသည့်အချက်ဖြင့်
သူမွဲထဒေသတွင် လူမျိုးတူ ကရင်တိုင်းရင်းသားများအကြား ဘာသာရေးပြဿနာ စတင်
မီးမွှေးခဲ့ပါသည်။ ကရင်တပ်သားများအချင်းချင်းကြား ဗုဒ္ဓဘာသာကိုးကွယ်သူများအား KNU
အုပ်ချုပ်မှုအပေါ် အမိန့် မနာခံရန်နှင့် ခရစ်ယာန်ဘာသာဝင်
ကရင်တိုင်းရင်းသားခေါင်းဆောင်များအပေါ်
မုန်းတီးမှု ဖြစ်စေရန် ပြောဆိုစည်းရုံးခဲ့သည်။ နောက်ဆုံးတွင် အမိန့် ဖီဆန်ပြီး ခွဲထွက်ကြရန်
တိုက်တွန်းခဲ့သည်။
ထို့ အပြင် KNLA တပ်မဟာ (၇) တွင် တာဝန်ထမ်းဆောင်စဉ်က
မြို့နယ်အုပ်ချုပ်ရေးမှုးများ ဖြစ်ခဲ့ကြသော တီးချား၊ ဒုဗိုလ်များဖြစ်သော ဗိုလ်ပြား၊
ဗိုလ်မောင်ကြည်၊ ဗိုလ်ချာတိတ်တို့ ကို ရှေ့ တန်း စစ်မြေပြင် တစ်နေရာတွင် သန်းရွှေ၏
န၀တစစ်အရာရှိများနှင့် လျှို့ ဝှက်စွာ တွေ့ဆုံ နိုင်ရန် မြိုင်ကြီးငူ ဆရာတော် ဦးသုဇနက
စီစဉ်ပေးခဲ့သည်။
နောက်ဆုံးတွင် မြိုင်ကြီးငူဆရာတော် ဦးသုဇန၏ သွေးခွဲမှု လက်ချက်ဖြင့်
ကရင်အမျိုးသားအစည်းအရုံးကြီးဖြစ်သည့် KNU နှင့် DKBA အဖွဲ့ တို့ 
အချင်းချင်း သွေးချောင်းစီးခဲ့ရသည်။ သို့ သော် နောက်ပိုင်းတွင်မူ KNU အဖွဲ့ ကြီးနှင့်
သိန်းစိန်တို့  စစ်အစိုးရ အယောင်ပြ ဟန်ဆောင်သော ငြိမ်းချမ်းရေး တွေ့ ဆုံဆွေးနွေးမှု
အဆင်ပြေစေရန်အတွက် မြိုင်ကြီးငူဆရာတော် ဦးသုဇနမှ ကြားဝင်ပြီး သြဇာညောင်းစွာဖြင့်
စီစဉ်ခဲ့ပြန်သည်။ သိန်းစိန် စစ်အစိုးရ အလိုကျ စစ်ရေး နိုင်ငံရေးကစားကွက်များအား
လှည့်ကွက်များ သွေးဆောင်စည်းရုံးခြင်းများကို အောင်မြင်စွာ
အကောင်အထည် ဖော်နိုင်ရန်အတွက် မြိုင်ကြီးငူဆရာတော် ဦးသုဇနမှ
အရေးပါသောကဏ္ဍမှ ဆောင်ရွက်ပေးနေသည်မှာ သက်သေဖြစ်သည်။
ထိုသို့ သော ကရင်တိုင်းရင်းသားလူမျိုးအချင်းချင်းကြား သွေးဖွဲဖြိုခွဲသည်သာမက
အခြားသော ဘာသာမတူသည့်သူများ အချင်းချင်း ကြီးမားသော
ပဋိပက္ခကြီး ဖြစ်စေရန်အတွက် ဗုဒ္ဓဘာသာအား ခုတုံးလုပ်
အသုံးချသော မြိုင်ကြီးငူဆရာတော် ဦသုဇနသည် ၂၀၀၉ ခုနှစ်၊ မေလ ၂ ရက်နေ့ ၌
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကတိုင်တိကျေးရွာမှ အစ္စလာမ်ဘာသာဝင်များ
ဝတ်ပြုရာ နှစ်ပေါင်း ၁၀၀ကျော်မှ ဗလီကြီးအား DKBA တပ်သား ၁၀ ဦးနှင့် အရပ်သား ၅၀
ခန့်ကို မြိုင်ကြီးငူဆရာတော် ဦးသုဇနမှ ညွန်ကြားပြီး
ဖြိုဖျက်စေခဲ့ပါသည်။ မြိုင်ကြီးငူဆရာတော် ဦးသုဇနက ၄င်း၏ အိမ်မက်အရ အဆိုပါ
ဗလီ၏ အောက်ခြေတွင် ဘုရားငုတ်တိုရှိသည်ဟုဆိုကာ အကြောင်းပြပြီး
ဗုဒ္ဓဘာသာကိုးကွယ် ယုံကြည်သူများအပေါ် စည်းရုံးခိုင်းစေခဲ့ခြင်း ဖြစ်သည်။ သို့ သော်
ဗလီကို ဖျက်ဆီးခဲ့သော်လည်း မြိုင်ကြီးငူဆရာတော် ဦးသုဇန အကြောင်းပြသည့်
ဘုရားငုတ်တိုကိုမူ လုံးဝ ရှာ၍ မတွေ့ခဲ့ပါ။ ဗုဒ္ဓဘာသာဝင်များနှင့်
