Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 14, 2012

နိုင်ငံရေးသမားများ သိထားသင့်တဲ့ အချက် ၈ ချက်

  
 ၁။ အစိုးရနဲ့တပ်မတော်ကို ခွဲခြားပြီးပြောပါ။

၂။ တပ်မတော်ဟာ အစိုးရရဲ့ မူဝါဒအတိုင်း လုပ်ရမှာပါ။ ဗိုလ်ချုပ်တွေက အစိုးရတက်လုပ်နိုင်လို့ အတိုက် အခံကိုနှိမ်နင်းခိုင်းရင် နှိမ်နင်းမှာပဲဖြစ်သလို N L Dက အစိုးရဖြစ်လာပြီး သူတို့နဲ့အတိုက် အခံကို နှိမ်နင်းဖို့ တပ်ကိုအသုံးချလည်း တပ်ကတော့ ခိုင်းတဲ့အတိုင်း လုပ်ရမှာပါပဲ။


၃။ စစ်တပ်ကိုး ။ အထက်အမိန့် နာခံတတ်အောင် လေ့ကျင့်ထားတာပါ။ အမိန့်မနာခံဘဲနဲ့လဲ စစ်တိုက် လို့ မရပါ။ ရှေ့တန်းမှာ ဒီလမ်းက ဒီတောင်ကုန်းကို တက်သိမ်းဆို မိုင်းရှိရှိ ၊ ငြောင့်ထောင်ထောင် စက်သေနတ် ဘယ်နှစ်လက်နဲ့ပစ်ပစ် တက်ရမှာပါ။ နောက်နေ့မှတိုက်ပါရစေ ၊ တခြားလမ်းကသွား ပါရစေ လုပ်လို့မရပါ။ စစ်သား ရဲ့တွေးခေါ်ပုံကိုက အရပ်သားနဲ့မတူပါ ။ မတူအောင်လည်း လေ့ကျင့်ထားတာပါ။ စစ်သားကို စစ်တရားရုံးနဲ့ပဲ တရားစီရင်ခွင့်ရှိတာဟာ စစ်သားရဲ့စဉ်းစားပုံဟာ အရပ်သားနဲ့မတူလို့ပါ။

၎။ စစ်တပ်ကို လက်ကိုင်ဒုတ် စစ်တပ်မဖြစ်စေချင်ရင် စနစ်ကို ခိုင်မာအောင်လုပ်ပါ။ ဘယ်သူတက် တက် စစ်တပ် ကို အသုံးချလို့မရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွဲထားပါ။ အမေရိကန်နိုင်ငံသ မိုင်းမှာ နိုင်ငံရေး သမားတွေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေပက်မ၀င်အောင် ဆွဲခဲ့လို့ စစ်တပ်က အာဏာသိမ်းတာ တစ်ခါမှ မရှိပါ။ တပ်မတော်ကလည်း အသုံးချခံချင်လှတယ်တော့ မရှိပါ။ ဒါပေမယ့် အစိုးရကို ပုန်ကန် တဲ့တပ်မတော် ပိုပြီးမဖြစ်လိုပါ။ စစ်တပ်မျက်စိကကြည့်လျှင် အထက် အမိန့်မနာခံတဲ့ တပ်မတော်ဟာ အန္တရာယ် အကြီးဆုံးပါ။ အမေရိကန်စစ်ကားထဲမှာ တပ်ခွဲမှူးက သူ့ရဲဘော်ကို စစ်မြေပြင်မှာ ပြောတဲ့အတိုင်း ပြောရရင် “ ငါတို့က ဒီမိုကရေစီကို ကာကွယ်ဖို့ ဒီနေရာကိုရောက်နေတာ - - - ကျင့်သုံးဖို့မဟုတ်ပါ ” တဲ့ ။

၅။ ဗိုလ်ချုပ်တွေ မသမာမှုလုပ်ခွင့်ရတာ ဗိုလ်ချုပ်ရာထူးကြောင့်မဟုတ်ပါ။ အာဏာသိမ်းပြီး နိုင်ငံရေး ရာ ထူးတွေ ယူခွင့်ရသွားလို့ပါ။ နိုင်ငံရေးသမားများအချင်းချင်း ညီညွတ်လျှင် အာဏာသိမ်းလို့မရပါ။ ဘယ်တပ် မတော်မှလည်း နိုင်ငံရေးပယောဂမပါဘဲ အချောင်နာမည်ပျက်ခံပြီး အာဏာသိမ်းလိုမယ် မဟုတ်ပါ။

