Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 5, 2016

Burmeton Poisoning (ဘာမီတွန်) အလွန်အကျွံသောက်ခြင်း

Burmeton Poisoning (ဘာမီတွန်) အလွန်အကျွံသောက်ခြင်း

၁။ ဆရာ ဘာမီတွန်ကရော အများဆုံးဘယ်လောက်သောက်သင့်ပါသလဲခင်ဗျာ။ ဘယ်လောက် အတိုင်းအတာဆိုရင် အန္တရာယ်ရှိနိုင်ပါသလဲခင်ဗျာ

၂။ မင်္ဂလာပါ Burmeton ဟာလူကိုသေစေနိုင်တယ်ဆိုတာအမှန်ဘဲလားဆရာ။ ဒီဆေးကို ဘယ်လောက်ပမာဏ သောက်ရင် သေစေနိုင်လဲဆိုတာကိုပါ ရှင်းလင်းပြောကြားပေးပါလားခင်ဗျဆရာ။

၃။ ကျွန်မသမီး အသက် ၂၄ ရှိပါပြီ။ ဘာမီတွန် အလုံး ၆ဝ လောက်သောက်ခဲ့ပါတယ်။ အခုဆိုလေးရက်ရှိပါပြီ။ ဆေးရုံက သွေးတစ်ခါ ဆလင်းနဲ့ထုတ်ယူပါတယ်။ ဆေးရုံက ဘာဆေးမှမပေးပါဘူး။ ဆေးလဲမထိုးပေးပါဘူး။ အကုန်ကောင်းနေပြီ ပြောလို့ ဆေးရုံကဆင်းခဲ့ပါပြီ။ အခု ရင်တွေအရမ်းတုန်ပြီး ရင်ထဲနဲနဲပူနေပါတယ်တဲ့။ အဲဒါ ဘယ်လိုဆိုးကျိုးတွေ ဆက်ဖြစ်နိုင်သေးလဲ သိလို့ပါတယ်ဆရာ။

၎။ ကျွန်မသူငယ်ချင်းရဲ့သားမှာ အသက် ၁၈ နှစ်ရှိပါပြီ။ လွန်န်ခဲ့တဲ့တလလောက်က့ ကိစ္စကြောင့် စိတ်ကျပြီး ဘာမီတွန် အလုံး ၁ဝဝ သောက်လိုက်မိပါတယ်။ သွေးအပြီး ဆေးရုံတက်ရပါတယ်။ အသက်မသေပေမဲ့ ပုံစံက တမျိုးဖြစ်နေပါတယ်။ ညဘက်တွေလဲမအိပ်လို့ ဆရာဝန်က အိပ်ဆေးသောက်ခိုင်းပါတယ်။ omega 3 ဆေးရယ် စိတ်ဆေးတချို့ပေးပါတယ်။ သောက်လဲသောက်နေပါတယ်။ ဆိုးကျိုးအနေနဲ့ ဘာတွေဆက်ဖြစ်နိုင်ပါသလဲဆိုတာ မေးရတာပါ။ ပုံမှန် ဖြစ်လာအောင် အချိန်ဘယ်လောက်ပေးရမယ်ဆိုတာရယ်၊ ဘယ်လိုကုသမှု ခံယူသင့်တယ်ဆိုတာရယ် မေးရတာပါရှုင်။

၅။ ဘာမီတွန် အလုံး ၂ဝ ကွက်တိ တခါတည်းသောက်လိုက်ရင် ခဏလေးအတွင်းမှာ အိပ်ပျော်သွားရင်းနဲ့ သေသွားတတ်တယ်ဆိုတာ ဟုတ်ပါသလားခင်ဗျ။ ပထမနှစ်တုန်းက ဓါတုဗေဒဆရာပြောဖူးတာ သတိရမိလို့ပါ။

ဘာမီတွန်ဆိုတာ (ဘီပီအိုင်) ကထုတ်တဲ့ Chlorpheniramine Maleate ဆေးဖြစ်တယ်။ အလာဂျီအတွက်ပေးတယ်။ (ဘာမီတွန်ဆေး) ထဲမှာပါတဲ့ Chlorpheniramine ဟာ အလွန်အသုံးများတဲ့ အင်တီဟစ်တမင်းဆေးဖြစ်တယ်။ (အလာဂျီ) ရတာ၊ အအေးမိတာ အတွက် သုံးတာများတယ်။ ယားတာအတွက်လဲ ပေးနိုင်တယ်။

ဘေးထွက်ဆိုးကျိုးတွေကတော့ မူးဝေမယ်။ အိပ်ချင်မယ်။ အာခေါင်-နှာခေါင်း-လည်ချောင်း ခြောက်မယ်။ ဝမ်းချုပ်မယ်။ မျက်စိဝေဝါးမယ်။ ဂဏာမငြိမ်ဖြစ်မယ်။

