လူသေးသေးလေးတွေရဲ့ တောင်းဆိုမှု
shared by ThiThi on 27/05/16 - maukkha.org - အဖွဲ့အစည်း
အဖေနဲ့အမေ အဆင်မပြေရင် မိသားစုဆိုတာအဆင်မပြေပါဘူး။
သားသမီးတွေရဲ့ရင်ထဲမှာလည်း အဖေက အမေ့ကိုရိုက်လိုက်တိုင်း၊ အမေက အဖေ့ကို
ရိုက်လိုက်တိုင်း နှလုံးသားမှာ ဒဏ်ရာတွေအထပ်ထပ်ရနေတာပါ။ စိတ်ဒဏ်ရာတွေက
သေရာထိပါသွားတတ်တယ်။
ကမ္ဘာမှာရှိတဲ့ ဘယ်မိသားစုမှ အမြဲတမ်းပျော်ရွှင်စရာလို့မရှိနိုင်ပေမယ့် ဝမ်းနည်းစရာကောင်းတဲ့နေ့ရက် တွေကို အတတ်နိုင်ဆုံးလျှော့ချတတ်ဖို့လိုပါတယ်။ မိသားစုတစ်ခုမှာ ပျော်ဖို့ကောင်းတဲ့ရက်တွေထက် ဝမ်းနည်းဖို့ကောင်းတဲ့ရက်တွေက ပိုများနေရင် လက်ရည်တပြင်တည်း ထမင်းဝိုင်းဆိုတာ မျက်ရည်တွေနဲ့ပြည့်နှက်နေတော့မှာပါ။
စီးပွားရေးအဆင်မပြေမှုတွေကြောင့်လည်း
အဖေနဲ့အမေဟာ ကတောက်ကဆဖြစ်တတ်ကြပြန်တယ်။ အဖေ့ရဲ့ အရက်ကို
ခင်တွယ်မှုကြောင့်လည်း အမေရဲ့ဒေါသတွေဟာ ပျံထွက်လာတတ်တယ်။ အမေ့ရဲ့
များပြားတဲ့စကားလုံးတွေကြော င့်လည်း
အဖေရဲ့နားထဲမှာ လှိုင်းထန်သွားပြန်တယ်။ ထိုထက်များပြား ရှုပ်ထွေးတဲ့
လူ့ဘောင်ရဲ့ လောကဓံတွေကြောင့်လည်း အဖေနဲ့အမေ ကြိုးဝိုင်းထဲခဏခဏဝင်ဖြစ်ကြ ပြန်တယ်။
ကလေးတွေအတွက်ကတော့ အခြားသောငြိမ်းချမ်းရေးတွေထ က် အဖေနဲ့အမေရဲ့ငြိမ်းချမ်းရေး ရမှုကို
အတောင့်တဆုံးဖြစ်ပါတယ်။ ကမ္ဘာစစ်ကြီးထက် အဖေနဲ့အမေရဲ့ စစ်တလင်းပြင်ကြီးကို
အကြောက်ရဆုံးဖြစ်ပါတယ်။ မျက်လုံးတွေက ကျတဲ့မျက်ရည်တွေဟာ
နှလုံးသားပင်လယ်အထက် လျှံတက်ခဲ့ပြန်တယ်။ ပြင်းထန်ဆူညံတဲ့အသံတွေဟာ
ကလေးတွေရဲ့ကမ္ဘာလေးကို တစ်ခဏတွင်းမှာ ပျက်ယွင်းသွားစေပါတယ်။
အဖေ့ရဲ့ အမူအကျင့်ကို သူတို့လေးတွေက အမြဲအတုယူနေကြတာပါ။ အမေ့ရဲ့ အမူအရာလေးတွေကို သူတို့လေးတွေက အမြဲတမ်းရင်ထဲမှတ်ထားတာပါ။ သူတို့လေးတွေရဲ့ သင်ယူစရာအကောင်းဆုံးပတ်ဝန်း ကျင်ကြီးထဲမှာ ဧရာမလူသားနှစ်ဦးရှိပါတယ်။ ထိုလူသားနှစ်ဦးကတော့ အဖေရယ်၊ အမေရယ်ပါပဲ။ ကလေးတွေက အဖေနဲ့အမေ့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေ နဲ့အမြဲကြည့်ပြီး အားကျနေတတ်ကြပါတယ်။