အစ္စလမ်ဘာသာဝင်များအကြား လူမျိုးရေး ဘာသာရေး
ပဋိပက္ခဖြစ်စေရန်အတွက် မြိုင်ကြီးငူဆရာတော် ဦးသုဇန၏ လုပ်ဆောင်ချက် ဖြစ်သည်။
ဤသို့ ဆိုလျှင် မြိုင်ကြီးငူဆရာတော် ဦးသုဇသည် ဘာသာရေးပဋိပက္ခများ
လူမျိုးရေးပဋိပက္ခများ ဖြစ်ပေါ်စေရန်နှင့် စစ်အာဏာရှင်ဟောင်းကြီးများ၏
အလိုကျ ဆောင်ရွက်နေသည်ကို သိသာထင်ရှားပေလိမ့်မည်။
မြိုင်ကြီးငူဆရာတော် ဦးသုဇန၏ လတ်တလော ဘာသာရေး လူမျိုးရေး
ပဋိပက္ခဖြစ်ပွားစေရန် ထပ်မံဆောင်ရွက်သော လုပ်ရပ်တစ်ခု ဖြစ်ပေါ်လာပြန်သည်။
ဧပြီလ ၂၃ ရက်နေ့ တွင် ဖြစ်ပွားခဲ့သော ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ
ခရစ်ယာန်ကျောင်းဝင်းထဲတွင် စေတီသွားတည်မှုအား မြိုင်ကြီးငူဆရာတော် ဦးသုဇနမှ
အတင်းအဓမ္မ ဆောင်ရွက်ခဲ့ပြန်သည်။
ပြည်နယ်အစိုးရ၏ မြိုင်ကြီးငူဆရာတော် ဦးသုဇန်ထံသို့
ခရစ်ယာန်ကျောင်းဝင်းအတွင်း စေတီတည်မည့်ကိစ္စအား ဆက်လက်မပြုလုပ်ရန်
စာဖြင့် မေတ္တာရပ်ခံပေးပို့ခဲ့ခြင်းအား လစ်လျူရှု၍ အဆိုပါ ဧပြီလ ၂၃ရက်နေ့
ညတွင်းချင်း စေတီအား အပြီးသွားရောက် တည်သွားခဲ့သည်။
နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော် ဦးဆောင်သော ပြည်သူ့ အစိုးရလက်ထက်တွင် ယခင်
အာဏာရှင်အစိုးရ၏ လက်ပါးစေများမှ အမျိုးမျိုးသော မတည်မငြိမ်မှုများ၊
ပဋိပက္ခများ၊ ပြသနာများ ဆက်လက်ပေါ်ပေါက်စေရန်အတွက်
လုပ်ဆောင်နေကြောင်း တွေ့ ရှိနေရသည်။ ထိရောက်သော အရေးယူဆောင်ရွက်မှုမျိုးကို
အလျင်အမြန် ဆောင်ရွက်ကြမှသာလျှင် ကြီးမားသော သွေးချောင်းစီးမှုကြီးများ
မဖြစ်ပေါ်စေရန် အချိန်မီ တားဆီးဆောင်ရွက်နိုင်မည် ဖြစ်သည်။
မြိုင်ကြီးငူဆရာတော် ဦးသုဇနကဲ့သို့ သော လူမျိုးရေး ဘာသာရေး
ပဋိပက္ခများအား ပေါ်ပေါ်တင်တင် ဆောင်ရွက်နေကြသောသူများသည်
တိုင်းပြည်အတွက် နိုင်ငံသူနိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက်
များစွာ အန္တရာယ်ကြီးမားသူများ ဖြစ်ကြပေသည်။
မီးကြွင်းမီးကျန်များသည် မီးတောက်ကြီးများအဖြစ်သို့  ပြန်လည်ရောက်ရှိတတ်သည်ကို
သတိပြုမိစေရန်နှင့် မြိုင်ကြီးငူဆရာတော် ဦးသုဇန၏ ဘာသာရေး လူမျိုးရေး ပဋိပက္ခ
ဖန်တီးမှုများကို သိသာစေရန် ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် ဤကဲ့သို့ သော ဘာသာရေး
လူမျိုးရေး ပြသနာဖြစ်ပွားစေရန် လုပ်ကြံဖန်တီးကြသူများ၏ စနက်အား သိရှိကြပြီး
တည်ငြိမ်အေးချမ်းစွာဖြင့်
တရားဥပဒေဘောင်အတွင်းမှသာ ငြိမ်းချမ်းစွာ ဆောင်ရွက်ကြပါရန် တိုက်တွန်း
အသိပေးအပ်ပါသည်။

_____________________
Niknayman Niknayman's status

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။