၆။ စစ်တပ်ကိုလဲ သိပ်ပြည့်စုံနေတယ်မထင်ပါနဲ့ ။ ကျွန်တော် တပ်မတော်ကအငြိမ်းစားယူတဲ့အထိ စစ်တိုက် ရမယ့်ေ နရာကို ရဟတ်ယာဉ်နဲ့ တစ်ခါမှ အပို့မခံရဖူးပါ။ စစ်သားတွေ ဒဏ်ရာရရင် အိပ်ယာခင်းေ စာင်ကြားကို ၀ါးလုံးနဲ့လျှို ပုခက်လုပ်ပြီး နှစ်ရက်သုံးရက် လူနဲ့ထမ်းပြီး သယ်ရတာပါ။ ရိက္ခာ (၅)ရက်စာဆို (၁၀) ရက်စာ စားရတာပါ။ စစ်ဆင်ရေး (၃)လလောက်ဆို ရဲဘော်တွေဝတ်စုံ ဟာ ချုပ်ရာ၊ဖာရာ အထပ် ထပ် ဖိနပ်ကလည်း ညှပ်ဖိနပ်ဖြစ်နေပါပြီ။ တပ်ကြပ်ကြီးကို မပြောရကောင်းလားလို့ သွားမဆူပါနဲ့ ။သူ့မှာ လည်း အားလုံးပေါင်းမှ ရဲဘော်တွေထက် ၀တ်စုံတစ်စုံ လောက်သာ ပိုချမ်းသာတာပါ။ စစ်ကြောင်းရုံးကို ကြည့် လိုက်ပါဦး။ စစ်ကြောင်းမှူးဘောင်းဘီလည်း ဖင်အဖာနဲ့ပါပဲ။ စစ်သည်တစ်ယောက်ဟာ သေနတ်၊ ရိက္ခာ ၊ ကျည်ဆံ၊ ချပ်ဝတ်တန်ဆာနဲ့ဆို ပေါင်(၄၀)လောက်ရှိနေပါပြီ။ စစ်ကြောင်းအဆင့်ဆို ပွိုင့်ဖိုက် ၊ ၈၁ မမစိ န်ပြောင်း၊ ပွိုင့်ဖိုက် ကျည်ဆံ (၁၀၀၀)ပုံး တစ်ပုံးဟာ တိုက်ပွဲဖြစ်လျှင် (၅)မိနစ်လောက်ပဲ ပစ်လို့ ရပါတယ်။ ဗျူဟာအဆင့်မှာ လာပါပြီ ၁၂၀ မမစိန်ပြောင်းကြီး ဗုံးသီးတစ်လုံးက ပေါင် (၃၀)လောက် ၊စက်ရုံ ကထုတ်တဲ့ဗူးကိုဖွင့် ပြီး ထမ်းပိုးနဲ့ ရှေ့နောက်ကြိုးချည် ရဲဘော်တစ်ယောက်ကို ထမ်းပိုးတစ်လက်နဲ့ မသိ လျှင် ကန်စွန်းဥတွဲလေးတွေကျလို့ ။ ပေါ်တာဆွဲတာကို ကျွန်တော်တို့လည်းမကြိုက်ပါ ဒါပေမဲ့ ရဲဘော်ပဲ ထမ်းဆို ရဲဘော်တစ်ယောက်ကို ပေါင်(၇၀)လောက် ရှိနေပါပြီ။ စစ်ကြောင်းက တစ်ရက်လုံးမှ (၅)မိုင်ေ တာင် ခရီးမပေါက်ချင်. . . ဒဏ်ရာရလူနာသာပါလျှင် စဉ်းစားကြည့်ပါတော့ ပေါ်တာဆွဲလျှင်လည်း အရေး ယူ ခံရ၊ မဆွဲဘဲ ကိုယ်တိုင်ထမ်းရတော့လဲ တိုက်ပွဲဖြစ်တဲ့အခါ ရန်သူက လက်သီးနဲ့ဆင်းထိုးလျှင်တောင် ခံရေ တာ့ မလောက် အလေးအပင်တွေနဲ့ သူများနိုင်ငံ တပ်မတော်တွေလည်း ကြည့်ကြည့်ကြပါ။ စစ်သား ဟာ ၀န်တင်နွားမဟုတ်ပါ။