မမေ့ပါနဲ့။ မိဘတွေဟာ ကိုယ့်နားမှာရှိတဲ့ ဘ၀ကျောင်းသားလေးတွေဖြစ်တဲ့ သားသမီးတွေကို ဘယ်တော့မှ မေ့မထားပါနဲ့။ သူတို့ရဲ့မျက်ရည်တွေကို မိမိတို့ရဲ့ ဒေါသတွေအောက်မှာ မစတေးကြပါနဲ့။ သူတို့ရဲ့ အားငယ်ဆိုးရွံ့နေတဲ့ ခပ်သေးသေးမျက်နှာလေးတွေကို မြင်ယောင်ကြည့်ပေးပါ။ ကြောက်ရွံ့စွာ တစ်ယောက်နဲ့တစ်ယောက် ဆုပ်ကိုင်ထားတဲ့ လက်သေးသေးလေးတွေကို မြင်ယောင်ပေးပါ။ ဆက်ဆက်ခါ တုန်နေတဲ့ ခြေထောက်သေးသေးလေးတွေကို မြင်ယောင်ပေးပါ။
အဖေနဲ့အမေကို သူတို့တွေ ကြောက်သွားလိမ့်မယ်။ မိသားစုဆိုတာကြီးက သူတို့အတွက် ငရဲခန်းတစ်ခုလို ထင်သွားလိမ့်မယ်။ သူတို့လေးတွေ နားလည်ထားတဲ့ မိသားစုဘ၀လေးဟာ အဖေနဲ့အမေ တည်ဆောက်ပေးတဲ့ကမ္ဘာလေးပါပဲ။
ထိုကမ္ဘာထဲက ကြောက်မက်ဖွယ်အသံတွေကို သူတို့လေးတွေရဲ့ နှလုံးသားက
လက်မခံနိုင်သေးတာကို နားလည်ပေးကြပါ။ သူတို့နှလုံးသားလေးတွေက အရမ်းနုပါတယ်။
အဖေနဲ့အမေရဲ့ စစ်တလင်း မိသားစုထဲမှာငြိမ်းချမ်းရေး ယူပေးစေချင်ပါတယ်။ လူသေးသေးလေးတွေ တောင်းဆိုနေကြခြင်းဖြစ်ပါတယ်။
True Man
shared by ThiThi on 27/05/16 - maukkha.org - အဖွဲ့အစည်း
အဖေနဲ့အမေ အဆင်မပြေရင် မိသားစုဆိုတာအဆင်မပြေပါဘူး။
ကမ္ဘာမှာရှိတဲ့ ဘယ်မိသားစုမှ အမြဲတမ်းပျော်ရွှင်စရာလို့မရ
စီးပွားရေးအဆင်မပြေမှုတွေကြေ
ကလေးတွေအတွက်ကတော့ အခြားသောငြိမ်းချမ်းရေးတွေထ
အဖေ့ရဲ့ အမူအကျင့်ကို သူတို့လေးတွေက အမြဲအတုယူနေကြတာပါ။ အမေ့ရဲ့ အမူအရာလေးတွေကို သူတို့လေးတွေက အမြဲတမ်းရင်ထဲမှတ်ထားတာပါ။ သူတို့လေးတွေရဲ့ သင်ယူစရာအကောင်းဆုံးပတ်ဝန်း
မမေ့ပါနဲ့။ မိဘတွေဟာ ကိုယ့်နားမှာရှိတဲ့ ဘ၀ကျောင်းသားလေးတွေဖြစ်တဲ့ သားသမီးတွေကို ဘယ်တော့မှ မေ့မထားပါနဲ့။ သူတို့ရဲ့မျက်ရည်တွေကို မိမိတို့ရဲ့ ဒေါသတွေအောက်မှာ မစတေးကြပါနဲ့။ သူတို့ရဲ့ အားငယ်ဆိုးရွံ့နေတဲ့ ခပ်သေးသေးမျက်နှာလေးတွေကို မြင်ယောင်ကြည့်ပေးပါ။ ကြောက်ရွံ့စွာ တစ်ယောက်နဲ့တစ်ယောက် ဆုပ်ကိုင်ထားတဲ့ လက်သေးသေးလေးတွေကို မြင်ယောင်ပေးပါ။ ဆက်ဆက်ခါ တုန်နေတဲ့ ခြေထောက်သေးသေးလေးတွေကို မြင်ယောင်ပေးပါ။
အဖေနဲ့အမေကို သူတို့တွေ ကြောက်သွားလိမ့်မယ်။ မိသားစုဆိုတာကြီးက သူတို့အတွက် ငရဲခန်းတစ်ခုလို ထင်သွားလိမ့်မယ်။ သူတို့လေးတွေ နားလည်ထားတဲ့ မိသားစုဘ၀လေးဟာ အဖေနဲ့အမေ တည်ဆောက်ပေးတဲ့ကမ္ဘာလေးပါပဲ။
True Man
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။