၂ဝဝ၂ တုံးက အမေရိကားမှာ ၁၇ နှစ်သမီးတယောက် Coricidin Cough and Cold ဆေးတွေ ဆရာဝန် ညွှန်ထားတာထက် အဆမတန် များသောက်ခဲ့တဲ့အဖြစ်တခု ရှိခဲ့တယ်။ ဒီဆေးထဲမှာလည်း Chlorpheniramine Maleate ဆေးပါတယ်။ သူ့ဆရာဝန်က ၃ လတိုင်တိုင် သတိပေးနေတဲ့ကြားက မရဘူး။ ဆေးပြား တနေ့မှာ ၃-၁၅ ပြားအထိ သောက်နေခဲ့တယ်။ ဆရာဝန်နဲ့တွေ့တော့ မိန်းကလေးဟာ ခေါင်းထဲမှာပေါ့နေတယ်၊ အကောင်းတွေလို့ ထင်မှတ်နေတယ်၊ ခေါင်မူးနောက်နေတယ်၊ အသိတရားတွေ ပူးတွဲလုပ်ဆောင်နိုင်စွမ်းတွေ နည်းနေတဲ့ လက္ခဏာတွေ ခံစားလာရတယ်။ ၂ လကြာတော့ ဆီးထဲမှာ သွေးတွေပါလာတယ်။ ဒါဟာ ကျောက်ကပ်ကို ထိခိုက်တာဖြစ်တယ်။

မနက်ခင်းမှာ ဒီဆေး အပြား ၂ဝ သောက်ထားတဲ့ မိန်းကလေးကို သူမရဲ့ဆရာဝန်က နေ့ခင်းမှာ တွေ့ပြန်တယ်။ လုံးဝသတိလက်လွှတ်လောက်နီးနီးဖြစ်နေတယ်၊ တကယ်မရှိတာတွေ မြင်-ကြားနေတယ်၊ တုံတုံရီရီဖြစ်ဖြစ်နေတာ တွေ့ရတယ်။ ဆရာဝန်နဲ့ လမ်းခွဲပြီးမကြာခင် မိန်းကလေးဟာ အရုပ်ကြိုးပြတ်ဖြစ်ပြီး ဆေးရုံကို ရောက်လာတယ်။ ကံကောင်းသွားတာက မိန်းကလေး မသေပါ။ ကိုယ်ကိုယ်ကို သတ်သေဘို့ ကြိုးစားတာလို့ သိလာရတယ်။

(၅) ဆရာ့ ပြန်စာအရဆိုရင် Burmeton 4 mg အလုံး ၂ဝ ကို တခါတည်း သောက်ရုံနဲ့တော့ မသေနိုင်ဘူးပေါ့နော်။ နေ့တိုင်းသောက်မှသာ သတိလက်လွတ်ဖြစ်ပြီး နောက်ဆုံးမှာ အသက်အန္တရာယ် ထိခိုက်နိုင်တယ်လို့ ကျနော် နားလည်လိုက်တယ်ခင်ဗျ။ အဲ့လို အလုံး ၂ဝ တခါတည်း သောက်လိုက်တဲ့နေ့မှာ အကြာကြီး အိပ်ပျော်နေမလား။ လွန်ခဲ့တဲ့ ၃ လလောက်က ကျနော့် ငယ်သူငယ်ချင်းတယောက် သူ့ချစ်သူ မိန်းကလေးကိစ္စနဲ့ သတ်သေဖူးပါတယ်။ ညအိပ်ခါနီးမှာ ဆေးဆိုင်ကနေ ဝယ်လာခဲ့တဲ့ အိပ်ဆေးတွေ အလုံး ၂ဝ လောက် တခါတည်း သောက်ပစ်လိုက်တာလို့ ပြောပါတယ်။ သူ ၃ ရက် ဆက်တိုက် အိပ်ပျော်သွားတယ်။ ဘာမှကို သတိမရဘူး။ နိုးလာတဲ့အချိန်မှာ လူက နုံးချိနေတယ် အာခေါင်တွေ နှုတ်ခမ်းတွေ ခြောက်ကပ်ပြီး ရေအရမ်းငတ်တယ် ဗိုက်ဆာတယ်လို့ ပြောပါတယ်။ မတိုင်ခင် ရက်တွေကလည်း အစားမစားချင်ပဲ အရက်တွေ ဘီယာတွေပဲ ဆက်တိုက် သောက်ဖြစ်ခဲ့တယ်လို့လဲ ပြောပါတယ်။ အဲ့ဒါကြောင့် သတ်သေတတ်ကြတဲ့ဆေးတွေနဲ့ ပတ်သက်ပြီး သိချင်မိလာလို့ပါခင်ဗျ။