၇။ လူ့အခွင့်အရေးဆိုလို့ ပြောရဦးမယ်။ ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက် ရှေ့တန်းရောက်ဖူးပါသလဲ။ တောထဲ ကို မရောက်ဖူးဘဲနဲ့တော့ တောရဲ့အကြောင်းကို မသိနိုင်ပါ။ တောမှာ ရဲစခန်းမရှိပါ၊ တရားရုံး မရှိပါ ။တောထဲမှာရှိတာ တောရဲ့ဥပဒေပါ။ အင်အားကြီးတဲ့လူက အင်အားနည်းတဲ့လူကို ချေမှုန်းတာ နားေ ထာင် လို့မကောင်းပါ။ မထောက်ခံပါ ဒါပေမယ့် ကိုယ်ရှင်သန်နိုင်ဖို့ ကိုယ့်တပ်ဖွဲ့ရှင်သန်နိုင်ဖို့ ရုန်းကန်ရာမှာ နည်းလမ်းရွေးချယ်ခွင့်မရှိတော့တဲ့ အခြေအနေတွေ အများကြီး ကြုံတွေ့ရနိုင်တာ။ တစ်ဦးတစ်လေကတော့ ခင်ဗျားတို့ ပြောပြောနေတဲ့ လူသားချင်းစာနာမှုအတွက် သူ့အသက်ကို စတေးချင်စတေးမှာပါ။ ဒါပေမယ့် လူတိုင်းတော့မဟုတ်ပါ။ ခင်ဗျားတို့ထဲမှာ ရန်သူကနှိပ်စက်ပြီး ဓားနဲ့လှီးသတ်သွားတဲ့ ကိုယ့်ရဲဘော် အလော င်း ကို ဘယ်သူမြင်ဖူးပါသလဲ ။ ရွာအ၀င်လယ်ကွင်းထဲက ကောက်စိုက်ဟန်ဆောင်နေတဲ့ ရွာသား ထင်ရ တဲ့သူ က သေနတ်နဲ့ တေ့ပစ်တာကို ဘယ်သူခံဖူးပါသလဲ။ ရွာထဲက (၅၇)နဲ့ ထောင်း ထမောင်းေ ကြေ အာင် ပစ်ခံရလို့ ကိုယ့်ရှေ့မှာပဲ ကိုယ့်ရဲဘော်တွေ ကျဆုံးကုန်တဲ့ သူပုန်နဲ့ရွာသား ခွဲမရတဲ့ တပ်ခွဲမှူးဘ၀ကို ဘယ်သူကိုယ်ချင်းစာဖူးပါသလဲ။ ခင်ဗျားမှာ ဒုတိယနည်းလမ်း ရွေးချယ်ဖို့မရှိခဲ့လျှင် ခင်ဗျားရွာထဲကို ပြန်ပစ်မလား ? ခင်ဗျားတပ်ခွဲ အသေခံမလား?

၈။ ကြံ့ဖွံ့၊ကြံ့ဖွံ့နဲ့ ခင်ဗျားတို့ ဆဲချင်ဆဲပါ ဒါပေမယ့် စစ်တပ်နဲ့ ကြံ့ဖွံ့ ဘာမှမဆိုင်ပါ။ ကြုံ့ဖွံ့ခိုင်း တာလုပ်ေ နရ တာ ကြံ့ဖွံ့အစိုးရနေရာရောက်နေလို့ပါ။ ရဲ ၊ မီးသတ်၊ ရ.ယ.က စွမ်းအား၊စည်ပင် ၊ လ.၀.က၊ အခွန်၊ဆော က်လုပ်ရေး ၊ပညာရေး ၊က ည န ၊ ထွေ/အုပ်ဝန်ထမ်း အားလုံးလိုပဲ စစ်တပ်ကလည်း ၀န်ထမ်းပါ။ ခင်ဗျား တို့ မမေ့ဖို့က ခင်ဗျားတို့မှပြည်သူမဟုတ်ပါ ၀န်ထမ်းတွေအားလုံးကလည်း တက်လာ တဲ့အစိုး ရခိုင်းတာ လုပ်ရတဲ့ပြည်သူတွေပါ။ ခင်ဗျားတို့ နိုင်ငံရေးသမားအများစုလည်း (၂၂)နှစ်မှာ အနှစ်(၂၀)ေ လာက်က ပုဆိုးခြုံထဲက လက်သီးပြနေတာပါ။ ခုမှ ဘာညာနဲ့တော့ ၀န်ထမ်းများကို လာမပြောစေလိုပါ။ အုပ်ချုပ်တဲ့သူကောင်းဖို့ဆိုတာ အားလုံးမှာတာဝန်ရှိတာပါ။ ခင်ဗျားတို့ အခုလို တစ်ဖက်သတ် ကိုယ့်ကိုယ်ကို ပုံပြင်ထဲကသူရဲကောင်းလို၊ မင်းသမီးလေးလိုလုပ် ကျန်တဲ့သူတွေကိုတော့ ပုံပြင်ထဲကစုန်းမကြီးလို၊ မကောင်းဆိုးဝါးကြီးလို လုပ်နေပုံနဲ့တော့ နိုင်ငံကို ကောင်းအောင်၊ တိုးတက်အောင် အုပ်ချူပ်နိုင်ဖို့ဝေးလို့ (၂)နှစ်(၃)နှစ်လောက်ဆိုရင်ကို ကိုယ့်ပါတီကို နိုင်အောင်အုပ်ချုပ်နိုင်ဖို့ မလွယ်ပါ။

ရဲမိုး စာမျက်နှာမှ

အေးချမ်းမွန်မှ eainmatnanntaw.com တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။