ဆေးအဆများသွားလို့ ဖြစ်စေနိုင်တာတွေက အကြောင်းအချက် အများအပေါ်မှာ မူတည်တယ်။ ဘေးထွက်-ဆိုးကျိုးတွေနဲ့ ဆေးများသွားရင် ဖြစ်နိုင်တာတွေကတော့ အာခေါင်-မျက်စိ-နှာခေါင်း-လည်ချောင်းတွေ ခြောက်မယ်၊ နှလုံးခုန်မြန်မယ်၊ ပျို့-အန်ချင်မယ်၊ အစာခြေလမ်းအလုပ်နှေးစေမယ်၊ စားချင်စိတ်နည်းမယ်၊ ဝမ်းချုပ်မယ်၊ မျက်စိ-သူငယ်အိမ်ကျယ်မယ်၊ မျက်စိကြည့်မကောင်းဖြစ်မယ်၊ မျက်နှာနီရဲလာမယ်၊ ကိုယ်ပူမယ်၊ ခေါင်းကိုက်မယ်၊ ဆီးအသွားရခက်မယ်၊ အသက်ရှူမြန်မယ်၊ အိပ်ချင်မယ်၊ သွေးဖိအား ကျမယ်၊ နှလုံးခုန် မမှန်ဖြစ်မယ်၊ စိတ်မကြည်လင်ဖြစ်မယ်၊ သူများ မမြင်-မကြားတာတွေ မြင်-ကြားနေမယ်၊ စိတ်မငြိမ်ဖြစ်မယ်၊ စိတ်မူမမှန်ဖြစ်မယ်၊ ကယောင်ကတမ်းဖြစ်မယ်၊ တက်မယ်၊ သတိလစ်မယ်၊ သေဆုံးသွားမယ်။

Chlorpheniramine ဆေးကို ဆေးပြား၊ ဆေးရည်၊ ဆေးတောင့်၊ ထိုးဆေးတွေနဲ့လာတယ်။ ဝါးစားလို့ရတာရော တာရှည်ခံ ဆေးပြားရော လာသေးတယ်။ အကြမ်းအားဖြင့် ဆေးကို ၄-၆ နာရီတခါပေးတတ်တယ်။ ဒီဆေးတမျိုးတည်း သပ်သပ် လာသလို တခြားဆေးတွေနဲ့ ရောလာတာလဲ ရှိတယ်။ ဥပမာ အနာသက်သာဆေး၊ ချောင်းဆိုးပျောက်ဆေး၊ ချွဲထွက်ဆေး၊ နှာခေါင်းသွေးအလာနည်းဆေးတွေ။ (အလာဂျီ) ကို ပေးတဲ့ဆေးပေမဲ့ ဒီဆေးကို မတည့်ဘဲ (အလာဂျစ်) ဖြစ်သူတွေလဲ ရှိတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို သတိနဲ့ပေးရတယ်။ ကားမောင်းရမဲ့သူတွေ မသောက်သင့်ဘူး။ အရက်နဲ့ တွဲမသောက်သင့်ဘူး။

အဲလို ဆေးများ-လွန်ကဲသူကို ဘယ်လိုကုသမလဲ -
အဆိပ်သင့်သူတွေကို အများဆုံးလုပ်ပေးရတဲ့ ချက်ချင်း အစာအိမ်ထဲ ပိုက်သွင်းပြီး ကျန်နေမဲ့ ဆေးတွေကို ဆေးထုတ်ပြစ်တာကို ဒီနေရာမှာ သိပ်မသုံးပါ။ အထောက်အကးပြုမှုကိုလုပ်ပေးရမယ်။
• (IV) သွေးပြန်ကြောထဲ ဆေးသွင်းတာ၊
• သွေးဖိအားတက်ဆေး၊ နှလုံးခုန်မှန်ဆေး၊ တက်ရင်အတက်ရပ်ဆေး၊
• နှလုံး + အဆုပ်ကို စောင့်ကြည့်မယ်။
• အသက်ရှူကောင်းစေအောင် ပိုက်သွင်းမယ်၊
• ဆေးရုံတင်ပြီး ကုသရမယ်။

မေးတဲ့သူရေးပြတာထဲမှာ အရက်-ဘီယာနဲ့ဆေးရောတဲ့ အချက်ပါတယ်။ သေ-မသေဆိုတာ ဆေးသောက်ပြီး ဆေးကုသမှု ခံရတဲ့အချိန် ကြာ-မကြာလဲရှိမယ်။ အဆိပ်သင့်ခြင်းအကြောင်း ရှေးဦးသူနာပြုလက်စွဲထဲမှာ ရေးထားပါတယ်။

Dr. တင့်ဆွေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။